ချိုးဆုအာ၏အသိပညာ
Vol. 7 Ch. 101
ရွှီဖန်းကတော့ ရှက်ရွံ့မှုကို လုံးဝမခံစားရပေ။ ချိုးဆုအာ၏မျက်နှာအနားကို သူတိုးကပ်ရင်း ခပ်ဆိုးဆိုးပြုံးကာ နားထဲကို လေမှုတ်လိုက်သည်။
"ဟဲဟဲ အစ်မဆုအာ မိန်းကလေးတွေက မကြိုက်ရင် ယောကျ်ားတွေက မဆိုးပါဘူး၊ ဒါပေမယ့် အစ်မက ကျွန်တော်ဆိုးတာကို ကြိုက်တယ်မဟုတ်လား"
စကားပြောနေရင်းဖြင့် သူ့လက်မောင်းဖြင့် ချိုးဆုအာကို ဖက်ကာ အခွင့်ကောင်းယူလိုက်သည်။ လက်ရှိအချိန်၌ ကြက်ခြံထဲရှိ အလုပ်သမားအကုန်လုံးက ထွက်သွားကြပြီး ရွှီဖန်းနှင့် သူ၏ မိန်းကလေးမန်နေဂျာသာ ကျန်ရှိနေသည်။ ရွှီဖန်းက အလွန် ရဲတင်းလွန်းတာကြောင့် ချိုးဆုအာကို အသက်ရှူမဝဖြစ်စေသည်။
ချိုးဆုအာသည် အသက်ရှူကြပ်လာတာကြောင့် ရွှီဖန်းကို မနာကျင်စေမည့် အင်အားမျိုးဖြင့် လွတ်မြောက်ရန် ရုန်းကန်နေသည်။
"ရွှီဖန်း မရှုပ်နဲ့တော့၊ အစ်မ ဒေါသထွက်တော့မှာနော်"
သူမစကားကိုကြားသော်ငြား ရွှီဖန်းသည် မကြောက်သွားဘဲ ပိုပြီးသတ္တိရှိလာသည်။ သိပ်မကြာလိုက်ပေ၊ ချိုးဆုအာမှာ ပျော့ခွေလာတော့သည်။
ချိုးဆုအာသည် သူမ၏ ကြီးမားသောမျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်၍ ရွှီဖန်းကို သနားချင်စိတ်ပေါက်အောင် ကြည့်နေသည်။ သူမ မျက်နှာပျက်ရမပျက်ရ စိတ်မဝင်စားတော့ဘဲ တောင်းပန်လာသည်။
"လိမ္မာတဲ့ယောကျ်ား ဆုအာ တောင်းပန်ပါတယ်၊ မလုပ်ပါနဲ့တော့နော်၊ ဆုအာ မခံနိုင်တော့ဘူး"
စောနက လေမှုတ်ထုတ်ထားသည့် သူမ၏နားကို ရွှီဖန်း ကိုက်ခဲကာ ကျီစယ်သော အပြုံးဖြင့်....
"ဒါဆို အနာဂါတ်မှာ အစ်မယောကျ်ားကို ဆိုးတယ်လို့ ပြောရဲသေးလား"
"ဟမ်...အာ... မဟုတ် အစ်မ မပြောရဲတော့ပါဘူး"
မူလက ရွှီဖန်းစနောက်ခြင်းကို ပြန်ပြီး ခုခံချင်ခဲ့သော်ငြား သူထပ်ပြီး စနောက်မှာစိုး၍ တောင်းပဲ တောင်းပန်မိသည်။ ရွှီဖန်းက ရယ်မောကာ ချိုးဆုအာကို မင်းသမီးလို ပွေ့ချီသည်။
ချိုးဆုအာ ကြောက်လန့်သွားရကာ....
