နတ်ဘုရားဆန်သောဆရာဝန်
Vol. 6 Ch. 89
ပုဝဝလူက ရွှီဖန်းကို အခိုင်အမာမယုံကြည်ပေ။ ပြောရရင် ရွှီဖန်းက သူ့ထက် ဆယ်နှစ်လောက် ငယ်သေးသည်။ သူ့အတွက် ရွှီဖန်းကို အကူအညီတောင်းရတာက လွယ်သည့်ကိစ္စမဟုတ်ပေ။
ရွှီဖန်းသည် အဘိုးအို၏ အနေအထားနှင့်တူညီစေရန် သူ့ကိုယ်သူမထိုင်ချပေ။ အဲ့ဒီအစား အဘိုးအိုကို ထောက်ကူထားသည့် ပုဝဝလူ၏ ဇနီးဆီသို့လျှောက်သွားကာ အဘိုးအို၏ လက်တစ်ဖက်ကို ယူလိုက်သည်။
သွေးခုန်နှုန်း တစ်ခုနှင့်တစ်ခုကြားမှာ ကြာချိန်က တဖြည်းဖြည်း ကြာသွားကာ အားလျော့လာသည်။ စိမ်းပြာရောင်အိတ်ထဲမှာ ဖော်ပြထားသည့် လက္ခဏာများနှင့်ယှဥ်ကာ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဆရာ ဆရာ ကျွန်မ ယောက္ခမကို ကယ်လို့ရသေးလား"
ပုဝဝလူ၏ဇနီးက ရွှီဖန်း၏ မျက်နှာ သိပ်မကောင်းသည်ကို မြင်ပြီး သူမမျက်နှာက တင်းမာသွားသည်။ ခုနကမှ ရပ်သွားသည့် ရှိုက်သံများက ပြန်ထွက်လာတော့သည်။
ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာ ခံစားနေရသော်ငြား ခေါင်းခါကာ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ အမျိုးသမီး၊ မင်းရဲ့ယောက္ခမက အသက်ရှင်ပါသေးတယ်၊ သူက နှလုံးရောဂါ ဒါမဟုတ် တခြားရောဂါတွေ ခံစားနေရလား မေးပါရစေ"
ရွှီဖန်း၏ စကားများကြောင့် သူတို့ အံ့အားသင့်သွားကြသည်။ အဘိုးအို၏ရောဂါကို ရွှီဖန်းက ချက်ချင်းမှန်းနိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ဒါကို ကြည့်
ခြင်းအားဖြင့် ဒီလူမှာ စွမ်းရည်ရှိကြောင်း သိနိုင်သည်။
ပုဝဝလူက ခေါင်းညိတ်၍
"ဟုတ်တယ်၊ အဖေက နှလုံးသွေးကြောကျဥ်းရောဂါရှိတာ်၊ သူ နှလုံးခွဲစိတ်ထားခဲ့သေးတယ်"
ရွှီဖန်းလည်း ခေါင်းညိတ်လိုက်သည်။
"မှန်တယ် ပုံမှန်အားဖြင့်တော့ အဲ့ဒီရောဂါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပုံမှန်သောက်ရင် ဘာမှထပ်ဖြစ်လာမှာမဟုတ်ဘူး၊ သူ့ရဲ့ပြဿနာက ဝိုင်တွေသောက်လိုက်လို့ပဲဖြစ်ရမယ် ဟုတ်လား"
"ဒါက..."
