← Chapters

ခလုတ်ကန်သင်းများသော တောင်တက်လမ်း

Vol. 6 Ch. 82

ခလုတ်ကန်သင်းများသော တောင်တက်လမ်း

Vol. 6 Ch. 82

ချိုးဆုအာက အပြင်ကို ညွှန်ပြ၍

"ရွှီဖန်း အပြင်မှာ မိုးရွာနေတုန်းပဲ၊ ခဏလောက်

ထပ်စောင့်နေလိုက်ဦး၊ အစ်မ မင်းရဲ့ဘောင်းဘီကို အခြောက်ခံပေးဦးမယ်၊ ပြီးမှပဲ အိမ်ပြန်လေ"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ချိုးဆုအာ၏ အိမ်မှာ သူအကြာကြီးနေခဲ့တဲ့အပြင် ဘောင်းဘီကိုပါ လဲထားသေးသည်။ ဒီအတိုင်းသာ အိမ်ပြန်သွားပါက မိဘများက အများကြီးလိုက်တွေးမိနိုင်သည်။

ဒါကြောင့် သူ ပြန်ထိုင်ချလိုက်သည်။

နှစ်ယောက်စလုံးက နေရခက်နေကြသည်။ သူ့ဘောင်းဘီကို လေမှုတ်ပေးနေသည့် ချိုးဆုအာကို အမှတ်မထင် ငေးကြည့်နေမိရင်း ရုတ်တရက်ပင် မှန်မှတဆင့် သူတွေ့ခဲ့ရသည့် လှပသော ပုံရိပ်လေးကို တွေးမိပြန်သည်။

ထိုအခိုက်အတန့်မှာ နှစ်ယောက်စလုံးသည် အလွန်နီးကပ်စွာ ထိုင်နေ၍ သူမခန္ဓာကိုယ်မှ ရေချိုးဆပ်ပြာရည်အနံ့ကလည်း သေလုနီးပါး ကောင်းနေသည်။ ထိုကဲ့သို့ သိမ်မွေ့သည့်ရနံ့ကို ရှုသွင်းရင်း သူမနေနိုင်တော့ဘဲ သူမလက်ကို ဆွဲလိုက်မိသည်။

"ရွှီ ရွှီဖန်း ဘာလုပ်ဖို့လဲ"

ချိုးဆုအာ ကြောက်လန့်သွားတာကြောင့် သူမအသံကပင် တုန်ယင်နေသည်။ အိမ်ထဲမှာ သူတို့နှစ်ယောက်ပဲရှိတာကြောင့် ရွှီဖန်း တစ်ခုခုလုပ်ချင်လာလျှင် သူမ တားနိုင်မည်မဟုတ်ချေ။

သူမက တစ်ခါလက်ထပ်ဖူးသော်ငြား တစ်ကယ်တော့ ထိုကိစ္စများကိုပြုလုပ်ရာ၌ မွေးကင်းစကလေးလိုမျိုး အတွေ့အကြုံ လုံးဝမရှိခဲ့ဖူးပေ။ ရွှီဖန်းက သူမနဲ့ အလွန်နီးကပ်နေတာကြောင့် သူမ စိုးရိမ်ပူပန်လာသည်။

ရွှီဖန်းက သူမဆီကို တိုးသထက်တိုးလာသည့်အခါ သူမနှလုံးတစ်ခုလုံး ပြင်းထန်စွာ ခုန်လာတော့သည်။ 

"ရွှီ ရွှီဖန်း မလုပ်ပါနဲ့၊ အစ်မတို့ မရဘူး...သူများတွေ မြင်သွားရင်"

ချိုးဆုအာက အတွေ့အကြုံမရှိသော်ငြား ရွှီဖန်းက သူမအပေါ် မှီလာသည်နှင့် ဘာကိုရည်ရွယ်နေမှန်းသိတာကြောင့် အနည်းငယ် ကြောက်ရွံ့နေသည်။ သို့သော်ငြား သူမ၏ လက်ရှိအသွင်အပြင်က ဘယ်လောက်တောင် သွေးဆောင်နေလဲဆိုတာကို သူမ မသိခဲ့ပေ။ ရွှီဖန်းသည် ကြာကြာမထိန်းနိုင်တော့ဘဲ သူမကို လက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခဲ့သည်။

"အစ်မဆုအာ...ကျွန် ကျွန်တော် ဖက်ထားရုံပါပဲ"

ချိုးဆုအာက ရုန်းကန်နေတာကြောင့် ရွှီဖန်း အမြန်ချော့လိုက်ရသည်။ သူမ မျက်နှာက နီရဲနေကာ နာခံစွာဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။ သူမ ရွှီဖန်းကို ငြင်းမိလျှင် ဒီထက်ဆိုးတာဖြစ်လာမည်ကို ကြောက်ရွံ့နေသည်။ 

ပိုပြီးအရေးကြီးသည့်အရာမှာ ချိုးဆုအာအတွက် အခုလို အမျိုးသားတစ်ယောက်ဆီမှ တင်းတင်းကြပ်ကြပ် ဖက်ခံရတာ ပထမဆုံးအကြိမ်ပင်။ အခုခံစားချက်ကိုလည်း သူမ မမုန်းမိဘူး ဖြစ်နေခဲ့သည်။ ချိုးဆုအာက အတွေ့အကြုံမရှိဘူးဆိုတာ သိသာလှသည်။ သူမအခုလို နာခံနေသည့် ပုံလေးကပဲ လူတွေကို ပိုပြီး လိုချင်စေသည်။

ပွေ့ဖက်ထားသည့် ရွှီဖန်း၏လက်များက သူမတင်ပါးကို ထိနေတာကြောင့် ချိုးဆုအာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ 

"ရွှီ ရွှီဖန်း မင်းပဲ ခုနက ဖက်ထားရုံနဲ့ အဆင်ပြေတယ်ဆို"

ချိုးဆုအာသည် နှစ်ပေါင်းများစွာ အသက်ရှင်လာသော်လည်း ဤကဲ့သို့ ရှက်ဖွယ်ကောင်းသည့် ကိစ္စများကို မလုပ်ဖူးခဲ့ချေ။ သူမ ချက်ချင်းပင် ရွှီဖန်းလက်ကို ရိုက်ထုတ်လိုက်သည်။

"အစ်မဆုအာ ကျွန်တော် အစ်မကို နမ်းပြီးရင် ထွက်သွားမယ်လေ၊ ခွင့်ပြုမှာလား"

ပြောပြီးသည်နှင့် ရွှီဖန်းက လှုပ်ရှားလာတာကြောင့် ချိုးဆုအာ ချက်ချင်း တားလိုက်ရသည်။

"ရွှီဖန်း မင်းဒီလိုဆက်လုပ်နေရင် အစ်မ မနက်ဖြန်ကျ မင်းအိမ်ကို သွားတိုင်မှာနော်"

"အဟွတ် အဟွတ်"

ရွှီဖန်း ထိတ်လန့်သွားသည်။ ဟာသပဲ! အိမ်ကသာ သိသွားရင် ငါသေအောင် အရိုက်ခံရလိမ့်မယ်!

"ကောင်းပါပြီ"

ချိုးဆုအာ၏ မျက်နှာအမူအရာက လေးနက်နေတာကြောင့် စနောက်နေတာမဟုတ်ဘဲ အတည်လုပ်မည့်ပုံပင်။ ရွှီဖန်း သူ့လက်ကို ပြန်ဆုတ်ကာ မတ်တက်ရပ်လိုက်သည်။ ဒီမှာ ထပ်နေစရာအကြောင်းအရင်း မရှိတော့တာကြောင့် သူအိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

"အစ်မဆုအာ ဒါဆို ကျွန်တော် ပြန်နှင့်ပြီ"

"အင်း..."

ရှက်ရွံ့စွာဖြင့် သူမ ခေါင်းညိတ်မိသည်။ ရွှီဖန်းက အိမ်က ထွက်သွားတော့မှသာ သူမ သက်ပြင်းချရတော့သည်။

ဒီနှစ်တွေထဲမှာ မြစ်အောက်ပိုင်းရွာ၌ သူမခန္ဓာကိုယ်ကို စောင့်ထိန်းခဲ့သည်။ အခုတော့ ရှက်ဖွယ်ရာကိစ္စကို လုပ်မိလေပြီ။ သူမ ရှက်လည်းရှက်နေသလို ကြည်နူးမှုတချို့ပါ ရောထွေးနေခဲ့သည်။

"ဒီရန်သူကောင်လေးကတော့"

လေးရက်အကြာ...

