← Chapters

အဖုအထစ်များသောတောင်တက်လမ်း

Vol. 7 Ch. 96

အဖုအထစ်များသောတောင်တက်လမ်း

Vol. 7 Ch. 96

ကားမောင်းနေသည့်ကောင်လေးအား ရွှီဖန်း တိတ်တဆိတ်ကြည့်လိုက်သည်။ လမ်းအခြေအနေက မကောင်းပေ။ ဒါကြောင့် ဒရိုက်ဘာက စတီယာရင်ကို သေချာကိုင်ထားပြီးဂရုတစိုက်မောင်းနေတာကြောင့် ဘာကိုမှ သတိမထားမိပေ။ ထိုအခါမှ ရွှီဖန်းလည်း သက်ပြင်းတစ်ချက်ချမိသည်။

ရွှီဖန်း သူမကို လက်မောင်းဖြင့်ရစ်ပတ်ကာ နားထဲကို ခပ်တိုးတိုးပြောလိုက်သည်။

"အစ်မဆုအာ မလှုပ်ဘဲ ငြိမ်ငြိမ်ထိုင်နေပါ၊ ကျွန်တော် သည်းမခံနိုင်ဘူး"

ချိုးဆုအာမှာ ငိုချင်သွားတော့သည်။ ကားက တောင်တက်လမ်းပေါ်သို့ ဆက်လက် ခုန်တက်နေသည်။ 

နားကြပ်တပ်ထားသည့် ဒရိုက်ဘာက စိတ်အေးချမ်းနေသောအမူအရာဖြင့် သီချင်းကို လိုက်ဆိုနေသည်။ နားကြပ်မှ အနည်းငယ်ထွက်လာသည့် သံစဥ်က အခု အခြေအနေနှင့် လိုက်ဖက်သော ရော့ခ်အမျိုးအစားဖြစ်သည်။ သူအလွန်ပျော်ရွှင်နေတာ မအံ့သြတော့ပေ။

သို့သော်ငြား ချိုးဆုအာနှင့် ရွှီဖန်းကတော့ မပျော်

ရွှင်နေပေ။ သူတို့နှစ်ယောက်စလုံးအတွက် ဒီခရီးလမ်းက ညှင်းပန်းမှုပင်။

ကံကောင်းစွာဖြင့် ထရပ်ကားက အရှိန်ပြင်းပြင်းမောင်းနှင့်နေခဲ့တာကြောင့် ခရိုင်ကို ရောက်ရန်အတွက် အချိန်မကြာခဲ့ပေ။

ဒရိုက်ဘာက ကားစက်သတ်ပြီးနောက် နားကြပ်ကိုဖြုတ်ကာ ရယ်မောလာသည်။

"သူဌေးရွှီ ဘယ်လိုလဲ၊ အရှိန်က အရမ်းမိုက်တယ်မလား"

ရွှီဖန်းက သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုကို ညှစ်ထုတ်ပြုံးထားသည်။ သူခေါင်းညိတ်ကာ...

"မဆိုးပါဘူး၊ အရမ်းတော့ များပေမယ့်"

"ဒါဆို မစ္စတာရွှီ ကျွန်တော် အလုပ်သွားပြန်လုပ်

လိုက်ဦးမယ်"

ရွှီဖန်းနှင့် ချိုးဆုအာတို့ ကားပေါ်က ဆင်းပြီးနောက် ဒရိုက်ဘာက ရွှီဖန်းကို ပြော၍ မြစ်အောက်ပိုင်းရွာသို့ ကားပြန်လှည့်ကာ ပြန်သွားတော့သည်။

နောက်ဆုံးတော့ ကားထဲမှ ထွက်လာနိုင်လေပြီ။ ရွှီဖန်း သက်ပြင်းအသာချလိုက်သည်။ ခေါင်းတစ်ခုလုံးက ရှုပ်ထွေးနေသကဲ့သို့ တစီစီဖြစ်နေသည်။

စိတ်အေးသွားပြီနောက် ရွှီဖန်း ပြောလိုက်သည်။

"အစ်မဆုအာ သွားကြစို့"

သို့သော်ငြား ချိုးဆုအာသည် ရှက်ရွံ့နေပြီး အားဖျော့စွာ ဆိုလာသည်။ 

"ရွှီ ရွှီဖန်း အစ်မကို ကူညီပေးဦး၊ အစ်မ 

ခြေထောက်တွေ ပျော့ခွေနေလို့"

ထိုအကြောင်းကိုတွေးရင်း ချိုးဆုအာ၏ မျက်နှာမှာ နီရဲလုနီးပါးပင်။ အကယ်၍ သူမသာ ရွှီဖန်း၏အမျိုးသမီးဖြစ်လာပါက ညတိုင်း ဖြစ်လိမ့်မလားမသိပေ။

ရွှီဖန်းကလည်း ခေါင်းညိတ်၍ သူမ၏သေးသိမ်သောခါးကို ဖက်ကာ ထောက်ကူပေးလာသည်။ လမ်းအနည်းငယ် လျှောက်ပြီးနောက် ချိုးဆုအာ၏ ပျော့ခွေနေသော ခံစားချက်ကလည်း ပျောက်ကွယ်လာလေပြီ။

