တာ့ပင်းတောင်၏ အန္တရာယ်
Vol. 7 Ch. 103
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဒါက ပြဿနာပေါ့သေးသေး မဟုတ်ချေ။ ခြောက်လေးနှင့် ခုနစ်လေး
ဒီမှာ ရှိလို့သာ တော်သေး၏။ မဟုတ်လျှင် ဒီည တစ်ခုခုဖြစ်သွားနိုင်သည်။
အခုလေးတင် ထိုမြွေကို သူခြောက်လိုက်မိတာကြောင့် ဒီညတော့ ပြန်လာရဲမည်မဟုတ်ပေ။ သူ အပြုံးