ငါတာဝန်ခံတယ်
Vol. 6 Ch. 85
သူမ အချိန်အကြာကြီး လှည့်ပတ်ကြည့်နေရသည့် အကြောင်းအရင်းက ဈေးအပေါဆုံးအင်္ကျီကို ရှာချင်လို့ပေ။ ဒါဆို ရွှီဖန်းလည်း ပိုက်ဆံအများကြီး ဖြုန်းစရာမလိုတော့ပေ။
"ရွှီဖန်း နောက်ဆိုင်တစ်ဆိုင်ကို သွားရင်ရောဟင်၊ ဒီဆိုင်က ဈေးကြီးလွန်းတယ်"
ချိုးဆုအာပြောနေသည့်အချိန် ရွှီဖန်းက အဝတ်အစားတစ်စုံအရှေ့မှာ ရပ်ရင်း မျက်ခုံးပင့်နေသည်။ စောစောတုန်းက လီထိုက်ကန်း၏အတွင်းရေးမှူးကလည်း ဒီပုံစံလိုမျိုး ဝတ်ဆင်ထားခဲ့တာကို သူသတိရသွားသည်။
ဒါက မြို့သူမိန်းကလေးများ၀တ်ဆင်လေ့ရှိကြသည့် ဝတ်စုံတစ်ခုဖြစ်သည်။ စကပ်၊ အစင်းကြောင်းရှပ်အင်္ကျီနှင့် အနက်ရောင်ဒေါက်မြင့်ဖိနပ်
တစ်ရံပါသော အနက်ရောင်ဝတ်စုံက ကော်လာဖြူအမျိုးသမီးတစ်ဦး၏အလှကို အပြည့်အဝပြသနေသည်။
သူအရှေ့မှ ထိုဝတ်စုံကို ဂရုတစိုက်ကြည့်ရင်း တော်တော်လေးအဆင်ပြေသည်ဟု သူခံစားနေရသည်။ မနက်ဖြန်ရောက်လျှင် ချိုးဆုအာက သူ့အတွင်းရေးမှူး လက်ထောက်အနေဖြင့် လိုက်လာခဲ့ရမှာဖြစ်တာကြောင့် ဒီဝတ်စုံက သူမနှင့်သင့်တော်ပေသည်။ ဒါ့အပြင် ချိုးဆုအာက အရမ်းကြီးထင်ထင်ပေါ်ပေါ်တွေ မကြိုက်သည့် အမျိုးသမီးဖြစ်တာကြောင့် ဒီလိုပုံစံမျိုးကို သူမကြိုက်လောက်သည်။
ရွှီဖန်းက ချိုးဆုအာကိုပင် မပြောတော့ဘဲ လက်ဝှေ့ယမ်းလိုက်သည်။
"မစ္စ ဒီကိုလာပေးပါဦး"
ရွှီဖန်းက သူမအတွက် ဒီဝတ်စုံကို ဝယ်ပေးတော့မည်။ ချိုးဆုအာသည် အမြန်ပင် ရွှီဖန်း၏လက်မောင်းကို ဆွဲကာ အသနားခံတော့သည်။
"ရွှီဖန်း မလုပ်နဲ့၊ အစ်မကို ထပ်ရွေးခွင့်ပေးပါဦး၊ အစ်မ ဒီဝတ်စုံကို မကြိုက်ဘူး"
"ဟမ်"
ရွှီဖန်း သူမကို စေ့စေ့စပ်စပ် ကြည့်ပေးလိုက်သည်။ ချိုးဆုအာကတော့ အပြစ်ရှိသလိုခံစားရကာ နှာခေါင်းတွန့်ရှုပ်နေသည်။
"ဒီတစ်စုံလုံးက ယွမ်ငါးထောင်ကျော်တောင်မှ၊ အရမ်းဈေးကြီးလွန်းတယ်လေ"
ရွှီဖန်းမှာတော့ ပြောစရာစကား ပျောက်ဆုံးနေသည်။ သူ့မှာ ပိုက်ဆံ မပြတ်လပ်ဘူးဟု သူမကို အကြိမ်ကြိမ်ပြောခဲ့ဖူးသည်။
အချိန်ရောက်လာရင် သူနဲ့ ချိုးဆုအာနှစ်ယောက်စလုံး ဒုက္ခသည်တွေလို ဝတ်စားသွားလို့ မဖြစ်နိုင်ဘူးလေ...ဟုတ်တယ်မလား။ ပြီးတော့ လီထိုက်ကန်းကလည်း မပျော်ရွှင်လောက်ဘူး။
"အစ်မဆုအာ စကားတွေ ရှည်ရှည်ဝေးဝေးပြောမနေနဲ့တော့၊ ဒီကိစ္စမှာ ကျွန်တော်ပဲ ဆုံးဖြတ်မယ်"
ထိုအချိန် အရောင်းဝန်ထမ်းကလည်း ရောက်လာလေပြီ။ အကွာအဝေးတစ်ခုရောက်ကတည်းက သူတို့နှစ်ယောက် ငြင်းခုန်နေသည့်စကားများကို သူမကြားနေခဲ့ရတာကြောင့် အနည်းငယ် တုံ့ဆိုင်းနေမိသည်။ ဒါ့အပြင် ထိုနှစ်ယောက်ကလည်း ဆိုင်ထဲမှာ အချိန်အကြာကြီး လှည့်ပတ်ကြည့်နေခဲ့သေးသည်။
"လူကြီးမင်း ဒီတစ်စုံက ယွမ်၅၈၀၀ကျသင့်ပါတယ်၊ ဝယ်ယူဖို့ သေချာပါသလားရှင့်"
အရောင်းဝန်ထမ်းလည်း မဝံ့မရဲ မေးမိသည်။
ရွှီဖန်းကတော့ တွေးတောင်မတွေးဘဲ ခေါင်းညိတ်လာသည်။
"ဒီတစ်စုံကိုယူမယ်၊ သူမနဲ့ ကွက်တိဖြစ်နေလိမ့်မယ်"
ချိုးဆုအာ၏ခန္ဓာကိုယ်အနေအထားအရ သူမကို စမ်းဝတ်ကြည့်ခိုင်းစရာပင် မလိုအပ်ချေ။ သူမနှင့် အလွန်လိုက်ဖက်မှာ သေချာသည်။
ရွှီဖန်းက ဒီဝတ်စုံတစ်စုံလုံးကို ဝယ်ချင်နေမှန်း အရောင်းဝန်ထမ်းကြားသည့်အခါ သူမပျော်ရွှင်သွားတော့သည်။ ဘာပဲဖြစ်ဖြစ် တစ်စုံရောင်းထွက်သည်နှင့် သူမအတွက်ပါ ကော်မရှင် ရလိမ့်မည်။
"လူကြီးမင်း ကျွန်မမှာ အကြံပြုစရာလေးရှိပါတယ်၊ လူကြီးမင်းက နားထောင်ချင်ပါသလားရှင့်"
"ကောင်းပြီ ဆက်ပြောကြည့်ပါ"
အရောင်းဝန်ထမ်းလေးက ရှင်းပြလာသည်။
"လူကြီးမင်းရဲ့ချစ်သူက လှပတာကြောင့် ဒီဝတ်စုံကို ဝတ်လိုက်ရင် အရမ်းလိုက်ဖက်မယ်ဆိုတာ အသေအချာပါပဲ၊ ဒါပေမယ့် လူကြီးမင်းသာ ချစ်သူလေးကို အနက်ရောင်အသားကပ်ခြေအိတ်လေး ထပ်
ဝယ်ပေးလိုက်ရင် ပိုပြီးတော့ ပြီးပြည့်စုံသွားမှာပါ"
အရောင်းဝန်ထမ်းက ရွှီဖန်းကို လှည့်စားနေတာ မဟုတ်ပေ။ သူမက ချိုးဆုအာကို ကြည့်ရင်း ဒီဝတ်စုံကိုဝတ်လိုက်ပါက အနက်ရောင်အသားကပ်
ခြေအိတ်နှင့်ဆို ပိုကြည့်ကောင်းလိမ့်မည်ဟု ခံစားရသည်။
ရွှီဖန်းလည်း ခေါင်းညိတ်သည်။
"ကောင်းပြီ ဒါဆို အဲ့ဒါပါ ယူလာပေးဖို့ ဒုက္ခပေးရတော့မှာပဲ"
အရောင်းဝန်ထမ်းက ပြုံးလာကာ
"လူကြီးမင်း ကျွန်မတို့ဆိုင်က အခု အတွဲတွေအတွက် ပရိုမိုးရှင်းတစ်ခု လုပ်ဆောင်နေတာပါ၊ အမျိုးသားဝတ်စုံတစ်စုံဝယ်ရင် အသားကပ်
ခြေအိတ်တစ်စုံ လက်ဆောင်ရမှာပါရှင့်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ဒါလည်း ကောင်းပေသည်။ ဘာပဲဖြစ်ဖြစ် အစကတည်းက သူတို့ ဝတ်စုံနှစ်စုံ ဝယ်ဖို့ လာခဲ့တာဖြစ်သည်။