"ရွှီဖန်း ဘာလုပ်တာလဲ"
ရွှီဖန်းက သူမမျက်နှာကို နမ်း၍ နှုတ်ခမ်းစောင်းကာ ပြုံးလာသည်။
"ဘာလုပ်ရမှာလဲ၊ ကျွန်တော့်မိန်းမကို ချစ်တော့ သူ့ကို အခန်းထဲ သယ်သွားပေးနေတာလေ"
ရွှီဖန်းက ရယ်မောရင်းဖြင့် ချိုးဆုအာကို သူမအဆောင်ခန်းသို့ ပွေ့ချီ၍ ခေါ်သွားသည်။ ဘာပဲဖြစ်ဖြစ် မှောင်နေပြီဖြစ်တာကြောင့် ဘယ်သူကမှလည်း မတွေ့နိုင်ပေ။
ရွှီဖန်းက သူမကို ကောင်းမွန်စွာ ဆက်ဆံပေးနေတာကြောင့် သူမ စိတ်ထဲ မထိသွားဘူးဆိုတာ မဖြစ်နိုင်
ချေ။ ချိုးဆုအာသည် အထင်သေးသောလေသံဖြင့် ပြုံးရွှင်စွာ ပြောလာသည်။
"ဟမ့်! အခန်းက အဝေးကြီးပဲ၊ အဲ့ဒီထိ သယ်နိုင်မယ်လို့ မထင်ပါဘူးနော်"
ရွှီဖန်းက ရယ်မောလာသည်။
"ဘာကိုကြောက်နေတာလဲ၊ ကျွန်တော့်အတွက် အစ်မလက်တွေ နာကျင်ခဲ့ရဖူးလို့ ဒီတစ်ကြိမ် ဘာတွေဖြစ်ဦးမလဲ စိတ်ပူနေတာလား"
ရွှီဖန်းဆိုလိုသည့်အရာကို ချိုးဆုအာ နားလည်ပေသည်။ သူမစိတ်ထဲ၌ လုံလုံလောက်လောက် မရက်စက်ခဲ့မိသည့်အတွက် ညည်းတွားနေမိသည်။ သို့သော် ရွှီဖန်းက နာကျင်မှုကို တောင့်ခံနေရတာမြင်
တိုင်းလည်း သူမ မခံစားနိုင်ချေ။
အိုက်ယား...ရှက်ဖို့ကောင်းလိုက်တာ။
တွေးလေတွေးလေ ပိုပြီးရှက်လာတာကြောင့် သူမ၏မျက်နှာကို ရွှီဖန်း၏ရင်အုပ်ထဲသာ နစ်မြုပ်ထားမိသည်။
ချိုးဆုအာ၏ ခန္ဓာကိုယ်ကို သယ်ဆောင်ရသည်က ရွှီဖန်းအတွက် ပြဿနာမဟုတ်ပေ။ လမ်းတစ်လျှောက် သူမဆီမှ အမွှေးရနံ့ကြောင့် သူအလွန် စိတ်လှုပ်ရှားနေခဲ့သည်။
ရွှီဖန်း၏ မရိုးသားသော လက်များက သူမခန္ဓာကိုယ်ပေါ်မှာ လျှောက်သွားနေတာကို ချိုးဆုအာ ခံစားမိသော်လည်း မတိုင်ခင်ကလိုမျိုး မငြင်းဆန်ခဲ့ပေ။ ထိုအစား ရွှီဖန်း၏လည်ပင်းကိုသာ ညင်သာစွာ ပြန်ဖက်၍ ပျော်ရွှင်မှုကို ခံစားနေသည်။
မကြာခင်မှာ သူတို့အဆောင်ရှေ့ကို ရောက်လာသည်။ ဘယ်သူမှ မမြင်နိုင်မှန်း သိသော်ငြား ချိုးဆုအာသည် ရှက်ရှက်ဖြင့် ရွှီဖန်း၏ ပွေ့ဖက်မှုမှ ရုန်းထွက်ခဲ့သည်။
"ကောင်းပြီ အခု ဆင်းခွင့်ပြုတော့"
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် နားလည်ပြီးသားဖြစ်တာကြောင့် တခြားလူတွေနိုးလာမှာကို စိုးရိမ်မိကာ အသံအကျယ်ကြီး မထွက်ကြပေ။
ရွှီဖန်းသည် ချိုးဆုအာ၏ နူးညံ့သော လက်များကို ဆုပ်ကိုင်၍ ဆန္ဒအပြည့်ရှိနေသော အသံဖြင့် ပြောလိုက်သည်။
"အစ်မဆုအာရဲ့ အိပ်ရာက ကြီးတာပဲ၊ ဒီည ဒီည ကျွန်တော်တို့ တိုးဝှေ့ကြမလား"
ရွှီဖန်းက မထိန်းချုပ်နိုင်တော့ပေ။ သူ ချိုးဆုအာကို တော်တော်လေးချစ်မိသော်ငြား တိုးတက်မှုတို့ မရှိလာပေ။ သူ့ရဲ့ အထီးကျန်ဆန်မှုတွေကို သူမက တစ်ခါတစ်လေ ဖြေဖျောက်ပေးတတ်သော်ငြား အဲ့ဒီထက်ပို၍ သူမက သူနှင့် ပိုပြီး မရင်းနှီးလာပေ။ ဒီလိုညမျိုးကို ဖြုန်းတီးမိလျှင် တိရိစ္ဆာန်ထက်ပင် ဆိုးဝါးလိမ့်မည်ဟု ရွှီဖန်း ထင်မိသည်။