ပုဝဝလူ၏ မျက်နှာက ထူးဆန်းလာသည်။ ရွှီဖန်းက ထပ်မှန်သွားပြန်လေသည်။
"ဟုတ်တယ် အဖေက အရင်က အရက်အရမ်းကြိုက်ခဲ့လူပါ၊ ဒါပေမယ့် ခွဲစိတ်ပြီးကတည်းက ဆရာဝန်က သောက်ခွင့်မပြုထားဘူး၊ သူ မတောင့်ခံနိုင်
ရင်တောင်မှ ငါ သောက်ခွင့်မပေးခဲ့ဘူး"
ရွှီဖန်း နှာမှုတ်လိုက်သည်။
"ဟမ့်!ခင်ဗျားသူ့ကို သောက်ခွင့်မပေးတာနဲ့ပဲ သူက ခိုးမသောက်တော့ဘူးတဲ့လား၊ ဆယ်စုနှစ်ကျော် အရက်သောက်လာတဲ့လူက ဘယ်လိုလုပ်လွယ်လွယ်ကူကူ အရက်ဖြတ်နိုင်မှာလဲ"
"ဟေး"
ရွှီဖန်း၏ ပြင်းပြင်းထန်ထန်အပြစ်တင်မှုက ပုဝဝလူကို မပျော်မရွှင်ဖြစ်စေသည်။ သူဒီနေ့ ဝိုင်းတစ်ပုလင်းတောင် မမှာခဲ့ပေ။ ဒါကို ဒီကောင်လေးက အရက်သောက်လို့ ဖြစ်တာဟု ပြောနေသည်။ ဒါက သိသိသာသာ တာဝန်ရှောင်နေတာပင်။
"ငါ့ကို ပေါက်ကရတွေ လာပြောတာရပ်တော့၊ မင်း ငါ့အဖေအသက်ကို မကယ်နိုင်ဘူးဆိုတာ ငါသိတယ်၊ မင်းတို့တာဝန်ကနေ ရှောင်ဖယ်ချင်နေကြတာမလား၊ ငါ့အဖေ အခုလိုဖြစ်သွားတာ ဒီက အစားအသောက်ကြောင့်ပဲ၊ ဒီနေ့ ငါ့အဖေကို မကုသပေးနိုင်ရင် မင်းတို့အကုန်သေရမယ်မှတ်!"
ပုဝဝလူက ရွှီဖန်း၏နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုနေခဲ့သည်။ ဘေးမှာ ရပ်နေသည့် လီထိုက်ကန်းနှင့် ကျောက်ဟွာမှာလည်း စိုးရိမ်ပူပန်စွာ ခြေဆောင့်နေကြသည်။
ကောင်လေးဖန်း....မင်းတစ်ကယ်ပဲ ဘာတွေလုပ်နေတာလဲကွာ။ မင်းသူ့ကို မကုနိုင်ရင်လည်း ရှေ့ကို ဘာလို့ တက်သွားရတာလဲ။ အခုတော့ သူ့စိတ်ကို ထပ်ဆွလိုက်ပေးမိပြန်ပြီ။
ထိုနှစ်ယောက်နှင့်ယှဥ်လျှင် ရွှီဖန်းက ပုဝဝလူ၏ ဆဲဆိုမှုများကို မကြားသည့်အလား အလွန် တည်ငြိမ်
နေသည်။ တစ်ဖက်လူ၏ ကန့်ကွက်မှုကို လျစ်လျူရှုရင်း အဘိုးအိုဆီ လက်လှမ်းလိုက်သည်။ ရွှီဖန်း၏ လုပ်ရပ်က လူတိုင်းကို ဇဝေဇဝါဖြစ်စေသည်။ သူက အဘိုးအို၏ ခန္ဓာကိုယ်ကို ထူးထူးဆန်းဆန်းနည်းလမ်းများဖြင့် နှိပ်နယ်နေကာ ဘာလုပ်နေမှန်း ခန့်မှန်းလို့မရချေ။
သို့သော်ငြား ဤနေရာ၌ တတ်ကျွမ်းသူများရှိပါက ရွှီဖန်းသည် အဘိုးအို၏ သွေးကြောအမှတ်များကို ဖိနှိပ်နေတာမှန်း သိကြလိမ့်မည်။ ရွှီဖန်းမှာ ငွေအပ်တွေမပါလာတာတော့ နှမြောစရာပင်။ မဟုတ်လျှင် ငွေအပ်များသုံး၍ အဘိုးအို၏နှလုံးကို တိုက်ရိုက်နှိုးလို့ရသည်။
"ယောကျ်ား အဖေက အသက်ပြန်ရှူပြီ၊ အသက်ပြန်ရှူနေပြီ!"
