← Chapters

လူထုဒေါသကို နှိုးဆော်သည်

Vol. 7 Ch. 99

လူထုဒေါသကို နှိုးဆော်သည်

Vol. 7 Ch. 99

ခေါင်းဆောင်လုပ်သူက လှောင်ပြောင်ရင်း လက်ကို ဝှေ့ယမ်းလာသည်။

"သွား ဒီမှာရှိနေတဲ့ ပစ္စည်းကိရိယာတွေ အကုန်သိမ်းလိုက်၊ မင်းရဲ့ လုပ်ငန်းလိုင်စင်လည်း အသိမ်းခံရမယ်၊ အဲ့ဒီကြက်တွေကိုလည်း ယူပြီးဖျက်ဆီးလိုက်၊ ဒါမှ လူတွေကို မထိခိုက်မှာ"

ထိုလူ၏ဆုံးဖြတ်ချက်ကြောင့် အကုန်လုံးက ကျွတ်ညံကုန်ကြသည်။ ဘာဖြစ်တာလဲ။ သိထားရမည်မှာ ရွှီဖန်း၏ လုပ်ငန်းက အခုမှ လမ်းကြောင်းပေါ်ရောက်တာဖြစ်သည်။ အခု ကြက်တောင်မမွေးရသေးဘဲ အပိတ်ခံထိနေသည်။

ဟုန်ဖေးလည်း အမြန် ရှေ့ထွက်ကာ...

"ဟို ကျွန်တော်တစ်ခုတော့မေးချင်ပါတယ်၊ အရာရှိတို့ မှားနေသလားလို့ပါ၊ ဒီပြစ်ဒဏ်က တော်တော်လေး ပြင်းထန်လွန်းပါတယ်၊ ဒဏ်ငွေလောက်ဆိုရင်ရော ဘယ်လိုမြင်ပါလဲ"

"ဟားဟား"

ဟုန်ဖေး၏ စေ့စပ်ညှိနှိုင်းမှုအား တစ်ဖက်လူက ငြင်းဆိုခဲ့သည်။ သူက အေးစက်စက်ရယ်မော၍ မေးလာသည်။ 

"ဘာလဲ မင်းက ငါတို့ကို လာဘ်လာဘထိုးချင်တာလား၊ ဒီလိုကြက်ခြံမျိုးက လူတွေရဲ့လုံခြုံမှုအတွက် အန္တရာယ်များတယ်၊ အခုဖြေရှင်းထားမှ လူတွေကို ကာကွယ်ပြီးသားဖြစ်မှာ၊ ဖယ်စမ်း"

သူပြောပြီးသည်နှင့် အနောက်မှ အရာရှိများက ပစ္စည်းကိရိယာများကို ရွှေ့ရန် ရှေ့တက်လာကြသည်။ သူတို့က ပြတ်သားစွာဖြင့် ဘာမှ ထပ်ပြီး မဆွေးနွေးချင်ကြောင်း သိသာသည်။

လူအုပ်ကြီးထဲ၌ ချန်ကျင်းရှန်နှင့် သူ့သားမှာ ထိုမြင်ကွင်းကြောင့် အပျော်လွန်နေကြသည်။ ဒါ ပျော်စရာကောင်းပေသည်။

ရွှီဖန်း ရွှီဖန်း မင်း နောက်ဆုံးတော့ လဲကျရသေးတာပဲမလား။ 

ကြက်ခြံသာ အပိတ်ခံရပြီးလျှင် သူ ဘာနဲ့ပိုက်ဆံရှာမလဲ သိချင်သေး၏။

"ဒီနေ့ ပစ္စည်းတွေကို ဘယ်သူရွှေ့ရဲလဲ ငါကြည့်ဦးမယ်"

ချန်ကျင်းရှန်တို့ သားအဖအော်နေတုန်း အော်သံအကျယ်ကြီးက ထွက်ပေါ်လာသည်။ ရွှီဖန်းသည် ထိုအရာရှိများအား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူ့ဆီမှ ထွက်ပေါ်နေသည့် ကြောက်စရာကောင်းသော အော်ရာများကြောင့် ဘယ်သူမှ မလှုပ်ရဲ ဖြစ်သွားကြသည်။

