← Chapters

မစွန့်စားတတ်ဘဲ ယောက်ျားလို့မခေါ်သင့်

Vol. 6 Ch. 90

မစွန့်စားတတ်ဘဲ ယောက်ျားလို့မခေါ်သင့်

Vol. 6 Ch. 90

ကျောက်ဟွာနှင့် ကျန်သည့်လူများကို နှုတ်ဆက်ပြီးနောက် ရွှီဖန်းသည် ချိုးဆုအာကို ကားပေါ်တင်၍ မြစ်အောက်ပိုင်းရွာကို အမြန်ပြန်လာခဲ့သည်။ ဒီနေ့ ပြဿနာတချို့ တက်သွားသော်လည်း အတိုင်းအတာတစ်ခုအတွင်းမှာသာ ရှိခဲ့ပြီး သူက အကျိုးကျေးဇူးတောင် ပြန်ရခဲ့သေးသည်။

ကျောက်ဟွာက ခရိုင်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏  ဝါရင့်ပညာရှင်ဖြစ်သည်။ ဒီနေ့ အစ်မဆုအာကို ခေါ်လာခဲ့ပြီး သူတို့များစွာ လေ့လာခဲ့ကြသည်။ ကြက်ခြံဆောက်လုပ်ရာ၌ ဘာမှမသိသေးခင်ကထက် ပိုပြီးလွယ်ကူလာလိမ့်မည်ဟု ရွှီဖန်း ယုံကြည်သည်။ နာရီအနည်းငယ် မောင်းနှင်ပြီးနောက် နှစ်ယောက်စလုံး မြစ်အောက်ပိုင်းရွာကို ပြန်ရောက်လာကြသည်။ ချိုးဆုအာကို အိမ်ပြန်ပို့ပေးပြီးနောက် သူကတော့ ရပ်ရွာကော်မတီရုံးကို ထွက်လာခဲ့သည်။

အရာအားလုံးက အဆင်သင့်မပြီးမြောက်သေးသော်ငြား ပြင်ဆင်မှုကတော့ ပြုလုပ်ပြီးနေလေပြီ။ ရွှီဖန်းက ဤကြက်ခြံကိစ္စကို အမြန်ဖြေရှင်းချင်နေသည်။ ကြက်ခြံဆောက်လုပ်ရန်အတွက် မြေကွက်တချို့ ဝယ်ယူရန် လိုအပ်လေသည်။ ရွှီဖန်းက ခဏတာ တွေးပြီးနောက် ရွာထဲ၌ မြေကွက်တစ်ကွက်လောက်ရှိမရှိကို ဝူယွီရွှမ်းနှင့်တိုင်ပင်ချင်နေသည်။ လမ်းတစ်လျှောက် အမြန်မောင်းလာတာကြောင့် ရပ်ရွာကော်မတီရုံးသို့ ရောက်ရှိလာခဲ့သည်။

ဒီရက်တွေထဲ၌ ဝူယွီရွှမ်းနှင့်ဆက်ဆံရေးပိုကောင်းလာချင်တာကြောင့် ရပ်ရွာကော်မတီကို မကြာခဏရောက်ရှိခဲ့သည်။ ဒါကြောင့်ပဲ ဝူယွီရွှမ်းရုံးခန်းနှင့် သူရင်းနှီးနေပြီဖြစ်ရာ တံခါးတွန်းဖွင့်၍ ဝင်သွားလိုက်သည်။

"ရွှီဖန်း ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"

ဝူယွီရွှမ်းက အလုပ်ဖိုင်တွေကို ကြည့်နေသည်။ ဒီရက်တွေထဲမှာ ရွှီဖန်းက အရေးတကြီးလုပ်စရာမရှိတာကြောင့် သူ့ကို သူမ သိပ်ဂရုမစိုက်ဖြစ်ခဲ့ပေ။

"ယွီရွှမ်း ငါကြက်ခြံဆောက်ဖို့ မြေတစ်ကွက်လောက်လိုချင်လို့...မင်းမှာ အကြံများရှိလား"

ရွှီဖန်းက ထိုင်ချပြီးနောက် ဝူယွီရွှမ်း၏ရေခွက်ကို ယူသောက်ကာ အဓိကအချက်ကို တိုက်ရိုက်ပြောခဲ့သည်။ 

"နင်!"

