မင်းအရမ်းကြင်နာတာပဲ
Vol. 7 Ch. 102
ချိုးဆုအာသည် ရွှီဖန်းကို စိုက်ကြည့်ရင်း ငြီးတွားနေသည်။
"ဘာကို စောင့်ရှောက်တာလဲ၊ နောက်ဆုံးတော့ မင်းလိုလူယုတ်မာလေးဆီက အခွင့်အရေးယူတာ ခံရသေးတာပဲကို"
ချိုးဆုအာက မနိုင်လို့ လွှတ်ထားလိုက်ရသည့်ပုံစံကို လုပ်နေတာကြောင့် ရွှီဖန်း အရှက်မဲ့စွာ ရယ်မောလိုက်သည်။
"ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်တင်လို့မရဘူး၊ အဲ့ဒီအစား ကျွန်တော့်ရဲ့ ဆွဲဆောင်မှုကိုပဲ အပြစ်တင်နိုင်
တယ်၊ အမျိုးသမီးတွေက ကျွန်တော့်ကို မလွန်ဆန်နိုင်ဘူးလေ"
"ဖာခ့်!"
ချိုးဆုအာလည်း ရွှီဖန်းကြောင့် ရယ်မောလာတော့သည်။ သူမ ရွှီဖန်းကို လေးလေးနက်နက်ကြည့်၍ ပြောလိုက်သည်။
"ရွှီဖန်း မင်းသိလား၊ အစ်မက လူတွေ အစ်မကို ဘယ်လိုထင်မြင်ကြမလဲ ဆိုတာ ဂရုမစိုက်ဘူး၊ အစ်မက စက်ဆုပ်ရွံရှာဖွယ်ကောင်းနေရင်တောင်မှ မင်းအပေါ်မှာပဲ အဲ့ဒီလိုအရာတွေ လုပ်မှာမလို့ သူတို့ သေအောင် ဒေါသထွက်ရလိမ့်မယ်"
ချိုးဆုအာဘက်မှ ထိုကဲ့သို့ ပြောလာကတည်းက ရွှီဖန်း နားမလည်ဘဲ မနေပေ။ သူ ဘာမှမပြောတော့ဘဲ ချိုးဆုအာကို အိပ်ရာပေါ်သို့ တွန်းချလိုက်သည်။
"နေဦး"
သို့သော် ရွှီဖန်း ဘာမှမလုပ်ရသေးခင်မှာ မတိုင်ခင်က ဆုံးဖြတ်ချက်ပြတ်သားနေခဲ့သည့် ချိုးဆုအာသည် အားပျော့သောအမူအရာဖြင့် ရွှီဖန်းကို ရှက်ရွံ့စွာ ကြည့်နေသည်။
ရွှီဖန်းလည်း ပြုံး၍ မေးလိုက်သည်။
"အိုး အစ်မဆုအာ ဘာဖြစ်လို့လဲ"
ချိုးဆုအာ ရှက်ရွံ့သွားကာ....
"ရွှီဖန်း ငါ ဒါကို တစ်ခါမှ မလုပ်ဖူးဘူး၊ ဘယ်လိုလုပ်ရမလဲ အတိအကျမသိဘူး"
ရွှီဖန်းမှာ ထိုစကားကိုကြားပြီးနောက် ဆွံ့အသွားတော့သည်။ သူမေ့သွားခဲ့သည်။ ချိုးဆုအာသည် မုဆိုးမဖြစ်ပြီး အပြုံးတိုင်းက ယောကျ်ားများကို ချွေယူနိုင်သော်ငြား အခုထိ အပျိုဖြစ်နေဆဲပင်။
"အစ်မဆုအာ ဘာကိုကြောက်နေတာလဲ၊ အစ်မက တော်ပါတယ်၊ အလိုလို သင်ယူနိုင်လိမ့်မယ်"
ရွှီဖန်းက ထိုသို့ပြောရင်း ချိုးဆုအာ၏ သန့်ရှင်းချောမွေ့သော မျက်နှာလေးကို ကိုက်လိုက်သည်။ ချိုးဆုအာကတော့ ရှက်ရွံ့ဒေါသဖြစ်နေကာ ရွှီဖန်းကို တွန်းထုတ်သည်။
"ရွှီဖန်း အဲ့တာ အဲ့တာကမတူဘူးလေ၊ ပြီးတော့ မင်းလို လူဆိုးကောင်က သင်ပေးတာကို ခံရမှာလေ"
