အုတ်အော်သောင်းတင်းဖြစ်ခြင်း
Vol. 6 Ch. 88
မူလကတော့ လီထိုက်ကန်းသည် ကားမောင်းရမည်ဟု အကြောင်းပြ၍ သောက်ရန်ဆန္ဒမရှိခဲ့ပေ။ သို့သော် ကျောက်ဟွာက စိတ်ဆိုးဟန်ပြလာတာကြောင့် လီထိုက်ကန်းကပင် စတင်ပြီး ဝိုင်ဖြူတစ်ပုလင်းမှာကာ သူနှင့်အတူသောက်ခဲ့ရသည်။
ဘေးမှာ ထိုင်နေသည့် ရွှီဖန်းနှင့် ချိုးဆုအာကတော့ မသောက်ပေ။ ခဏနေရင် ကားမောင်းရဦးမှာဖြစ်လို့ သူပါ သောက်လျှင် ဒီနေ့ အိမ်ပြန်လို့ရတော့မည်
မဟုတ်ချေ။
သူတို့နှစ်ယောက် အချင်းချင်း တော်ကီဖုတ်နေတာကို ကြည့်နေရင်း ရွှီဖန်းသည် ပတ်ပတ်လည်ကို လိုက်
ကြည့်နေခဲ့သည်။ ဂေဟစနစ်ဥယျာဥ်ကြီး ဖွင့်ထားပြီးကတည်းက လူအမြောက်အများသည် လယ်ယာအတွေ့အကြုံကို ယူရန်အတွက် လာလည်တတ်ကြသည်။ ဒါကြောင့် စားသောက်ဆိုင်ကလည်း လူပြည့်နေတတ်သည်။
ရွှီဖန်းမနေနိုင်ဘဲ တွေးမိသည်။ သူသာ ကြက်ခြံဆောက်ပြီးရင် ကောင်းမွန်သည့်အသားများ၊ သစ်သီးများကြောင့် သူ့စီးပွားရေးက ပိုကောင်းလာလောက်ပေသည်။ ရုတ်တရက် အခန်းထောင့်မှ ဆူညံသံထွက်လာတာကြောင့် သူ အသိပြန်ဝင်လာသည်။
အခန်းထောင့်နားက စားပွဲခုံမှာ ရှုပ်ထွေးမှုတွေ ဖြစ်
ပျက်နေတာကို ကြည့်ရင်း သူမျက်မှောင်ကြုတ်
လိုက်သည်။ ခန္ဓာကိုယ်ဝသည့်လူတစ်ယောက်က စားပွဲထိုးကို လက်ညှိုးထိုးကာ ဆဲနေသည်။ လီထိုက်ကန်းနှင့် စကားပြောနေတုန်းဖြစ်သည့် ကျောက်ဟွာလည်း ရပ်သွားရသည်။ သူ့စီးပွားရေးအတွက် ဖြစ်ပျက်လာသမျှကို ဂရုစိုက်ရပေမည်။
မကြာလိုက်ပေ၊ ဧည့်မန်နေဂျာက ကျောက်ဟွာဆီပြေးလာသည်။ အခြေအနေက တင်းမာနေပုံရပြီး ဧည့်
မန်နေဂျာ၏ပုံလည်း ကြည့်လို့မကောင်းတော့ပေ။
"သူ သူဌေး တစ်ခုခုဖြစ်နေပြီ"
"ဘာဖြစ်တာလဲ"
ဧည့်မန်နေဂျာက ရှင်းပြသည်။
"အစာအဆိပ်သင့်တာတဲ့၊ အဘိုးအိုက မူးလဲသွားပြီး သူ့သားက ရန်ရှာနေတယ်၊ သူဌေးကို တရားစွဲမယ်ပြောတယ်၊ ဘယ်လိုလုပ်ရမလဲ"
ထိုစကားတွေနားထောင်ပြီးနောက် အယ်လ်ကိုဟောလ်ကြောင့် မျက်နှာတစ်ခုလုံးနီရဲနေသည့် ကျောက်ဟွာမှာ ချက်ချင်းပင် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားသည်။ ဒါက ကိစ္စသေးသေးလေးမဟုတ်ချေ။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ဆိုင်မှာ ဒီလိုတွေဖြစ်သွားသည်ဟု လာပြောပါက သူ ဘိုးဘွားအခန်းကိုပါ ပိတ်ရလိမ့်မည်ဖြစ်သည်။
"မင်းတို့စားနှင့်ကြပါ၊ ငါသွားကြည့်လိုက်ဦးမယ်"
ထိုကိစ္စကိုဖြေရှင်းရန်အတွက် ကျောက်ဟွာက ဧည့်
မန်နေဂျာအနောက်ကို လိုက်သွားခဲ့သည်။ ရွှီဖန်းနှင့် လီထိုက်ကန်းမှာ တစ်ယောက်မျက်နှာတစ်
ယောက်ကြည့်ကာ မေးမိသည်။
"အစ်ကိုထိုက်ကန်း ဘာတွေဖြစ်ကုန်တာလဲ"
လီထိုက်ကန်းလည်းပဲ အရက်မူးနေတာ တစ်ဝက်လောက် လျော့သွားပြီဖြစ်သည်။ သူ ခေါင်းကိုခါယမ်းကာ..
