← Chapters

အကုန်လုံး ကြည့်ကောင်းတယ်

Vol. 7 Ch. 95

အကုန်လုံး ကြည့်ကောင်းတယ်

Vol. 7 Ch. 95

"အပြင်မှာနေ! ချောင်းကြည့်ရဲရင် အစ်မ မင်းရဲ့မျက်လုံးတွေကို ကလော်ထုတ်ပစ်မှာ"

ရွှီဖန်းကို တံခါးအပြင် တွန်းထုတ်ရင်း သူမ ဒေါသထွက်ဟန်ဆောင်နေခဲ့သည်။ ထို့နောက် တံခါးကို အမြန်ပိတ်ချလိုက်သည်။ 

ရွှီဖန်းမှာ အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားရသည်။ သူမက အရမ်း နှလုံးသားမဲ့ရာ မကျနေဘူးလား။ အင်္ကျီလှမလှတောင် မကြည့်ခိုင်းစေချင်ဘူးပေါ့လေ။ 

ချိုးဆုအာ၏ စကားများကို ရွှီဖန်း သိပ်ဂရုမစိုက်ပေ။ သူမ တံခါးလော့ခ်ချထားလား သိရအောင်အတွက် သူ တံခါးကို ညင်ညင်သာသာ တွန်းကြည့်ခဲ့သည်။ အကယ်၍ လော့ခ်မချထားပါက သူ တံခါးကြားကနေ ချောင်းကြည့်၍ ရနိုင်မည်ဖြစ်သည်။

ထိုလုပ်ရပ်က ဆိုးဝါးမှန်းသိသော်ငြား ရွှီဖန်း၏နတ်ဆိုးစိတ်က အထွတ်အထိပ်ရောက်နေသည်။ ဒီအချိန်မှာ လူကောင်းသူကောင်းဖြစ်ဖို့ရန် သူ မတွေးနိုင်ပေ။ 

ရွှီဖန်းက တွေးနေသည်။

*ချောင်းကြည့်တာက ပေါ်တင်ကြည့်တာထက် ပိုဆိုးပေမယ့်လည်း လက်မခံနိုင်ဘူး*

ရွှီဖန်းထံမှာ အားသာချက်များ မရှိသော်လည်း ပြတ်သားသည့်စိတ်တော့ ရှိပေသည်။ အခုလည်း သူဆုံးဖြတ်ပြီးကာ စတင်လှုပ်ရှားခဲ့သည်။ တံခါးလက်ကိုင်ပေါ်၌ သူ့လက်ကို ဂရုတစိုက်ထား၍ ဖွင့်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ပြီးလျှင် ရှုပျော်ဖွယ်မြင်ကွင်းကို မြင်ရလိမ့်မည်။

သို့သော်ငြား တံခါးလက်ကိုင်က တစ်ဝက်ပဲလှည့်ရသေးပြီး တန့်သွားတော့သည်။ ရွှီဖန်းတစ်ယောက် မျက်လုံးတွေကို လှိမ့်မိတော့သည်။ အစ်မဆုအာက အလွန်သတိထားနေခဲ့ပြီး တံခါးကို လော့ခ်ချထားလေသည်။ 

ရွှီဖန်းက နည်းနည်းအခွင့်အရေးယူတတ်သူဖြစ်သော်ငြား တေလေဂျပိုးတော့ လုံးဝ မဟုတ်သေးပေ။ ဒီလူအသိုင်းအဝိုင်းမှာ တံခါးပိတ်ထားသည့်လူကို တံခါးခေါက်၍ ဖွင့်ခိုင်းလို့မရပေ။ သူ သက်ပြင်းအသာချကာ စိတ်ရှည်စွာပင် အပြင်မှာ စောင့်နေလိုက်ရတော့သည်။

အိမ်ခန်းထဲ အဝတ်လဲသံများတိတ်သွားသည်ကို နားထောင်ရင်း ရွှီဖန်း နည်းနည်းတော့ စိတ်ဓာတ်ကျသွားသည်။ မကြာလိုက်ပေ၊ ချိုးဆုအာသည် အဝတ်များလဲကာ ထွက်လာတော့သည်။

