စီးပွားရေးလုပ်ငန်းအသစ်စပြီ
Vol. 6 Ch. 83
အမေရွှီက စိတ်မထိန်းနိုင်ဘဲ အိုးထဲမှ နောက်ထပ် ကြက်သားတစ်တုံးကို ယူစားနေသည်။ ဒီတစ်ကြိမ်မှာတော့ သူမက ဂရုတစိုက် အရသာခံနေသည်။
"ဘာ ဘာလို့လဲ၊ ဘာလို့ ဒီကြက်သားတွေက ချိုပြီး အရသာအရမ်းရှိနေတာလဲ"
"ဟဲဟဲ အမေ အရသာရှိတယ်မလား"
အမေဖြစ်သူ၏ ထုံထိုင်းအံ့သြနေသည့်အမူအရာကြောင့် ရွှီဖန်း စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ နောက်ဆုံးတော့ သူစီးပွားရေးအသစ် စနိုင်တော့မည်။
သူ့ခန့်မှန်းတာမမှားဘူးဆိုလျှင် ထာဝရရှင်သန်ခြင်းမြက်များကြောင့် ကြက်တွေက အခုလို အရသာရှိကုန်တာဖြစ်သည်။
ဒီရက်တွေထဲမှာ သူတို့က ထိုမြက်ကိုပဲစားသုံးခဲ့ကြတာကြောင့် ကောင်းကင်ဘုံမှ ထိုမြက်များက သူတို့ကို ပြုပြင်မွမ်းမံပေးခဲ့သည်။ အသားအနေအထားပဲဖြစ်ဖြစ် အရသာမှာပဲဖြစ်ဖြစ် ပြုပြင်ပေးခဲ့သည်။ ဒါက သာမာန်ကြက်တွေမှာ မရှိနိုင်သည့် ပြီးပြည့်စုံသောအရာပင်။
ပြီးတော့ ကြက်တွေကိုပဲ ကျွေးပြီး မွေးမြူလို့ရသည်ဟု ကန့်သတ်ထားတာ မရှိပေ။ ဤမြက်များကို တိရိစ္ဆာန်အကုန် စားနိုင်ပေသည်။ ဒီအကြောင်းကို တွေးရင်း ရွှီဖန်း စိတ်လှုပ်ရှားနေတော့သည်။
သူသာ ဒီမြက်တွေကို ကောင်းကင်ဘုံမြေသြဇာသုံးပြီး အပင်ပွား၍ စိုက်ပျိုးလိုက်ပါက နောက်ဆိုရင် သူ့ဆီက အသားတွေက ထိပ်တန်းအရည်အသွေးတွေဖြစ်နေလိမ့်မည်။ တလောက ဟွားမန်ရှင်းမှာ စားသောက်ခဲ့တုန်းကနေ့ကို သူမှတ်မိသေးသည်။ ဟွားမန်ရှင်းဟိုတယ်၏ စီးပွားရေးက အလွန်ကိုမှ ပွင့်လန်းလေသည်။
သူ့ရဲ့ကြက်သားအရည်အသွေးက ဟွားမန်ရှင်းဆီက ပါဝင်ပစ္စည်းအရည်အသွေးတွေထက်တောင် သာလွန်နေသေးသည်။ သူသာ ကိုယ်ပိုင် စားသောက်ဆိုင်ဖွင့်လိုက်ပါက ကြီးမားသော စီးပွားရေးလုပ်ငန်းဖြစ်လာနိုင်သည်။ ဒါက အလွန်ကြီးမားလွန်းတာကြောင့် သူ ပုံတောင်မဖော်ရဲခဲ့ပေ။
ပို၍အရေးကြီးသည်က ချိုးဆုအာအိမ်မှ ကြက်များသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သူ့မြက်တွေကို စစားခဲ့တာဖြစ်သည်။ ဒါတောင်မှ အရသာနှင့်အသားက အလွန်ပြောင်းလဲသွားခဲ့သည်။ သေချာသာကျွေးမွေးမည်ဆိုလျှင် ဘယ်လောက်
တောင်မှ ပြောင်းလဲသွားမလဲဆိုတာ တွေးကြည့်ဖို့တောင် ထိတ်လန့်စရာကောင်းပေသည်။ သို့သော် အနည်းဆုံးတော့ သူ့အတွက် လုပ်ငန်းအခွင့်အရေးအသစ်ကို ရရှိစေသည်။
