← Chapters

ရွှီဖန်း၏ လက်တွေ့စမ်းသပ်ချက်

Vol. 6 Ch. 81

ရွှီဖန်း၏ လက်တွေ့စမ်းသပ်ချက်

Vol. 6 Ch. 81

အပြင်ဘက်မှာ မိုးက အလွန်သည်းနေတာကြောင့် ရွှီဖန်းလည်း တံခါးကို ညင်သာစွာဖွင့်၍ အထဲကို ဝင်လာခဲ့သည်။ ဧည့်ခန်းထဲမှာ ဘယ်သူမှ မရှိပေ။ တစ်ခုခုမှားနေပြီဟု ခံစားရတာကြောင့် သူ အထဲလျှောက်သွားလိုက်သည်။

ရေချိုးခန်းရှေ့ရောက်မှသာ ရွှီဖန်း ထိတ်လန့်သွားရသည်။ သူ့အရှေ့မှ လှပလွန်းသည့်မြင်ကွင်းကို ကြည့်

ရင်း သူတံတွေးမြိုချမိသွားသည်။ ရေချိုးခန်း၏ မှန်ပြတင်းမှတဆင့် အဝါရောင်မီးမှိန်မှိန်အောက်၌ ကျက်သရေရှိသော ပုံရိပ်လေးကို တွေ့လိုက်ရသည်။

အထဲမှာ ချိုးဆုအာ ရေချိုးနေမှန်း သိသာသည်။ ရွှီဖန်းမှာ မနေနိုင်ဘဲ အနည်းငယ် ရှက်ရွံ့မိသွားသည်။ အရင်တစ်ခေါက် သူမအိမ်ကို ရောက်လာတုန်းကလည်း သူမရေချိုးနေသည်။ အခုလည်း သူမ ရေချိုးနေတာနဲ့ကြုံပြန်သည်။ ကံကြမ္မာများလား။

သူများရေချိုးနေတာကို ချောင်းကြည့်တာက 

မယဥ်ကျေးသည့် အပြုအမူပင်။ ရွှီဖန်းသည် အလိုလိုပင် နောက်ပြန်လှည့်ချင်ခဲ့သည်။ သို့သော် ထိုအခိုက်အတန့်မှာ မြင်ကွင်းတစ်ခုကြောင့် သူ့ခြေထောက်များသည် သစ်ပင်ကဲ့သို့ တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ပေ။

ချိုးဆုအာ၏ သေးသွယ်ကာ ကျောက်စိမ်းကဲ့သို့ လက်ကလေးများက သူမရင်ဘတ်ပေါ်ရှိ ထည်ဝါကာ နူးညံ့ပုံပေါ်သည့် အရာပေါ်မှာ တည်ရှိနေသည်။

အပြင်ဘက်၌ သူမကို ကြည့်နေသည့် ယောကျ်ားလေးရှိနေတာကို ချိုးဆုအာက သတိမထားမိပေ။ ထိုအခိုက်အတန့်တွင် ရေချိုးခန်းထဲမှ ညည်းညူသံများကို သူကြားနေရသည်။ 

မြစ်အောက်ပိုင်းရွာမှ အမျိုးသားများက ချိုးဆုအာနှင့်ပတ်သက်၍ ဆွေးနွေးရတာကို ဘာကြောင့် နှစ်သက်ကြမှန်း သူ နောက်ဆုံးတော့ နားလည်ခဲ့လေပြီ။

သူမ၏ရင်ဘတ်နှင့်တင်ပါးများကို ကြည့်ရုံဖြင့် အသက်သုံးဆယ်အရွယ် အမျိုးသမီးနှင့်တူပေသည်။ အချိန်ကာလက သူမအတွက် ရင့်ကျက်မှုများနှင့် ဆွဲဆောင်မှုရှိခြင်းများ ချန်ထားခဲ့သော်လည်း သူမကို အသက်ကြီးရင့်ပုံတော့ မပေါက်စေပေ။ သူမက အခုထိ ညှို့ယူဆွဲဆောင်နိုင်တုန်းပင်။ 