"ထူးဆန်းတယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ကျောက်ဟွာရဲ့ဟင်းပွဲတွေထဲမှာ သုံးတဲ့ပစ္စည်းတွေက သူခြံထွက်တွေကြီးပဲ၊ လုံးဝကို ခြံထွက်စစ်စစ်တွေ၊ အဲ့တာတွေစားပြီး ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ၊ အဲ့ဒီစားပွဲက လူတွေဆီပဲ ရှိနေတာဖြစ်ရမယ်"
လီထိုက်ကန်းသည်လည်း စားပွဲပေါ်မှ ဟင်းတော်တော်များကို စားထားခဲ့သည်။ သူအခုထိကို အကောင်းကြီး ခံစားနေရတုန်းပင်။ ကျောက်ဟွာသည် ဆီကိုတောင်မှ သန့်စင်သည့်ဟင်းရွက်ဆီကို သုံးတာဖြစ်၍ မကောင်းသည့် ဟင်းပွဲများ ရောင်းမည်မဟုတ်ချေ။
"သွားမယ် ရွှီဖန်း ငါတို့လည်း သွားကြည့်ရအောင်"
လီထိုက်ကန်းက ကျောက်ဟွာကို ညီအစ်ကိုကဲ့သို့ သဘောထားသည်။ ကျောက်ဟွာက အခုလို ပုပုဝဝလူဆီမှ မြေးကဲ့သို့ ဆူငေါက်ခံနေရတာမြင်တော့ သူချက်ချင်း ဒေါသထွက်ကာ သွားကူညီရန် မတ်တပ်ရပ်လိုက်သည်။ ရွှီဖန်းကလည်း ခေါင်းညိတ်သည်။ ကျောက်ဟွာက သူ့ကို များစွာ ကူညီပေးထားတာကြောင့် ဒီအတိုင်း ထိုင်မကြည့်နိုင်ပေ။
သို့သော်ငြား စားပွဲပေါ်မှာ မူးမော်နေသည့် အဘိုးအိုကိုကြည့်ရင်း ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီကိစ္စက လွယ်လွယ်ဖြေရှင်းလို့ မရနိုင်ချေ။
"အစ်ကိုကျောက် ဘာတွေဖြစ်နေတာလဲ"
လီထိုက်ကန်းက ရွှီဖန်းနှင့်အတူ ထိုစားပွဲရှိရာကိုသွားကာ ကျောက်ဟွာ၏ အခြေအနေကို မေးမြန်းသည်။ ကျောက်ဟွာကတော့ ဇောချွေးတွေ မနည်းထွက်
နေသည်။ သူက သားဖြစ်သူကို တောင်းပန်နေသည်။
"လူကြီးမင်း ဒါက မတော်တဆဖြစ်ပျက်သွားရတာပါ၊ ကျွန်တော်တို့ဘက်က လူနာတင်ကားလည်း ခေါ်ထားပြီးပါပြီ၊ ဒီကိစ္စကို သီးသန့်ဖြေရှင်းလို့ရနိုင်မလားခင်
ဗျ၊ ကျွန်တော်တို့ဘက်က လူကြီးမင်းတို့ စိတ်ကျေနပ်သလောက် လျော်ကြေးကိုအကောင်းဆုံးဆောင်ရွက်ပေးပါ့မယ်"
ပုပုဝဝလူ၏မျက်နှာက နက်မှောင်နေသည်။ သူ့အဖေကဖြင့် စားပွဲပေါ်မှာ လဲလျောင်းနေရသည်။
"ငါ့အဖေရဲ့အသက်က မင်းတို့ ပိုက်ဆံပေးရုံနဲ့ လုံလောက်တယ်ထင်လို့လား"
"ငါ ပြောမယ်၊ ဒီနေ့ ငါ့အဖေ တစ်ခုခုဖြစ်လို့ကတော့ မင်းရဲ့စားသောက်ဆိုင်ရော ဥယျာဥ်ရော အကုန်ပိတ်ရလိမ့်မယ်!"
