← Chapters

ကြက်မွေးမြူရေးခြံကိုလည်ပတ်ခြင်း

Vol. 6 Ch. 87

ကြက်မွေးမြူရေးခြံကိုလည်ပတ်ခြင်း

Vol. 6 Ch. 87

ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် ရွှံ့ကဲ့သို့ ပျော့ပြောင်းနေပြီဖြစ်သော ချိုးဆုအာက ချက်ချင်း စကားဆိုလာသည်။

"ရွှီဖန်း အစ်မ ဒီနေ့တစ်ကယ်မလုပ်နိုင်လို့ပါ၊ အဲ့ဒီဟာ လာနေတယ်"

ဘန်း!

ရွှီဖန်း၏ ဦးနှောက်က မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ချက်ချင်းပြန်နိုးထလာသည်။ ချိုးဆုအာ ဘာကိုဆိုလိုသည်ကို သူအလိုလိုနားလည်ပေသည်။

ဒါကြီးက အရမ်းကိုမှ ကံဆိုးလှပေသည်။ အရေးကြီးသည့်အချိန်ကျမှ ချိုးဆုအာ၏ အန်တီက အလည်လာနေသည်။ 

ရွှီဖန်းမှာ သူခေါင်းတစ်ခုလုံး လေးလံနေသည်ဟု ခံစားရကာ နဖူးကို ပွတ်မိသည်။ ဒီအခြေအနေ၌ သူဆက်လုပ်ရန် မဖြစ်နိုင်တော့ချေ။ သူ အသက်ပြင်းပြင်း ရှူသွင်းကာ အိပ်ရာပေါ် လှဲချ၍ မလှုပ်ရှားတော့ပေ။ သူက တိတ်ဆိတ်သွားတော့သည်။

ချိုးဆုအာက မျက်နှာတစ်ခုလုံး နီမြန်းနေသည်။ ရွှီဖန်းက အခု ခက်ခဲသည့်အခြေအနေကို သည်းခံနေရမည်

မှန်း သူမသိသည်။ သူမ ရွှီဖန်း၏ ဘေးကို တိုးဝှေ့၍ သူ့ပါးကို အနမ်းခြွေလိုက်သည်။

"ရွှီဖန်း ဒါမင်းအမှားပဲ၊ အစ်မကို အပြစ်မတင်ပါနဲ့၊ နောက်တစ်ခါဆို အစ်မ မင်းကို ပေးပါ့မယ်"

ရွှီဖန်းသည် ခါးသက်စွာ ပြုံး၍ ချိုးဆုအာကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူမကို  နမ်းရင်း ပြောလိုက်သည်။

"အရူးမလေး မင်းကို ဘယ်လိုအပြစ်တင်ရက်မှာလဲ"

"အခု မွန်းကြပ်နေလား"

အပြစ်ရှိစိတ်ကြောင့် ချိုးဆုအာသည် သူမနှုတ်ခမ်းကို ကိုက်ခဲထားသည်။ ထိုမေးခွန်းက ရွှီဖန်းကို ငိုချင်လာစေသော်လည်း မျက်ရည်မကျနိုင်ခဲ့ပေ။ မှန်ပေသည်။ သူမသက်မသာခံစားနေရသော်ငြား သူလုပ်နိုင်သည့်အရာ မရှိပေ။

"အဆင်ပြေပါတယ်၊ ကျွန်တော် ရေသွားချိုးလိုက်မယ်"

"အစ်မဆုအာ နောက်ကျနေပြီ၊ အခန်းပြန်အိပ်တော့"

ရွှီဖန်းက ချိုးဆုအာကို အိပ်ရာပေါ်မှ ထစေပြီး မတိုင်

ခင်က သူလုပ်လို့ကြေမွနေသည့် အဝတ်တွေကို ပြန်ပြီး သပ်ရပ်အောင် လုပ်ပေးနေသည်။ ထို့နောက် စောစောပြန်အိပ်ရန် ပြောခဲ့သည်။

ထိုအခိုက်အတန့်မှာ ချိုးဆုအာက ဒူးထောက်ချလာသည်။ ရွှီဖန်း အံ့အားသင့်သွားရသည်။

"အစ်မဆုအာ..."

