ချောက်ချခံရခြင်း
Vol. 7 Ch. 98
လီထိုက်ကန်း၏ ကျယ်လောင်သည့်ရယ်သံအား အဝေးမှပင် ကြားနေရသည်။ သူ့နောက်မှာတော့ ပစ္စည်းသယ်သူများ ပါလာသည်။ သူတို့က ရွှီဖန်းအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကို သယ်ဆောင်လာကြသည်။ သူတို့ယူလာသည့် ပန်းခြင်းကြီးက ရွှီဖန်းကို ပို၍ အံ့အားသင့်စေသည်။ သူတင်
မဟုတ်ဘဲ ကျောက်ဟွာကပါ ယူလာခဲ့သည်။
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ဖြင့် မေးမိသည်။
"နှစ်ယောက်စလုံး ဘာလုပ်နေကြတာလဲ"
လီထိုက်ကန်းက ရွှီဖန်းကို မျက်လုံးလှိမ့်ပြတော့သည်။
"ရွှီဖန်း မင်းက နားမလည်ဘူးပဲ၊ ဒီနေ့ မင်းရဲ့ကြက်ခြံဖွင့်ပွဲလို့တောင်ပြောလို့ရတယ်လေ၊ ညီအစ်ကိုတွေအနေနဲ့ ပန်းခြင်းတောင်မပါဘဲ ဂုဏ်ပြုလို့ရမလား"
ကျောက်ဟွာကလည်း ခေါင်းညိတ်သည်။
"အမှန်ပဲ ရွှီဖန်း၊ အိုး ဟုတ်သားပဲ! ငါ ကြက်အကောင်ရေ တစ်ထောင်ယူလာခဲ့တယ်၊ မင်း ပိုက်ဆံပေးစရာမလိုဘူး၊ အစ်ကိုက မင်းအတွက် အလကား ပေးမှာ"
"ဒါက..."
ထိုအရာကိုကြားသည့်အခါ ရွှီဖန်းမှာ ကူကယ်ရာမဲ့သလို ခံစားရသည်။ ဒီကြက်အကောင်ရေ တစ်ထောင်က အနည်းဆုံး ယွမ်၁၀,၀၀၀လောက်တန်ပေသည်။ သို့သော် ကျောက်ဟွာက မလိုချင်ဘူး လုပ်နေတာကြောင့် သူပေးလို့မရဖြစ်နေသည်။ ဒါက သူ့ကို ရှက်ရွံ့စေပေသည်။ သူဘယ်လောက်ပဲထပ်ပြောပါစေ ကျောက်ဟွာက ငွေလက်ခံရန် ဆက်လက်ငြင်းဆိုနေခဲ့သည်။ ရွှီဖန်းက အရင်တစ်ခေါက်မှာ သူ့အသက်ကို ကယ်တင်ပေးခဲ့တာကြောင့် ဒီလက်ဆောက်သေးသေးလေးက ဘာမှမဟုတ်ဘူးဟု ဆိုသည်။ ကူကယ်ရာမဲ့စွာပင် ရွှီဖန်းမှာ ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရသည်။
ထိုနှစ်ယောက်နှင့် စကားခဏပြောပြီးနောက် ဟုန်ဖေးဆီမှ ဖုန်းဝင်လာသည်။
"ရွှီဖန်း မင်းငါ့ကို ညီအစ်ကိုလို့ မသတ်မှတ်တာလား၊ ဒီနေ့လို အရေးကြီးတဲ့ရက်ကို ဘာလို့ အကြောင်းမကြားတာလဲ၊ ဂုဏ်ပြုဖို့နောက်ကျသွားရပြီ"
"အာ"
ရွှီဖန်းမှာ အနည်းငယ် ရှုပ်ထွေးသွားရသည်။ ဟုန်
ဖေး၏စကားများအရ ကြက်ခြံက စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိသွားသည့်ပုံပင်။
"အစ်ကိုဖေး ဂုဏ်ပြုတာတွေဘာတွေ တစ်
ကယ်မလိုအပ်ပါဘူးဗျာ"
ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ပင်။ ဒီလူတွေက သူ့ကို တော်တော်လေး မျက်နှာသာပေးနေကြသည်။ ဒီကြက်မွေးမြူရေးခြံဖွင့်တာလေးက တစ်ကယ်ပဲ အလေးအနက်ထားပြီး ဂုဏ်ပြုဖို့ လိုအပ်လို့လား။