ထိုလူက ဒေါသအလွန်ထွက်နေပြီး အသက်ရှူသံတွေပါ ထွက်နေသည်။ လီထိုက်ကန်းသည်လည်း အရက်
သောက်ထားတာကြောင့် သူ့စိတ်က ထွေနေကာ အရှေ့ကို တိုးသွားလိုက်သည်။
"စားသောက်ဆိုင်ကို ချက်ချင်းပိတ်မယ်ပြောရအောင် မင်းကိုယ်မင်း အထင်ကြီးမနေဘူးလား"
"ငါ့ညီအစ်ကိုက စားသောက်ဆိုင်ဖွင့်ထားတာ ကြာပြီဘာပြဿနာမှ မရှိခဲ့ဘူး၊ မင်းတို့လာစားမှ ဘာလို့ မင်းအဖေက ဖြစ်သွားရတာလဲ၊ ငါ့အမြင်ကတော့ မင်းတို့ ဟန်ဆောင်နေကြတာပဲ၊ အစ်ကိုကျောက် ဒါလုံးဝမဖြစ်နိုင်ဘူး၊ သူတို့ကို ဖမ်းထားလိုက်"
လီထိုက်ကန်းက ထိုစကားပြောပြီးသည်နှင့် ရင်
တဒိတ်ဒိတ်ဖြစ်ကာ ခြေထောက်များ တုန်ယင်သွားသည်။ သူအတွင်းရေးမှူးက ထောက်ကူထားပေးလို့သာ မဟုတ်ရင် သူ လဲကျသွားလိမ့်မည်။
လီထိုက်ကန်း၏ မူးယစ်နေသော အမူအရာကြောင့် ပုဝဝလူက သရော်လာသည်။ သူ့မျက်နှာက အထင်သေးမှုများဖြင့် ပြည့်နှက်နေကာ အော်ဟစ်လာသည်။
"ဒီယစ်ထုတ်က ဘယ်ကရောက်လာတာလဲ၊ ဟမ့် မင်းက ငါလိမ်တယ်လို့ ထင်တယ်ပေါ့၊ ငါအလုပ်လုပ်တဲ့နေရာက ဘယ်မှာလဲဆိုတာ မသိဘူးမလား"
ထို့နောက် သူက အိတ်ထဲက တရားဝင်
အထောက်အထားစာကို ထုတ်ပြလာသည်။ လီထိုက်ကန်းက မူးနေသော်လည်း ထိုအပေါ်မှာ ရေးထားသည့်စာများကို ဖတ်နိုင်တုန်းပင်။
တစ်ကယ်တော့ ဒီလူက ကျန်းမာရေးဌာန၏ ဦးစီးဖြစ်နေသည်။
သွားပြီ!