"ဖက်! ဘယ်သူက မင်းနဲ့ အိပ်ချင်လို့လဲနော်"
သို့သော် ချိုးဆုအာက ရွှီဖန်း၏ လက်ကို ရိုက်လာသည်။ ထို့နောက် ကလူသော အကြည့်ဖြင့် သူမ၏တင်ပါးကို လှည့်ကာ အခန်းထဲ ဝင်သွားတော့သည်။
ရွှီဖန်းမှာ လမ်းပျောက်သလို ခံစားလိုက်ရသည်။ သူအခု ဘယ်လိုလုပ်ရမှာလဲ။ မနည်းထိန်းချုပ်ထားရသည့်အရာကို တစ်ယောက်တည်း ဖြေရှင်းရမှာလား။
ရွှီဖန်း ဆိုးဆိုးဝါးဝါးတွေးနေစဥ် တံခါးနားမှာ ရပ်နေသေးသည့် ချိုးဆုအာက သူ့ကို စူးရဲစွာကြည့်၍ ပြောလာသည်။
"အရူးကောင် မြန်မြန် ဝင်လာခဲ့"
ချိုးဆုအာ၏ ခေါ်ဆောင်မှုကြောင့် ရွှီဖန်းစိတ်ထဲမှ အခိုးအငွေ့များက လွင့်စင်သွားခဲ့သည်။ သူမဆီသို့ သူပြေးသွားလိုက်သည်။
"ဘန်း!"
ရွှီဖန်းသည် တံခါးကိုလောခ့်ချကာ ချိုးဆုအာကို နံရံပေါ် ဖိလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကိုသုံးကာ စတင်စူးစမ်းတော့သည်။
ချိုးဆုအာသည်လည်း စိတ်လှုပ်ရှားကာ လှိုက်မောလာသည်။ ခဏအကြာမှာ ရွှီဖန်းကို သူမတွန်းလိုက်သည်။
သူမ ရှက်ရွံစွာပင် ရွှီဖန်းကို မျက်စောင်းထိုး၍ ဒေါသတကြီးပြောလိုက်သည်။
"အရူးကောင်လေး၊ ဘာလို့ အလျင်လိုနေတာလဲ၊ အစ်မက မင်းရဲ့ မိန်းမပါ ဟုတ်ပြီလား"
"ဟဲဟဲ"
ရွှီဖန်းလည်း ရှက်ရွံ့စွာဖြင့် သူ့လက်တွေကို ပွတ်သပ်မိသည်။
"ဒါကတော့ အစ်မဆုအာက အရမ်းလှနေတာကို"
အမျိုးသမီးများသည် ချီးကျူးခံရသည်ကို သဘောကျကာ ချိုးဆုအာလည်း ထပ်တူပင်ဖြစ်သည်။ သူမ ရွှီဖန်းကို မျက်စောင်းထိုးကာ အထဲဝင်လိုက်သည်။
"အရမ်းပူလွန်းတယ်၊ အစ်မ ရေအရင်ချိုးလိုက်ဦးမယ်"
ချိုးဆုအာ ရှက်နေတာကို ရွှီဖန်းက မသိခဲ့ပေ။ သူမက အရင်ဆုံး ရှောင်ထွက်လာကာ ရွှီဖန်းကို တစ်ယောက်တည်းထားခဲ့လေသည်။
ရေချိုးခန်းထဲမှာ ရေကျသံများက ရွှီဖန်း၏ရင်ကို တုန်လာစေသည်။ ရေချိုးခန်းတံခါးမှ လှပသည့်ပုံရိပ်လေးကြောင့် သူ မထိန်းနိုင်ဘဲ အထဲသို့ ပြေးလွှား၍ ဝင်သွားချင်ခဲ့သည်။ သို့သော်လည်း သူမ ထွက်လာမည်ကိုသာ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေလိုက်သည်။
အချိန်တစ်ခုလောက် စောင့်ပြီးနောက်မှာတော့ ချိုးဆုအာသည် ရေချိုးခန်းထဲမှ ထွက်လာတော့သည်။ သူမက ရေနွေးပူပူဖြင့် ရေချိုးထားတာကြောင့် ဒေါသထွက်နေသလိုမျိုး မျက်နှာက နီရဲနေသည်။
သူမက အဝတ်ပါးပါးတစ်ထည်ကို ဝတ်ဆင်ထားသေးတာကြောင့် ရွှီဖန်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ နောက်ပြီးရင်လဲ ချွတ်ရမှာပဲကို ဘာလို့ ဝတ်နေသေးတာလဲ ဟု သူတွေးနေမိသည်။ ဒုက္ခများလှပေသည်။
သို့သော်ငြား ရွှီဖန်းသည် စိတ်ထဲကနေသာ ညည်းညူရဲတာဖြစ်ပြီး အပြင်မှာ ထုတ်မပြောရဲပေ။ သူ ရယ်မောလိုက်ကာ...