"သောက်ကျိုးနည်း"

သတိမမူမိစွာပင် သူ အညှို့ခံလိုက်ရသည်။ သူကိုယ့်သူ များနေပြီ ဟူ၍လည်း ခံစားနေရသည်။ 

ချိုးဆုအာက မုဆိုးမဆိုပေမယ့် မင်း ဘာလို့ သူမ ရေချိုးနေတာကို ခိုးကြောင်ခိုးဝှက် ချောင်းနိုင်ရဲတာလဲ။ 

သူ့လျှာထိပ်ကို ကိုက်၍ လှည့်ထွက်ဖို့ ပြင်နေစဥ်မှာပဲ သူမခန္ဓာကိုယ်ကို ပွတ်တိုက်နေသည့် ချိုးဆုအာက ရုတ်တရက် ရပ်သွားသည်။

"ဘယ်သူလဲ"

ချိုးဆုအာက သူဝင်လာတာကို သိသွားပြီဖြစ်တာကြောင့် အခုမှ ပြေးလို့မရတော့ပေ။ သူ ရိုးသားစွာ ပြန်ဖြေခဲ့သည်။

"အစ် အစ်မဆုအာ...ကျွန်တော် ရွှီဖန်းပါ၊ အစ်မကို တစ်ခုခုပြောစရာရှိလို့၊ တံခါးက သူ့ဘာသာသူပွင့်နေတာနဲ့ ကျွန်တော်လည်း ဝင်လာခဲ့မိတယ်"

"ရွှီဖန်းလား"

ရွှီဖန်း၏ ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက်မှာ သူမ အနည်းငယ် ရင်တုန်သွားသည်။ သူမ ဘာလုပ်ခဲ့လဲဆိုတာကို ပြန်တွေးရင်း သူမ ရှက်သွားခဲ့သည်။

"ရွှီဖန်း ဘယ်အချိန်က ရောက်လာတာလဲဟင်"

"အစ်မဆုအာ ကျွန်တော် အခုမှ ရောက်တာပါ"

ရွှီဖန်းက မတုံးပေ။ သူမရေချိုးနေတာကို အကြာကြီး ချောင်းကြည့်နေမိခဲ့သည်ဟု သူမပြောနိုင်ပေ။ 

"ရွှီဖန်း အစ်မရေချိုးနေတာမလို့ ဧည့်ခန်းမှာ ခဏစောင့်ပေးလို့ရမလား"

ချိုးဆုအာ၏ အသံက ကြောက်ရွံ့မှုတို့ စွန်းထင်

နေသည်။ သူမက ရွှီဖန်း အထဲဝင်ချလာမည်ကို ကြောက်ရွံ့နေသည်။ အဲ့ဒီလိုသာဖြစ်ခဲ့ရင် သူမ မိန်းကလေးဖြစ်တာကြောင့် ရွှီဖန်းကို တားလို့ရမည်မဟုတ်ပေ။

ရွှီဖန်းက ထိုကဲ့သို့သောလူမဟုတ်ခဲ့ဘဲ ခေါင်းညိတ်လာသည်။

"ဟုတ်ပြီ၊ အစ်မဆုအာ"

ရွှီဖန်းက တည်တည်ငြိမ်ငြိမ်ပဲရှိနေပြီး ရစ်ဝဲဝဲမလုပ်နေပေ။ သူက ချက်ချင်းလှည့်ကာ ဧည့်ခန်းရှိရာသို့ လျှောက်သွားခဲ့သည်။ ချိုးဆုအာ၏မိသားစုက မချမ်းသာပေ။ သူမ လက်ထပ်တုန်းက တီဗီသေးသေးလေးတစ်ခုသာ ဝယ်ခဲ့ပြီး ကြည့်စရာလည်း သိပ်မရှိပေ။ ရွှီဖန်းကလည်း မိုးရေတွေစိုရွှဲနေတာကြောင့် တီဗီကြည့်ရန် စိတ်မပါပေ။ 

သူ တိတ်ဆိတ်စွာပင် ဧည့်ခန်းထဲမှာ ရပ်နေခဲ့သည်။ သူစောင့်နေရင်း စိတ်မရှည်ဖြစ်တော့မည့်အချိန်မှာပဲ ရေချိုးခန်းထဲမှ ချိုးဆုအာ၏အသံကို ထပ်ကြားလိုက်ရသည်။ 

"ရွှီဖန်း...ရွှီဖန်း ရှိသေးလား!"