"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ ဥပဒေကို ဟန့်တားဖို့ ကြိုးစားရင် ပိုပြီး အပြစ်မြောက်တယ်ဆိုတာ မင်းမသိဘူးလား"

ခေါင်းဆောင်က အပြစ်တင်နေသော်လည်း သူ့လေသံထဲ၌ လှောင်ပြောင်မှုအပြင် ကြောက်ရွံ့မှုပါ ရှိနေသည်။

ရွှီဖန်းက ခေါင်းဆောင်လုပ်သူအား စိုက်ကြည့်၍ ရယ်မောလာသည်။

"ကျွန်တော် ခင်ဗျားတို့ကို ထပ်ပြောမယ်၊ ဒီနေ့ ဘာပစ္စည်းမှ ထိဖို့မကြံနဲ့"

"ဟုတ်တယ်! မင်းတို့က လူတွေကို မတရားစွပ်စွဲနေကြတာ"

"ရွှီဖန်း မကြောက်နဲ့၊ ငါတို့မှာ လူတွေအများကြီးရှိတယ်၊ ဒီနေ့ မင်းပစ္စည်းတွေကို သူတို့ထိရဲတဲ့သတ္တိရှိရဲ့လား ကြည့်ရအောင်"

ထိုလူအများစုက ရွှီဖန်းနှင့် အလုပ်ဆွေးနွေးထားခဲ့သည့် အလုပ်သမားများဖြစ်သည်။ သူတို့က ဖွင့်ပြီးသားကြက်ခြံကြီးကို အဆုံးရှုံးမခံချင်ကြပေ။ သူတို့က ရွှီဖန်းအနောက်မှာ မတ်တပ်ရပ်လာကြကာ ဥပဒေရုံးမှလူများကို ဆဲဆိုနေကြသည်။

ထိုအချိန် ရွှီဖန်း၏ အနောက်၌ လူများစွာ ရှိနေလေသည်။ မတိုင်ခင်က ဘာမှဝင်မပြောခဲ့မိသည့်အတွက် သူတို့က ရှက်ရွံ့နေခဲ့ကာ အခု ပြေးလာကူကြခြင်းဖြစ်သည်။ ခေါင်းဆောင်မှာတော့ ကြောက်ရွံ့ကာ ခြေထောက်များပင် တုန်လာသည်။

"မင်းတို့ အားလုံးရူးသွားပြီလား၊ ဒုက္ခရှာရဲတယ်ပေါ့ ဟုတ်လား၊ မင်းတို့အကုန်လုံးကို ရဲဖမ်းခိုင်းမယ်ဆိုတာ ယုံလား"

"ကောင်းတယ် လာဖမ်းကြည့်စမ်းပါ၊ ငါတို့ကို ဖမ်းမမိခင် မင်းကို သေအောင်အရင်ရိုက်ပစ်မယ်"

ခြိမ်းခြောက်မှုက အသုံးမဝင်ဘဲ လူတိုင်းကို ပိုပြီး ဒေါသထွက်စေမှန်း ခေါင်းဆောင်က သတိထားမိသွားသည်။ သူ ရွှီဖန်းအား ထိတ်လန့်စွာ ကြည့်ရင်း...

"ကောင်လေး မင်းအရမ်းမမောက်မာနဲ့"

ရွှီဖန်းက လက်ကိုဝှေ့ယမ်းကာ အားလုံးကို တိတ်ကြဖို့ အချက်ပြလိုက်သည်။

"မိတ်ဆွေ ခင်ဗျား ကျွန်တော့်ကို အပြစ်လာတင်လို့မရဘူး"

ထိုသို့ပြောပြီးနောက် ရွှီဖန်းသည် ဖုန်းကိုထုတ်ကာ ကျန်းကျီဆီ ခေါ်လိုက်သည်။ အခုအချိန်မှာ ဒီကိစ္စဖြေရှင်းရန်အတွက် သူ့ကို အကူအညီတောင်းရုံကလွဲပြီးတတ်နိုင်တာမရှိပေ။ 

ရွှီဖန်း ဖုန်းခေါ်နေတာမြင်တော့ ခေါင်းဆောင်က အနည်းငယ် ကြောက်လန့်သွားသည်။ ရွှီဖန်းက သူတို့ကို ရိုက်ရန် လူခေါ်နေသည်ဟု ထင်မိတာကြောင့် တုန်တုန်ယင်ယင်ဖြင့်....