ချိုးဆုအာ၏ ရှက်ရွံ့သော အမူအရာများကို ကြည့်ရင်း ရွှီဖန်းသည် သူ့မျက်လုံးများကို မှိတ်ကာ ပျော်ရွှင်မှုကို ခံစားခဲ့တော့သည်။

နောက်တစ်နေ့။

မနက်စောစော၌ ရွှီဖန်းသည် စိတ်အေးလက်အေးအပြုံးဖြင့် အိပ်ရာမှ ထလာသည်။ မနေ့ညကလို ကောင်းကောင်းမအိပ်ပျော်ခဲ့တာ အချိန်အတော်ကြာလေပြီ။ မနေ့ညက ချိုးဆုအာ သူ့အတွက် လုပ်ပေးခဲ့သည့် အပြုအမူများကို ပြန်တွေးရင်း သူအနည်းငယ် ပူနွေးလာတော့သည်။

မနေ့ကဝယ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ပြီးနောက် ချိုးဆုအာ၏ အခန်းတံခါးကို သွားခေါက်လိုက်သည်။

"အစ်မဆုအာ ထဖို့ အချိန်ရောက်ပြီ"

ချိုးဆုအာက မနိုးသေးသည့်ပုံပင်။ သူမ တံခါးလာမဖွင့်ခင်အထိ ရွှီဖန်းလည်း တံခါးမှာ ရပ်စောင့်နေခဲ့သည်။

ချိုးဆုအာက သူမမျက်လုံးများကို ပွတ်သပ်၍ အပြစ်တင်လာတာကြောင့် ရွှီဖန်းမှာ မနေနိုင်ဘဲ မေးရသည်။

"အစ်မဆုအာ ဘာဖြစ်လို့လဲ၊ ညက အိပ်မပျော်လို့လား"

"လူဆိုးကောင် ဒါကိုပြောရဲတုန်းလား၊ မနေ့ မနေ့ညက...."

"မနေ့ညက ဘာဖြစ်လို့လဲ"

ရွှီဖန်းက အရှက်မရှိစွာ မေးနေသည်။ ချိုးဆုအာမှာတော့ ရွှီဖန်းကို ကြည့်ရင်း ရှက်လာတော့သည်။ မနေ့ညက တစ်ညလုံး လက်တွေနာနေခဲ့တာကြောင့် အိပ်မပျော်ခဲ့ကြောင်းကို သူမ ပြောပြမည်မဟုတ်ချေ။ 

"ရွှီဖန်း ခဏစောင့် အဝတ်လဲလိုက်ဦးမယ်"

ချိုးဆုအာ အဝတ်လဲပြီးသည်နှင့် သူတို့ ဟိုတယ်မှ ထွက်လာကြသည်။ ထိုအချိန် လီထိုက်ကန်းကလည်း သွားလို့ရပြီဖြစ်ကြောင်း ဖုန်းခေါ်လာသည်။ ကုမ္ပဏီကိုရောက်သည့်အခါ လီထိုက်ကန်းသည် ဝတ်စုံအပြည့်

ဝတ်ထားသည့်ရွှီဖန်းနှင့် သူ့နောက်မှ အလှလေးကို ကြည့်ကာ အံ့အားသင့်သွားတော့သည်။

"သေချာပြီပေါ့ ရွှီဖန်း၊ ဒီကောင်လေးကတော့"

လီထိုက်ကန်းက ရွှီဖန်းကို မျက်လုံးတစ်ဖက်မှိတ်ပြပြီး စနောက်လိုက်တာကြောင့် ဘေးမှာရပ်နေသည့် ချိုးဆုအာကို ရှက်ရွံ့စေသည်။ ကံကောင်းစွာဖြင့် ထိုအခြေအနေက ကြာကြာမရှိလိုက်ပေ။ ခဏစကားပြောပြီးနောက် ကားနှစ်စီးက ကျောက်ဟွာ၏ ကြက်ခြံရှိရာကို ဦးတည်ခဲ့ကြသည်။

ကျောက်ဟွာ၏ ကြက်ခြံက ခရိုင်နှင့် သိပ်မဝေးပေ။ တစ်နာရီလောက်မောင်းပြီးနောက်မှာ သူတို့ ရောက်ရှိလာကြသည်။ ကားပေါ်ကဆင်းပြီးနောက် ရွှီဖန်း၏ မျက်လုံးများက တောက်ပသွားသည်။ ကျောက်ဟွာ၏ကြက်ခြံက တခြားကြက်များမဟုတ်ဘဲ ဒေသတွင်းက ကြက်များကိုသာ မွေးမြူထားပြီး အသီးပင်မြောက်များစွာလည်း ရှိသည်။ ထိုအချိန် ကြက်တွေက အသီးပင်အောက်မှ အင်းစက်တွေကို ထိုးဆိတ်စားသောက်နေကြသည်။ 

သိပ်မဝေးလှသော နေရာတွင် လယ်ကွင်းနှင့် ငါးကန်ကိုလည်း ထားရှိထားသည်။ ကျောက်ဟွာက စိုက်ပျိုးရေးဂေဟစနစ်ဆိုင်ရာ ပန်းခြံတစ်ခုနှင့် ဆင်တူသည့် သဘောတရားကို အကောင်အထည်ဖော်နေပုံရသည်ဟု ရွှီဖန်း ခန့်မှန်းလိုက်မိသည်။

မကြာလိုက်ပေ၊ ကျောက်ဟွာက အထဲမှ ထွက်လာကာ သူတို့ဆီ ဖြည်းဖြည်းပြေးလျှောက်လာသည်။ 

"အချိန်အကြာကြီး စောင့်လိုက်ရပြီပဲ၊ ထိုက်ကန်း ဒါက  ညီလေးရွှီဖန်းဆိုတဲ့သူမလား၊ လာ အထဲအရင် ဝင်ရအောင်"

ကျောက်ဟွာက ပြောပြီးသည်နှင့် ရွှီဖန်းနှင့် ချိုးဆုအာကို ဒွိဟအကြည့်ဖြင့် ကြည့်လာသည်။ 

"ကောင်လေး မင်းက အရည်အချင်းရှိတာပဲ"

ဒါက ရွှီဖန်းကို ရှက်ရွံ့စေပေသည်။ အစ်ကို ကျွန်တော် ဒီကို အလေးအနက်သင်ယူဖို့ ရောက်လာတာပါဗျာ။

လီထိုက်ကန်းသည် ရွှီဖန်းကို လိုက်ပို့ရန်အတွက်သာ သက်သက် လိုက်လာခဲ့ခြင်း ဖြစ်သည်။ ကျောက်ဟွာ

က ရွှီဖန်း ကို လေ့လာရန်အတွက် ကြက်ခြံထဲကို ခေါ်ဆောင်သွားသောကြောင့် လီထိုက်ကန်းလည်း သိပ်စိတ်မဝင်စားတော့ချေ။ ဒါကြောင့်  သူ့အတွင်းရေးမှူးနှင့် လမ်းလျှောက်ထွက်နေခဲ့သည်။

ကြက်မွေးထားသည့် ခြံကြီးက အလွန်ကြီးမားလေသည်။ ကျောက်ဟွာသည် သူတို့နှစ်ယောက်ကို အထဲခေါ်သွားရင်း ဂေဟစနစ်ပန်းခြံအကြောင်းကို ရှင်းပြနေသည်။ 

ကျောက်ဟွာ သည် ကြက်မွေးမြူရာတွင် ကျွမ်းကျင်သည်ဟု ဆိုရပေမည်။ ရွှီဖန်း ကဲ့သို့ ကောင်းကင်ဘုံမြေသြဇာ မရှိသော်လည်း သူမွေးမြူထားသော ကြက်များသည် အလွန်ကျန်းမာသန်စွမ်းကြသည်။ ကြက်များ၏အကြည့်ကို ကြည့်လိုက်ရုံဖြင့် မသိသည့်လူများက ကြက်ရိုင်းဟု ထင်သွားကြလိမ့်မည်။

"ရွှီဖန်း ငါကြွားနေတာမဟုတ်ဘူး၊ ငါမွေးထားတဲ့ကြက်တွေက ခရိုင်မှာ အကောင်းဆုံးကြက်တွေထဲ ပါဝင်တယ်"

သူက ခြံထဲမှ အသီးပင်များကို ညွှန်ပြလျက်....