ထိုစကားက ရွှီဖန်းအား မျက်ရည်ကျလုစေမတတ်ပင်။ အစ်မဆုအာ တစ်ကယ်ပဲ ဘာတွေလုပ်နေတာလဲဗျာ။ ဒါကိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးဆိုတာ သိတယ်မလား၊ မဟုတ်ရင် အစ်မရဲ့ ယောကျ်ားကျွန်တော်ကတော့ မွန်းကြပ်ပြီး သေရတော့မယ်ဗျ။
"အစ်မဆုအာ ဒါဆို ဘယ်လိုလုပ်ချင်လဲ"
ရွှီဖန်းက မှုန်ကုပ်ကုပ်ဖြင့် မေးလာတာကြောင့် ချိုးဆုအာလည်း တခစ်ခစ်ရယ်လိုက်သည်။
"အတွေ့အကြုံမရှိတဲ့မိန်းမတွေရဲ့ ပထမဆုံးအကြိမ်မှာဖြစ်ရင် ယောကျ်ားတွေကို နာကျင်စေတယ်လို့ ကြားတယ်၊ အဲ့ဒီလိုဖြစ်မှာ အစ်မ မလိုချင်ဘူး၊ မင်း အဆင်ပြေလို့လား"
"ဒါကြောင့် အစ်မကို အရင်သင်ပေးရင် ဘယ်လိုလဲ၊ ပြီးရင် အစ်မက မင်းကို သက်သောင့်သက်သာရှိအောင် လုပ်ပေးနိုင်လိမ့်မယ်"
ကြက်ခြံ၌ ခန့်ထားသည့် ဝန်ထမ်းအများစုမှာ အမျိုးသမီးများဖြစ်သည်။ ထုံးစံအတိုင်း အမျိုးသမီးများစုဝေးမိပါက မသင့်လျော်သော အကြောင်းအရာတချို့ကို ဆွေးနွေးကြတော့သည်။ မန်နေဂျာဖြစ်သည့် ချိုးဆုအာလည်း သူတို့စကားများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
ချိုးဆုအာ ပြောတာလည်းမှန်နေတာကြောင့် ရွှီဖန်း ရင်ထဲ ထိသွားရသည်။ ဘယ်အခြေအနေပဲဖြစ်ဖြစ် ဒီအမျိုးသမီးလေးက သူ့အတွက်ကိုသာ အရင်တွေးပေးပြီး သူမကိုယ်သူမအတွက် မတွေးပေ။
သူမမျက်နှာကို သူချစ်ခင်စွာ ပွတ်သပ်လိုက်သည်။
"အစ်မဆုအာ ပိုပြီးနာကျင်ရမှာက အစ်မနော်"
ချိုးဆုအာက ပြုံး၍ ခေါင်းခါရမ်းလာသည်။
"အဆင်ပြေတယ်၊ အစ်မ မကြောက်ပါဘူး၊ အစ်မက မင်းရဲ့အမျိုးသမီးဖြစ်မှာပဲကို"
"..............."
ရွှီဖန်း ထိရှသွားရသည်။ ဒီလို ကောင်းသည့် မိန်းကလေးမျိုးကို ဘယ်နားက ရှာရပါ့မလဲ။
သို့သော်ငြား
ရွှီဖန်း နည်းနည်း စိတ်ပူသွားရသည်။ သူက ဒီကိုလက်တွေ့လုပ်ရန် လာခဲ့တာဖြစ်သည်။ သီအိုရီတွေကို ဘယ်လိုသင်ပေးရမလဲ မသိပေ။
ပညာကို မက်မောနေသော ချိုးဆုအာကို သူရှက်ရွံ့စွာ ကြည့်မိသည်။ သူမက အပြုံးဖြင့် ပြောလာသည်။
"ဆရာ သင်ပေးတော့မလားဟင်"
ရွှီဖန်းသည် အချိန်အတော်ကြာ တွေးနေခဲ့သော်လည်း သူမကို ဘယ်လိုသင်ပေးရမည်မှန်း မသိတာကြောင့် စိတ်ပူလာမိသည်။
ဟမ်!