"ဒါဆို ကျွန်တော့်အတွက် ရွေးပေးနိုင်မလား"
အရောင်းဝန်ထမ်းအား သူ့ရဲ့ဆိုဒ်ကို တစ်ခါတည်း ပြောပြခဲ့သည်။ ယောကျ်ားလေးအများစုကဲ့သို့ပင် ရွှီဖန်း သည် အဝတ်ဝယ်ရာ၌ လိုက်မရွေးတတ်ပေ။ အရောင်းဝန်ထမ်းမှာ အမြင်ကောင်းကောင်းရှိပုံရတာကြောင့် သူမကိုပဲ ရွေးခိုင်းလိုက်ရသည်။
ရွှီဖန်းက တည့်တိုးဆန်တာကြောင့် အရောင်းဝန်ထမ်းလေးက ပြုံးနေသည်။ သူမ နောက်ထပ် ဝတ်စုံတစ်စုံရောင်းထွက်ပါက ကော်မရှင်ပိုရလိမ့်မည်။
ရွှီဖန်း၏ ညွှန်ကြားချက်ကို ကြားသည့်နှင့် အရောင်းဝန်ထမ်းက ဘေးမှာ ကောင်းစွာမီးပူတိုက်ထားသည့် ဝတ်စုံကို ယူ၍ ရှင်းပြလာသည်။
"လူကြီးမင်းက အရပ်ရှည်ပြီး ပုံပန်းသွင်ပြင်ကလည်း ကြည့်ကောင်းတယ်၊ ဒီကိုရီးယားဒီဇိုင်းဝတ်စုံနဲ့ဆိုရင် အရမ်းခန့်ညားမှာ သေချာပါတယ်"
ရွှီဖန်းက ခေါင်းခါရမ်းလာသည်။
"ရှင်းပြစရာမလိုပါဘူး၊ မင်းရဲ့ထင်မြင်ချက်ကို ယုံပါတယ်"
တစ်ကယ်တော့ အဝတ်စမ်းဝတ်ကြည့်ရမှာကို ရွှီဖန်း အလွန်ပျင်းရိနေသည်။ သူက ဝတ်စုံနှစ်စုံလုံးကို အကြည့်တစ်ချက်သာပေးပြီး ယူခဲ့လေသည်။
"ကောင်းပြီ၊ လိုအပ်တာလည်းအကုန်စုံပြီ၊ ဘယ်လောက်ကျသွားမလဲ"
"လူကြီးမင်းချစ်သူရဲ့ဝတ်စုံက ယွမ်၅၈၀၀ပါ၊ လူကြီးမင်းရဲ့ ဝတ်စုံဖိုး ယွမ်၉၂၀၀ကို ပေါင်းလိုက်ရင် ယွမ်၁၅၀၀၀ကျသင့်ပါတယ်ရှင့်၊ ဒါပေမယ့် ကျွန်မတို့ဆိုင်က လတ်တလော ပရိုမိုးရှင်းကာလမှာ ရောက်နေတဲ့အတွက်ကြောင့် လူကြီးမင်းဝယ်ယူတဲ့ပမာဏအပေါ်မှာမူတည်ပြီး ၂၀%လျှော့ဈေးရရှိပါတယ်၊ ဒါကြောင့် ယွမ်၁၂၀၀၀ပဲ ကျသင့်ပါမယ်ရှင့်၊ ကတ်နဲ့ငွေချေမှာလား...ငွေသားနဲ့လားရှင့်"
"ငွေသားနဲ့ပါ"
ATMစက်ထဲကနေ သူ ယွမ်၁၅၀၀၀ထုတ်ခဲ့တာကြောင့် လုံလောက်ပေသည်။ အရောင်းဝန်ထမ်းလေးက ပျော်ရွှင်စွာဖြင့် ပြုံးနေသည်။
"ကောင်းပါပြီ လူကြီးမင်း၊ ကျေးဇူးပြုပြီး ငွေချေဖို့ကောင်တာကို လိုက်လာခဲ့ပေးပါရှင့်"