"မင်း ဘယ်သူ့ကိုခေါ်နေတာလဲ၊ ငါပြောမယ် မင်း သူများတွေကို ကြိုက်သလို ရိုက်နှက်တာက တရားမဝင်ဘူးနော်"

ထိုလူ၏ ကြောက်ရွံ့နေသည့် အမူအရာကြောင့် ရွှီဖန်း မျက်လုံးလှိမ့်လိုက်မိသည်။ သူက လူတွေကို ပေါ့ပေါ့တန်တန်သဘောထားပြီး ရိုက်နေကြ လူဆိုးနဲ့တူနေလို့လား။

"ဟယ်လို ဦးစီးကျန်းလား"

နောက်ဆုံးတော့ တစ်ဖက်က ဖုန်းကိုင်လေပြီ။ ရွှီဖန်း၏ ခေါ်သံကြောင့် ခေါင်းဆောင်လုပ်သူက အံ့သြသွားခဲ့သည်။

ဘာ! သူက ဘယ်လိုလုပ်ပြီး ဦးစီးကျန်းကို သိနေတာလဲ။

ရွှီဖန်းက တစ်ဖက်လူနှင့် စကားပြောနေတုန်းပင်။ ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ ငါ အထင်မှားနေတာပဲနေမှာပါ ဟုတ်တယ်မလား။

ထိုအချိန် ရွှီဖန်းက ဖုန်းကို နားမှ ခွာကာ 'ပြောလိုက်'ဆိုပြီး သူ့ကို ကမ်းပေးလာသည်။ 

ခေါင်းဆောင် အံ့သြသွားရသည်။ ဖုန်းလက်ခံပြီးပြီးချင်းမှာ ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသည်။ တစ်ကယ်ကို ဦးစီးကျန်းဖြစ်သည်။

"ဦးစီး ဦးစီးကျန်း ဘာဖြစ်လို့ပါလဲ"

သံပြားကို ကန်မိသည့်အလား ခေါင်းဆောင်၏ မျက်နှာမှာ ပူပန်မှုတို့ ရှိနေသည်။

"ဘာတွေဖြစ်နေတာလဲ၊ သူ့အကြောင်း ဘယ်သူသတင်းပေးတာလဲ မင်းသိလိုက်လား"

ဒါကိုကြားတော့ ခေါင်းဆောင်ဆိုသည့်လူကလည်း ကြောက်သွာကာ...

"ဦး ဦးစီးကျန်း ဒါက အမည်မသိဖုန်းခေါ်မှုပါ၊ ပြီးတော့ သက်သေတစ်ခုလည်း ရှာတွေ့ခဲ့တယ်"

"သက်သေဟုတ်လား၊ အစာတစ်ထုပ်လေးကို သက်သေလို့ သတ်မှတ်လိုက်ရောလား၊ ကြက်ခြံက အကြီးကြီးကို ကြက်တစ်ကောင်ပဲ မွေးမယ်လို့ မင်းထင်နေတာလား၊ ကျေးဇူးပြုပြီး ဦးနှောက်သုံးကြဖို့ ငါတောင်းဆိုချင်တယ် ဟုတ်ပြီလား"

"ကျွန်တော်..."

ခေါင်းဆောင်လည်း မှားသွားပြီဟု ခံစားလိုက်ရသည်။ ကျန်းကျီပြောတာ မှန်ပေသည်။ တစ်ယောက်ယောက်က ရွှီဖန်းကို ချောက်တွန်းထားသည့်ပုံပင်။

"စကားပြောတာရပ်ပြီး ရွှီဖန်းကို မြန်မြန်တောင်းပန်လိုက်၊ ဘယ်လူတော်ကများ ငါတို့ အဖွဲ့အစည်းကို အရှက်ရအောင်လုပ်လို့လဲ၊ မေ့လိုက်တော့...မြန်

မြန်တောင်းပန်ပြီး ပြန်လာခဲ့"