ရွှီဖန်းနှင့် အတူတူသွားရမည်ဖြစ်တာကြောင့် ချိုးဆုအာသည် သူမမှာရှိသည့် အကောင်းဆုံးအဝတ်များထဲမှ တစ်စုံကို ယူဝတ်လာသည်။ ရွှီဖန်းက အခုဆိုလျှင် သူ့နာမည်နှင့်သူ သူ့ဂုဏ်နှင့်သူ ရှိနေသည့်လူတစ်

ယောက်ဖြစ်တာကြောင့် သူမကြောင့် သူမျက်နှာ ပျက်ရတာမျိုး မဖြစ်စေချင်ပေ။

ထိုအချိန် ရွှီဖန်းက သမာဓိရှိစွာဖြင့် သူ့ကိုယ်သူသာ ပြန်ကြည့်နေသည်။ ချိုးဆုအာသည် ရှက်ရွံ့မှုကြောင့် နီရဲလာသလို ဒေါသလည်းထွက်သွားသည်။

"ရွှီဖန်း ဒီစကပ်ကို ဘယ်လိုမြင်လဲ"

ချိုးဆုအာသည် သူမစကပ်အား ကိုင်ထားရင်း စိုးရိမ်ပူပန်စွာဖြင့် မျှော်လင့်တကြီးမေးမိသည်။ ဘာပဲပြောပြော ရွှီဖန်းက သူမချစ်ရသည့်လူဖြစ်နေတာကြောင့် သူမ၏ဝတ်စုံက သူ့ကို ကျေနပ်စေသည့်အဖြစ်မျိုးကို မျှော်လင့်ပေသည်။ 

ရွှီဖန်းလည်း သဘောကျစွာ ခေါင်းညိတ်ပြခဲ့သည်။

"ကြည့်ကောင်းပါတယ်၊ အစ်မဆုအာက သဘာဝအဝတ်စင်လိုပဲ ဘာဝတ်ဝတ် ကြည့်လို့ကောင်းပြီးသား၊ ဘာမှမဝတ်ထားရင် ပိုပြီးတော့တောင် ကြည့်လို့ကောင်းသေးတယ်"

"လူဆိုးကောင်! လူတွေကို မရိုက်တတ်ဘူးလို့ ထင်နေတယ်ပေါ့ ဟုတ်လား!"

ရွှီဖန်း ရယ်မောလိုက်သည်။ အခု သူမက အနည်းငယ် ကြမ်းတမ်းနေသည်။ သို့သော် သူမအရပ်က ရှည်လျားတာကြောင့် စက်ကပ်နှင့် အလွန်လိုက်ဖက်ကာ သူမ၏စိတ်နေသဘောထားနှင့်လည်း ထပ်တူညီသည်။

နှင်းကဲ့သို့ ဖြူဖွေးသော ရင်ဘတ်ကြားမှ အမြှောင်းကိုသာ ဖြစ်စေ၊ ကြာပန်းကဲ့သို့လက်မောင်း၊ နူးညံ့သောခြေထောက်များကို ထုတ်ဖော်ပြလာခဲ့သည်ဖြစ်စေ ရွှီဖန်းပြောရဲသည်။ ခရိုင်ရောက်လျှင် သူ ယောကျ်ားအဖြစ်ပြောင်းလဲပြီး ရူးသွပ်ရလိမ့်မည်ဟူ၍ပင်။ 

"ကောင်းပြီ အစ်မဆုအာ၊ သွားကြစို့"