ရွှီဖန်းနဲ့ချိုးဆုအာလည်း ချက်ချင်းပင် အရောင်းဝန်ထမ်းအနောက်ကို လိုက်သွားခဲ့သည်။ ပိုက်ဆံချေပြီးသည့်နောက် သူတို့ နှစ်ယောက် ဆိုင်အပြင်ကို ထွက်လာကာ ရွှီဖန်းကလည်း မနက်ဖြန် လုပ်မည့်ကိစ္စကို ပြောပြခဲ့သည်။ ချိုးဆုအာကတော့ ရွှီဖန်း၏ အစီအစဥ်အပေါ် ဘာထင်မြင်ချက်မှ မပေးလာပေ။ အခြေအနေက အရေးကြီးသည်ကို သူမ သိထားသည်။ မနက်ဖြန်က အရေးကြီးတာကြောင့် သူမတို့ နှောင့်နှေးလို့ မဖြစ်ချေ။ အကယ်၍ သူမ ဆန္ဒမရှိခဲ့လျှင်လည်း ရွှီဖန်းက မပျော်ရွှင်ဘဲနေလိမ့်မည်။
ချိုးဆုအာက လက်ခံလိုက်သည့်အခါ ရွှီဖန်းလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကောင်းပြီ နောက်ကျနေပြီဆိုတော့ အခန်းငှားဖို့ သွားရှာကြရအောင်"
ရွှီဖန်းက ဖြတ်သွားဖြတ်လာတစ်ယောက်ကို အနီးအနားမှ ဟိုတယ်တွေအကြောင်း အနည်းငယ် မေးမြန်းခဲ့သည်။ ထို့နောက် အနီးဆုံးတစ်ခုကို ရွေးကာ ချိုးဆုအာနှင့်အတူ ဝင်သွားခဲ့သည်။ ဟိုတယ်က ကြယ်သုံးပွင့်သာဖြစ်တာကြောင့် သိပ်မကြီးသော်ငြား ရွှီဖန်းကတော့ အဆင်ပြေသည်ဟု ခံစားရသည်။
ထိုအခိုက်အတန့်မှာ ငယ်ရွယ်သည့်အမျိုးသမီးဝန်ထမ်းက ကောင်တာမှာ ထိုင်၍ ကွန်ပြူတာကို သုံးနေသည်။ ရွှီဖန်းသည် ချိုးဆုအာ ကို ကောင်တာခေါ်သွား၍ ပြောလိုက်သည်။
"မိန်းမလှလေး...အိပ်ရာကြီးတဲ့အခန်းပေးပါ"
အမျိုးသမီးဝန်ထမ်းက ရွှီဖန်းဘေးမှာ ရပ်နေသည့်ချိုးဆုအာကို ကြည့်ကာ သူ ဘာကို ဆိုလိုမှန်းနားလည်သွားခဲ့သည်။ ဒီခေတ်ထဲမှာ ယောကျ်ားလေးတွေက မိန်းကလေးတွေကို ဟိုတယ်အခန်းထဲသို့ခေါ်လာတာက ဖြစ်နေကြပင်။
ထိုအချိန် ချိုးဆုအာက အမြန်ရှင်းပြလာသည်။
"မဟုတ်ဘူး အထင်မလွဲပါနဲ့၊ အစ်မတို့က အဲ့ဒီလိုဆက်ဆံရေးမဟုတ်ဘူး"
ချိုးဆုအာက ရွှီဖန်းကို ဒေါသအကြည့်ဖြင့် ကြည့်လာသည်။
"ရွှီဖန်း တစ်ခန်းပဲယူရမယ်လို့ ဘယ်သူပြောခဲ့လို့လဲ"
ရွှီဖန်းကတော့ အပြစ်ကင်းစက်သည့်အမူအရာကို ဆင်မြန်းထားသည်။
"အစ်မဆုအာဆီက ခုနကပဲ သင်ခဲ့တာလေ၊ ကြိုးကြိုးစားစားနဲ့ ခြိုးခြံချွေတာရတာ ကောင်းတဲ့ကိစ္စပါပဲ၊ ဒီည အတူတူ အိပ်ရုံပဲရှိတာပေါ့၊ အခန်းနှစ်ခန်းငှားရင် ငွေဖြုန်းတာပဲလေ"
ချိုးဆုအာမှာ မနေနိုင်ဘဲ မျက်လုံးလှိမ့်ပြမိတော့သည်။ ရွှီဖန်း၏ ဖုံးကွယ်ထားသော လှုပ်ရှားမှုကို သူမ မမြင်ဘဲ မနေချေ။
သူသာ ပိုက်ဆံတစ်ကယ်စုချင်ပါက အဝတ်နှစ်စုံအတွက် ယွမ်၁၂၀၀၀ကို ဖြုန်းပစ်လိမ့်မည်မဟုတ်ချေ။ ဟမ့်! ငါ့ဆီက အခွင့်ကောင်း ယူချင်နေတာပဲ!
