← Chapters

ရှောင်းချောင်ကို ခွင့်မလွှတ်ဘူး

Vol. 7 Ch. 100

ရှောင်းချောင်ကို ခွင့်မလွှတ်ဘူး

Vol. 7 Ch. 100

"ရပ်!"

ချန်ကျင်းရှန်မှာ ထိုအခြေအနေကြောင့် ချော်ကျလုမတတ်ပင် အမြန်ပြေးရန် လုပ်နေသည်။ ထိုအချိန် ရွှီဖန်း၏ အော်သံကို ကြားလိုက်ရသည်။

ချန်ကျင်းရှန် ဒေါသလည်းထွက်သွားသလို တုန်လည်းတုန်ယင်ကာ နောက်ကျောမှ ချွေးများ စီးကျလာသည်။

"ရွှီ ရွှီဖန်း မင်း မလွန်လာနဲ့၊ ငါ ရဲခေါ်ပစ်မယ်"

"ရဲကို ခေါ်မယ်ဟုတ်လား"

ရွှီဖန်း ရယ်မော၍ အစာထုပ်ကို ချန်ကျင်းရှန် ခြေထောက်နားသို့ ပစ်ချလိုက်သည်။ 

"ကောင်းပြီလေ ရဲကို ဖုန်းဆက်လိုက်၊ အဲ့ဒီအချိန်ကျ ဒီအစာအိတ်အကြောင်း ခင်ဗျား သူတို့ကို ဘယ်လိုရှင်းပြမလဲ ကြည့်ချင်သေးတယ်"

"မင်း ဒီအစာထုပ်ကို ငါတို့ယူလာတယ်ဆိုပြီး မင်းမှာ ပြောခွင့်ရှိလို့လား၊ မင်းမှာ သက်သေရှိလို့လား"

"သက်သေအကြောင်း ပြောစရာလိုလို့လား"

"ရွာထဲက လူတိုင်းသိတယ်၊ ရွှီဖန်းနဲ့ ပတ်သက်ဖူးတာဆိုလို့ မင်းကလွဲပြီး ဘယ်သူရှိသေးလို့လဲ"

"ဟုတ်ပ ချန်ကျင်းရှန်! မင်းဆိုတဲ့ဟာကတော့ မဟုတ်တော့ဘူး၊ ရွှီဖန်းက ငါတို့ကို ချမ်းသာအောင် လုပ်ပေးနေတာ၊ မင်း အခု ဘာလုပ်လိုက်လဲ ကြည့်ဦး"

ရွှီဖန်းဘက်က ခွန်းတုံ့မပြန်ခင်မှာ ရွာသားများက စတင် ဆဲရေးလာကြသည်။ ချန်ကျင်းရှန်က ရွှီဖန်းကို ပစ်မှတ်ထားနေတာ သူတို့သိသည်။ ဒီကိစ္စကို စလုပ်ခဲ့တာ သူမှလွဲ၍ တခြားလူမရှိနိုင်ပေ။

ချိုးဆုအာနှင့် တချို့ရွာသားတွေဆို မြေကြီးပေါ်မှကျောက်တုံးအသေးများကို ကောက်ကာ ချန်ကျင်းရှန်ကို ပစ်ပေါက်နေ၏။

ချန်ကျင်းရှန်နှင့် ချန်ရှောင်ကျွင်းမှာ ရေနစ်နေသောခွေးများကဲ့သို့ ရွာသားများဆီမှ အရိုက်ခံခဲ့ရသည်။ သူတို့က ဖော်ပြ၍မရနိုင်လောက်သည့် သနားစရာအကြည့်များဖြင့် အော်ဟစ်နေကြသည်။

ရွှီဖန်းသာ သူတို့ကို မတားလိုက်လျှင် သေသည်အထိ ရွာသားများဆီမှ အရိုက်ခံရနိုင်သည်။ ရွှီဖန်းက အမြန်ပင် ရွာသားများကို ရပ်ရန် အချက်ပြလိုက်သည်။

"ချန်ကျင်းရှန် ခင်ဗျား ရိုးသားတာ ပိုကောင်းမယ်၊ ဒီတစ်ခါကရော ဘယ်သူက လာခိုင်းတာလဲ"

ယခင်က အိမ်၏အနောက်တောင်ပေါ်၌ သစ်သီးများ စိုက်တုန်းကလည်း ချန်းကျင်းရှန်က သူ့ဘာသူလာပြီး ဒုက္ခလာရှာလေသည်။ နောက်ဆုံးတစ်ကြိမ် သင်ခန်းစာပေးပြီးကတည်းက သူ့ကို လှည့်စားတာမျိုးတွေ ထပ်လုပ်လာရဲဦးမည်ဟု သူမထင်ထားခဲ့ပေ။

သို့သော်ငြား ချန်ကျင်းရှန်သည် သေလုနီးပါး အရိုက်

ခံထားရသော်ငြား ဝန်ခံရန် ငြင်းဆန်နေ၏။ အချိန်

အတော်ကြာ အရိုက်ခံထားရတာကြောင့် သူ့စိတ်က ကမောက်ကမဖြစ်နေသည်။

"ဟဲဟဲ ရွှီဖန်း ဒီကိစ္စကို ငါကိုယ်တိုင် လုပ်ခဲ့တာပဲ၊ မင်း ဒါနဲ့ပတ်သက်ပြီး ဘာလုပ်နိုင်မှာလဲ၊ မင်းမှာ သတ္တိရှိရင် ငါ့ကို သေတဲ့အထိ ရိုက်သွားလိုက်!"

ချန်ကျင်းရှန်က ဒီတစ်ကြိမ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသည့်ပုံပင်။ ရွှီဖန်းသည် ထိုလူဆီမှ အမှန်တရားကို သိရန် မဖြစ်နိုင်တာကြောင့် ချန်ရှောင်ကျွင်းဆီ အကြည့်ရွှေ့လိုက်သည်။

ရွှီဖန်း၏အကြည့်က သူ့အပေါ်ရောက်လာတာကြောင့် ချန်ရှောင်ကျွင်းလည်း ကြောက်ရွံ့တုန်လှုပ်သွားသည်။ ရွှီဖန်းက စိုက်ကြည့်နေတာကြောင့် သူတံတွေးကို မြိုချကာ...

"ရွှီဖန်း ငါတို့က တစ်ရွာတည်းသားတွေနော် မလွန်လာနဲ့"

"ဟားဟား"

ရွှီဖန်း လှောင်ပြောင်လိုက်သည်။

"ချန်ရှောင်ကျွင်း ငါ မင်းတို့ သားအဖနှစ်ယောက်ကို ခွင့်လွှတ်ထားပေးပြီးသား၊ မင်းတို့က ငါ့စကားတွေကို လျစ်လျူရှုခဲ့တယ်၊ ငါ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ရမယ်ဆိုပြီး မင်းတို့ထင်နေတယ်လို့ ငါ့ကိုလာမပြောနဲ့"

ရွှီဖန်းပြောပြီးသည်နှင့် သူ့ခေါင်းကိုနှိမ့်၍ လက်သီးဆုပ်ကာ ချန်ရှောင်ကျွင်းဆီ လျှောက်သွားလိုက်သည်။

ချန်ရှောင်ကျွင်း၏မျက်နှာက လူတိုင်းဆီမှ ထုထောင်းခံထားရတာကြောင့် အတွင်းကြေဒဏ်ရာများ ပြည့်နေသည်။ ရွှီဖန်းသာ ထပ်ရိုက်ပါက သူ့အသက်တစ်ဝက်ပင် ဆုံးရှုံးရပေလိမ့်မည်။

"မလုပ်နဲ့! ငါ ပြောမယ် ပြောပါ့မယ်"

ချန်ရှောင်ကျွင်းက ချန်ကျင်းရှန်လောက် မပါးနပ်ပေ။ ရွှီဖန်းတစ်ယောက် ရူးသွားပြီး သူ့ကိုရိုက်ကာ ဝန်ခံခိုင်းလာသည်အထိ သူမစောင့်ရဲပေ။ 

သူက မဆိုင်းမတွပင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြခဲ့သည်။

"ဟုတ်တယ် ဒါက မြွေစိမ်းဂိုဏ်းက ရှောင်းချောင် လုပ်ခိုင်းခဲ့တာပါ၊ မြွေစိမ်းဂိုဏ်းက ငါနဲ့ ငါ့အဖေကို ဖိအားပေးခဲ့တာ၊ ရွှီဖန်း ငါတို့ သားအဖက မင်းကို မဆန့်ကျင်ချင်ပါဘူး"

"ရှောင်းချောင်"

ထိုစကားလုံးနှစ်လုံးကို ကြားသည့်အခါ ရွှီဖန်း မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။

ဒီရှောင်းချောင်ဆိုသည့်မိန်းမက သူ့ကို တစ်ကယ် ရန်လိုနေတာပင်။ ချန်ကျင်းရှန်နှင့် ချန်ရှောင်ကျွင်းက သူ့ဆီမှ သင်ခန်းစာ ပေးခံထားရပြီးပြီဖြစ်သည်။ မြွေစိမ်းဂိုဏ်း၏တွန်းအားမပါလျှင် သူတို့ လုပ်ရဲသည့် အကြောင်းအရင်းမရှိပေ။

"ဟက်!"