"အစ်မဆုအာ အဲ့ဒီအဝတ်အစားတွေနဲ့ အရမ်းလှတယ်"
ချိုးဆုအာမှာ မျက်လုံးလှိမ့်မိတော့သည်။ ဒါက သာမာန် ညအိတ်ဝတ်စုံတွေပဲဖြစ်သည်။ ဒီကောင်လေးက လူတွေကို အရူးလာလုပ်နေတာပင်။
"ဟမ့်! လိမ်နေတာ ရပ်တော့၊ ဒီမှာပဲ အဆုံးသတ်ချင်လို့လား"
"ဟဲဟဲ ကျွန်တော်က လှရင် လှတယ်ပေါ့၊ အစ်မဆုအာ အင်္ကျီဝတ်ဝတ် မဝတ်ဝတ် အကုန်လှပြီးသား"
ပြောပြီးမှသာ ရွှီဖန်း နောင်တရသွားသည်။ ချိုးဆုအာ၏ ရှက်နေသည့် အမူအရာကြောင့် သူ ပြုံးပြရန်သာ တတ်နိုင်ခဲ့သည်။
ချိုးဆုအာက ကုတင်အစွန်းမှာ ထိုင်ချလိုက်တာကြောင့် ရွှီဖန်းကလည်း ရဲတင်းစွာပင် သူမဘေးမှာ ထိုင်ချလိုက်သည်။ မကြာလိုက်ပေ၊ ချိုးဆုအာက ခေါင်းကိုစောင်းကာ ရွှီဖန်း၏ ပုခုံးကို မှီလာသည်။ ရွှီဖန်းလည်း ပြုံး၍ သူမ၏ခါးကို ဖက်ထားလိုက်သည်။
သူ မဟုတ်တာလုပ်တော့မည့်အချိန်မှာမှ ချိုးဆုအာက မေးလာသည်။
"ရွှီဖန်း အစ်မကို စက်ဆုပ်ဖွယ်ကောင်းတဲ့မိန်းမလို့ ထင်လား"
ချိုးဆုအာ၏ နှလုံးသားက အထုံးများဖြင့် ပြည့်နှက်နေတာကြောင့် သူလည်း ဆက်မလုပ်ရက်တော့ပေ။ သူ ပြုံး၍...
"အစ်မဆုအာ ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ၊ ကျွန်တော့် နှလုံးသားထဲမှာတော့ အစ်မက ကောင်းမွန်တဲ့ အမျိုးသမီးပါ"
ချိုးဆုအာသည် နှစ်ပေါင်းများစွာ မုဆိုးမဖြစ်ခဲ့ရပြီး ဗိုင်းကောင်းကျောက်ဖိနေထိုင်ခဲ့သည်။ ထိုကဲ့သို့သောအမျိုးသမီးကို နှိမ့်ကျသည်ဟု မသတ်မှတ်နိုင်ပေ။
ရွှီဖန်းက ထိုအခေါ်အဝေါ်ကို လက်ခံရန် ဆန့်ကျင်ခဲ့သည့် ပထမဆုံးလူပင်။
*********************