ဒီနေ့မှာ လီထိုက်ကန်း၊ ကျောက်ဟွာ၊ ဟုန်ဖေးနှင့် လူတချို့က သူ့ကို အပြေးအလွှား လာပြီး ဂုဏ်ပြုပေးကြလေသည်။
ဟုန်ဖေးက ဟိုနှစ်ယောက်ထက်တောင်မှ ချဲ့ကားနေသေးသည်။ သူက မီးရှူးမီးပန်းတွေပါ ယူလာခဲ့ပြီး မရပ်မနား ဖောက်နေခဲ့သည်။ ရွှီဖန်းမှာတော့ ဆွံ့အလျက်ပင်။ ကြက်ခြံလေးဖွင့်တာက မသိလျှင် ကုမ္ပဏီပဲ ဖွင့်လိုက်သကဲ့သို့ ထိုလူတွေက ဂုဏ်ပြုနေကြသည်။
"အစ်ကိုဖေး ဒါက လုပ်ငန်းသေးသေးလေးပါပဲ၊ ဘာလို့ အလေးအနက်ကြီး လုပ်နေကြတာလဲ"
ထိုအချိန် ဟုန်ဖေးက အလုပ်သမားများအား ပန်းခြင်းတွေကို အထဲသွင်းခိုင်းနေသည်။ ရွှီဖန်း၏စကားများကိုကြားသော် သူက မျက်လုံးလှိမ့်၍ ခွန်းတုံ့ပြန်လာသည်။
"ငါ အလေးအနက်မလုပ်ရဘူးလို့ရော ဘယ်သူပြောထားလို့လဲ၊ ရွှီဖန်း မင်းသိထားရမှာက ဒီကြက်ခြံက ငါ့အသက်ကိုကယ်တင်ပေးမှာ၊ ဘယ်လိုလုပ်ပြီး တန်ဖိုးမထားဘဲ နေရမှာလဲ"
"ဟဲဟဲ ဒါရိုက်တာဖေး ပြောတာမှန်တယ်၊ ရွှီဖန်း ဒါက မင်းရဲ့ ပထမဆုံးအကြိမ် စီးပွားရေးလုပ်ငန်းလို့ ပြောလို့ရတယ်၊ မင်း အလေးအနက်ထားရမယ်နော်"
ဟုန်ဖေးက ရွှီဖန်း၏ ပုခုံးကို ပုတ်ကာ ချက်ချင်းပြောလာသည်။
"အိုး ဟုတ်သား၊ လျိုမန်းက သူကိုင်ထားရတဲ့ ပရောဂျက်တစ်ခုရှိနေလို့ ထွက်လာလို့မရဘူး၊ သူက ပန်းခြင်းပဲပို့ပေးလိုက်တယ်၊ သူ့ကို ဖုန်းခေါ်လိုက်ဦး ပြီး
ရင်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ဒီနေ့ သူ့ကို ဂုဏ်ပြုပေးခဲ့သည့်လူများကို တိတ်တဆိတ် မှတ်ထားလိုက်သည်။ တစ်နေ့ သူတို့ အကူအညီလိုအပ်လာလျှင် သူ့ဘက်က တာဝန်ကျေပေးမှာ ဖြစ်သည်။
တာ့ပင်းတောင်ပေါ်သို့ သူ့ကို ဂုဏ်ပြုရန် ရောက်လာသော လူအားလုံးကလည်း ကြက်ခြံကို ဝိုင်းလေ့လာနေကြသည်။ အချိန်ခဏလောက် စကားပြောအပြီးမှာ အချိန်လည်း နောက်ကျနေပြီဖြစ်၍ သူတို့ တောင်ပေါ်မှ ပြန်ဆင်းရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်၌ တောင်အောက်မှ တက်လာသူများကို တွေ့လိုက်ရသည်။
တရားဥပဒေစိုးမိုးရေးအရာရှိများ၏ အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူများစွာက တက်လာနေကြသော်လည်း ဘယ်ဌာနကမှန်း ရွှီဖန်း မသိချေ။
ဟုန်ဖေးက ထိုလူများကို ကြည့်၍ မေးလာသည်။