သူမသောက်ထားပြီးသား ရေခွက်ကို ရွှီဖန်းက ယူသောက်လိုက်တာကြောင့် ဝူယွီရွှမ်း၏မျက်နှာက နီရဲသွားခဲ့သည်။ 

အဲ့ အဲ့တာ...သွယ်ဝိုက်အနမ်းဖြစ်သွားပြီမဟုတ်လား။

"ဘာ ဘာပြောလိုက်တာ"

ဝူယွီရွှမ်းက မကျေမနပ်ဖြင့် ရွှီဖန်းကို မျက်လုံးလှိမ့်

ပြသည်။ ပြီးမှ ရွှီဖန်းပြောခဲ့သည့်ကိစ္စကို ပြန်တွေးရင်း ချက်ချင်းအံ့သြသွားရသည်။

"ကြက်ခြံဆောက်မယ်လား"

ဒီရက်တွေထဲမှာ ရွှီဖန်း၏ အသီးဆိုင်စီးပွားရေးက အခြေတည်နိုင်သွားပြီဖြစ်သည်။ ထိုလုပ်ငန်းက သိပ်လည်းမကြာသေးပဲ နောက်ထပ်အသက်မွေးဝမ်းကြောင်း စဖို့ တွေးနေပြန်သည်။ ရွှီဖန်းက နည်းနည်းလေး အလောတကြီးနိုင်သည်ဟု သူမခံစားရသည်။

စီးပွားရေးလုပ်ရာ၌ စွန့်စားခြင်းက ထင်သလောက် မရိုးရှင်းပေ။ ပါးလွှာသော ရေခဲပြင်၌ ဖြည်းညှင်းစွာ ဂရုတစိုက်လျှောက်လှမ်းရသကဲ့သို့ အန္တရာယ်များပေသည်။ ပထမလုပ်ငန်းက ချောချောမွေ့မွေ့ဖြစ်ခဲ့တာကြောင့် ဒီကိစ္စကိုလည်း ရွှီဖန်းက ရိုးရှင်းသည်ဟု ထင်နေမှာကို သူမ ကြောက်မိသည်။ သူ့ကို တိုက်တွန်းသင့်သည်ဟု သူမခံစားရသည်။

"ရွှီဖန်း ဒီတစ်ကြိမ်က နည်းနည်းအလောတကြီးဖြစ်မနေဘူးလား"

ယခုခေတ်မှာ မွေးမြူရေးလုပ်ငန်းက အမြတ်အစွန်းများစွာရရှိသော်လည်း ရွှီဖန်းက မွေးမြူရေးလုပ်ငန်းနည်းပညာများကို မသိထားပေ။ သူ့ဆုံးဖြတ်ချက်က မျက်စိစုံမှိတ်ရာ ကျပေသည်။

"ယွီရွှမ်း မင်းမှားနေပြီ"

ဝူယွီရွှမ်း၏ မျက်နှာက အပြစ်တင်ဟန်တို့ ပေါ်လွင်နေသော်ငြား သူမကို ကောင်းကောင်းသိသည့် ရွှီဖန်းကတော့ သူ့အတွက် စိတ်ပူပေးနေတာဖြစ်မှန်း သိပေသည်။

သူက အလောတကြီးနိုင်နေလား။

အဖြေက သေချာပေါက် မဟုတ်ပေ။

အခုဆိုလျှင် သူ့ဆီမှာ တိရိစ္ဆာန်တွေ၏ အရသာကို တိုးမြှင့်ပေးနိုင်သည့် ကောင်းကင်ဘုံမှ မြက်များရှိနေလေသည်။ သူသာ လုပ်ငန်းတိုးချဲ့ချင်လျှင် ကြက်ခြံတစ်ခုတည်းဖြင့် ပြီးသွားမည်မဟုတ်ချေ။

"ယွီရွှမ်း မင်းငါ့အတွက်စိတ်ပူနေတာကို ငါသိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်မှာမဟုတ်ပါဘူး"

"ဒါ့အပြင် ငါ မလောလို့လည်း မဖြစ်ဘူးလေ၊ ငါ မြန်မြန်ငွေရှာပြီး မင်းကို လက်ထပ်ရဦးမယ်"

"အဲ့ဒီအခါကျ မင်းက အိမ်မှာ အလှလေးပဲလုပ်နေ၊ ငါက အိမ်အတွက် ပိုက်ဆံရှာပေးမယ်"

"ကလိမ်ကကျစ်ကောင်!"