ပုဝဝလူ၏ ဇနီးက ရုတ်တရက် ကျယ်လောင်စွာ အော်လာတော့သည်။ ပြောပြီးသည်နှင့် ယောကျ်ားဖြစ်သူ၏ လက်ကိုဆွဲကာ နှလုံးခုန်သံကို ခံစားစေသည်။
ပုဝဝလူကလည်း အဘိုးအို၏ ရင်ဘက်ပေါ်မှာ သူ့လက်ကို မယုံကြည်နိုင်စွာဖြင့် တင်ထား၏။ နှလုံးခုန်နှုန်းက ပုံမှန်ပြန်ဖြစ်လာတာကို ခံစားရင်း သူမျက်ရည်များစီးကျလာတော့သည်။ ပုဝဝလူက အဖေတစ်ယောက်တည်းနှင့် ကြီးပျင်းလာရသော သူဖြစ်သည်။ သူအဖေပေးခဲ့သည့် ပညာများနှင့် စွန့်လွှတ်မှုများမရှိဘဲ ဒီနေရာသို့ သူရောက်လာနိုင်
မည်မဟုတ်ချေ။ သူအဖေ ပြန်ရှင်သန်လာတာကြောင့် သူမပျော်ဘဲ မနေနိုင်ပါချေ။
"ညီ ညီလေး ငါ ခုနက တစ်ကယ် မှားသွားပါတယ်၊ ငါ့အဖေရဲ့ အသက်ကိုကယ်တင်ပေးလို့ တစ်ကယ်ကို ကျေးဇူးတင်ပါတယ်"
ပုဝဝလူက ရွှီဖန်းအရှေ့မှာ ဒူးထောင်လုနီးပါးပင်။ ရွှီဖန်းက ဆွဲထူလိုက်၍...
"စိတ်မပူပါနဲ့၊ ခင်ဗျား အရမ်းယဥ်ကျေးလွန်းနေပါပြီ၊ ဒါက ကိစ္စသေးသေးလေးတစ်ခုပါပဲ"
ရွှီဖန်းက ပင်ပန်းသွားပုံရသည်။ သူ့နဖူး၌ ချွေးများ သီးနေသော်လည်း ပုဝဝလူကိုတော့ အသက်ကယ်ပေးခဲ့တာ သူမဟုတ်သလိုမျိုး ပြောဆိုနေခဲ့သည်။
"ညီလေး ခုနက စိတ်လိုက်မာန်ပါလုပ်မိသွားတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ရွှီဖန်း ပြုံး၍ ခေါင်းခါရမ်းလိုက်သည်။ သူ့အမြင်အရတော့ တစ်ဖက်လူက တစ်ကယ်ကို အင်အားကြီးပေသည်။ သို့သော် သားတစ်ယောက်အနေနှင့် အဖေဖြစ်သူ၏ အသက်အတွက် ဘာမှမလုပ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။
"အဆင်ပြေပါတယ်၊ ဒါက နားလည်မှု လွဲကြတာပါ၊ ခင်ဗျား အစ်ကိုကျောက်ရဲ့စားသောက်ဆိုင်ကို ဒုက္ခမပေးပါနဲ့တော့၊ ဒါက နားလည်မှုလွဲသွားကြလို့ပဲလေ ဟုတ်တယ်မလား"