ရွှီဖန်းက ချိုးဆုအာကို မြက်တစ်ခြင်းတောင် ပေးခဲ့သော်ငြား သူမက ကြက်များစွာ မွေးထားလေသည်။ သုံးရက်အတွင်းမှာပဲ ထိုမြက်အားလုံးကို ကျွေးလို့ ကုန်သွားခဲ့သည်။ ချိုးဆုအာက ရွှီဖန်းပြောသည့် နည်းလမ်းအတိုင်း သူတို့ မြက်အကုန်စားပြီးသည်အထိစောင့်နေခဲ့သည်။ ထို့နောက် ကြက်နှစ်ကောင်ကိုသယ်ကာ ရွှီဖန်းအိမ်သို့ ထွက်လာခဲ့သည်။

"ရွှီဖန်း! ဆုအာက ဒီမှာ ကြက်လာပို့တယ်တဲ့"

အမေဖြစ်သူ၏အသံကိုကြားသည်နှင့် ရွှီဖန်း ချက်ချင်းပင် အခန်းထဲမှ ထွက်လာခဲ့သည်။ 

သို့သော် ကြက်များကို ကြည့်ပြီးနောက် သူစိတ်ပျက်သွားရသည်။ ထာဝရရှင်သန်ခြင်းမြက်ကို စားထားပြီးတာတောင်မှ မတိုင်ခင်က ပုံစံနှင့် ဘာမှမကွာခြားပေ။ ရွာထဲက ကြက်တွေနှင့် အတူတူပဲဖြစ်သည်။

"အဓိပ္ပာယ်မရှိလိုက်တာ"

စိတ်ထဲမှနေ၍ သူ သက်ပြင်းချမိတော့သည်။ နတ်

ပေါက်စလေးစိုက်ထားတဲ့မြက်တွေက သူပြောသလို တစ်ကယ်ပဲ အသုံးမဝင်တာလား။

သို့သော်ငြား ဤမြက်များက ကောင်းကင်ဘုံက နတ်

စွမ်းအင်တွေကြားမှာ စိုက်ပျိုးထားတာဖြစ်သည်။ ဘယ်လိုလုပ် မထူးခြားဘဲ နေရမည်နည်း။ သူမျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"အစ်မဆုအာရဲ့ ကြက်တွေ အဲ့ဒီမြက်ကို စားနေတုန်းမှာရော ဘာမှ မထူးခြားဘူးလား"

"အာ...အစ်မတော့ ထူးခြားတာ မတွေ့ဘူး၊ ဒီမြက်တွေကိုတော့ သူတို့စားရတာ ကြိုက်တဲ့ပုံပဲ၊ လုစားဖို့ ရန်တောင်ဖြစ်လိုက်ကြသေးတယ်"

ချိုးဆုအာလည်းပဲ အရင်က သူမ အစာကျွေးတုန်းက ရက်များကို ပြန်တွေးကြည့်ကာ ထူးဆန်းသည်ဟု ခံစားရသည်။ ဒီမြက်တွေကို ရွှီဖန်း ဘယ်နေရာကရလာလဲ သူမ မသိသော်ငြား ကြက်တွေကတော့ တော်တော်ကြိုက်ကြသည်။ 

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ချိုးဆုအာက ဒီလိုပြောလာမှတော့ ယဥ်ပါးသားရဲများဥယျာဥ်မှ ကလေးလေး စိုက်ပျိုးထားသည့် မြက်များက အသုံးတော့ ဝင်သည့်ပုံပင်။

သာမန်အစာများထက် ထိုမြက်ကို တိရိစ္ဆာန်တွေက ပိုအကြိုက်တွေ့သည်ကလွဲလို့ တခြား သက်ရောက်မှုရှိမရှိ ဆိုတာကို သတ်ကြည့်မှပဲ ရမည်။

အခုအချိန်က နေ့လည်စာ စားရမည့်အချိန်ပင် ရောက်နေလေပြီ။ ချိုးဆုအာအတွက် သူမအိမ်မှနေ၍ ကြက်နှစ်ကောင်ကိုသယ်လာရသည်က မလွယ်ချေ။ ဒါ့အပြင် သူမကလည်း သူမအိမ်မှာ တစ်ယောက်တည်းသာရှိသည်။ ဒီနေ့ နေ့လည်စာကို အိမ်မှာပဲ ဖိတ်ကျွေးရမည်ဟု ရွှီဖန်း ဆုံးဖြတ်မိသည်။

ရွှီဖန်းက ကြက်တွေကို ယူကာ ပြောလိုက်သည်။

"အစ်မဆုအာ အပြင်မှာမနေဘဲ အထဲဝင်ပါ၊ ပြီးရင် အသားစားသွားပါလား"

"အသား"