ချိုးဆုအာတစ်ခုခုဖြစ်နေသည်ဟု ထင်တာကြောင့် သူ ဝင်သွားကာ မေးလိုက်သည်။ 

"အစ်မဆုအာ ဘာဖြစ်လို့လဲ"

ရေချိုးခန်းထဲ၌ ဘာအသံမှမထွက်လာပေ။ ခဏကြာမှသာ ချိုးဆုအာက ထစ်ထစ်ငေါ့ငေါ့ဆိုလာသည်။ 

"ဟို ဟိုဟာ အစ်မ အဝတ်တွေယူလာဖို့ မေ့ခဲ့လို့၊ အစ်မအခန်းထဲဝင်ပြီး ယူလာခဲ့ပေးလို့ ရမလားဟင်"

"ဒါက..."

ရွှီဖန်း နည်းနည်း နေရခက်သွားသည်။ ညဘက်ကြီးကျမှ ချိုးဆုအာ၏အခန်းကို ဝင်ဖို့ သူ ရှက်နေမိသည်။ သို့သော်ငြား မိန်းကလေးတစ်ယောက်ကို ကိုယ်လုံးတီးနဲ့ ထွက်လာစေပြီး သူနဲ့ စကားပြောခိုင်းတာကလည်း ကောင်းသော အကြံမဟုတ်ပေ။ ရွှီဖန်း ဆန္ဒရှိရင်တောင်မှ ချိုးဆုအာက လက်ခံမည်မဟုတ်ချေ။

သူ ခေါင်းညိတ်လျက်...

"အစ်မဆုအာ ခဏစောင့်ပါ၊ အခုပဲ သွားယူပေးမယ်"

ချိုးဆုအာပြောသည့်အတိုင်း လျှောက်သွားကာ သူမအခန်းထဲကို ဝင်လိုက်သည်။ အခန်းတံခါးကို ဖွင့်လိုက်သည့်နှင့် သူမက အိမ်မှုကိစ္စနိုင်နင်းသည့် အမျိုးသမီးမှန်းသိနိုင်သည်။ အိပ်ရာအစ သပ်ရပ်ပြီး သေသပ်နေသည်။ 

ကလေးတစ်ယောက်၏ရနံ့လိုမျိုး အနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာကြသည်။ ထိုရနံ့က ချိုးဆုအာ၏ ကိုယ်ပိုင်ရနံ့မှန်း သူမှတ်မိသည်။ အကြောင်းအရင်းတချို့ကြောင့် ထိုရနံ့၏ လှုံ့ဆော်မှုအောက်မှာ အဝတ်ဗလာနှင့် အမျိုးသမီးက သူ့စိတ်ထဲ၌ ပေါ်ထွက်လာသည်။ သူမက ချိုးဆုအာပင်။

"ချီးပဲ! ရွှီဖန်း မင်း ထိန်းချုပ်ထားစမ်းပါ!"

စိတ်ထိန်းချုပ်နိုင်စွမ်းက အခုထိ အားနည်းနေသေးသည်ဟု ရွှီဖန်း ခံစားလိုက်ရသည်။ ဒီအခန်းထဲမှာ သူကြာကြာဆက်နေပါက ဘာတွေဆက်ဖြစ်မလဲ ဘယ်သူကမှ မသိနိုင်ပေ။ ကုတင်ပေါ်မှာတင်ထားသည့် အဝတ်ကို တွေ့တာနဲ့ သူအမြန်ယူကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ရေချိုးခန်းတံခါးကို သူခေါက်၍

"အစ်မဆုအာ ရလာပြီ"

"အင်း...အစ် အစ်မကို ပေးပါ"