ပြောပြီးသည်နှင့် စားပွဲပေါ်မှ ပလတ်စတစ်ခွက်ကိုယူကာ ပုဝဝလူကို ပေးလိုက်သည်။
"နမ်းကြည့်ပြီး အထဲမှာ ဘာရှိလဲ ကြည့်လိုက်ပါ"
"ဟမ်"
ခွက်ထဲ၌ ဖောက်ထွင်းမြင်နိုင်သည့် အရည်များက ကျန်ရှိနေတုန်းပင်။ ပုဝဝလူက ဘာဖြစ်မှန်းမသိတာကြောင့် ဇဝေဇဝါဖြစ်နေခဲ့သည်။
"ထူးဆန်းလိုက်တာ၊ ဘာလို့ စပရိုက်တွေဖြစ်နေတာလဲ"
ပုဝဝလူက ခွက်ကို ယူ၍ အနံ့ခံကြည့်ကာ အံ့သြသွားရသည်။ ဘာလို့ စပရိုက်ဖြစ်နေတာလဲ။
ရွှီဖန်း ခေါင်းခါရမ်းကာ အဘိုးအို၏ ခန္ဓာကိုယ်ပေါ်မှာ ရှာကြည့်လိုက်သည်။ မကြာလိုက်ပေ၊ အဖြူရောင်ဝိုင်များထည့်ထားသည့် ဖန်ပုလင်းသေးသေးလေးက စားပွဲပေါ် ရောက်လာတော့သည်။
"ခင်ဗျားရဲ့အဖေက အရက်နှစ်သက်တဲ့လူလေ၊ သူ့အတွက်တော့ စပရိုက်အစားထိုးသောက်ရတာ ခက်ခဲမှာပဲ၊ သူက အန္တရာယ်ကို မသိတော့ ဒီလိုတွေ လုပ်မိတာ သူ့အတွက်က ပုံမှန်ပါပဲ၊ ဒါပေမယ့် အခုကစပြီး ခင်ဗျားတို့တွေ သူ့ကို သေချာစောင့်ကြည့်သင့်တယ်"
အဖေဖြစ်သူ၏ အိတ်ထဲမှ အဖြူရောင်ဝိုင်ပုလင်းထွက်လာသည့်အခါ ပုဝဝနှင့်လူမှာ ချွေးအေးများစီးကျလာတော့သည်။ သူ အပြစ်ရှိသလို ခံစားနေရသည်။ အစက ဒီက အစားအသောက်တွေကြောင့် ဖြစ်တာဟု သူပြောခဲ့သော်ငြား မှားယွင်းနေခဲ့သည်။
"သောက်ကျိုးနည်း! သူတို့ကို လာစရာမလိုတော့ဘူးလို့ ပြောရဦးမယ်"
စောစောက ကျန်းမာရေးဌာနမှ လုပ်ဖော်ကိုင်ဖက်များကို ဖုန်းဆက်ခေါ်ကာ သူ့ကို လာကူဖို့ ပြောခဲ့သည်။ ပုဝဝနှင့်လူက တိတ်တဆိတ်ပင် ဆဲရေးကာ အမြန်ဖုန်းပြန်ခေါ်နေခဲ့သည်။
အဘိုးအိုက အနားယူရန်သာ လိုအပ်ပြီး မကြာခင် သတိပြန်လည်လာလိမ့်မည်။ ရွှီဖန်း ဘာမှမပြောတော့ဘဲ ကျောက်ဟွာဆီ ပြန်လာခဲ့သည်။
"အစ်ကိုကျောက် အားလုံးအဆင်ပြေသွားပြီ"
"အဟွတ် အဟွတ် ဒါက..."