သိပြီ!
ရုတ်တရက် ရွှီဖန်းစိတ်ထဲ၌ အတွေးတစ်ခုဝင်လာသည်။ သူ ပေါင်ကို ရိုက်လိုက်ကာ...
"ရပြီ!"
ချိုးဆုအာကို ဘယ်လိုသင်ပေးရမည်မှန်း သူမသိတာကြောင့် ဗီဒီယိုပြပေးလိုက်မည်။ ဒီရက်ပိုင်း ပျင်းစရာကောင်းတာကြောင့် အားမောင်၏ laptopကို ရွာ ပြန်ယူလာခဲ့သည်။ ဒီကောင့် laptopက လုံးဝကို မသန့်ရှင်းဘဲ ထိုကိစ္စတွေ ရိုက်ကူးထားသည့် ဇာတ်ကားများဖြင့် ပြည့်နှက်နေသည်။
မတိုင်ခင်က ရွှီဖန်းတစ်ယောက် အားမောင်ကို ဆူတောင်ဆူခဲ့မိသေးသည်။ အခု တွေးကြည့်တော့မှ ချိုးဆုအာကို ထိုဂျပန်ဆရာများက သင်ပေးနိုင်သည်။
ရွှီဖန်းက ချက်ချင်းပင် သူ့အကြံကို ပြောပြလိုက်သည်။ ထိုအကြောင်းကို ကြားသော် ချိုးဆုအာသည် ရှက်ရွံ့တကြီးဖြင့် ရွှီဖန်း၏ ရင်ဘတ်ထဲ၌ မျက်နှာကိုမြုပ်ကာ နှုတ်ခမ်းစူ၍ ခေါင်းညိတ်လာသည်။
ခန္ဓာကိုယ်ထဲမှ အပေါက်များ အကုန်ပွင့်သွားသကဲ့သို့ ရွှီဖန်း စိတ်လှုပ်ရှားနေခဲ့သည်။ လေ့လာသင်ယူပြီးနောက် ချိုးဆုအာက သူ့အပေါ် ဘယ်လို အသုံးချလာမလဲဆိုတာကို တွေးရင်း ရွှီဖန်း ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
"အစ်မဆုအာ ငြိမ်ငြိမ်လေးစောင့်နေပါ၊ ဆရာ မကြာခင် ပြန်လာခဲ့မယ်"
အကောင်းဆုံးတစ်ပုဒ်ကို ရွေးရမည်ဟု ရွှီဖန်း တွေးလိုက်သည်။ ချိုးဆုအာအခန်းထဲမှ ထွက်လာပြီးနောက် သူ့အခန်းရှိရာကို အမြန်ပြေးသွားလိုက်သည်။ အခန်းထဲသို့ ဝင်ပြီးတော့ Laptopကို ဖွင့်လိုက်သည်။
Laptopထဲ၌ Manual Mortar-Manipulation Teaching Video ဟူ၍ အားမောင် ထည့်သွင်းထားသော folder ကို တွေ့လိုက်ရသည်။ သူဖွင့်ကြည့်
လိုက်ရာ အထဲ၌ ဗီဒီယိုများစွာ တွေ့လိုက်ရတာကြောင့် သူစိတ်သက်သာရာရသွားခဲ့သည်။
ဒါသာ မရှိတော့လျှင် ချိုးဆုအာကို သူ ဘယ်လို သင်ပေးရမည်မှန်း သိတော့မည် မဟုတ်ချေ။ ထိုဗီဒီယိုကို ပြန်ရယူရန် လုပ်ဆောင်ပြီးနောက် ခဏစောင့်လိုက်သည်။
လေ့ကျင့်ခန်းများကို ကြည့်ရှုပြီးနောက် ရွှီဖန်း စိတ်လှုပ်ရှားလာတော့သည်။ ချိုးဆုအာ၏အခန်းကို သူပြန်သွားတော့မည် ဖြစ်သည်။
ပါဝါကိုလည်း သေချာကြည့်ခဲ့တာဖြစ်၍ ဒီတစ်ခါတော့ ဘာလွဲချော်မှုမှ မရှိလာနိုင်ပေ။ လက်ထဲ၌ Laptopကိုကိုင်ရင်း အပြင်သို့ ထွက်ခါနီးမှာ ရုတ်တရက် ခွေးဟောင်သံတွေကို ကြားလိုက်ရသည်။ သူအံ့အားသင့်သွားသည်။ ဒါက သူ့မိသားစုမှ ခြောက်လေးနှင့် ခုနှစ်လေး တွေ ဟောင်နေကြခြင်းဖြစ်သည်။