ကျောက်ဟွာလည်းပဲ ဇောချွေးများစွာ ထွက်နေတော့သည်။ ဒီလူက ဘာလို့ ခုနက အဲ့ဒီစကားတွေ ပြောခဲ့မှန်း သူနားလည်သွားလေပြီ။
စားပွဲပေါ်မှာလဲနေသော သူအဖေဆိုသည့် သက်သေကို ထည့်မတွက်ရင်တောင်မှ သူ့ရာထူးနှင့်ဆိုလျှင် ကျောက်ဟွာ၏မိသားစုကို ဝင်စစ်ဆေးရန် လွယ်ကူလေသည်။
"ယောကျ်ား အသက်မရှူတော့ဘူး"
ထိုအချိန် အဘိုးအိုကို ဂရုစိုက်နေသည့် အမျိုးသမီးကလည်း ရုတ်တရက် အော်လာသည်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး စိုးရိမ်ပူပန်မှုဖြင့် မျက်မှောင်ကြုတ်နေသည့် ကျောက်ဟွာမှာ ထိုအသံကိုလည်းကြားရော ခြေထောက်များပင် တဆတ်ဆတ်တုန်လာတော့သည်။ သူ့မှာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျလုနီးပါးပင်။
ပုဝဝလူကလည်း အဘိုးအိုဆီအမြန်ပြေးသွားကာ နှာခေါင်းကိုထိ၍ စစ်ဆေးနေသည်။ သူ့မျက်နှာက ပိုပိုပြီး ဆိုးရွာလာနေသည်။ ကြည့်စရာပင်မလိုတော့ချေ။ အသက်ရှူရပ်နေလေပြီ။ ကျောက်ဟွာမှာ လျှပ်စီးပေါင်းများစွာ သူခေါင်းထဲ၌ ပစ်ချနေသကဲ့သို့ပင် ခံစားနေရသည်။ ဒီတစ်ကြိမ်မှာတော့ သူ လုံးဝသွားလေပြီ။
အသက်မရှူတော့ဘူးဆိုရင် ဒီအဘိုးအိုက သေသွားပြီဖြစ်လေသည်။
ဒီဦးစီးက ပြဿနာမရှာရင်တောင်မှ အနာဂါတ်မှာ သူ့ဆိုင်ကို ဘယ်သူမှ လာရဲမည်မဟုတ်တော့ချေ။
"ထောင်ထဲဝင်ဖို့ စောင့်နေလိုက်"
ပုဝဝလူက ကျောက်ဟွာကို ရက်စက်စွာ ကြည့်ရင်း ဖုန်းကိုထုတ်ကာ လူတစ်ယောက်ကိုခေါ်နေသည်။ ကျောက်ဟွာမှာ ကြောက်လွန်း၍ မျက်ရည်ကျနေလေပြီ။ လီထိုက်ကန်းလည်း ထိတ်လန့်နေသည်။ သူ အရက်ကိုစွဲလန်းမိတာနဲ့ပဲ ကျန်းမာရေးဌာနက ဦးစီးကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ခဲ့မိလေပြီ။
"ငါတို့ ဘာ ဘာလုပ်သင့်လဲ"
လီထိုက်ကန်းက စိုးရိမ်ပူပန်နေသလို သူ့ညီအစ်ကိုလည်းဖြစ်၊ စီးပွားရေးပါတနာလည်းဖြစ်သည့် ကျောက်ဟွာမှာလည်း နှုတ်ခမ်းများ အေးစက်နေလေပြီ။ ကျောက်ဟွာသာ ထောင်ကျသွားပါက သူသည်လည်းပဲ စီးပွားရေးကျဆင်းလိမ့်မည်။
"ရွှီဖန်း မြန်မြန်နည်းလမ်းတစ်ခုလောက် တွေးပါဦး"
လီထိုက်ကန်းက အချိန်အတော်ကြာ တွေးဆနေသော်လည်း ဖြေရှင်းနည်းကို စဥ်းစားလို့မရချေ။ အခြေအနေက ဒီလိုဖြစ်လာပြီး ရွှီဖန်းကို တောင်းဆိုဖို့ နည်းလမ်းသာ သူစဥ်းစားမိတော့သည်။ ရွှီဖန်းက အခြေအနေကို အသေးစိတ်လေ့လာနေတာကြောင့် ကျောက်ဟွာ၏ ကြောက်လန့်နေသည့်အမူအရာနှင့် လီထိုက်ကန်း၏အကူအညီတောင်းမှုကို ကြားမှသာ အသိပြန်ဝင်လာသည်။ သူ ကျောက်ဟွာ၏ ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