"ပိုပြီးအရေးကြီးတာက ဘာလဲသိလား၊ ကြက်တွေက အဲ့ဒီအင်းစက်တွေကို စားသောက်တာကြောင့် အသီးပင်တွေကို ပိုးတက်တာကနေ ကာကွယ်ပြီးသားဖြစ်သွားတာပဲ"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ အများစုက ပန်းသီးပင်များဖြစ်ပြီး တခြားအပင်များလည်း ရှိသေးသည်။ အရောင်နှင့် အရွယ်အစားများကို ကြည့်ရုံဖြင့် တော်ရုံမဟုတ်မှန်းသိနိုင်သည်။ ရွှီဖန်းလည်း စိတ်ထဲ အစီအစဥ်ရှိသွားခဲ့သည်။ သူပြန်ရောက်လျှင် ကြက်ခြံထဲ၌ အပင်တချို့ စိုက်ပျိုးရမည်။ 

ဥယျာဥ်ကြီးကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျောက်ဟွာက သူတို့နှစ်ယောက်ကို ကြက်ခြံထဲရှိ သက်ကယ်မိုးထားသည့်အခန်းကြီးထဲသို့ ခေါ်ဆောင်သွားသည်။ ပိုးသတ်ပြီးသား အဝတ်အစားများကို သူတို့ လဲလှယ်ပြီးနောက်မှာမှ အထဲကိုလျှောက်လာကြသည်။ 

ထိုအချိန် ကျောက်ဟွာက အဝတ်လဲရသည့်အကြောင်းအရင်းကို ပြောပြလာသည်။ ဥဖောက်ပေးရမည့်ကြက်များကို အပူချိန်အဆက်မပြတ်ပေးထားရသည့် ဥဖောက်ခန်းတွင် ထားရှိရသည်။ 

လမ်းတစ်လျှောက်တွင် ကျောက်ဟွာက ကြက်ခြံတည်ဆောက်ပုံ၊ ပုလိပ်ရောဂါကိုကာကွယ်နည်းနှင့် ကြက်ရိုင်းများနှင့် လိုက်လျောညီထွေမှုရှိအောင် မွေးမြူနည်းတို့ကို အစွမ်းကုန်ရှင်းပြခဲ့သည်။

ဒါက သူရရှိထားခဲ့သည့် အတွေ့အကြုံများဖြစ်တာကြောင့် ရွှီဖန်းလည်း လျစ်လျူမရှုရဲပေ။ ချိုးဆုအာကလည်း ဖုန်းထဲမှာ လိုက်မှတ်နေသည်။ သူတို့က စိတ်ရောကိုယ်ပါ လိုက်နားထောင်ပေးနေတာကြောင့် ကျောက်ဟွာလည်း ဂုဏ်ယူနေသည်။ 

"ရွှီဖန်း ခဏနေရင် တချို့အချက်အလက်တွေကို ယူလာခဲ့ပေးမယ်၊ မင်းအိမ်ပြန်ပြီးရင် လေ့လာလို့ရတာပေါ့၊ အဲ့ဒါတွေက ငါ့ရဲ့အတွေ့အကြုံတွေနဲ့ ဂေဟစနစ်အကြောင်းတွေပါတယ်"

ရွှီဖန်းသည် ထိုစကားများကိုကြားပြီးနောက် အလွန်

ဝမ်းသာသွားရသည်။ ကျောက်ဟွာအပေါ်ကိုလည်း လေးလေးနက်နက် ကျေးဇူးတင်မိသည်။ ထို့နောက် သူ ကြက်ခြံ၌ အချိန်ကြာကြာ ဆက်မနေတော့ပေ။ အချက်အလက်တွေ ရပြီးပြီဖြစ်တာကြောင့် ပြန်

ရောက်လျှင် သူကောင်းစွာ လေ့လာနိုင်လိမ့်မည်။

"အစ်ကိုကျောက်ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး၊ ဪ ဟုတ်သား ကျွန်တော်မေးစရာရှိသေးတယ်"

"မေးစရာရှိရင် မေးသာမေးပါ"

"အစ်ကိုကျောက် ကျွန်တော်မေးချင်တာက ဒီကြက်တွေရဖို့ ဘယ်ကဝယ်သင့်လဲ"

ကျောက်ဟွာက သူ့ကို အများကြီး သင်ပေးခဲ့သော်ငြား ဒါက ရွှီဖန်းအတွက် ပထမဆုံး ကြက်မွေးမြူရေးခြံလုပ်ဆောင်ရမှာဖြစ်သည်။ သူ့တွင် ပထမအသုတ်ကြက်များ မရှိသောကြောင့် ဘယ်မှာရနိုင်

