မင်းဆိုတဲ့ လူလိမ်လူကောက်လေး
Vol. 7 Ch. 94
သစ်ပင်များ ခုတ်ပြီးလုနီးပါးအချိန်မှာပဲ ဟုန်ဖေး ပြောခဲ့သည့် ပစ္စည်းကိရိယာများ သယ်ဆောင်လာသော ထရပ်ကားက တာ့ပင်းတောင်ခြေအောက်ကို ရောက်ရှိလာသည်။
ရွှီဖန်းက သန်မာသည့်လူများကို တောင်ခြေသို့ ခေါ်သွားကာ ထရပ်ကားထဲမှ ပစ္စည်းများကို တောင်ပေါ်သို့ တင်ရန် အကူအညီတောင်းခဲ့သည်။
သစ်ပင်တွေက ရှင်းလင်းလုနီးပါးဖြစ်နေတာကြောင့် ဆောက်လုပ်ရေးအသင်းလည်း အလုပ်စလုပ်နိုင်လေပြီ။ လျိုမန်း၏ ကွပ်ကဲမှုအောက်၌ အလုပ်သမားများသည် ဘိလပ်မြေကို ရောကြပြီး အုပ်မြစ်စတည်ကြသည်။ သူတို့၏ပြောစရာမလိုအောင် ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ဟုန်ဖေးသည် ဒီတစ်ခါမှာ ယုံကြည်စိတ်ချရသည့် ဆောက်လုပ်ရေးအဖွဲ့ကို သေချာရွေး၍ ပို့ပေးလိုက်သည့်ပုံပင်။ သူတို့၏လုပ်ရည်ကိုင်ရည်အရ ကြက်ခြံဆောက်လို့ပြီးရန် အချိန်မကြာလောက်ပေ။
"အစ်ကိုလျို ကျွန်တော်မေးချင်တာ တစ်ခုရှိလို့ပါ၊ ကြက်ခြံတစ်ခုလုံး အပြီးဆောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာကိုပါ"
လျိုမန်းက ယုံကြည်ချက်ရှိသည့် အပြုံးဖြင့် ပြောလာသည်။
"ရွှီဖန်း စိတ်မပူပါနဲ့၊ မင်းအကြောင်းကို အစ်ကိုဖေးက
ပြောပြထားပြီးသားမလို့ မင်းအလုပ်ကို ကြန့်ကြာအောင် ငါမလုပ်ပါဘူး၊ ဒီကြက်ခြံကို တစ်လအတွင်း ပြီးအောင် ကူညီပေးမယ်၊ အဆင်ပြေတယ်မလား"
ရွှီဖန်းလည်း ခေါင်းညိတ်လိုက်သည်။ ထိုအချိန် သူ သစ်သီးများလည်း များစွာရောင်းလို့ပြီးချိန်ဖြစ်၍ အချိန်သိပ်မကြာပေ။ ဒီနည်းအားဖြင့် သူကိုယ်တိုင်လည်း ကြက်မွေးမြူရာတွင်လိုအပ်သည့် ပစ္စည်းများနှင့် ဝန်ထမ်းအိပ်ဆောင်အတွက် ပရိဘောဂများဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် သူ့ကိုယ်ပိုင်ဖြစ်သော ကြက်မွေးမြူရေးခြံကို စတင် ဖွင့်လှစ်နိုင်လိမ့်မည်။
သစ်ပင်တွေလည်းခုတ်ပြီးပြီဖြစ်တာကြောင့်
နောက်ထပ်လုပ်ရမည့်အရာများက ကြက်ခြံနှင့် ရုံများဆောက်လုပ်ရန်သာ ကျန်တော့တာဖြစ်သည်။ ဆောက်လုပ်ရေးအဖွဲ့၏ ကျွမ်းကျင်သော လုပ်ဆောင်မှုအရ ထိုအချိန်၌ သူခေါ်လာခဲ့သည့် ရွာသားများကိုပင် သုံးစရာမလိုတော့ချေ။
ဒါကြောင့် လူတိုင်းကို တောင်အောက်ဆင်း၍ အိမ်ပြန်ခိုင်းခဲ့သည်။ သူလည်း အားလပ်နေတာကြောင့် တစ်ခါတည်းပဲ သူတို့အတွက် ဒီနေ့လစာကို ပေးချေခဲ့သည်။