"အစ်ကိုကျောက် စိတ်မပူပါနဲ့၊ ကိစ္စတွေ ပိုကောင်းသွားအောင် ပြောင်းလဲနိုင်တယ်"
"ဒီမှာ ဘာသောက်ကျိုးနည်းနည်းလမ်းက ရှိဦးမှာလဲ"
ကျောက်ဟွာမှာ မျက်ရည်အပြည့်ရှိနေတော့သည်။ ဒီအကြိမ်မှာ လူက သေသွားပြီး အလောင်းကောင်ကပါ အေးစက်တော့မည်။ အချိန်ရောက်လာရင် လူတွေရောက်လာပြီး သူ့ဆိုင်က ချိတ်ပိတ်ခံရလိမ့်မည်။
"ရွှီဖန်း သူ့ကိုအပြစ်မမြင်ပါနဲ့၊ သူ အခု ရူးနေမှာကိုပဲ ငါကြောက်မိတယ်"
ကျောက်ဟွာက ကြမ်းပြင်ပေါ်မှာ စိတ်ပျက်
လက်ပျက်ထိုင်နေသည်။ သူက ရွှီဖန်းကို ထိုစကားပြောပြီးနောက် တိတ်သွားတော့သည်။ ရွှီဖန်း ခေါင်းခါယမ်းမိသည်။ အခုအချိန် သူဘယ်လိုပဲရှင်းပြပါစေဦး၊ ကျောက်ဟွာက နားထောင်နိုင်မည်မဟုတ်ချေ။
ဒီအဘိုးအို သေသွားပြီဟု ပြောလို့မရသေးပေ။ ရွှီဖန်းပြုံးကာ အဘိုးအိုဆီလျှောက်သွားလိုက်သည်။
"ဘာလာလုပ်တာလဲ ထွက်သွား!"
ရွှီဖန်း လျှောက်လာတာ မြင်သည့်အခါ ပုဝဝလူ၏ မျက်နှာက ကြည့်မကောင်းတော့ချေ။ ရွှီဖန်းနှင့် ကျောက်ဟွာက တစ်ဖွဲ့တည်းဆိုတာကို သူ အစောကြီးကတည်းက သတိထားမိခဲ့သည်။ ရွှီဖန်း၏ ရုတ်တရက်ချဥ်းကပ်လာမှုအား သူမကြိုဆိုနိုင်ပေ။
ရွှီဖန်းကတော့ ဒေါသမဖြစ်ချေ။ ပြီးတော့ သူက လူတွေကို ကယ်ပေးမည့်လူဖြစ်ပြီး သူတို့နှင့် ခိုက်ရန်ဖြစ်ပွားဖို့ မဟုတ်ချေ။
ပုဝဝလူ၏ဇနီးမှ ဖက်ထားသည့် အဘိုးအိုညွှန်ပြ၍ သူပြောလိုက်သည်။
"ငါ တစ်ကယ်ထွက်သွားရင် သူသေသွားလိမ့်မယ်"
"ဟ! မင်းရူးနေလား! ငါ့အဖေက ဆုံးသွားပြီကွ!"
ပုဝဝလူက ရွှီဖန်းအား ဒေါသထွက်စွာ ကြည့်နေသည်။ ဒီကောင်ရူးနေလို့ ခုနက ပြောနေတာ မကြားခဲ့တာလား။ အသက်မရှူတော့ဘူးလို့ ပြောခဲ့တာကို။
"အသက်မရှူတာနဲ့ပဲ သေသွားပြီလို့ ဘယ်သူကပြောတယ်၊ အရင်ဆုံး သူ့နှလုံးခုန်နှုန်းကို အရင်စမ်းဦး"
ပုဝဝလူက အံ့အားသင့်သွားသည်။ သူက ရွှီဖန်းကို သံသယရှိသော်ငြား မိန်းမဖြစ်သူကိုတော့ စမ်းကြည့်ရန် အချက်ပြလိုက်တုန်းပင်။
မိန်းမဖြစ်သူက ခေါင်းညိတ်ကာ အဘိုးအို၏ရင်ဘတ်အပေါ် သူမ၏လက်ကိုတင်ကာ စမ်းကြည့်သည်။ နှလုံးခုန်နှုန်းက အရမ်းအားဖျော့နေသော်ငြား သူမခံစားလို့ ရတုန်းပင်။ အဘိုးအို၏နှလုံးခုန်နှုန်းက မရပ်သေးပေ။ သူမသေသေးပေ။
"ယောကျ်ား အဖေမသေသေးဘူး၊ သူမသေသေးဘူး!"