ကျောက်ဟွာက တံတွေးမြိုချနေသည်။ သူ့မျက်လုံးများကတော့ အံ့သြမှုကြောင့် ပြူးကျယ်နေသည်။ ရွှီဖန်းက ဟိုနှိပ်ဒီနှိပ်လုပ်လိုက်ရုံဖြင့် အသက်မရှူတော့သည့်လူကို ကယ်တင်လိုက်နိုင်သည်။ ဒါက နတ်ဆရာဝန်ပင်။
"ရွှီဖန်း ငါယုံတောင်မယုံနိုင်ဘူး၊ မင်းက နတ်ဆရာဝန်ဖြစ်နေခဲ့တာပဲ"
ဒီလူ့စကားကြောင့် ရွှီဖန်း ရှက်သွားရသည်။ သူ့ဆေးပညာက တစ်ကယ်တော့ နိမ့်နေတုန်းပင်။ စိမ်းပြာအိတ်ထဲမှ တချို့ကိုသာ လိုက်လုပ်နိုင်ရုံဖြစ်သည်။
"အစ်ကိုကျောက် အဲ့တာက ရိုးရာနည်းလေးပါပဲ၊ ထူးထူးခြားခြားမဟုတ်ပါဘူး"
"what the heck"
ကျောက်ဟွာက ဆဲရေး၍ အလေးအနက်ပြောလာသည်။
"ရွှီဖန်း ဘာမှမပြောနဲ့တော့၊ ငါ မင်းကို ဘာပြန်ပေးရမလဲပဲ ပြောပါ"
ကျောက်ဟွာက ရွှီဖန်းကို သူ့အသက်သခင်
ကျေးဇူးရှင်အဖြစ် ဆက်ဆံနေသည်။ ဒီနေ့သာ ရွှီဖန်း မရှိပါက နောက်ဆုံးမှာ အဘိုးအိုကို သူတို့ကယ်နိုင်
မည်မဟုတ်ချေ။ အဲ့ဒီအခါကျ စားသောက်ဆိုင်လည်း တစ်ကယ်ပိတ်လိုက်ရမည်ဖြစ်သည်။
ရွှီဖန်း ခေါင်းခါရမ်းကာ အပြုံးဖြင့် ဆိုလိုက်သည်။
"အစ်ကိုကျောက်က ကျွန်တော့်ကို အများကြီးကူညီထားခဲ့တယ်၊ ခုနက ကျွန်တော်လုပ်ခဲ့တဲ့ဟာကလည်း အားမထုတ်ရပါဘူး၊ ဘာကို ထပ်တောင်းခိုင်းနေရတာလဲ"
"ဒါဆိုလည်း ကောင်းပါပြီ"
ကျောက်ဟွာက ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်လုံးများက ဘာတွေးနေလဲ မသိနိုင်ချေ။
"အိုး ဟုတ်သား၊ ရွှီဖန်း မင်းရဲ့ဆေးပညာအစွမ်းကောင်းတော့ အစ်ကိုကျောက်မှာ တောင်းဆိုစရာရှိသေးတယ်"
ရုတ်တရက်ပင် ကျောက်ဟွာက အလွန်ရိုသေလေးစားသည့်အသံဖြင့် ရွှီဖန်း၏ပုခုံးကို ပုတ်လာသည်။ ဘေးမှာ ရပ်နေသည့် လီထိုက်ကန်းက အံ့သြနေ၏။
"ဘာဖြစ်လို့လဲ အစ်ကိုကျောက်၊ မင်းမှာ ရောဂါတစ်ခုခုရှိနေလို့လဲ၊ ငါ ဘာလို့ မကြားခဲ့ဖူးတာလဲ"
ကျောက်ဟွာက ခေါင်းခါရမ်းကာ သက်ပြင်းချသည်။
"ငါမဟုတ်ဘူး၊ ငါ့ရဲ့သူငယ်ချင်းပါပဲ၊ ရွှီဖန်း မင်းကူညီပေးနိုင်မလား"
ကျောက်ဟွာမျက်နှာပါ်မှ လေးနက်သည့်အမူအရာကြောင့် ရွှီဖန်းခေါင်းညိတ်လိုက်သည်။
"အစ်ကိုကျောက် ကျွန်တော် အကောင်းဆုံးကြိုးစားပေးမှာပါ၊ ဒါပေမယ့် အစ်ကိုကျောက်မိတ်ဆွေက ဘယ်အချိန်က နေမကောင်းစဖြစ်ပြီး အခု ဘယ်မှာလဲ သိလို့ရမလား"
ရုတ်တရက်ပင် ကျောက်ဟွာက ပြုံးလာ၍ လီထိုက်ကန်းကို ခိုးကြည့်သည်။
"နေမကောင်းဖြစ်တဲ့အချိန်ကတော့ ပြောရခက်တယ်၊ ဘယ်မှာလဲဆိုရင်တော့ သူက မင်းရဲ့ဘေးမှာရပ်နေတယ်၊ တွေ့လား...ကုသဖို့ မျှော်လင့်ချက်ရှိလား"
ကျောက်ဟွာက ပြောပြီးသည်နှင့် လီထိုက်ကန်းကို မျက်လုံးမှိတ်ပြသည်။ သူ့ညီအစ်ကိုက သူမလုပ်နိုင်သည့်အရာတစ်ခုကိုဆိုလိုမှန်း နားမလည်ခင်အထိ လီထိုက်ကန်းမှာ အချိန်ခဏလောက် တွေဝေနေခဲ့သေးသည်။
"ဖာ့ခ်! ကျောက်ဟွာ! မင်းက အရိုက်ခံရဖို့တောင်းဆိုနေတာပဲ! ငါ မလုပ်နိုင်ဘူးလို့ မင်း လိုက်ပြောရဲတုန်းလား! ငါ့ရဲ့ နာမည်ပြောင်က ရွှေလှံဆိုတာ မသိတဲ့လူမရှိဘူးကွ!"
ထိုနှစ်ယောက်ကြား ပြောနေသည့်စကားများက ပိုပိုပြီးညစ်ညမ်းလာတာကြောင့် လီထိုက်ကန်း၏ အတွင်းရေးမှူးပင် ရှက်လာရသည်။ ရွှီဖန်း မျက်လုံးလှိမ့်လိုက်မိသည်။ ဒီလူတွေ အသက်
ဘယ်လောက် ရှိနေပြီလဲ။
ထိုအချိန် ကျောက်ဟွာခေါ်ထားသည့် ဆေးရုံကားလည်း ရောက်လာလေပြီ။ ပုဝဝလူ၏ အဖေက အန္တရာယ်မှ လွတ်မြောက်လာသော်ငြား ပိုပြီးအန္တရာယ်ကင်းစေရန်အတွက် တစ်ကိုယ်လုံးစစ်ဆေးရန် ဆေးရုံတင်လိုက်တာက ပိုကောင်းပေသည်။
အဘိုးအိုကို ဆေးရုံကားထဲ တင်ပြီးနောက် ပုဝဝလူက သူ့မိန်းမကို စကားတချို့ပြောကာ ရွှီဖန်းဆီ ပြေးလာသည်။ သူက အိတ်ထဲမှ လုပ်ငန်းကတ်ကို ထုတ်ကာ မိတ်ဆက်လာသည်။
"နတ်ဆရာဝန်လေး ကျုပ်နာမည်က ကျန်းကျီပါ၊ အနာဂါတ်မှာ အကူအညီလိုရင် ကျေးဇူးပြုပြီး ခေါ်ဖို့ သတိရပါ"
တစ်ဖက်လူ၏ ကောင်းမွန်သည့် ရည်ရွယ်ချက်ကို ရွှီဖန်း မငြင်းခဲ့ပေ။ သူခေါင်းညိတ်ကာ သူ့နာမည်နှင့် ဖုန်းနံပါတ်ကို ပြန်ပြောပြခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူက အဘိုးအိုအမြန်ပြန်ကောင်းစေမည့် နည်းလမ်းများကို ပြောပြခဲ့တာကြောင့် ကျန်းကျီက အလွန်ကျေးဇူးတင်နေခဲ့သည်။ ထို့နောက် နှုတ်ဆက်ကာ ဆေးရုံကားပေါ် တက်သွားတော့သည်။
မုန်တိုင်းက နောက်ဆုံးမှာ ငြိမ်သွားသော်လည်း ကျောက်ဟွာမှာ ကြောက်ရွံ့မှုကို ခံစားမိတုန်းပင်။ ဒီလိုအဖြစ်မျိုး ထပ်ဖြစ်လာခြင်းမှ ကာကွယ်ရန် မန်နေဂျာကို ခေါ်ကာ ပစ္စည်းတွေ သေချာပြန်စစ်ဆေးဖို့ အမိန့်ပေးခဲ့သည်။
ဒီအချိန်မှာ ကျောက်ဟွာ အလုပ်များနေမည်မှန်း ရွှီဖန်း ခန့်မှန်းမိသည်။ ကျောက်ဟွာပေးလာသည့် စာအုပ်ကို ယူပြီးသည့် နှုတ်ဆက်ကာ အရင်ပြန်နှင့်မည်ဖြစ်
ကြောင်း ပြောခဲ့သည်။
****************