ဤကဲ့သို့ ပြီးပြည့်စုံသော အစီအစဥ်က သူ့စိတ်ထဲမှ သေချာပေါ်လာတာကြောင့် သူချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ မနက်ဖြန်ရောက်လျှင် ဟုန်ဖေးကိုရှာ၍ ကြက်ခြံတစ်ခြံစောင့်ပေးဖို့ အကူအညီတောင်းရမည်။ ထိုအချိန် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ရင်း ငွေလမ်းကြောင်းကလည်း အကန့်အသတ်မရှိ ဖြစ်လာလိမ့်မည်။
သူအသိပြန်ဝင်လာသည့်အချိန် အခုအချိန်ထိ ဟင်းအိုးထဲမှ မမောမပန်းနှိုက်စားနေဆဲဖြစ်နေသည့် အမေဖြစ်သူကို တွေ့လိုက်ရသည်။ ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။
"အမေ ခဏနေရင် စားဖို့ ချန်ထားပါဦး"
ညရောက်မှသာ ရွှီဖန်းတို့သုံးယောက် ကြက်သားဟင်းအိုးကြီးကို စားသောက်ခဲ့ကြသည်။ ဆယ်မိနစ်အတွင်းမှာတင် အရည်တောင်မကျန်ဘဲ အကုန် အပြောင်းရှင်းလိုက်ကြသည်။ ချိုးဆုအာ မစားလိုက်ရတာတော့ နှမြောစရာပင်။ မဟုတ်လျှင် အခုလို အရသာရှိသည့် ကြက်သားကို မြည်းစမ်းနိုင်လိမ့်မည်။
ဒုတိယနေ့မှာ ကြက်ခြံဆောက်ရန်အတွက် ဟုန်ဖေးနှင့်ဆွေးနွေးဖို့ ခရိုင်ကို ကားမောင်းလာခဲ့သည်။ ခဏလောက်စီးပြီးနောက်မှာ ပျက်စီးနေသော ကျိုးရွာ၏လမ်းပေါ်၌ လဲနေသော ကား ကို သူတွေ့လိုက်ရသည်။ ကုန်တင်ကားအငယ်လေးက လမ်းချော်၍ လယ်ကွင်းဘေးမှာ လဲကျနေသည်။
"ဒါက..."
ဒါကိုမြင်တော့ ရွှီဖန်း အလွန်အံ့သြသွားသည်။ ကျိုးရွာ၏လမ်းများက မြစ်အောက်ပိုင်းရွာ၏ လမ်းများနှင့် တူကာ အလွန်ပျက်စီးယိုယွင်းနေသည်။ ကျိုးရွာက လမ်းတွေကတောင် ပိုပြီး ဗရုတ်ကျသေးသည်။
မကြာခဏပင် ဤကဲ့သို့သော သတင်းများကို ကြားရတတ်သည်။ တစ်စုံတစ်ယောက်က ကားမှောက်သလိုဟန်ဆောင်၍ ကြင်နာတတ်သည့် လူတစ်ယောက်ယောက်က လာကူမည်ဟု မျှော်လင့်နေလိမ့်မည်။ အနားရောက်တာနဲ့ ဓားပြတိုက်ကာ အန္တရာယ်ပြုပေလိမ့်မည်။
ရွှီဖန်းက ထိုကိစ္စကို ခဏတွေး၍ ထိုလူထံ ပြေးသွားလိုက်သည်။ တစ်ဖက်လူက မလိုအပ်သည့်
အကြံအစည်တွေ မရှိလောက်ဘူးဟု သူထင်သည်။အကယ်၍ ရှိခဲ့ရင်တောင် သူစိတ်မပူပေ။
ကုန်တင်ကားက တစ်ဖက်ကို တိမ်းစောင်းနေတာကြောင့် သူသာ ကျော်သွားလို့ တစ်ယောက်ယောက်သေသွားမည့်အဖြစ်မျိုးကို သူခွင့်မပြုနိုင်ပေ။ အနားရောက်သည့်အခါ ကားထဲမှ နာကျင်စွာ အော်နေသည့်အသံကို သူကြားလိုက်ရသည်။ ဒါ့အပြင် အားဖျော့သည့်အသံဖြင့် ငိုယိုကာ အကူအညီတောင်းနေသေးသည်။
ရွှီဖန်းက ကားရှိရာကို ပြေးသွားကာ အော်လိုက်သည်။
"အထဲမှ ဒဏ်ရာရနေတဲ့လူရှိလား!"