ရွှီဖန်းက သူမကို အရှက်မရှိစွာ ထပ်ပြီး စနောက်လာတာကြောင့် ဝူယွီရွှမ်းမှာ မျက်နှာနီရဲသွားရပြန်သည်။ သူမ အသက်ပြင်းပြင်းရှူကာ ရွှီဖန်းကို ဂရုတစိုက်ကြည့်လိုက်သည်။ သူ့ အသွင်အပြင်ကတော့ အလွန် ယုံကြည်ချက်ရှိနေသည့်ပုံပင်။ ဒါ့အပြင် အခက်အခဲတွေကို မစွန့်စားတတ်သည့် သူကိုလည်း ယောကျ်ားတစ်ယောက်ဟု မခေါ်သင့်ပေ။ 

"ကောင်းပြီလေ၊ နင်စိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါနင့်ကို ကူညီပေးမယ်"

"မြေကွက်ရပြီးစာချုပ်ချုပ်ဖို့ကတော့ ငါကူညီပေးမယ် ၊ ကျန်တဲ့အရာတွေကတော့ နင်လုပ်ရမှာဆိုတော့ ဂရုတစိုက်တွေးပြီးမှ လုပ်ရမယ်နော် နားလည်လား"

"ငါသိပါတယ်၊ ယွီရွှမ်း ကြည့်ပါဦး...မင်းက အခုထိ လက်မခံသေးပေမယ့် အိမ်ရှင်မနဲ့တောင် တူနေပြီ"

ဝူယွီရွှမ်း ခေါင်းညိတ်လိုက်ပြီးကတည်းက ကိစ္စက ဖြေရှင်းပြီးလေပြီ။ သူ သူမကို ထပ်ပြီးစနောက်လိုက်

သည်။ ဝူယွီရွှမ်းက ဒေါသထွက်တော့မှာကြောင့် ရွှီဖန်း အမြန်ပင် ရှောင်သွားတော့သည်။

ဝူယွီရွှမ်း၏ရာထူးကြောင့် မြေကွက်တစ်ကွက်ရရန်မှာ လွယ်ကူသည့်တာဝန်ဖြစ်သည်။ ကြက်ခြံဆောက်လုပ်ရန်ကိစ္စအတွက်တော့ သူစိုးရိမ်စရာမလိုအပ်ပေ။ အခုဆိုလျှင် သူနှင့် ဟုန်ဖေး၏ ဆောက်လုပ်ရေးအဖွဲ့ကလည်း ရင်းနှီးနေပြီဖြစ်သည်။ ကြက်ခြံဆောက်လုပ်သည့် အဖွဲ့မျိုး ရှာရန် မခက်ခဲချေ။ အိမ်ပြန်ရောက်ပြီးသည့်နောက် သူ ဟုန်ဖေးကိုခေါ်၍ သူ့အစီအစဥ်ကို အကြမ်းဖျင်းရှင်းပြခဲ့သည်။ 

နောက်တစ်နေ့မနက်စောစော၌ ရွှီဖန်းသည် အိပ်ရာပေါ်မှာ လှဲနေရင်း အပြင်မှ ကားအင်ဂျင်အသံကြောင့် နိုးလာရသည်။ အိပ်ချင်မူးတူးဖြင့် ထနေတုန်းမှာ အမေက သူ့ဆီပြေးလာသည်။ 

"သား အပြင်မှာ တစ်ယောက်ယောက်ရောက်နေတယ်၊ သူပြောတာတော့ သားရဲ့အစ်ကိုတဲ့၊ မြန်မြန်သွားပြီးထွက်ကြည့်လိုက်ဦး"

ရွှီဖန်း၏အမေက ဟုန်ဖေးကို မသိပေ။ သို့သော် ပုံပန်းသွင်ပြင်အရ သာမာန်လူနှင့်မတူတာကြောင့် သူမ ကြောက်လန့်မိပေသည်။ ရွှီဖန်းလည်း အံ့သြသွားရသည်။

မနေ့ညကမှ ဖုန်းခေါ်ထားတာကို ဒီမနက်

အစောကြီး ရောက်ချလာတာလား။

ဟုန်ဖေးက အပြင်မှာ စောင့်နေတုန်းဖြစ်တာကြောင့် ရွှီဖန်းမှာ မျက်နှာတောင် မသစ်နိုင်ဘဲ ထွက်တွေ့ရသည်။ ခြံအပြင်ဘက်၌ BMW SUVတစ်စီးက ရပ်ထားပြီး ဟုန်ဖေးနှင့် လျိုပင်းယာက ရပ်စောင့်နေသည်ကို သူတွေ့လိုက်ရသည်။