ကျန်းကျီက ပြောချင်တာပြော၍ ချက်ချင်း ဖုန်းချသွားသည်။ သူသဘောထားက ငြင်းဆိုခွင့်မရှိဘူးဟု ပြောလိုက်သည်နှင့် တူပေသည်။ ခေါင်းဆောင်လုပ်သူမှာ ချွေးတွေကို သုတ်၍ ဖုန်းကို ရွှီဖန်းဆီ ပြန်

ပေးလိုက်သည်။

"တောင်းပန်ပါတယ်၊ ငါမှားသွားပါတယ်"

ရွှီဖန်းနှင့် ကျန်းကျီတို့ကြားမှ ဆက်ဆံရေးကြောင့် ခေါင်းဆောင်၏ သဘောထားက ပို၍ ဖော်ရွေလာသည်။ ရွှီဖန်းကတော့ ရယ်စရာကောင်းသည်ဟု ခံစားရသည်။

"ဘာဖြစ်သွားတာလဲ၊ ခုနကပဲ ကျွန်တော့်ကြက်ခြံကို ပိတ်ချင်နေတာမဟုတ်ဘူးလား"

ရွှီဖန်းက ထိုအဖြစ်အပျက်ကြောင့် ဒေါသထွက်နေတုန်းပင်။ ခေါင်းဆောင်က အနည်းငယ်ရှက်သွားရပြီး...

"အိုး နားလည်မှု လွဲသွားတာပါ၊ ဒီတစ်ကြိမ် ငါတို့က ရူးနေလို့ပဲ ဖြစ်ရမယ်၊ ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့"

ရွှီဖန်းက သူ့ကိုယ့်သူ နှိမ့်ချရန် မစီစဥ်ထားချေ။ အခု ကိစ္စတွေလည်း ဖြေရှင်းပြီးပြီဖြစ်၍...

"ကောင်းပြီ ကျွန်တော်လည်း နောက်နေတာပါ၊ ဒါပေမယ့် အနာဂါတ်မှာ ခင်ဗျားတို့ သေချာစုံစမ်းစစ်ဆေးကြမယ်လို့တော့ မျှော်လင့်ပါတယ်"

"အိုက်! ကျေးဇူးပါ ကျေးဇူးပါပဲ၊ ဒါဆို အရင်သွားနှင့်လိုက်ဦးမယ် ညီလေး"

ရွှီဖန်းက ခွင့်လွှတ်ပေးခဲ့တာကြောင့် ခေါင်းဆောင်သည် သူ့လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းကာ ပြန်ဖို့ ပြောခဲ့သည်။ 

"ဟားဟား ရွှီဖန်း မင်း ကျန်းမာရေးဌာနက ဦးစီးကျန်းနဲ့ သိနေမယ်လို့ ငါမထင်ထားဘူး"

အခု ပြဿနာတွေ ပြေလည်သွားခဲ့တာကြောင့် အားလုံး သက်ပြင်းချမိကြသည်။ လူအုပ်ကြီးထဲသို့ ရွှီဖန်းကြည့်လိုက်ရာ တိတ်တဆိတ်ခိုးထွက်ရန်ပြင်နေသည့် နှစ်ယောက်ကို တွေ့လိုက်ရသည်။ သူအေးစက်စွာ အော်ခေါ်လိုက်သည်။

"လက်ထောက်ချန်း ဘာလို့ နှစ်ယောက်သား မြန်မြန်ကြီး အိမ်ပြန်ဖို့ လုပ်နေတာလဲ"

"အာ...ဒါက"

ရွှီဖန်း၏အမေးကြောင့် အကုန်လုံးက ချန်ကျင်းရှန်တို့ကို ကြည့်လာကြသည်။ ချန်ကျင်းရှန်မှာ အပြစ်လုပ်ထားခဲ့တာကြောင့် လက်ကိုပင် ဘယ်နေရာမှာ ထားရမည်မှန်းမသိခဲ့ပေ။

"ဟဲဟဲ နေ့လည်ပဲ ရောက်တော့မယ်လေ၊ မိန်းမဖြစ်သူက အိမ်မှာ ထမင်းပြန်စားဖို့ခေါ်နေပြီ၊ ရှောင်ကျွင်း အဖေတို့ မြန်မြန် ပြန်ကြရအောင်"

********************

All Chapters