ထိတ်လန့်ခြင်း
Vol. 7 Ch. 97
ဟုန်ဖေးက လက်လွှဲယူထားတာကြောင့် ရွှီဖန်းသည် ကြက်ခြံဆောက်လို့ပြီးသည်အထိ ပိုက်ဆံပေးစရာမလိုခဲ့ပေ။ သို့သော်ငြား ကြက်ခြံပြီးသွားသည်အထိ လျိုမန်းက ဒုက္ခခံခဲ့ရတာကြောင့် ရွှီဖန်းသည် လျိုမန်းနှင့် ဆောက်လုပ်ရေးအဖွဲ့သားများအတွက် စားပွဲ စီစဥ်ပေးခဲ့သည်။
နောက်တစ်နေ့မှာ ရွှီဖန်းသည် ချိုးဆုအာကို ခေါ်၍ ခရိုင်ကို သွားပြန်သည်။ ကြက်ခြံက ဆောက်လုပ်ပြီးသော်လည်း ဘာမှမရှိဘဲ ဗလာနတ္ထိဖြစ်နေသည်။ ပစ္စည်းကိရိယာများမပြောနှင့် အိပ်ဆောင်၌ အိပ်ရာတစ်ခုတောင် မရှိနေပေ။
ရွှီဖန်းသည် လီထိုက်ကန်းနှင့်ကျောက်ဟွာကို ဖုန်းခေါ်၍ ကြက်ခြံအတွက် လိုအပ်သည့်ပစ္စည်းကိရိယာများနှင့် ကြက်များကို လာပို့ပေးလို့ ရပြီဖြစ်ကြောင်း မကြောင်းကြားခဲ့သည်။
ဒီနေ့ သူတို့ ခရိုင်ကိုတက်လာသည့် ရည်ရွယ်ချက်က အိပ်ရာကဲ့သို့ ပရိဘောဂပစ္စည်းများ ဝယ်ယူရန်ဖြစ်သည်။
ချိုးဆုအာသည် တစ်ကယ်ကို အတွေ့အကြုံရှိသော အမျိုးသမီးဖြစ်သည်။ သူမ၏ စေ့စပ်ဆွေးနွေးမှုအောက်မှာ ပရိဘောဂများအကုန်လုံးကို ယွမ်လေးသောင်းအောက်နှင့် ရရှိခဲ့သည်။ ဒါ့အပြင် ဆိုင်က ထိုပရိဘောဂများကို ရွာထိ လိုက်ပို့ပေးမှာ ဖြစ်လို့ သူတို့အတွက် အခက်အခဲများစွာ လျော့စေသည်။
အလွန်လျင်မြန်စွာပင် ပရိဘောဂဆိုင်က သူတို့ဝယ်ယူခဲ့သည့်အရာအားလုံးကို တာ့ပင်းတောင်ပေါ်သို့ ပို့ပေးလာသည်။ ကြက်ခြံ၏ အနောက်ဘက်အိပ်ဆောင်တွင် ချိုးဆုအာသည် ရွှီဖန်းအတွက် အကြီးဆုံးအခန်းကို လုပ်ပေးထားသည်။
အခန်းထဲ၌ ပရိဘောဂများ စုံနေပြီဖြစ်ရာ ချိုးဆုအာသည် ဟိုရွေ့ဒီရွှေ့ဖြင့် ကူညီနေခဲ့သည်။ ရွှီဖန်းသည် အိပ်ရာပေါ်မှာ လှဲကာ ချိုးဆုအာကို ကြည့်လိုက်မိသည်။
တစ်ဖက်လူက အခန်းထဲရှိ ဖုန်မှုန့်များအားလုံးကို အလေးအနက်ထား၍ ရှင်းထုတ်နေသည်။ အခန်းမသန့်ရှင်းလျှင် ရွှီဖန်း ကောင်းကောင်း အိပ်မပျော်မှာကို သူမ စိုးရိမ်မိတာကြောင့် အလေးအနက်ထား၍ လုပ်နေခြင်းဖြစ်သည်။
လုံးဝိုင်းကာ ကော့နေသော တင်ပါးက ရွှီဖန်း၏ မျက်လုံးတစ်စုံကို သိမ်းပိုက်ထားလေသည်။ သူ့ပါးစပ်ထောင့်ကို တွန့်မိရင်း လက်ဆန့်ထုတ်လိုက်သည်။
"အား! ရွှီဖန်း ဘာလုပ်တာလဲ"
ချိုးဆုအာသည် ထိတ်လန့်သွားရကာ အရှက်တကြီး နောက်ပြန်ဆုတ်လိုက်မိသည်။ သူမက သူမ၏မျက်လုံးလှလှလေးများဖြင့် ရွှီဖန်းကို စိုက်
ကြည့်နေခဲ့သည်။
ရွှီဖန်းကတော့ ဂရုမစိုက်ပေ။ သူ အိပ်ရာပေါ်မှ ခုန်ထကာ ချိုးဆုအာကို အိပ်ရာပေါ် ဆွဲချလိုက်သည်။
"ရွှီဖန်း မလုပ်နဲ့၊ မကြာခင် အကုန်လုံးက ဒီကို ရောက်လာကြမှာ"
ရွှီဖန်း၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်၌ ချိုးဆုအာ၏ မျက်နှာမှာ ပူလောင်နေပြီး လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။ သူမက အလုပ်သမားတွေကို အကြောင်းကြားထားပြီးပြီဖြစ်၍ ထိုလူများက အဆောင်အခန်းလက်ခံရန်အတွက် မကြာခင် ရောက်လာကြလိမ့်မည်။
ချိုးဆုအာ၏ အသက်ဆယ့်ရှစ်နှစ် မိန်းကလေးလို ရှက်ရွံ့နေသည့် ပုံစံလေးကြောင့် ရွှီဖန်း ပြုံးလိုက်သည်။
"အစ်မဆုအာ ကျွန်တော့်အိပ်ရာက အရမ်းကြီးတယ်၊ တစ်ယောက်တည်းအိပ်မယ်ဆို ဖြုန်းရာကျတယ်၊ ကျွန်တော်နဲ့ လာအိပ်ပါလား"
"အင်း"
ရွှီဖန်းမျှော်မှန်းထားသည်နှင့် ဆန့်ကျင်စွာပဲ ချိုးဆုအာက ခေါင်းညိတ်လာသည်။ ရွှီဖန်းမှာ အံ့သြသွားရတော့သည်။ သေချာပေါက်ကို ထူးဆန်းနေလေပြီ။ ပုံမှန်အားဖြင့် သူ့ဘက်က နည်းနည်းလေး စရင်တောင်မှ သူမက ရှက်ရွံ့နေခဲ့သည်။ အခု ဘာလို့ နာခံနေပါလိမ့်။
"အဟွတ် အဟွတ်! အစ်မဆုအာ တစ်ကယ်ကြီးလား"
ရွှီဖန်း အနည်းငယ် တုန်လှုပ်နေသည်။ ချိုးဆုအာကဲ့သို့ အလှလေးဖြင့် ညတိုင်းလူးလိမ့်နိုင်ပါက အလွန် စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဖြစ်သည်။
ချိုးဆုအာက ခေါင်းညိတ်၍ အပြုံးတစ်ခုကို ညှစ်ထုတ်ပြုံးလာသည်။
"တော်တတ်ပါပေတဲ့ယောကျ်ားက ရွာအုပ်ချုပ်ရေးမှူးကို မကြောက်ဘူးဆိုရင် အစ်မလည်း ကန့်ကွက်စရာမရှိပါဘူးနော်"
"အဟွတ် အဟွတ်"
ရွှီဖန်း ကုတင်ပေါ်မှ ချက်ချင်း ထလိုက်တော့သည်။ ဝူယွီရွှမ်းကို သူ ဘယ်လိုလုပ်ပြီး မေ့သွားတာပါလိမ့်။
သူမက လတ်တလော အလုပ်ကိစ္စများကြောင့် ဆတ်ဆတ်ထိမခံဖြစ်နေသည်ဟု သူကြားခဲ့ရသည်။ ဒီကိစ္စတွေကိုသာ ထပ်သိသွားပါက သူမ သေချာပေါက် ဒေါသထွက်သွားလိမ့်မည်။
ရွှီဖန်းသည် အဝတ်အစားများကို ဖြန့်၍ တည်ကြည်စွာ ပြောလိုက်သည်။
"ဟုတ်ပါပြီ အစ်မဆုအာ၊ ကျွန်တော် ခုနက နောက်နေတာပါ၊ ဗွေမယူပါနဲ့"
"ဖွီး!"
ချိုးဆုအာက ရွှီဖန်းအဖြစ်အား ကျယ်လောင်စွာ ရယ်လာပြီး အိပ်ရာမှထလာတော့သည်။ သူမ ရွှီဖန်းကို တိုးဝှေ့ပူးကပ်ကာ နူးညံ့စွာ ပြောလိုက်သည်။
"ယောကျ်ားမှာ မိန်းမ ဘယ်နှစ်ယောက်ပဲရှိရှိ စိတ်ထဲမထားပါဘူး၊ ယောကျ်ားဘေးမှာ ဆုအာနေရသ၍ ဆုအာ ကျေနပ်ပါတယ်"
ထိုအချိန် ချိုးဆုအာက အလွန်အမင်း နာခံပြနေသည်။ ရွှီဖန်းမှာ သူမ၏ခါးကျင်ကျင်အား ဖက်၍ မနေနိုင်ဘဲ သက်ပြင်းချမိသည်။
"ကောင်းပြီ အပြင်ထွက်ကြရအောင်၊ လူတိုင်း ရောက်လာတော့မယ်"
ရွှီဖန်း၏ ညွှန်ကြားချက်ကြောင့် ချိုးဆုအာလည်း ခေါင်းညိတ်ကာ သူ့နောက်မှ လိုက်ထွက်လာခဲ့သည်။
မကြာလိုက်ပေ၊ မြစ်အောက်ပိုင်းရွာရှိ ရွာသားများက တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ မကြာသေးမီက သူတို့သည် ရွှီဖန်းထံ ကြက်ခြံများကို ရောင်းခဲ့ကြပြီး ချက်လတ်မှတ်အလွတ်များကိုလည်း ရခဲ့သညိ။ ထိုချက်လတ်မှတ်အလွတ်ကို ပိုင်ဆိုင်
သူများက အလုပ် ရကြလေသည်။ ဒါကြောင့် လူတိုင်း၏ မျက်နှာက ပျော်ရွှင်မှု အပြည့် ဖြစ်နေခဲ့သည်။
"ရွှီဖန်း မင်းလို အရည်အချင်းရှိတဲ့လူက ရွာထဲမှာ ပေါ်လာတာ ငါတို့အတွက် ဂုဏ်ယူစရာပဲ"
"အမှန်ပဲ ငါ့အမြင်အရတော့ အနာဂါတ်မှာ မြစ်အောက်ပိုင်းရွာက ရွှီဖန်းကိုပဲ မှီခိုရလိမ့်မယ်"
တစ်ယောက်ပြီးတစ်ယောက် ချီးမွှမ်းနေကြတာကြောင့် ရွှီဖန်း ရှက်ရွံ့လာသည်။ သူ နှာခေါင်းကို ပွတ်လိုက်၍...