အခုအချိန်က နောက်ကျနေလေပြီ။ သူတို့ ခရိုင်ကိုရောက်သည့်အခါ နေ့လည်ကိုပင် ရောက်နေလောက်လေပြီ။ ဒီရက်တွေထဲမှာ အားမောင်က ကောင်မလေးတစ်ယောက်ကို သဘောကျနေသည်။ သူမကို လိုက်ဖို့ရန်အတွက် အားမောင်က ရွှီဖန်းဆီမှာ Land Roverကို ငှားသွားခဲ့သည်။ ရွှီဖန်းမှာ သူ့ကို Land Roverငှားပေးခဲ့ပြီး သုံးဘီးကိုလည်း ပစ္စည်းသယ်ယူပို့ဆောင်ရန်အတွက် ဆိုင်မှာ ထားရှိထားသည်။ လက်ရှိအချိန်၌ ရွှီဖန်း၏ သယ်ယူပို့ဆောင်ရေးတွင် ခြေထောက်နှစ်ချောင်းကို သုံးရန်သာ ကျန်ရှိတော့သည်။

ခရိုင်ကို လမ်းလျှောက်သွားရန်ကမဖြစ်နိုင်ပေ။ အချိန်ဖြုန်းရုံတင်မကလို့ ပင်ပန်းကာ ချွေးတွေလည်းထွက်ပေသည်။ ထိုအချိန်ကျ ချိုးဆုအာ၏ အဝတ်အစားအသစ်များက ကြည့်ကောင်းတော့မည်

မဟုတ်ချေ။ 

သူတွေးကြည့်ပြီးသည့်အခါမှာ ဆောက်လုပ်ရေးအဖွဲ့က ရွာကို လာရန်အတွက် ကားတစ်စီးပါလာကြောင်းကို အမှတ်ရခဲ့သည်။ လက်ရှိအချိန်မှာ ရွှီဖန်းက လျိုမန်း၏ အလုပ်ရှင်ဖြစ်တာကြောင့် ဖုန်းခေါ်၍ပြောဆိုပြီးနောက် လျိုမန်းက ချက်ချင်းပင် သဘောတူလာခဲ့သည်။ ထို့နောက် သူက တစ်ယောက်ယောက်ကို တာ့ပင်းတောင်ကနေ မောင်းသွားရန် စေခိုင်းခဲ့သည်။ 

မကြာလိုက်ပေ၊ ရွာအဝင်ဝကို မောင်းလာသည့် ထရပ်ကားကို တွေ့လိုက်ရသည်။ ကားရပ်သွားပြီးနောက် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က ကားပေါ်မှ ဆင်းလာသည်။ 

"မစ္စတာရှု အစ်ကိုလျိုက သွားကြိုရမယ်ဆိုပြီး ဒီကို လာခိုင်းခဲ့လို့ပါ"

ရွှီဖန်း အပြုံးဖြင့် ခေါင်းညိတ်၍...

"ညီလေး...ကျေးဇူးပြုပြီး"

ဒရိုက်ဘာလေးက ခေါင်းညိတ်ကာ ထရပ်ကား အပေါ် တက်သွားသည်။ ထို့နောက် ကားစက်နှိုးကာ

"မစ္စတာရှုတို့ နှစ်ယောက်စလုံး တက်လို့ရပါပြီ"

ရွှီဖန်း ခေါင်းညိတ်၍ ချိုးဆုအာကို ဆွဲကာ ထရပ်ကားပေါ် တက်ရန်ပြင်လိုက်သည်။ ထိုအချိန် ချိုးဆုအာက ရှက်ရွံ့စွာ ခေါင်းခါလာသည်။

"ရွှီဖန်း လမ်းလျှောက်ပြီး သွားကြရအောင်"

"ဘာလို့လဲ"

ထူးဆန်းသည်ဟု ရွှီဖန်းခံစားနေရသည်။

"အစ်မတို့ ထိုင်လို့မရဘူး"

ထရပ်ကားထဲတွင် ခုံကနှစ်ခုံသာ ပါဝင်တာဖြစ်သည်။ ရွှီဖန်း၏ ပေါင်ပေါ်မှာ မထိုင်ရန် ရွေးချယ်ပါက သူမမှာ ထိုင်စရာနေရာမရှိတော့ပေ။ 