ရေချိုးခန်းတံခါးက အနည်းငယ် ပွင့်ဟလာပြီး ချိုးဆုအာ၏ ရေစိုနေသည့် လက်သေးသေးလေးက ထွက်လာသည်။ ရွှီဖန်း ထိုလက်ကိုကြည့်ကာ သူမလက်ပေါ်ကို အဝတ်တွေ တင်ပေးလိုက်သည်။

ထိတွေ့မှုအနည်းငယ်ကတင် ရွှီဖန်းကို အထင်မှားစေသည်။ သူအခု ထိလိုက်ရတာက ကျေးလက်

မိန်းကလေးမဟုတ်ဘဲ မြို့ပေါ်မှ မိန်းကလေးအတိုင်းပင်။ 

ချိုးဆုအာကတော့ အဝတ်ရပြီးသည်နှင့် ချက်ချင်းလက်ပြန်ဆုတ်ကာ တံခါးကို လောခ့်ပြန်ချသွားသည်။ သူမလက်ထဲမှ အဝတ်တွေကိုကြည့်ရင်း သက်ပြင်းကြီးစွာ ချမိသည်။ သို့သော်ငြား ဂရုတစိုက်ကြည့်ရှုပြီးနောက် သူမမျက်နှာက ခြောက်သွေ့မလိုဖြစ်သွားကာ ရွှီဖန်းကို အပြစ်တင်ချင်လာတော့သည်။

အစကတော့ ရွှီဖန်းက သူမအတွက် အဝတ်သွားယူပေးရုံသာဖြစ်ပြီး အခွင့်ကောင်းမယူလောက်ဘူးဟု သူမတွေးထားခဲ့သည်။ ဒီကောင်လေးက သူမ၏ အောက်ခံအဝတ်များကို မယူလာခဲ့ပေ။ 

ဒီလူ မကောင်းဘူးဟု တွေးကာ ချိုးဆုအာ နှာမှုတ်

လိုက်မိသည်။ 

သူက ရည်ရွယ်ချက်ရှိရှိနဲ့ အောက်ခံမဝတ်ထားတဲ့ပုံစံကို မြင်ချင်နေတာပဲ!

သို့သော်ငြား ထပ်ပြောရမှာကို ချိုးဆုအာ ရှက်ရွံ့နေသည်။ အံကိုကြိတ်၍ သူမကိုယ်သူမ တွေးလိုက်သည်။ အဆိုးဆုံးကတော့ ဒီနေ့ နည်းနည်းလောက် ခံစားရရုံပါပဲ။ ပြီးတော့ သူမက မုဆိုးမဖြစ်တာကြောင့် သူ့ကို မကြောက်ပေ။

သူမခန္ဓာကိုယ်ကို သုတ်၍ ထိုအဝတ်တွေကို ဝတ်ကာ ထွက်လာခဲ့သည်။ သူမအပြင်ထွက်ပြီး ရွှီဖန်းကို ဆူငေါက်ချင်ခဲ့ပေမယ့် သူ့ကိုမတွေ့ပေ။ သူမ ဧည့်ခန်းထဲသို့ ထွက်လာမှသာ အံ့အားသင့်သွားရသည်။

ငါ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ပုံကို မြင်ချင်

နေတယ်ဆိုရင် ဘာလို့ သူက ဧည့်ခန်းထဲမှာ ပုန်းနေရတာလဲ။

သူမ အပြစ်တင်နေခဲ့ပေမယ့် သူက တစ်ကယ်ကြီး ယူခဲ့ဖို့ မေ့သွားတာများလား။

"အစ်မဆုအာ ရေချိုးလို့ပြီးသွားပြီလား"

ထိုအချိန် ရွှီဖန်းကလည်း ခြေသံကြားတာကြောင့် နောက်လှည့်ကြည့်လိုက်သည်။ ချိုးဆုအာ၏ ဆံပင်က မခြောက်သေးဘဲ မျက်နှာလှလှလေးကလည်း မျက်မှောင်ကြုတ်လို့နေသည်။ သူမ ဘာတွေးနေလဲ မသိနိုင်ပေ။