"ရွှီဖန်း မင်းက ကျန်းမာရေးဌာနက လူတွေနဲ့ပါ သိကျွမ်းနေမယ်လို့ ငါမသိခဲ့ဘူး"
ဟုန်ဖေးက ထိုလူများက ဘယ်ကဆိုတာ သိနေသော်ငြား ရွှီဖန်းကတော့ ပဟေဠိဖြစ်နေဆဲပင်။ ကျန်းမာရေးဌာနကဆိုလျှင် ကျန်းကျီနှင့် သူသိသော်ငြား ကြက်ခြံအကြောင်းကို ဘာမှမပြောပြခဲ့ဖူးပေ။ ဒါ့အပြင် ဒီလူအုပ်စုထဲ၌ ကျန်းကျီ၏အရိပ်အယောင်တောင် သူ ရှာမတွေ့ပေ။ ဒီလူတွေ၏ ပုံစံအရ သူ့ကို ဂုဏ်ပြုရန် ရောက်လာခြင်း မဖြစ်နိုင်ပေ။
ရွှီဖန်းသည် လီထိုက်ကန်းနှင့်ကျောက်ဟွာကို ကြည့်လိုက်သော်လည်း သူတို့က ပဟေဠိဖြစ်နေသည့် အမူအရာဖြင့် ခေါင်းခါပြလာသည်။
"ရွှီဖန်း မင်း ကျန်းမာရေးဌာနက ဦးစီးကျန်းကို အကြောင်းကြားခဲ့သေးလား"
ရွှီဖန်းက ခါးသီးစွာပြုံး၍ ခေါင်းခါပြလာသည်။ ထိုလူများ အပေါ်ရောက်လာသည်ကို မြင်သည့်အခါ သူသွားတွေ့ရုံသာ တတ်နိုင်ခဲ့သည်။
"ဒီက တာဝန်ရှိသူက ဘယ်သူလဲ"
ခေါင်းဆောင်ဟု ထင်ရသူက မမေးခင် ဖိုင်တစ်
ဖိုင်ကို ထုတ်ကြည့်နေသေးသည်။ ရွှီဖန်း ခေါင်းညိတ်၍
"ကျွန်တော်ပါ၊ ဘာများကူညီပေးရမလဲမသိဘူး"
"ခင်ဗျားကြက်ခြံက အမြန်ကြက်တွေကို မွေးမြူထားတယ်ဆိုပြီး တိုင်စာရရှိထားပါတယ်၊ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးမှုကို လက်ခံပူးပေါင်းပေးပါ"
ရွှီဖန်း ဇဝေဇဝါဖြစ်နေတာမြင်တော့ ဘေးမှာ ရပ်နေသည့် ကျောက်ဟွာက အမြန် ရှင်းပြလာသည်။
"ရွှီဖန်း အမြန်ကြက်တွေဆိုတာက တချို့နှလုံးနက် ကြက်ခြံပိုင်ရှင်တွေက ကြက်တွေအမြန်ကြီးထွားအောင်ဆိုပြီး တားမြစ်ထားတဲ့ ဟိုမုန်းဓာတ်စာတချို့ကို စားပြီး ကြီးပြင်းလာတဲ့ ကြက်တွေကို ပြောတာ၊ ဒါပေမယ့် အဲ့ဒီလိုကြက်တွေက အန္တရာယ်ရှိတာ များတယ်"
"ဘာကြီး"
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ ဒီအကြောင်းကိုတောင်မှ သူအခုမှသိတာ ဘယ်လိုလုပ် မကောင်းတဲ့ကြက်တွေကို မွေးမြူထားရမှာလဲ။
ကြက်ခြံက အခုမှပဲ စဖွင့်တာကို တိုင်စာက ရောက်သွားခဲ့သည်။ တိုက်ဆိုင်လွန်းနေသည်။ တစ်စုံတစ်ယောက်က သူ့ကို သက်သက်လာရှုပ်ပြန်ပြီဟုသူခံစားရသည်။
"ဒီကိုလာဖို့ ဘယ်သူပြောခဲ့တာလဲ"
ရွှီဖန်းက ခေါင်းဆောင်ကို မေးခဲ့သည်။ သူထင်တာ မမှားလျှင် ချန်ကျင်းရှန်နှင့် ပတ်သက်နေတာ ဖြစ်ဖို့ များသည်။
"ဒီကို ဘယ်သူခေါ်လာလဲက အရေးမကြီးဘူး၊ မင်းက လက်စားချေဖို့ တွေးနေတာလား၊ မင်းတို့ အထဲဝင်ပြီး သွားရှာကြ"