"ဆေးရုံခေါ် ဆေးရုံခေါ်!"
ပုဝဝလူမှာ သူအဖေမသေသေးကြောင်းကြားသည့်
အခါ မျက်နှာအမူအရာက ပိုကောင်းလာသည်။ ကံမကောင်းစွာဖြင့် သူအချိန်ခဏကြိုးစားနေသော်ငြား ဆေးရုံခေါ်၍ မရခဲ့ချေ။ ကျောက်ဟွာလည်းငိုချင်နေသည်။ သူ ဆေးရုံကားခေါ်ထားသော်လည်း ဒီနေရာက ခရိုင်မြို့တော်မှာမဟုတ်တာကြောင့် အမြန်မရောက်လာနိုင်ပေ။ ပုဝဝလူက အချိန်အတော်ကြာ အော်ဟစ်နေသော်ငြား ဘယ်သူကမှ မရောက်လာပေ။ သူချက်ချင်း စိုးရိမ်လာတော့သည်။
ကံကောင်းစွာဖြင့် မိန်းမဖြစ်သူက တည်ငြိမ်နေကာ ရွှီဖန်းကို ကြည့်၍ မေးလာသည်။
"တဆိတ်လောက်ပါ ရှင်က ဆရာဝန်လားမသိဘူး၊ ကျေးဇူးပြုပြီး ကျွန်မ ယောက္ခထီးကို ကယ်တင်ပေးပါရှင်"
"အာ"
တစ်ဖက်လူက အကူအညီတောင်းလာသည့်အခါ ရွှီဖန်းမှာ နှာခေါင်းပွတ်လိုက်မိသည်။ သူ နေရခက်နေမိသည်။ သူ့ကိုယ်သူ လယ်သမားဟု မိတ်ဆက်လျှင် တစ်ဖက်လူက ရိုက်လာမလားဟုတွေးနေမိသည်။
"ငါ ဆေးပညာနည်းနည်းသိတယ်၊ မင်းယောကျ်ားက မကန့်ကွက်ရင် ငါကြိုးစားပေးနိုင်တယ်"
ပုဝဝလူက ရှက်ရွံ့နေသည်။ ရွှီဖန်း၏စကားများက သူ ရိုင်းစိုင်းခဲ့သည့်အဖြစ်အပျက်ကို ပြန်လှောင်လာတာမှန်း သူသိသည်။ သူမနေနိုင်ဘဲ ရွှီဖန်းကို စိုက်ကြည့်မိတော့သည်။
"ယောကျ်ား ဒီလိုမလုပ်ပါနဲ့၊ ဒီဆရာက ကောင်းမယ့်ပုံပဲ၊ သူ့ကို ကုသခွင့်ပေးလိုက်ပါ"
မိန်းမဖြစ်သူက ပုဝဝလူ ဒေါသထွက်နေတာကိုတားမြစ်လာသည်။ ဒါ့အပြင် အသက်ကလည်း အရေးကြီးဆုံးအရာဖြစ်နေသည်။
ရွှီဖန်း ခေါင်းညိတ်လိုက်ကာ...
"အမှန်ပဲ၊ ဘယ်လိုလဲ ခင်ဗျား ကျွန်တော်နဲ့ ထပ်ပြီးအငြင်းပွားနေမယ်ဆိုရင် ခင်ဗျားရဲ့ အဖေ မတောင့်ခံနိုင်မှာပဲ ကြောက်ရတယ်"
ရွှီဖန်းက ထိုအချိန် အာရုံမစိုက်မိတာကြောင့် လူတိုင်း၏မျက်နှာပေါ်၌ အံ့သြမှုများ ဖြစ်သွားသည်ကို မသိလိုက်ပေ။ သို့သော်ငြား ဒီကိစ္စကို ဆက်လက်အချိန်ဆွဲနေပါက အဘိုးအို အန္တရာယ်ရှိလိမ့်မည်ကို ဘေးမှာ ရပ်ကြည့်နေသည့် လူအားလုံးသိကြပေသည်။
ပုဝဝလူက နှာမှုတ်ကာ ဆိုလာသည်။
"မင်းကို ငါတောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့အဖေကို ကယ်တင်ပေးပါ"
*******************^^^