ရွှီဖန်းမှာတော့ ရယ်ရခက်ငိုရခက်ပင်။ ချိုးဆုအာက ဒီကိစ္စကို စိုးရိမ်သည့်အဖြစ်ကို ရောက်ရှိနေသည်။ 

"အစ်မဆုအာ ဒီတစ်ကြိမ်ပဲ စီးလိုက်ပါ၊ လမ်းက အရမ်းဝေးတယ်၊ ကျွန်တော်တို့မှာ အချိန်အများကြီးမရှိဘူး"

"ဒါက"

ချိုးဆုအာ တုံ့ဆိုင်းနေသော်လည်း ရွှီဖန်း၏ သန့်စင်သော အမူအရာကြောင့် "ဟုတ်ပြီ" ဟူ၍သာ လက်ခံခဲ့ရသည်။

ထို့နောက် ရွှီဖန်းလည်း ထရပ်ကား၏ အခြားတစ်ဖက်ကို ဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ချိုးဆုအာမှာ နေရခက်မိသော်ငြား သူမလုပ်နိုင်သည့်အရာမရှိပေ။ သူမ ကားပေါ်သို့ တက်ရင်း ရွှီဖန်းပေါင်ပေါ်မှာသာ ထိုင်လိုက်ရသည်။

ဒရိုက်ဘာကလည်း မကူညီနိုင်သလို ပြုံးပြနေခဲ့သည်။ ရွှီဖန်းနှင့် ထိုအမျိုးသမီးကြားထဲမှ ဆက်ဆံရေးက သာမာန်မဟုတ်ဘူးဟု သူထင်နေခဲ့သည်။ ထို့နောက် အိတ်ထဲမှ နားကြပ်ကိုထုတ်၊ လက်ကိုင်ဖုန်းထဲထိုးထည့်ကာ သီချင်းနားထောင်လိုက်သည်။ သူက သီချင်းကို နားမထောင်ရ မနေနိုင်သည့်လူဖြစ်ကာ ထိုအပြုအမူလုပ်ပြီးသည့်နောက် ကားကို အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်တော့သည်။

ချိုးဆုအာသည် အလွန်ကြောက်နေမိတာကြောင့် ရွှီဖန်း၏ ပေါင်အစွန်းမှာသာ ထိုင်နေခဲ့သည်။ သူ့ပေါင်ကို ကြည့်ရင်း ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ ဒီတစ်

ကြိမ် သူလုံးဝ ဒါကို မတွေးခဲ့ပေ။ ဒါ့အပြင် ကားထဲ၌ လူပိုတစ်ယောက်ရှိနေတာကြောင့် ဒီလိုအခြေအနေမျိုးမှာ ချိုးဆုအာကို သူအခွင့်အရေးယူမည် မဟုတ်ချေ။ မကြာလိုက်ပေ၊ ထရပ်ကားက ရွာပြင်ကို ရောက်လာတော့သည်။

နောက်ထပ်လမ်းကြောင်းက အလွန်ပျက်စီးနေသည့် လမ်းဖြစ်သည်။ ဤထရပ်ကားကလည်း ဒဏ်တွေကိုစုပ်ယူနိုင်သည့်စနစ် မပါရှိပေ။ ဤလမ်းကို ဖြတ်သည့်တစ်လျှောက် ထရပ်ကားမှာ ကားဘန်ပါအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ 

ဂရုတစိုက်ထိုင်နေသည့် ချိုးဆုအာမှာလည်း မတော်တဆ တင်ပါးချော်သွားရပြီး ရွှီဖန်း၏ ပေါင်

အရင်းပိုင်းအထိ ဖိထိုင်မိသွားခဲ့သည်။

ထိုခန္ဓာကိုယ်အောက်၌ သိသာထင်ရှားသော တစ်စုံတစ်ရာက ရှိနေခဲ့သည်။ ထိုအချိန် ချိုးဆုအာ၏ မျက်နှာက စတင်နီရဲလာပြီး လည်ပင်းအထိပါ ပျံ့နှံ့သွားတော့သည်။

*************************

All Chapters