တရားခံက မြွေစိမ်းဂိုဏ်းက ရှောင်းချောင်ဖြစ်နေသည်။

ဒီမိန်းမက တစ်ကယ်ကို အရူးမပင်။ သူမကိုယ်သူမသတ်သေဖို့ လျှာကိုက်ထားရင်တောင်မှ ဘယ်လောက်ပဲနာနာ မသေမချင်း လျှာကို မလွှတ်မည့် မိန်းမမျိုးပင်။

ရွှီဖန်း တွေးရင်းဖြင့် ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ မြွေစိမ်းဂိုဏ်းဆိုသည့် အဖုအကျိတ်လိုအရာမျိုးကို အမြစ်မကျန်အောင် ဖျောက်ပစ်ရမည်ဟု သူစိတ်ထဲမှာ ကျိန်ဆိုခဲ့သည်။

အချိန်ရောက်လာလျှင် ရှောင်းချောင်၏တင်ပါးက ရွှီဖန်း ရိုက်နှက်ခြင်းကြောင့် ယောင်ယမ်းရပေလိမ့်မည်။

ချန်ကျင်းရှန်တို့ သားအဖနှစ်ယောက်ကတော့ ပြစ်ဒဏ်အနေဖြင့် ရွာသားများ၏ ရိုက်နှက်ခြင်းကို ခံထားရပြီးပြီဖြစ်သည်။ သူတို့အဆင့်လိုမျိုးထိ ရောက်အောင် ရွှီဖန်းက ကိုယ့်ကိုယ်ကို တန်းမနှိမ့်ပေ။ ဒါကြောင့် သူတို့နှစ်ယောက်ကို မြန်မြန်ထွက်ပြေးအောင်သာ ကန်ထုတ်ပေးလိုက်သည်။

အခု တစ်ရွာလုံးနီးပါးက ရွှီဖန်းဘက်မှာ ရှိနေတာကြောင့် ချန်ကျင်းရှန်တို့သားအဖနှစ်ယောက်ကလည်း ကြာကြာမနေရဲကြပေ။ ထွက်သွားနိုင်ကြောင်းကြားသည်နှင့် မီးခိုးငွေ့ကဲ့သို့ပင် ခြေရာတောင် မချန်ဘဲ ထွက်ပြေးသွားတော့သည်။

"ရွှီဖန်း ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ၊ နောက်

တစ်ကြိမ် ထပ်လုပ်ရင် ဘယ်လိုလုပ်မလဲ"

"ဟုတ်တယ် ချန်ကျင်းရှန်က ကြောက်စရာကောင်းတဲ့လူပဲ၊ နောက်တစ်ခါ ပြန်ပြီး လက်စားချေနေလိမ့်မယ်"

"ငါတို့ ဒီနွားကို သင်ခန်းစာတောင်မပေးရသေးဘူး"

လူတစ်စုက ညည်းညူနေကြသည်။ ရွှီဖန်း မျက်လုံးလှိမ့်မိတော့သည်။ ခင်ဗျားတို့ရိုက်တာ သူတို့ သေတောင်သေတော့မှာကို သင်ခန်းစာမပေးရသေးဘူး ဟုတ်လား။

သို့သော် လူတိုင်းမေးလာသည့် မေးခွန်းများကြောင့် ရွှီဖန်းလည်း အတွေးဝင်သွားရသည်။

ကြက်ခြံက မလုံခြုံသေးပေ။ ဒီနေ့ ချန်ကျင်းရှန်တို့က ခိုးဝင်လာပြီး အစာတစ်အိတ်လာထားခဲ့သလိုမျိုး မြွေစိမ်းဂိုဏ်းက နောက်တစ်နေ့မှာ အဆိပ်တောင် လာကျွေးနိုင်ပေသည်။ သူ့မှာလည်း လုပ်စရာများစွာရှိတာကြောင့် ကြက်ခြံကို အမြဲစောင့်ကြပ်နေဖို့ မဖြစ်နိုင်ပေ။  အိပ်မှ ဘူးသီးလုံးတစ်ချို့ကို ယူလာတော့မှ ဖြစ်မည်။