ရွှီဖန်း၏ အကြည့်က ဖောင်းကားနေသည့် ချိုးဆုအာရင်ဘတ်ပေါ်၌ အစက်နှစ်စက်ဆီသို့ ကျရောက်သွားခဲ့သည်။ သူ့စိတ်တစ်ခုလုံးက တုန်လှုပ်သွားပြီး လွင့်

ထွက်လုနီးပါးပင်။

အဟွတ် အဟွတ်! ဘာလို့ အောက်ခံမဝတ်ဘဲ ထွက်လာတာလဲ။ ထိုနေရာအား အချိန်ခဏလောက် လောဘကြီးစွာ ကြည့်ပြီးမှသာ သူ အောက်ခံတွေ မယူခဲ့ပေးမိမှန်း သတိရသွားတော့သည်။

ရွှီဖန်း၏ မျက်နှာမှာ ခြောက်ကပ်သွားတော့သည်။ သူ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်လို့တော့ ချိုးဆုအာ မထင်သွားလောက်ပါဘူးနော်။

"ရွှီဖန်း ဘယ်လိုဖြစ်ပြီး စိုရွှဲနေတာလဲ"

"ကျွန် ကျွန်တော်"

အချိန်ခဏလောက်တော့ ရွှီဖန်းမှာ ဘာပြောရမည်ကို မသိခဲ့ချေ။ သူမ၏ ရှက်သွေးဖြန်းနေသော မျက်နှာကို ကြည့်မိမှသာ သူမကို အကြာကြီး ကြည့်နေခဲ့မိမှန်း သိရတော့သည်။

"လမ်းတစ်လျှောက်လုံး မိုးတွေ သည်းကြီးမည်းကြီးရွာနေလို့ အကုန် စိုရွှဲခဲ့တာ"

ရွှီဖန်းက ထစ်ထစ်ငေါ့ငေါ့ ရှင်းပြလာသည်။

"ဒါဆိုလည်း ရေအရင်သွားချိုး သွား၊ အစိုကြီးနဲ့ ထိုင်နေပြီး အအေးမမိစေနဲ့"

ရွှီဖန်းခေါင်းညိတ်ကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ တံခါးကို ပိတ်ပြီးမှသာ သူသက်ပြင်းချရတော့သည်။ ကံကောင်းစွာဖြင့် သူမက သူ့ကို အပြစ်မတင်ခဲ့ပေ။ မဟုတ်လျှင် သူမကို ဘယ်လိုနည်းနဲ့တောင်းပန်ရမလဲဆိုတာကို သူမသိပေ။

ချိုးဆုအာကတော့ အကြီးဆိုဒ်ဘရာနှင့် အနက်ရောင်အောက်ခံဘောင်းဘီကို ပြန်ဝတ်ကာ အင်္ကျီ ပြန်လဲခဲ့သည်။

ဒေါက်! ဒေါက်! ဒေါက်! 

ရွှီဖန်း ဘာမှမလုပ်သေးခင်မှာပဲ ချိုးဆုအာ၏ အသံက အပြင်မှ ထွက်လာသည်။

"ရွှီဖန်း အဝတ်တွေချွတ်ပြီးရင် အစ်မကိုပေး၊ အိမ်မှာ အဝတ်ပိုလည်းမရှိလို့ အစ်မယောကျ်ားရဲ့ အောက်ခံဘောင်းဘီကိုပဲ ဝတ်ထားဦး၊ သဘက်လည်းပါတယ်"

"အင်း အင်း ကောင်းပါပြီ"

ရွှီဖန်းလည်း သူ့အဝတ်တွေချွတ်ကာ တံခါးဖွင့်၍ ပေးခဲ့သည်။ ပြီးနောက် ချိုးဆုအာလက်ထဲမှ အောက်ခံဘောင်းဘီကိုယူကာ တံခါးပြန်ပိတ်လိုက်သည်။