မည်မှန်း မသိချေ။

ပထမအသုတ်ကြက်တွေသာရပြီဆိုလျှင် နောက်ထပ်အသုတ်တွေကို သူတို့၏ ဥများမှ တဆင့်ရရှိလာလိမ့်မည်။ ဒါကြောင့် ပထမအသုတ်က အရေးကြီးလေသည်။

ကျောက်ဟွာက ပြုံးနေသည်။ သူ့အတွက်တော့ ပြဿနာမဟုတ်ပေ။ 

"ရွှီဖန်း ပြဿနာက ဘာများလဲလို့၊ ကြက်တွေက ငါ့မှာ အများကြီးရှိတယ်လေ၊ မင်း ငါ့ဆီက ဘာလို့ မဝယ်တာလဲ၊ အစ်ကိုကျောက်က မင်းကို ၂၀%လျှော့ပေးမယ်!"

"ဟဲဟဲ ကျွန်တော်ဆိုလိုတာလည်း ဒါပါပဲ"

ရွှီဖန်းပြုံးလိုက်သည်။ ဒီအကြောင်း ထုတ်ပြောရသည့်အကြောင်းအရင်းကလည်း ကျောက်ဟွာဆီမှ ဝယ်ယူချင်၍ ဖြစ်သည်။ သူက အရည်အသွေးမကောင်းသော ကြက်များကို မဝယ်ချင်ပေ။ မဟုတ်လျှင် သူတို့မကြီးလာခင်မှာပဲ သေသွားနိုင်သည်။ 

ခုနက ကျောက်ဟွာ၏ကြက်တွေကို တွေ့ခဲ့ရတာကြောင့် ထိုကြက်တွေဆိုရင် ပိုပြီးမွေးမြူလို့ လွယ်ကူလိမ့်မည်ဟု သူထင်သည်။ 

"အစ်ကိုကျောက် ဒီလိုလုပ်ရင်ရော၊ ကျွန်တော် အစ်ကို့ဆီက ကြက်အကောင်ရေ တစ်ထောင် ဝယ်ပါ့မယ်၊ ဘယ်လောက်ပေးရမလဲဆိုတာ ကျွန်တော့်ကိုပြောပါ၊ အချိန်ရောက်လာတဲ့အခါကျ ကျွန်တော် ကြက်ခြံဆောက်လို့ပြီးရင် အစ်ကို လာပို့ပေးလို့ ရမလားဗျ"

ကျောက်ဟွာက ဒီနေ့ သူ့ကို များစွာ ကူညီခဲ့သည်။ ဒါကြောင့် သူနှင့် စီးပွားရေးလုပ်၍ ပိုက်ဆံရှာတာက အသင့်တော်ဆုံးနည်းလမ်းဖြစ်လိမ့်မည်။ 

ကျောက်ဟွာက ခေါင်းညိတ်ကာ

"ငါတို့အလျင်မလိုပါဘူး၊ လိုက်ပတ်ကြည့်နေတာလည်း ပြီးတော့မှာပဲ၊ လာ ရွှီဖန်း ဒီနေ့မင်းက ငါ့ဧည့်သည်ဆိုတော့ နေ့လည်စာ ကောင်းကောင်းလေးဧည့်ခံရမယ်"

ကျောက်ဟွာ၏ စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးဂေဟစနစ်ဥယျာဉ်သာမက အနီးအနားတွင် ပျော်

စရာအပြည့်ရှိသော စားသောက်ဆိုင်ကိုလည်း ဖွင့်လှစ်ထားသည်။ စားသောက်ဆိုင်ရှိ ပါဝင်ပစ္စည်းများအားလုံးက သူ၏ စိုက်ပျိုးရေးဂေဟစနစ် ဥယျာဉ်မှဖြစ်ပြီး သူခန့်ထားသော စားဖိုမှူးများမှာလည်း အချက်အပြုတ်ကျွမ်းကျင်ပေသည်။ သစ်သီးလာဝယ်သူ၊ ကြက်လာဝယ်သူ အစရှိသည့်

ဖောက်သည်များက စားသောက်ဆိုင်၌ ဝင်စားကြလေသည်။ 

ကျောက်ဟွာက ရွှီဖန်းနှင့် လီထိုက်ကန်းတို့ကို အကြီးဆုံးစားပွဲသို့ ခေါ်ဆောင်သွားကာ ထိုင်စေသည်။ 

"ထိုက်ကန်း ဒီနေ့ မင်းသောက်လို့ မရဘူးလား"

******************

All Chapters