သင်ခန်းစာပေးခံလိုက်ရပြီးကတည်းက ချန်ကျင်းရှန်တို့သားအဖနှစ်ယောက်သည် ကြက်ခြံထဲ လာရှုပ်ရဲတော့မည် မဟုတ်ချေ။ ဒါဆို ဘာလို့ ငါ့ခွေးတွေက ဟောင်နေကြတာလဲ။
ရွှီဖန်းသည် မနှောင့်နှေးရဲဘဲ laptopကို ချကာ အော်သံထွက်ပေါ်လာရာသို့ ပြေးသွားခဲ့သည်။ ညဥ့်နက်နေပြီဖြစ်တာကြောင့် ရွှီဖန်း၏ မြင်နိုင်စွမ်းက လျော့ချနေသည်။ အဝေးမှနေ၍ ခွေးနှစ်ယောက်ဟာ တစ်စုံတစ်ရာနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကိုပဲ သူမြင်နိုင်သေးသည်။ အမှောင်ထဲ၌ တြိဂံပုံစံအစိမ်းရောင်အလင်းက မှိတ်တုတ်မှိတ်ဖြစ်နေသည်။ ထိုအရာက လူမဟုတ်တာတော့ ကျိန်းသေသည်။
သို့သော် ထိုအရာက အလွန်ပါးနပ်သည်။ ရွှီဖန်း နီးကပ်လာသည့်အခါ တောအုပ်ထဲသို့ ပြန်ပြေးသွားပြီဖြစ်သည်။
ရန်သူက ထွက်သွားပြီဖြစ်တာကြောင့် ခြောက်လေးနှင့် ခုနစ်လေးသည် ရွှီဖန်းဆီ ပြေးလာကြသည်။ အထူးသဖြင့် ခုနစ်လေးသည် ဆုလာဘ်မျှော်နေသလို အမြှီးကိုခါယမ်းနေသည်။ အခုလေးတင် အများကြီး ကူညီခဲ့သည်ဟု ပြောနေသလိုမျိုး ခုနစ်လေးသည် ကျယ်လောင်စွာ အော်နေသည်။
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ခွေးနှစ်ကောင်က လူစကားမပြောတတ်တာကြောင့် သူတို့ဆီမှ ဘာသတင်းမှ သိရမည်မဟုတ်ချေ။ ဒါကြောင့် သူကိုယ်တိုင်သာ လိုက်စူးစမ်းရတော့သည်။
ထိုသတ္တဝါ ထွက်ပြေးသွားရာ လမ်းတစ်လျှောက်ကို လိုက်ကြည့်မိရာ ထူထဲသည့် မြက်ပင်များသည် မြေကြီးပေါ် ပြားကပ်နေကာ တောထဲသို့ ဦးတည်သွားကြောင်း မြင်လိုက်ရသည်။
ထိုအရာကိုမြင်သော် ရွှီဖန်း ချက်ချင်း တွေးမိသွားသည်။
မြွေပဲ!
ဒီမြွေက တာ့ပင်းတောင်ပေါ်မှာ နေထိုင်သည့် ဧရာမမြွေကြီးဖြစ်နိုင်သည်။ အစိမ်းရောင်အလင်းကို ပြန်တွေးမိရင်း ရွှီဖန်း ရင်တုန်သွားရသည်။
အဲ့ဒီကောင်က ဒီကို မြန်မြန်ရှာတွေ့သွားလိမ့်မည်ဟု မထင်ခဲ့ပေ။
အကယ်၍ ထိုမြွေသာ ကြက်ခြံထဲရှိ ဝန်ထမ်းများကို စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ထိခိုက်အောင် လုပ်မိပါက ဖြစ်ပျက်လာမည့်အရာများကို မတွေးကြည့်နိုင်ပေ။
****************