SUVက ဈေးပေါသော ကားမဟုတ်ပေ။ ဘေးကနေ ဖြတ်သွားသည့် ရွာသားများမှာ အားကျမှုကို ခံစားနေကြရသည်။ 

ဒီရွှီဖန်းက တစ်ကယ် အလားအလာကောင်းတဲ့လူပဲ...အခု  သူ့ဆီလာသည့်ကားကလည်း Mercedes-Benz ဒါမှမဟုတ် BMWဖြစ်နိုင်ချေရှိသည်။ တစ်ကယ်ကို အံ့သြစရာပင်။

"အစ်ကိုဖေး ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"

ဟုန်ဖေး၏အနားမှာ ရွှီဖန်းရပ်လိုက်သည်။ မနေ့က ဖုန်းထဲမှာ ဟုန်ဖေးက အိမ်လာခဲ့မည်ဟု ပြောခဲ့သော်ငြား အခုလို စောစောစီးစီးရောက်လာလိမ့်မည်ဟု မထင်ခဲ့ချေ။

ဟုန်ဖေးက ပြုံး၍

"ရွှီဖန်း မင်းက ငါ့ရဲ့ကျေးဇူးရှင်လေ၊ မင်းဘက်က ဘာမှမတောင်းဆိုရင်တောင်မှ ငါက လာတွေ့ရမှာပေါ့ မဟုတ်ဘူးလား"

ရွှီဖန်း ပြုံးလိုက်မိသည်။ တစ်ဖက်လူက အလွန်ယဥ်ကျေးနေတာကြောင့် သူအနည်းငယ် ရှက်ရွံ့နေသည်။  သူခြံထဲကို ညွှန်ပြလိုက်ကာ...

"အပြင်မှာ ရပ်မနေကြနဲ့လေ၊ အထဲဝင်ပြီး ထိုင်ကြပါ"

ဟုန်ဖေးက ခေါင်းညိတ်၍ လျိုပင်းယာကို ခေါ်ကာ ခြံထဲ လိုက်ဝင်လာသည်။

"ရွှီဖန်း ဒီတစ်ကြိမ်တော့ မင်းကိုပဲကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ငါ့မိန်းမတော့ မုဆိုးမအဖြစ် ရှင်သန်ရတော့မယ် ဟားဟား"

ဟုန်ဖေးက ရွှီဖန်းကို ညီအစ်ကိုလို သဘောထားတာကြောင့် သူပြောချင်တာတွေ ထုတ်ပြောနေတော့သည်။  ဟုန်ဖေး၏လက်မောင်းကို ဖက်ထားသည့် လျိုပင်းယာမှာ ဟုန်ဖေး၏ ရယ်သံကြောင့် ရှက်သွားရကာ လက်သီးဖြင့် ထုလိုက်မိသည်။

လျိုပင်းယာ၏အနီရောင်သန်းနေသော ပါးများကို ကြည့်ခြင်းဖြင့် ဟုန်ဖေးက တစ်ညလုံး အာဟာရယူထားသည့်ပုံရသည်။

ဟုန်ဖေးက အိမ်ရောက်လာတာကြောင့် ရွှီဖန်းသည် ကြက်ခြံအတွက် ကုန်ကျမည့်ငွေကို တိုင်ပင်ခဲ့သည်။ 

"အစ်ကိုဖေး ကျွန်တော် မေးချင်တာရှိတယ်၊ ကျွန်တော် ကြက်ခြံဆောက်မယ်ဆိုရင် ဘယ်လောက်ကုန်ကျနိုင်မလဲ"

ကြက်ခြံသာ အောင်အောင်မြင်မြင် ဆောက်လုပ်လို့ ပြီးပါက ကြက်မျာဟဝယ်ယူရန် လီထိုက်ကန်းဆီ သူသွားရမည်ဖြစ်သည်။ ထိုအချိန် ပိုက်ဆံမလောက်မငဖြစ်မှာ စိုးမိတာကြောင့် သူ ဈေးကို အရင်မေးထားရန် လိုအပ်ပေသည်။

သူ့စကားများကြောင့် ဟုန်ဖေးက ချက်ချင်း ပျော်ရွှင်သွားသည်။

"ကြက်ခြံလား၊ ရွှီဖန်း ငါ့ကိုတာဝန်ပေးလိုက်၊ မင်း ကြက်ခြံဆောက်ပြီးသား ဖြစ်သွားလိမ့်မယ်၊ တစ်ပြားမှ ကုန်စရာမလိုဘူး"

********************

All Chapters