ရွှီဖန်းက ယွမ်၁၀၀မပေးဘဲ ရှောင်နေမှာကို ရွာသားတွေက မစိုးရိမ်တော့ချေ။ ယခင်က ယွမ်၁သိန်းထက် ပိုသည့် ပိုက်ဆံတွေကိုတောင် ရွှီဖန်းက ထုတ်သုံးခဲ့တာ သူတို့ မြင်ခဲ့ဖူးသည်။ ဝူယွီရွှမ်းကလည်း ကူညီရန်လာခဲ့သည့် ရွာသားများနှင့်အတူ တောင်အောက်ကို ပြန်သွားခဲ့သည်။
"ရွှီဖန်း နောက်လုပ်ရမယ့်အလုပ်တွေကို ငါတို့နဲ့ ထားထားလို့ရတယ်၊ မင်း အိမ်ပြန်နေလို့ရတယ်၊ ဘာပဲဖြစ်ဖြစ် ဒီကို တက်တက်လာပြီး ကြည့်ရတာက မင်းအတွက်လည်း ဒုက္ခများမှာပဲလေ"
ရွှီဖန်းမရှိလည်း လျိုမန်းတို့အဖွဲ့က ကြက်ခြံကို ဖြစ်
သလိုလုပ်မည် မဟုတ်မှန်း သူယုံကြည်သည်။ ဒါ့အပြင် သူ့မှာလည်း လုပ်စရာများစွာ ကျန်နေသေးသည်။ ရွှီဖန်း ခေါင်းညိတ်လိုက်၍
"ကောင်းပါပြီ၊ ဒါဆို အစ်ကိုလျိုကိုပဲ ဒုက္ခခံခိုင်းရတော့မှာပဲ"
တောင်ထိပ်အထိ သွားကြည့်ရန် မလိုတော့သော်ငြား ဆောက်လုပ်ရေးအဖွဲ့၏ စားသောက်ရေးအတွက်တော့ ရွှီဖန်းက စီစဥ်နေတုန်းပင်။
အိမ်ပြန်ရောက်ပြီးနောက် အမေဖြစ်သူအား ချိုးဆုအာနှင့်အတူ ဆောက်လုပ်ရေးသမားများအတွက် နေ့တိုင်း နေ့လည်စာ စီစဥ်ပေးရန် ပြောခဲ့သည်။ စားသောက်ကုန်ပစ္စည်းများက ရွာထဲရှိ သဘာဝအသီးအရွက်များ၊ မွေးမြူထားခဲ့သည့်အသားများနှင့်သာ ဖြစ်တာကြောင့် ရွှီဖန်း ငွေအများကြီးထပ်ကုန်စရာလည်းမလိုခဲ့ပေ။
နောက်တစ်နေ့မနက်မှာ ရွှီဖန်းသည် စောစောထ၍ ချိုးဆုအာအိမ်ကို သွားခဲ့သည်။ ချိုးဆုအာ အိမ်ကို ရောက်သည့်အခါ သူမကလည်း စောစောထပြီးနေပြီဖြစ်ပြီး ရွှီဖန်း၏မြက်များဖြင့် မွေးမြူထားသော ကြက်များကို အစာကျွေးနေသည်။ ရွှီဖန်းရောက်လာတာ မြင်တော့ ချိုးဆုအာလည်း အံ့သြနေသည်။
"ရွှီဖန်း ဘာလို့ရောက်လာတာလဲ"
ဆောက်လုပ်ရေးအဖွဲ့က တောင်ပေါ်တက်သွားကြတာကို သူမ မနေ့က မြင်ခဲ့ပြီး အံ့သြခဲ့ရသည်။ ရွှီဖန်း၏ လုပ်ဆောင်နိုင်စွမ်းက ဤမျှ မြန်ဆန်မည်ဟု သူမ မထင်ခဲ့ချေ။
ဒါ့အပြင် သူက အခု ဆောက်လုပ်ရေးအဖွဲ့ကို စောင့်ကြပ်နေရမည်ပင်။ ဘာလို့ ဒီကို ရောက်လာလဲ သူမ မသိချေ။
ရွှီဖန်းက အပြုံးတစ်ခုဖြင့် ချိုးဆုအာလက်ကို ဆွဲကိုင်လာသည်။
"အစ်မဆုအာကို ကျွန်တော်လွမ်းနေတာ၊ အစ်မလာမတွေ့တော့ ကျွန်တော်ပဲ လာတွေ့ရတာပေါ့"
ဒီကောင်လေးကတော့..
ချိုးဆုအာသည် ရှက်သွားကာ ရွှီဖန်း၏လက်ကို ရိုက်လိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူမတို့ကို မြင်လိုက်သည့်လူ မရှိခဲ့ပေ။
"မင်းဆိုတဲ့ လူလိမ်လူကောက်လေးကလေ လူတွေကို ဘယ်လိုစရမလဲ ကောင်းကောင်းသိတာပဲ"
ရွှီဖန်း ရယ်လိုက်ကာ...
"မစိုးရိမ်ပါနဲ့ အစ်မဆုအာ၊ ဘယ်သူမှမတွေ့လိုက်ပါဘူး"
ပြောရင်းဖြင့် သူမကို လက်တစ်ဖက်တည်းဖြင့် သိမ်းကြုံးဖက်လိုက်သည်။ ချိုးဆုအာမှာ အငိုက်မိသွားတာကြောင့် သူမတစ်ကိုယ်လုံး ရွှီဖန်း၏ လက်မောင်းထဲ ရောက်သွားခဲ့သည်။
"အာ့! မုန်းဖို့ကောင်းလိုက်တာ"
ချိုးဆုအာသည် လေသံပျော့ပျော့လေးဖြင့် ဒေါသထွက်စွာ ပြောလိုက်သည်။ သူမ၏မျက်နှာက မူးဝေနေသကဲ့သို့ ထင်ရသည်။ သူမက ရှက်လည်းရှက်သလို စိတ်လည်းဆိုးနေမိသည်။ သို့သော်ငြား ရွှီဖန်းကတော့ ချိုးဆုအာကို တိတ်တဆိတ်ဖက်ထားတုန်းပင်။
ယခင်ကြုံခဲ့ရသည့်အဖြစ်အပျက်ကြောင့် ချိုးဆုအာသည် ရွှီဖန်းကို စတင် လက်ခံလာပြီဖြစ်သည်။ သူမ နှုတ်ခမ်းကို ကိုက်ကာ...
"လူလိမ်လူကောက်လေး စည်းကျော်လာရင် အစ်မ မင်းကို ရိုက်မှာနော်"
ရွှီဖန်းသည် ချိုးဆုအာ၏ မျက်နှာကို နမ်းပြီးနောက် သူမကို နာခံစွာ လွှတ်ပေးခဲ့သည်။ ဒီတစ်ကြိမ် သူလာခဲ့တာက အလုပ်ကိစ္စကြောင့်ဖြစ်ပြီး သူမကို စနောက်မိတာက တိုက်ဆိုင်သွား၍သာ ဖြစ်သည်။ ဖက်ထားတာကို လွှတ်ပြီးနောက် သူမကို အိပ်ခန်းထဲသို့ ခေါ်သွားလိုက်သည်။
ချိုးဆုအာမှာ အနည်းငယ် ကြောက်ရွံ့သွားရသည်။ ဒီကောင်လေး အိပ်ခန်းထဲကို ခေါ်သွားနေတာက အဲ့ဒီအရာလုပ်ချင်နေလို့လား။ ထိုကဲ့သို့တွေးရင်း ချိုးဆုအာ စိတ်ဆိုးမိတော့သည်။ အဆုံးမှာတော့ သူမက သူမ၏ ပထမဆုံးအကြိမ်ကို တန်ဖိုးထားနေဆဲဖြစ်သည်။ သူမ ရွှီဖန်း၏ လက်ကို အဝေးတွန်းလွှတ်ကာ မေးလိုက်သည်။
"ရွှီဖန်း မင်း အစ်မကို ဘယ်သူလို့ ထင်နေတာလဲ"
ထိုကဲ့သို့ တုံ့ပြန်မှုကြောင့် ရွှီဖန်းပင် ထိတ်လန့်သွားရသည်။ သူ စိတ်မြန်လက်မြန်ဖြင့် ချိုးဆုအာကို အိပ်ခန်းထဲသို့ ဆွဲခေါ်လာပြီး များစွာ မတွေးမိခဲ့ပေ။
ရွှီဖန်းမှာ စပ်ဖြဲဖြဲရယ်မိတော့သည်။
"အစ်မဆုအာ ကျွန်တော်က အစ်မကို အဝတ်လဲခိုင်းမလို့ပါ၊ ဒီနေ့ ကျွန်တော်နဲ့အတူ ခရိုင်ကို သွားရမယ်"
"အာ"
ရွှီဖန်း၏ ရှင်းပြမှုကြောင့် ချိုးဆုအာသည် အံ့အားသင့်ကာ ထပ်မေးလိုက်သည်။
"ခရိုင်ကို အစ်မတို့ ဘာလို့ သွားရမှာလဲ"
"ကျွန်တော်က ကြက်ခြံဆောက်ဖို့ လုပ်ထားတာလေ၊ အခုဆောက်လုပ်ရေးလည်းစနေပြီ၊ ဒါကြောင့် ကြက်ခြံအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဝယ်ဖို့ စဥ်းစားရတော့မှာမလား၊ အစ်မက အနာဂါတ်မှာ ကျွန်တော့်ကြက်မွေးမြူရေးခြံရဲ့ ဒါရိုက်တာဖြစ်လာမှာလေ၊ ဒီကိစ္စကို ကျွန်တော်နဲ့အတူ လုပ်ပေးရမယ်မလား"
ချိုးဆုအာမှာ အနည်းငယ်ရှက်ရွံ့နေသည်။ သူမ အကြာကြီး အလုပ်လုပ်ခဲ့ရသော်လည်း ရွှီဖန်းကို အထင်မှားနေတုန်းပင်။ အကယ်၍ သူမသာ အနာဂါတ်မှာ ကြက်မွေးမြူရေးခြံ၏ ဒါရိုက်တာဖြစ်လာပါက သူ့နောက်ကို လိုက်ပါရတော့မည်ဖြစ်သည်။
ချိုးဆုအာသည် သူမ နှုတ်ခမ်းကို စုဝိုင်းကာ ပြောလိုက်သည်။
"ရွှီဖန်း အစ်မ တောင်းပန်ပါတယ်၊ မင်းကို မှားယွင်းစွပ်စွဲမိပြန်ပြီ"
ရွှီဖန်းက ဒေါသထွက်နေသည့် အမူအရာကို လုပ်ပြကာ သူ့မျက်နှာကို ထိုးပြသည်။
"ဒါဆို နမ်းလိုက်၊ ကျွန်တော် အစ်မကို ခွင့်လွှတ်ပေး
မယ်"
"ထပ်ပြီး လူဆိုးလို လာလုပ်ပြန်ပြီ!"