"ကောင်းပြီ ပေါက်ကရတွေပြောနေတာ တော်ကြပါတော့၊ အစ်မဆုအာ သူတို့ကို အဆောင်ခန်းတွေ မြန်မြန်စီစဥ်ပေးလိုက်ပါ"
ချိုးဆုအာသည် ခေါင်းညိတ်၍ ကြက်ခြံရှိအလုပ်သမားများကို အဆောင်ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ရွှီဖန်းကို မြေရောင်းခဲ့ကြသည့်လူများအပြင် ပွဲလာကြည့်သည့် တခြားရွာသားများလည်း ရှိနေခဲ့သည်။ သူတို့မျက်နှာက သိပ်မကောင်းကြပေ။ ဝူယွီရွှမ်းက သူတို့အိမ်ကိုလာပြီး ရွှီဖန်းကို မြေရောင်းပေးဖို့ လာဆွေးနွေးတုန်းက အိမ်ထဲမှပင် နှင်ထုတ်ကာ ငြင်းဆိုခဲ့တာကြောင့် သူတို့နောင်တရနေသည်။
သူတို့ပထုတ်ခံနေရသည့် အဖြစ်မှာ ဘုရားပေးသော ကံကြမ္မာဖြစ်နေပုံပင်။
"ဟဲဟဲ ရွှီဖန်း မင်းရဲ့ကြက်ခြံက အရမ်းကြီးတော့ အလုပ်သမားအင်အား မလောက်မှာစိုးရတယ်၊ ငါ့ကို ကြည့် အရမ်းသန်မာတယ်၊ ဘာလို့ အလုပ်သမား ထပ်မခေါ်တာလဲ"
"အဟုတ်ပဲ၊ ငါတို့က တစ်ရွာတည်းသားတွေပဲလေ၊ မင်း ဘက်လိုက်လို့မရဘူး"
ရန်ပွဲစချင်နေသည့် ထိုလူအုပ်စုကို မျက်နှာချင်းဆိုင်
ရင်း ရွှီဖန်း အေးစက်စွာ နှာမှုတ်လိုက်သည်။
"ဪ ခင်ဗျားတို့က မေတ္တာတွေဘာတွေအကြောင်း လာပြောနေတာလား၊ ခင်ဗျားတို့မြေတွေကို ရောင်းပေးဖို့ လာပြောတုန်းကကျ တစ်ရွာတည်းသားဆိုပြီး စဥ်းစားပေးခဲ့ကြတာကို ဘာလို့ မတွေ့ခဲ့ရပါလိမ့်"
"အဟွတ် အဟွတ်! ဟဲဟဲ...ရွှီဖန်း အဲ့ဒီတုန်းက ငါတို့အများကြီးမတွေးဖြစ်ခဲ့ဘူး၊ မင်း အလုပ်သမား ထပ်မခေါ်တော့ဘူးလား"
ရွှီဖန်းသည် မျက်လုံးများကို လှိမ့်ကာ ထိုလူတွေကို လက်ဝှေ့ယမ်းပြလိုက်သည်။
"အားလုံး ထွက်သွားကြပါ...နောက်မှဆက်ပြောမယ်!"
အခုလက်ရှိ ကြက်ခြံအတွက်တော့ အလုပ်သမားများက ပိုလျှံနေပြီဖြစ်သည်။ သူသာ ထပ်ပြီး လုပ်သားခေါ်နေပါက ငွေဖြုန်းခြင်းပင် ဖြစ်သည်။ မြစ်အောက်
ပိုင်းရွာငယ်လေး အကျိုးကျေးဇူးရရန်အတွက် သူလုပ်ဆောင်နေသော်ငြား ပျင်းရိနေသည့် လူတစ်သိုက်ကို ထမင်းကျွေးမွေးနိုင်သည်ဟု မဆိုလိုပေ။
ကံကောင်းစွာဖြင့် ရွှီဖန်း၏ လေသံက စိတ်ဆိုးနေခြင်းမရှိပေ။ အနာဂါတ်မှာ အလုပ်သမားများ ထပ်
လိုအပ်ဦးမှာဖြစ်တာကြောင့် လူအုပ်စုကြီး ဒေါသမထွက်ဘဲ လက်တွေဝှေ့ယမ်းကာ ထွက်သွားကြသည်။
ထိုအချိန် ချိုးဆုအာကလည်း လူတိုင်းကို အဆောင်လိုက်ပြနေသည်။ ရွှီဖန်းသည် တောင်ပေါ်မှ ဆင်းသည့်လမ်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ထူးဆန်းတယ် သူတို့ ဒီကို ရောက်နေသင့်ပြီလေ"
မတိုင်ခင်က လိုအပ်သည့်ပစ္စည်းများနှင့် ကြက်များကို လာပို့ပေးရန် လီထိုက်ကန်းနှင့် ကျောက်ဟွာကို အကြောင်းကြားခဲ့သည်။ အချိန်ခဏလောက် ထပ်
စောင့်လို့အပြီးမှာ တောင်ခြေမှ တက်လာသည့် လူတစ်စုကို တွေ့လိုက်ရသည်။
"အိုး! ရွှီဖန်းရေ မင်း အနာဂါတ်မှာ ချမ်းသာလာရင် ငါတို့ ညီအစ်ကိုတွေကို မမေ့ပါနဲ့"
***********************