တစ်ယောက်ယောက်လာနေတာကို ကြားသည့်အခါ ဒရိုက်ဘာခုံမှ လူက ပျော်ရွှင်သွားကာ ချက်ချင်း ပြန်အော်လာသည်။
"မြန်မြန်! မြန်မြန်လေးလာခဲ့ပေးပါ! ကျွန်တော်အထဲမှာ ပိတ်မိပြီး ထွက်လို့မရဖြစ်နေတယ်! ကယ်ပေးပါ ကျေးဇူးပြုပြီး"
"ခဏစောင့်"
အခြေအနေက အရေးကြီးနေတာကြောင့် ရွှီဖန်းလည်း ဘာမှဂရုမစိုက်ဘဲ အနားကို ပြေးသွားလိုက်သည်။ လယ်ကွင်းအနားကို ဆင်း၍ ကားတံခါးရှေ့ရောက်သည့်အခါ အထဲက လူကို မြင်လိုက်ရသည်။ ထိုလူက အသက် လေးဆယ်၊ ငါးဆယ်လောက် ရှိမည့် သတ်လတ်ပိုင်းလူတစ်ယောက်ပင်။ ကားချော်သွားသည့်နောက်မှ ထိုင်ခုံက သူ့ကို ဖိလိုက်သလို ဖြစ်သွားတာကြောင့် ကွေးနေသည်။
"ဂရုစိုက်! ကျွန်တော် ကားတံခါးကို ဖျက်ပေးမယ်"
ပြောပြီးသည်နှင့် ကောင်းကင်ဘုံစွမ်းအားအဆောင်ကို တိတ်တဆိတ်ယူသုံးကာ တံခါးကို ဖျက်ဆီးလိုက်သည်။ ဘန်း! မြည်သံနှင့်အတူ ကားမှန်များက အပိုင်းပိုင်းအစစကွဲကြေသွားသည်။ ပြီးနောက် သူ့လက်ကို အထဲသို့ အတင်းအကြပ်ထည့်ကာ ကားလောခ့်ကို နှိပ်၍ တံခါးကို ဖွင့်ရသည်။
တံခါးကို ဆွဲဖွင့်ပြီးနောက် သူ သက်ပြင်းချမိသည်။ သူ့ခွန်အားတွေ တိုးလာစေဖို့ ကောင်းကင်ဘုံစွမ်းအားအဆောင်ရှိတာတော်သေးသည်။ မဟုတ်လျှင် သူ တံခါးကို ဆွဲဖွင့်နိုင်မည်မဟုတ်ချေ။
"ဟေး ပွင့်သွားပြီပဲ၊ ညီလေး အစ်ကို့ကို ကူပြီးဆွဲထုတ်ပေးပါဦး"
"ခဏစောင့် ထိုင်ခုံကို နောက်ပြန်ဆွဲဦးမယ်"
ထိုလူက ညှပ်နေတာကြောင့် ဒီအတိုင်း ဆွဲထုတ်လို့ အဆင်မပြေချေ။ သူ့ကို သတိပေးပြီးနောက် ထိုင်ခုံကို နောက်ပြန်ဆွဲတင်ရသည်။ အသံကျယ်ကျယ်နှင့်အတူ ကပ်နေသည့် ထိုင်ခုံကလည်း နောက်ကို ပြန်ကွာထွက်လာသည်။ ထို့နောက် အထဲက လူကို အမြန်ဖမ်းကာ ကားထဲမှ ထုတ်ပေးရသည်။
ရွှီဖန်းက ကားနှင့်ပတ်သက်၍ တစ်ခုခုထဖြစ်မည်ကို စိုးရိမ်တာကြောင့် ထိုလူကို လမ်းမပေါ်သို့သာ ခေါ်သွားပေးလိုက်သည်။
ထိုလူက အန္တရာယ်ကနေ အခုမှ လွတ်မြောက်လာတာကြောင့် အသက်ပြင်းစွာ ရှူနေသည်။ သူက လမ်းပေါ်မှာ ထိုင်ချ၍ အချိန်ခဏကြာ အနားယူနေခဲ့သည်။