"ညီမလေး သူပြောတာ နားမထောင်နဲ့၊ အခန်းနှစ်ခန်းငှားရင် ဘယ်လောက်ကျမလဲ"
ချိုးဆုအာက ပြောပြီးသည်နှင့် သူမပိုက်ဆံအိတ်ထဲမှ ပိုက်ဆံတွေကို ထုတ်နေသည်။ ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပေ။ မှတ်ပုံတင်ဖြင့် အခန်းတွေငှားပြီးနောက် ကောင်တာမှ မိန်းကလေးက သူ့ကို မေးလာသည်။
"လူကြီးမင်း တစ်ခုခုဝယ်သွားချင်သေးလားရှင့်"
ရွှီဖန်း အံ့သြသွားရကာ...
"ဘာကိုလဲ"
ထိုမိန်းကလေးက ကြိတ်ရယ်လျက် Durexတစ်အိတ်ကို ယူထုတ်လာသည်။
"ဒါလေ မဟုတ်ရင် ဒီည တစ်ယောက်ယောက် သေသွားနိုင်တယ်"
"..........."
ရွှီဖန်းမှာတော့ အနည်းငယ်ဆွံ့အနေသည်။ သူ့အသက်ကို ဆုံးရှုံးရမယ်ဆိုတာက ဘာကို ဆိုလိုတာလဲ။ အခု သူတို့နှစ်ယောက်လုံး အခန်းခွဲနေကြမှာဖြစ်၍ လူကဖန်တီးထားသော အားကစားများကို ကစားရန် အခွင့်အရေးမရှိတော့ပေ။ ဒါ့အပြင် ချိုးဆုအာက ဘေးမှာ စိုက်ကြည့်နေသေးသည်။ သူမယူနိုင်ပေ။
ရွှီဖန်း လက်ကို ဝှေ့ယမ်းလိုက်ကာ...
"မလိုအပ်ပါဘူး၊ ကျွန်တော်က ဖြောင့်မတ်တဲ့လူပါ"
ပြောပြီးသည်နှင့် ထိုမိန်းကလေး လှောင်ပြောင်မှာကို မစောင့်တော့ဘဲ အခန်းသော့ကိုယူကာ ချိုးဆုအာနှင့်
အတူ ဓာတ်လှေကားထဲ ဝင်သွားခဲ့သည်။ အပေါ်
ရောက်ပြီးနောက် သူတို့နှစ်ယောက်နေရမည့်အခန်းကို ရှာတွေ့ခဲ့သည်။
အခန်းက ကပ်ရပ်ရှိနေတာကြောင့် ရွှီဖန်းတစ်ယောက် ပြန်လည် ရွှင်လန်းလာတော့သည်။ ဆိုလိုတာက ဒီညမှာ သူ့မှာ အခွင့်အရေးရှိသေးသည်။
"အစ်မဆုအာ ပစ္စည်းတွေချပြီးရင် တစ်ခုခုစားဖို့ ပြန်ဆင်းကြရအောင်"
အကြာကြီးလျှောက်သွားပြီးနောက် သူတို့ အခုထိ ညစာမစားရသေးချေ။ အခန်းထဲကို ဝယ်လာသည့်
ဝတ်စုံတွေ ချပြီးသည်နှင့် ဟိုတယ် အောက်ကို ပြန်ဆင်းလာခဲ့ကြသည်။ ထို့နောက် ကြုံရာစားသောက်ဆိုင်ကို ရွေးပြီး ညစာစားခဲ့ကြသည်။
**********************