ထိုစကားကိုကြားသည့်အခါ ချိုးဆုအာ ရှက်ရွံ့သွားသည်။ သူမ၏ ရှက်ရွံ့နေသည့်မျက်နှာထားကြောင့် ရွှီဖန်းမှာတော့ ရယ်ရခက် ငိုရခက်ပင်။ ကြည့်ရတာ သူ့စကားက ဒွိဟဖြစ်စရာကောင်းနေသည့်ပုံပင်။

"ရွှီဖန်း မင်းက အရမ်းစိတ်တိုစရာကောင်းတယ်"

ရွှီဖန်း ရှင်းပြဖို့ လုပ်နေစဥ်မှာပဲ သူမက သူ့ကိုရှက်ကြောက်စွာ ပုတ်ရိုက်၍ ထွက်ပြေးသွားသည်။ ရွှီဖန်း၏ လက်ရှိ အသွင်အပြင်ကို ကြည့်ရင်တော့ တံခါးအနားမှာ အံ့သြမှင်သက်နေသည်ကို တွေ့ရလိမ့်မည်။ ဒါက....သူမ အထင်လွဲသွားတာ မဟုတ်ပါဘူးနော်...ဟုတ်တယ်မလား။

သူမအနောက်ကို ရွှီဖန်း မလိုက်သွားပေ။ လက်ထဲ၌ ကြက်တစ်ကောင်ကို ကိုင်ထားရင်း မီးဖိုချောင်ကို လျှောက်သွားလိုက်သည်။ 

"အမေ ဒီကြက်ကို သတ်လိုက်ပါ၊ ခဏနေရင် အိမ်မှာ စားကြရအောင်"

ဒီကြက်ကိုမြည်းကြည့်ရန် ရွှီဖန်း မစောင့်နိုင်တော့ချေ။ သူစကားတချို့ပြောကာ အမေ့လက်ထဲကို ကြက်ပေးခဲ့သည်။ ပြီးမှ အခန်းထဲပြန်ဝင်၍ တရေးပြန်နှပ်မိသည်။

ဘယ်လောက်ကြာသွားပြီမှန်းမသိ၊ သူ့နှာခေါင်းထဲတိုးဝင်လာသည့် အနံ့ကို ရုတ်တရက် ရလိုက်သည်။ 

"ဘာအနံ့မလို့ အရမ်းကောင်းနေတာလဲ"

ရွှီဖန်းတစ်ယောက် မျက်လုံးများကိုဖွင့်ကာ အိပ်ရာထလာသည်။ ထို့နောက် အနံ့ထွက်လာရာ မီးဖိုချောင်ထဲကို သွားလိုက်သည်။ မီးဖိုချောင်းထဲရှိ အိုးတစ်အိုးထဲ၌ ကြက်သားဟင်းရှိနေသည်။ 

သူအပြင်ဘက်မှ အထဲကို လျှောက်ဝင်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။ 

"အမေ ဘယ်လိုနည်းလမ်းတွေနဲ့ ချက်ထားလို့ အနံ့က မွှေးနေတာလဲ"

ပုံမှန်အားဖြင့် အရင်နေ့တွေတုန်းက ကြက်သားဟင်းစားတိုင်း အခုလို အရမ်းကောင်းသည့်အနံ့ကို မရဖူးချေ။

"ပုံမှန်ချက်နေကြအတိုင်းပဲ"

ရွှီဖန်းတင်မကဘဲ အမေဖြစ်သူကပါ သိချင်နေသည်။ သူမက ပုံမှန်ချက်သည့်အတိုင်း ချက်ထားခဲ့သော်လည်း အနံ့က တော်တော်လေး ထူးဆန်းနေသည်။

"ဖြစ်နိုင်တာက...."

ရွှီဖန်း မျက်မှောင်ကြုတ်နေရင်းနဲ့မှ ထာဝရရှင်သန်

ခြင်းမြက်တွေကို သတိရသွားတော့သည်။ သာမန်

ကြက်သာ ဆိုလျှင်တော့ အခုလိုအနံ့မျိုး မထုတ်

နိုင်ပေ။ ဒါက သေချာပေါက် ထိုမြက်ကြောင့် ပြောင်းလဲသွားရတာ ဖြစ်နိုင်သည်။

"အမေ ဘယ်အချိန်လောက်ဆို စားလို့ရပြီလဲ"

ကြက်သားဟင်းအိုးကို ချက်နေလေလေ အနံ့က ပိုရလေလေဖြစ်နေသည်။ ရွှီဖန်းမှာ မစောင့်နိုင်တော့ဘဲ ချက်ချင်းမြည်းကြည့်ချင်နေသည်။ 