"ညီ ညီလေး ငါ့နာမည်က လီထိုက်ကန်းပါ၊ ဒီတစ်ကြိမ် အစ်ကို့အသက်ကို မင်းကယ်ခဲ့ပေးတာပဲ၊ အရင်ဆုံး ကျေးဇူးတင်ပါတယ်"
ရွှီဖန်းလည်း အပြုံးဖြင့် ခေါင်းခါယမ်းလိုက်သည်။
"ဘာမှမဟုတ်ဘူး၊ အဆင်ပြေရင် ရပါပြီ...ဒီကားက"
လီထိုက်ကန်းက ရွှီဖန်းအကြည့်နောက်ကို လိုက်၍ လဲကျနေသည့် ကုန်တင်ကားကို ကြည့်လိုက်သည်။
"ကားက ပြဿနာမဟုတ်ပါဘူး၊ နောက်ပြီးရင် လာဆွဲမယ့်လူတွေ လာလိမ့်မယ်၊ သောက်ကျိုးနည်း ကံဆိုးတဲ့နေ့ပဲကွာ"
ပြောပြီးသည့်နောက် သူက ဖုန်းကို ထုတ်လိုက်သည်။ ရွှီဖန်းက အမြင်စူးရှတာကြောင့် တစ်ချက်ကြည့်ရုံဖြင့် သူ့ဖုန်းနှင့် မော်ဒယ်တူမှန်း တူလိုက်သည်။ ဒီလူက ရိုးရိုး ကုန်တင်ကားမောင်းတဲ့သူ မဖြစ်နိုင်လောက်ဘူးဟု သူတွေးနေမိသည်။ လီထိုက်ကန်းက ဖုန်းပြောပြီးနောက် ရွှီဖန်းရပ်ထားသည့် Land Roverကို မြင်ကာ မျက်ခုံးမြှင့်လိုက်မိသည်။
သဘောကောင်းသည့် ဤလူငယ်လေးက အခုလို ဈေးကြီးသည့်ကားကို စီးနေမည်ဟု သူမထင်ထားခဲ့ပေ။
"ညီလေး အစ်ကို မင်းကို တောင်းဆိုပါတယ်၊ လမ်းတစ်ဝက်မှာ မထားခဲ့ဘဲ ခရိုင်ကို ပြန်ခေါ်သွားပေးလို့ရမလား"
သူက စကားပြောပြီးသည်နှင့် အိတ်ကပ်ထဲမှ ပိုက်ဆံအထပ်လိုက်ကို ထုတ်လာသည်။
"ဒီပိုက်ဆံကိုယူလိုက်ပါ၊ ငါ့ဘက်က ညီလေးကို ကျေးဇူးပြန်ဆပ်တာပါ"
တစ်ဖက်လူက ယွမ်တစ်သောင်းထက် ပိုများသည့် ပိုက်ဆံကို ထုတ်နေတာ ကြည့်ပြီး ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။
"မလိုပါဘူး အစ်ကိုထိုက်ကန်း၊ ခင်ဗျားက ဒီလိုပဲ ခင်ဗျားစိတ်ကို ပြောင်းလဲပစ်မလို့လား"
"ဟားဟား ညီလေး မင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"
ရွှီဖန်းက ပိုက်ဆံကို လက်မခံတာကြောင့် သူအနည်းငယ် အံ့သြသွားသော်ငြား ခဏအကြာမှာ ကျယ်လောင်စွာ ရယ်လာတော့သည်။
နှစ်ပေါင်းများစွာအတွင်းမှာ ရွှီဖန်းလိုမျိုး စိတ်ထားရိုးရှင်းသည့် လူငယ်တွေကို သူမတွေ့ခဲ့ဖူးပေ။
**********************