ရက်အနည်းငယ်ကြာတော့ ကြက်ခြံကလည်း ကောင်းစွာ လည်ပတ်နေကာ လမ်းကြောင်းမှန်ပေါ် ရောက်နေလေပြီ။

ချိုးဆုအာကို ကြက်ခြံ၏ ဒါရိုက်တာအဖြစ် ရွှီဖန်းက ခန့်အပ်ထားခဲ့တာကြောင့် သူမကလည်း ရွှီဖန်း၏ယုံကြည်မှုကို စိတ်ပျက်အောင် မလုပ်ချင်ခဲ့ပေ။

နဂိုကတည်းက ကြက်မွေးမြူသည့် အတွေ့အကြုံရှိသော သူမက ကျောက်ဟွာ​ဆီမှာလည်း အခုလက်ရှိ နည်းပညာများကို သင်ယူခဲ့သေးသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ကြိုးပမ်းအားထုတ်မှုက အလဟဿမဖြစ်ခဲ့ပေ။ ကြက်ခြံထဲရှိ ကြက်များက အလွန်ကောင်းမွန်သော အရှိန်နှုန်းဖြင့် ကြီးထွားလာသည်ကို တွေ့မြင်နိုင်ပေသည်။ 

ကျောက်ဟွာ၏ ကြက်မွေးမြူရေးနည်းလမ်းများကြောင့်အပြင် ရွှီဖန်းယူလာသည့် မြက်များနှင့်လည်း သက်ဆိုင်မည်ဟု ချိုးဆုအာ ထင်သည်။ ရွှီဖန်း၏မြက်တွေက ဘာလို့ အကျိုးသက်ရောက်မှုအကောင်းတွေ ရှိနေလဲ သူမ မသိသော်ငြား ဝမ်းမြောက်နေခဲ့သည်။

ရွှီဖန်းက ဤနှစ်များတစ်လျှောက် သူမကို ကောင်းကောင်းဆက်ဆံပေးခဲ့သော တစ်ဦးတည်းသော အမျိုးသားဖြစ်သည်။ သူမ၏နှလုံးသားကို သူ့ဆီ ပေးအပ်ထားပြီးသားဖြစ်သည်။

ရွှီဖန်း အဆင်ပြေနေသ၍ သူမ ဘာကိုမှ ဂရုမစိုက်ပါချေ။ 

မိုးမှောင်လာပြီဖြစ်၍ ဝန်ထမ်းအများစုသည် အနားယူရန် အဆောင်ကို သွားကြတော့သည်။ ချိုးဆုအာသည်လည်း ပမာဏရေတွက်ပြီးနောက် ဥဖောက်ရုံထဲမှ  ထွက်လာခဲ့သည်။ သူမ ထွက်လာသည်နှင့် အနက်ရောင်အရိပ်ကလည်း ပေါ်လာကာ သူမကို ပွေ့ဖက်လာသည်။

"ကယ်!"

ထိုအခိုက်အတန့်၌ ချိုးဆုအာ၏နှလုံးမှာ တင်းကြပ်သွားခဲ့သည်။ ရွာထဲက လူဆိုးတစ်ယောက်ယောက်က သူမအပေါ်၌ တစ်ခုခုကြံစည်ရန် အမှောင်ကိုအခွင့်ကောင်းယူချင်နေတာလားမသိနိုင်ပေ။

ရွှီဖန်း၏ ခွေးတွေကို သူမ အော်ဟစ်ပြီး အကူအညီမတောင်းခင်မှာ အနောက်ကလူက သူမပါးစပ်ကို ပိတ်လာသည်။

"ရှူး! အစ်မဆုအာ ကျွန်တော် ရွှီဖန်းပါ"

".............."

အဆုံးမှာတော့ ရွှီဖန်းက သူမကို လှည့်စားနေခြင်းသာ။ ရွှီဖန်း၏ လက်ကို ထိတွေ့ကာ အတည်ပြုပြီးမှာ ချိုးဆုအာသည် မျက်နှာနီရဲလာကာ စတင်၍ အပြစ်တင်

လာခဲ့သည်။ 

"ရွှီဖန်း မင်းကလေ အရမ်းဆိုးတာပဲ၊ အစ်မကို ဘယ်လိုအနိုင်ကျင့်ရမလဲပဲ သိတယ်"

*********************

All Chapters