"အိုက်ယား ကလေး...ဘာလို့ အလျင်လိုနေတာလဲ၊ ကျက်တော့မှာပါ"

အခုဆိုလျှင် ရွှီဖန်းက ပိုက်ဆံများစွာရှာနေရတာကြောင့် ကျန်းလီမေသည် သူမသားကို မီးဖိုချောင်ထဲ လုံးဝပေးမဝင်ခဲ့ပေ။ အခုလည်း ရွှီဖန်းကို အပြင်တွန်းထုတ်နေခဲ့သည်။ ရွှီဖန်းမှာတော့ အမြန်စားချင်၍ ငိုချင်နေလေပြီ။ သို့သော်ငြား သူလုပ်နိုင်သည့်အရာမရှိပေ။ ဒါကြောင့် ညီမဖြစ်သူကို ခေါ်ကာ ဟင်းမကျက်ခင်အထိ စကားထိုင်ပြောနေခဲ့သည်။

မကြာလိုက်ပေ၊ ကြက်သားဟင်းအိုးကြီးလည်း ကျက်သွားလေပြီ။ အမေဖြစ်သူ၏ အော်သံကိုကြားသည်နှင့် ရွှီဖန်းတစ်ယောက် အမြန်ပင် မီးဖိုချောင်ထဲ ဝင်လာခဲ့သည်။ 

"မြန်မြန် ပေးမြည်းပါ!"

အိုးထဲမှ ကြက်သားတုံးကို မယူခင် ဇွန်းဖြင့် အရည်ကို အရင် မြည်းကြည့်ခဲ့သည်။ ထိုထဲ၌ အသားအရသာမရှိသော်ငြား လတ်ဆတ်ပြီးချိုသည့်အရသာကတော့ ရှိနေသည်။ 

ထို့နောက် ကြက်သားတစ်တုံးကို ယူမြည်းလိုက်သည်။ ယခင်က ဒီကြက်မှာ အသားကျစ်လစ်သော အိမ်ကြက်ဖြစ်ခဲ့သည်။ သို့သော်ငြား အခုအချိန်မှာတော့ အရင်ကကြက်သားများနှင့် မတူညီသည့် အရသာနောက်တစ်မျိုးကို စားဖူးခဲ့လေပြီ။ အသားတုံးကို မြိုချပြီးနောက် သူမနေနိုင်ဘဲ ရယ်မိတော့သည်။ ဒါကိုကြည့်ရုံဖြင့် ရွှီဖန်း၏ ခန့်မှန်းချက်တွေ မှန်ကန်မှန်းသိနိုင်သည်။ 

ရွှီဖန်း၏ ပျော်ရွှင်နေသည့်အမူအရာကိုကြည့်၍ ဘေးမှာ ရပ်နေသည့် အမေရွှီမှာ ရယ်ရသည်ဟု ခံစားနေရသည်။ သူမသားကို ပုတ်၍ ဟာသဖြင့် ဆူငေါက်လိုက်သည်။

"ဒါက ကြက်သားဟင်းလေးပဲလေ၊ ဘာလို့စားပြီး အရမ်းပျော်နေရတာလဲ"

"အမေ မှားမယ်နော်"

ရွှီဖန်းက ပြုံးနေသည်။ ဒီကြက်သားက ထင်ထားသည်ထက် ပို၍ အံ့သြစရာကောင်းနေသည်။  ဒါကြောင့် တူတစ်စုံကို အမေဖြစ်သူဆီ ကမ်းပေးကာ ပြောလိုက်သည်။

"မြည်းပြီးရင် သိလိမ့်မယ်"

သားဖြစ်သူက တမင်တကာ တွေဝေအောင်လုပ်နေသည်ဟု ခံစားရတာကြောင့် ကျန်းလီမေသည် သံသယဖြင့် တူကို ယူလိုက်သည်။ 

ချိုးဆုအာ အိမ်မှာ မွေးတဲ့ကြက်တွေက တခြားအိမ်က ကြက်တွေထက် ပိုကောင်းနေတာများလား။

သူမလည်း အိုးထဲမှ ကြက်သားတစ်တုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် သူမမျက်လုံးများ ပြူးကျယ်သွားတော့သည်။

"သား သား! ဘာလို့ ဒီကြက်သားက အရမ်းအရသာရှိနေတာလဲ"

********************

All Chapters