တစ်ကိုယ်လုံးစေးကပ်ပြီး စိုစွတ်နေတာကြောင့် ရွှီဖန်းလည်း စိတ်မသက်မသာဖြစ်နေခဲ့သည်။ ဒါကြောင့် ဘာမှမတွေးနေဘဲ ရေစချိုးလိုက်သည်။

ရေချိုးခန်းက သေးတာကြောင့် အမှတ်တမဲ့ကြည့်မိရင်တောင်မှ ရိပ်ခနဲမြင်နေရသည်။ ဒါက သူ့ကို ရေအကြာကြီး မချိုးရဲစေခဲ့ပေ။ သူမြန်မြန်ချိုးပြီးနောက် သေဆုံးသွားသော ချိုးဆုအာ ယောကျ်ား၏ အောက်ခံဘောင်းဘီကို ဝတ်ကာ ရင်ဘက်ဗလာဖြင့် ထွက်လာခဲ့သည်။

"အစ်မဆုအာ ကျွန်တော်ပြီးပြီ"

ဧည့်ခန်းထဲ၌ ချိုးဆုအာက သူချွတ်ထားသည့် အဝတ်တွေကို အခြောက်ခံနေသည်။ သူမနေနိုင်ဘဲ သူမရင်ဘတ်ကို ထပ်ကြည့်မိသွားသည်။ ကြည့်ရတာ သူရေချိုးနေတုန်း အခန်းထဲမှာ သူမက အဝတ် ပြန်လဲခဲ့သည့်ပုံပင်။ ဘာကြောင့်မှန်းမသိသော်ငြား ရွှီဖန်းမှာ အနည်းငယ် စိတ်ပျက်သွားရသည်။ 

ကျေးလက်တောရွာ၌ နွေရာသီတွင် ရင်ဘတ်ဗလာနှင့် အမျိုးသားများကို အမြဲတွေ့နေရတာကြောင့် အံ့သြစရာမရှိပေ။ သို့သော်ငြား ရွှီဖန်း၏ ပုံပန်းသွင်ပြင်က ရွာထဲက အမျိုးသားများနှင့် ကွာခြားနေတာကြောင့် ချိုးဆုအာမှာ အနည်းငယ် မျက်နှာ နီရဲနေတော့သည်။

သူ့ခန္ဓာကိုယ်က ပိန်လှီနေတာလည်း မဟုတ်သလို အဆီတစ်ပိုင်း ဖြစ်နေတာလည်း မဟုတ်ပေ။ သူ့အသားအရောင်က ကျန်းမာသော ကြေးနီရောင်ဖြစ်ကာ ဝမ်းဗိုက်ကြွက်သားများကလည်း အမျိုးသားတစ်ယောက်၏ အော်ရာကို ထုတ်လွှတ်နေသည်။

ချိုးဆုအာသည် အကြည့်လွှဲကာ ရွှီဖန်းနှင့် အကြည့်

ချင်း မဆုံရဲခဲ့ပေ။ သူမက ဆံပင်မှုတ်စက်ဖြင့် အဝတ်တွေကို ခြောက်အောင်လုပ်နေသည့်ကိစ္စမှာပဲ အာရုံစိုက်ထားသည်။ အင်္ကျီလည်း ခြောက်လုနီးပါး ဖြစ်နေလေပြီ။ ဒါကြောင့် သူမ ရွှီဖန်းကို ပစ်ပေးလိုက်ကာ...

"အရင်ဆုံး ဒါဝတ်ထားလိုက်"

ရွှီဖန်း အင်္ကျီဝတ်ပြီးနောက် သူမက သူယူလာသည့် ခြင်းကို ညွှန်ပြလာသည်။

"ရွှီဖန်း ဒီကို ဘာလို့လာတာလဲ၊ အဲ့ဒါကရော ဘာလို့ယူခဲ့တာလဲ"

ရွှီဖန်း ပြုံး၍...