ချိုးဆုအာကလည်း ရွှီဖန်း၏လိမ်ညာဒေါသကို မယုံပေ။ အခု အခန်းထဲမှာ နှစ်ယောက်တည်းရှိတာကြောင့် သူမသာ နမ်းလိုက်လျှင် ဟိုတစ်နေ့ကလို ရွှီဖန်း ထပ်မလုပ်လာဘူးဟု အာမ မခံနိုင်ပေ။
"အဆင်ပြေပါတယ်"
ရွှီဖန်းက စိတ်ဓာတ်ကျသွားသည့်ပုံဖြင့် နှုတ်ခမ်းကို ဟိုဘက် ပြန်လှည့်သွားသည်။
"အစ်မဆုအာ အဝတ်မြန်မြန်လဲသင့်ပြီ"
"ရွှီဖန်း မင်း အပြင်မထွက်ရသေးဘူး!"
ရွှီဖန်းက သူ့ခြေလှမ်းများကိုမရွေ့ပေ။ အဲ့ဒီအစား ချိုးဆုအာ၏ ရင်ဘတ်ပေါ်မှာ နူးညံ့သော အသားများကို ကြည့်လာသည်။
ပုံမှန်အားဖြင့် ဘာမှမဖြစ်သော်ငြား သူ ချိုးဆုအာကို ထိတွေ့၊ဖက်တွယ်ကာ ကလေးများအတွက် မသင့်လျော်သည့် လှပသော အရာများကို လုပ်ချင်ခဲ့သည်။ ရှင်းရှင်းလင်းလင်းပြောရရလျှင် သူ့အရှေ့၌ ကိုယ်တုံးတီးရပ်နေသည့် ချိုးဆုအာပုံစံကို သူ မတွေ့ခဲ့ဖူးပေ။ ဒါကြောင့်ပဲ သူမ၏ ရင့်ကျက်သော အသွင်အပြင်ကို သူချီးကျူးမိသည်။
ရွှီဖန်း၏ မဖွယ်မရာအပြုအမူများအတွက်
အပြစ်တင်၍မရချေ။ အဓိက အကြောင်းအရင်းက ချိုးဆုအာ၏တောင်လုံးများသည် အလွန် ဆွဲဆောင်မှုရှိလွန်းသောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်ထွားသည့် နိုင်ငံခြားသူတွေတောင်မှ ချိုးဆုအာ၏ ရင်ဘတ်
လောက် ပိုကောင်းနိုင်ကြမည်မဟုတ်ချေ။ ချိုးဆုအာကသာ ပိုလှနေတုန်းဖြစ်လိမ့်မည်။
ရွှီဖန်း စပ်ဖြဲဖြဲဖြင့်
"အစ်မဆုအာ အဆင်ပြေပါတယ်၊ ကျွန်တော် စိတ်ထဲမထားပါဘူး၊ အစ်မ ဒီမှာပဲ အဝတ်လဲနိုင်ပါတယ်၊ အစ်မနဲ့လှမလှ ကျွန်တော် ကြည့်ပေးလို့ရတာပေါ့"
ချိုးဆုအာသည် ရွှီဖန်းကို တည့်ကြည့်လိုက်
တော့သည်။ ဘာကိုဆိုလိုတာလဲ! ငါကတော့ စိတ်ရှိတယ် ဟုတ်ပြီလား! သူမ နှာမှုတ်ကာ ရွှီဖန်းအား တံခါးရှိရာသို့ တွန်းထုတ်တော့သည်။
*************************