ခေါင်းဆောင်က ရွှီဖန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ထို့နောက် သူက လက်ဝှေ့ယမ်းကာအနောက်မှ ဥပဒေအရာရှိတွေကို အထဲဝင်စစ်ဆေးခိုင်းသည်။
တရားဥပဒေစိုးမိုးရေး အရာရှိများ ရုတ်တရက်ကြီး ရောက်ရှိလာတာက လူအုပ်ကြီးကို ထိတ်လန့်စေသည်။ သူတို့က စတင်၍ လက်ညှိုးထိုးကာ တီးတိုး ပြောဆိုကြတော့သည်။ ဟုန်ဖေးက ရွှီဖန်း၏ ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလာသည်။
"ရွှီဖန်း မကြောက်နဲ့၊ သူတို့မှာ သက်သေမရှိသ၍ ဘာမှဆက်လုပ်လို့မရဘူး"
ဒီကိစ္စနောက်ကွယ်က အကြောင်းအရင်းကို သူတို့ ခန့်မှန်းနိုင်သည်။ သို့သော် သူတို့မှာ သက်သေမရှိသ၍ ဆွဲခေါ်သွား၍ မရချေ။
"မှန်တယ် ရွှီဖန်း မင်းကောင်းကောင်းလုပ်နေတာပဲကို သူတို့စစ်တော့ရော ဘာကြောက်စရာရှိလဲ"
တခြားလူများက ခေါင်းညိတ်လက်ခံလာကြသော်လည်း ရွှီဖန်းက မျက်မှောင်ကြုတ်ထားဆဲပင်။ ကိစ္စတွေက မရိုးရှင်းဘူးဟု သူခံစားနေရသည်။
အရာရှိတွေ စစ်ဆေးနေစဥ်မှာ ရွှီဖန်း လူအုပ်ကြီးဘက်ကို ကြည့်မိရင်း မျက်ခုံးပင့်လိုက်မိသည်။ ချန်
ကျင်းရှန်နှင့်သူ့သားကလည်း လူအုပ်ကြီးထဲမှာ ရှိနေလေသည်။ ထိုနှစ်ယောက်က တိတ်တဆိတ်ဝမ်းသာနေကြသော်လည်း ရွှီဖန်းကြည့်လိုက်ပြီးနောက် ပျာယာခတ်သွားကြသည်။
ချီးပဲ!
ရွှီဖန်း စိတ်ထဲကနေ ဆဲရေးမိသည်။ ကိစ္စတွေက မရိုးရှင်းဘူးဟု ထင်မိသားပင်။ ထိုနှစ်ယောက်က တစ်ခုခု လုပ်ထားပြီးပြီဖြစ်သည်။
"ရှာတွေ့ပြီ၊ ဒီအစာတွေက တားမြစ်ထားတဲ့ဟာတွေ"
ထိုအချိန် ဂိုထောင်ထဲမှ အော်သံထွက်လာသည်။ ရွှီဖန်း လှည့်ကြည့်လိုက်တော့ အရာရှိတစ်ဦးက အစာအိတ်
တစ်အိတ်ကိုကိုင်ကာ လမ်းလျှောက်လာသည်။ကျန်
သည့်လူများလည်း အစစ်အဆေးကိုရပ်ကာ အမြန်ပြေးလာခဲ့ကြသည်။ ခေါင်းဆောင်သည် ထိုအစာအိတ်ကို လက်ညှိုးထိုး၍...
"မင်း ဘာပြောချင်သေးလဲ" ဟု အေးစက်စွာ မေးသည်။
ရွှီဖန်းက ချန်ကျင်းရှန်နှင့် သူ့သားကို အေးစက်စွာကြည့်၍ နှာမှုတ်လာသည်။
"ဘာရှင်းပြနိုင်တော့မှာလဲ၊ ကျွန်တော် ချောက်တွန်းခံရပြီပဲကို"
"ချောက်တွန်းခံရတယ်? ဟမ့်! ရယ်စရာပဲ! တစ်ယောက်ယောက်က ဒီအစာအိတ်ကို မင်းဆီမှာ ရယ်ရွယ်ချက်ရှိရှိ ထားသွားတယ်လို့ ပြောနေတာလား၊ ဒီအစာအိတ်က သူ့ခြေထောက်နဲ့သူ မင်းဆီရောက်လာတယ်လို့သာ ပြောလိုက်ပါတော့လား"
*******************