"အစ်မဆုအာ အထင်မမှားပါနဲ့၊ ကျွန်တော် အဲ့တာတွေကိုယူလာတာ အစ်မကို လက်တွေ့စမ်းသပ်စေချင်လို့"

"ဟမ် လက်တွေ့စမ်းသပ်ဖို့လား၊ ဘာကိုလဲဟင်"

ချိုးဆုအာမှ ခြင်းထဲမှ မြက်တွေကို ထူးဆန်းစွာကြည့်နေသည်။ ဒီလိုမြက်တွေကို မြစ်အောက်ပိုင်းရွာ၏ နေရာတိုင်းမှာ တွေ့နိုင်ပေသည်။ အဲ့ဒါနဲ့ ဘာကို လက်တွေ့စမ်းသပ်ရမှာလဲ။

ထာဝရရှင်သန်ခြင်းမြက်အကြောင်းကို ရှင်းပြရန်က ရွှီဖန်းအတွက် အဆင်မပြေပေ။ သူ့နှာခေါင်းကို ပွတ်ကာ ရှင်းပြလိုက်သည်။

"ဒါကဒီလိုပါ၊ ဒီမြက်တွေကို ကျွန်တော့်သူငယ်ချင်းဆီက ရခဲ့တာ၊ သူပြောတာတော့ တိရိစ္ဆာန်တွေကို ကျွေးရင် ကောင်းတယ်တဲ့"

"အစ်မမှာ ကြက်တွေမွေးထားတာလည်းရှိလို့လေ၊ အစ်မများ ကူညီနိုင်မလားလို့၊ အချိန်ရောက်လာရင် သူငယ်ချင်းပြောတာ မှန်မမှန်သိရတာပေါ့"

"ဒီလိုကို"

ရွှီဖန်းက ဒီအကြောင်းကြောင့် သူမဆီ လာခဲ့တာဖြစ်သည်။ ရွှီဖန်း သူမကိုပေးထားသည့် လစာက ကြက်များမွေးမြူ၍ ရောင်းချခြင်းထက် အမြောက်အမြားပိုများနေသည်။ ဒါကြောင့် သူမအတွက် ကြက်များရောင်းရန်ပင် မလိုခဲ့ချေ။ ရွှီဖန်းက အခု သူမ သူဌေး ဖြစ်တာကြောင့် သူ့တောင်းဆိုမှုကို သူမ ငြင်းဆိုမည်မဟုတ်ချေ။ 

သူမ ခေါင်းညိတ်ကာ လက်ခံလိုက်သည်။

"မနက်ဖြန် အစာကျွေးတဲ့အချိန်ရောက်ရင် ဒါတွေကို ကျွေးကြည့်လိုက်မယ်၊ ပြီးရင် ကြက်တွေကို ပို့ပေးမယ်လေ"

"ကောင်းပါပြီ အစ်မဆုအာ၊ ဒုက္ခပေးမိပါပြီ"

အခြေအနေက တော်တော်လေး နေရခက်စရာဖြစ်နေသည်။ နောက်ကျနေပြီဖြစ်တာကြောင့် သူသာ ဆက်နေနေလျှင် အထင်လွဲစရာတွေတော့ ဖြစ်ကုန်တော့မည်။ ရွှီဖန်း မတ်တပ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

"အစ်မဆုအာ နောက်ကျနေပြီမလို့ ကျွန်တော် ပြန်နှင့်တော့မယ်"

"မသွားနဲ့ဦး"

သို့သော်ငြား ချိုးဆုအာက အမြန်နောက်မှလိုက်လာ၍ ရွှီဖန်းကို ပြန်ခေါ်လာသည်။ သူမ ခေါ်ပြီးမှသာ နောင်တရသွားတော့သည်။

သူမက မုဆိုးမဖြစ်သည်။ ရွှီဖန်းလို သန်မာပြီးကြည့်ကောင်းသည့်လူကို ဆက်နေခိုင်းတာက အထင်လွဲစရာအနေအထားပင်။

သောက်ကျိုးတော့ နည်းကုန်ပါပြီ။

"ဘောင်းဘီဝတ်ပြီးမှ ပြန်လေ"

ကောင်းရော! ဒီစကားကလည်း ဒွိဟဖြစ်စရာကောင်းနေတုန်းပဲ!

***********************

All Chapters