"ရပြီ ရပြီ၊ အစ်မ အခု ကိုယ့်ဘာသာကိုယ် လျှောက်နိုင်နေပြီ"

ရွှီဖန်းက လီထိုက်ကန်း၏ ကုမ္ပဏီကို တစ်ခါသာ ရောက်ဖူးသော်ငြား တည်နေရာအတိအကျကို မှတ်မိသေးသည်။ လီထိုက်ကန်း၏ ကုမ္ပဏီကို မရောက်ခင်အထိ ဆယ်မိနစ်လောက် လမ်းလျှောက်ခဲ့ရသည်။

"ဟယ်လို အစ်ကိုထိုက်ကန်း၊ ကျွန်တော်ရွှီဖန်းပါ ကုမ္ပဏီရဲ့အောက်ထပ်မှာ ရောက်နေပြီ"

ရွှီဖန်းက လီထိုက်ကန်းကို ဖုန်းခေါ်ခဲ့သည်။ မကြာလိုက်ပေ၊ လီထိုက်ကန်း၏ အတွင်းရေးမှူးက အောက်ထပ်ကို ဆင်းလာသည်။ 

အတွင်းရေးမှူးမလေးက ရွှီဖန်းဘေးနားမှာ ရပ်နေသည့် အမျိုးသမီးကို အချိန်ခဏတာကြည့်ပြီးမှ ပြောလာသည်။

"မစ္စတာရွှီ ဘော့စ်လီက အပေါ်ထပ်မှာ စောင့်နေပါတယ်"

ရွှီဖန်း ခေါင်းညိတ်ကာ သူမနောက်ကို လိုက်သွားခဲ့သည်။ 

လီထိုက်ကန်းရုံးခန်းကို ရွှီဖန်း ရောက်သည့်အခါ သူက စားပွဲဘေးမှာ ထိုင်ရင်း လက်ဖက်ရည်ဖျော်နေလေသည်။ ရွှီဖန်းကို ဦးဆောင်လာသည့် အတွင်းရေးမှူးကိုလည်း မြင်ရော မတ်တပ်ရပ်ကာ နှုတ်ဆက်လာသည်။

"ရွှီဖန်း ဒီကိုလာ"

အတွင်းရေးမှူးက သူတို့နှစ်ယောက်ကို လီထိုက်ကန်း၏ သီးသန့်ရုံးခန်းသို့ ခေါ်ဆောင်လာခဲ့တာကြောင့် မကြာခင်မှာပင် သူတို့ လီထိုက်ကန်းကို တွေ့လိုက်ရသည်။ 

"လာ ထိုင်ပြီး စကားပြောရအောင်"

လီထိုက်ကန်းက ရွှီဖန်းနှင့် ချိုးဆုအာကို ဧည့်ခံစားပွဲဆီခေါ်ကာ ထိုင်ခိုင်းလာသည်။ လီထိုက်ကန်း ဖျော်ပေးထားသည့် လက်ဖက်ရည်ကို ရွှီဖန်း ယူလိုက်ရင်း လိုရင်းကို ပြောလိုက်သည်။

"အစ်ကိုထိုက်ကန်း ဒီတစ်ခါ ကျွန်တော် လာရှာတာက အစ်ကိုနဲ့ တိုင်ပင်စရာရှိလို့ပါ"

"အာ...ဘာကိစ္စလဲ ပြောသာပြော"

"အခု ကျွန်တော် ရွာထဲမှာ ကြက်ခြံဖွင့်လှစ်ဖို့ စီစဥ်ထားတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ အတွေ့အကြုံလည်းမရှိတော့ ကြက်တွေမွေးမြူဖို့အတွက် ဘာပစ္စည်းတွေ လိုအပ်လောက်လဲ မသိဘူး၊ အစ်ကို့အကြံကို မေးချင်လို့ပါ"

"အိုး ကြက်ခြံလား၊ ရွှီဖန်း မင်းလုပ်နိုင်မယ်ဆိုတာ ငါသိပေမယ့် အကောင်အထည်ဖော်လိုက်တာ တော်တော်မြန်တာပဲ"

ရွှီဖန်းက ကြက်ခြံကို စတင်ဆောက်လုပ်နေပြီမှန်း သိလိုက်ရ၍ လီထိုက်ကန်းလည်း ကျေနပ်သွားသည်။ ပထမဆုံးအနေဖြင့် ရွှီဖန်း ကောင်းကောင်းလုပ်နိုင်နေတာမြင်တော့ ဝမ်းသာမိတာဖြစ်ပြီး ဒုတိယကတော့ ရွှီဖန်းသာ ကြက်ခြံစဖွင့်ပြီဆိုလျှင် သူနှင့် စီးပွားရေးအတူ လုပ်နိုင်ပေတော့မည်။

"ရွှီဖန်း မင်းက လူမှန်ကို လာမေးလိုက်တာပဲ၊ ငါက ကြက်ခြံကို မဦးစီးဖူးပေမယ့် လိုအပ်တဲ့အရာတွေတော့ သိတယ်"

လီထိုက်ကန်း၏ကုမ္ပဏီက စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်တာမှန်သမျှ ရောင်းချတာဖြစ်၍ သဘာဝကျစွာပင် ကြက်ခြံအတွက် လိုအပ်သည့်ပစ္စည်းများကို သူသိပေသည်။

"အရင်ဆုံး အပူပေးကိရိယာတွေထားရှိရမယ်၊ ပြီးရင် လေသန့်စက်လည်း ရှိရမယ်၊ အထူးသဖြင့် နွေရာသီမှာ ကြက်ခြံထဲ လေကောင်းလေသန့်တွေမရှိဘူးဆိုရင် ကြက်တွေက ရောဂါ လွယ်လွယ်နဲ့ရလိမ့်မယ်၊ ပြီးရင် ကြက်လှောင်အိမ်နဲ့ ကြက်ဥဖောက်စက်တွေကို ရေပေးဝေမယ့် ကိရိယာတွေလည်း ပြင်ထားရမယ်၊ ထပ်ပြောစရာတော့မရှိတော့ပါဘူး"

အခု ရွှီဖန်းကို ချက်ချင်းကြီး အကုန်လုံးရှင်းပြရန်မဖြစ်နိုင်မှန်း လီထိုက်ကန်းသိပေသည်။ 

"ရွှီဖန်း ဒီလိုလုပ်ကြရအောင်ပါ၊ မင်းလိုအပ်တဲ့ပစ္စည်းစာရင်းကို ရေးပြီး မင်းကို ပေးဖို့ ငါ့ဝန်ထမ်းကို လုပ်

ခိုင်းလိုက်မယ်၊ ဘယ်လိုလဲ"

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ

"ဒါဆိုလည်း ကောင်းပါပြီ အစ်ကိုထိုက်ကန်း၊ ပြီးတော့ အဲ့ဒီပစ္စည်းတွေ အကုန်လုံးကို ဒီမှာပဲ ဝယ်သွားလို့ရတယ်မလား"

လီထိုက်ကန်းက ကျယ်လောက်စွာ ရယ်မောလာ၍ ရွှီဖန်းကို မျက်လုံးမှိတ်ပြသည်။ 

"ဒါပေါ့ ရွှီဖန်း ငါ့ရဲ့စိုက်ပျိုးမွေးမြူရေးအရောင်းပစ္စည်းကုမ္ပဏီမှာ ဒါတွေ ဝယ်လို့မရရင် ငါ ကုမ္ပဏီဖွင့်စားလို့ ဘယ်ရပါ့မလဲ"

ရွှီဖန်းလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုလည်းကောင်းပါပြီ၊ အစ်ကိုထိုက်ကန်း ကျွန်တော် အဲ့ဒီပစ္စည်းတွေ အကုန်လုံးမှာထားချင်

တယ်၊ တစ်လကြာရင် ပိုက်ဆံချေမှာပါ၊အဆင်ပြေရဲ့

လားမသိဘူး"

လီထိုက်ကန်းက သူ့ကို နောက်ဆုံးအကြိမ်တုန်းက ပြောင်းစေ့များနှင့် တိရစ္ဆာန်အစာများကို လက်ဆောင်ပေးခဲ့သေးသည်။ ဒါကြောင့် လိုအပ်

သည့်ပစ္စည်းစာရင်းကို လှည့်စားမည်မဟုတ်မှန်း ရွှီဖန်း ယုံကြည်လေသည်။ 

"ရွှီဖန်း အရင်ဆုံး ငါ့ကုမ္ပဏီနဲ့ လာပူးပေါင်းပြီး ဝယ်ယူပေးလို့ ကျေးဇူးတင်ပါတယ်၊ ဈေးနှုန်းနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့၊ အရင်ကလည်း လျှော့ဈေးနဲ့ပေးမယ်လို့ ငါကတိပေးထားတယ်"

၂၀%ရာခိုင်နှုန်း လျှော့ဈေးပေးထားသော်လည်း လီထိုက်ကန်းသည် အရှုံးမရှိသေးဘဲ အမြတ်ရှာနိုင်

သေး၏။ အလုပ်ကိစ္စကို ပြောဆိုပြီးနောက် လီထိုက်ကန်းက မေးလာသည်။

"ရွှီဖန်း မင်းမှာ ပိုက်ဆံနည်းနေရင် ငါ့ကိုပေးဖို့ အလျင်မလိုပါနဲ့၊ ပစ္စည်းတွေကို အရင်ပို့ပေးလိုက်မယ် ဘယ်လိုထင်လဲ"

ရွှီဖန်းမှာ အနည်းငယ်ပျာယာခတ်သွားရပြီး လက်ကို အမြန်ပင် ဝှေ့ယမ်းတော့သည်။

"မလိုပါဘူး အစ်ကိုထိုက်ကန်း၊ ကြက်ခြံက ဆောက်လို့မပြီးသေးဘူး၊ လကုန်ကျမှ ကျွန်တော် ပစ္စည်းငွေချေပြီး ဝယ်ဖို့ ပြန်လာခဲ့ပါ့မယ်"

All Chapters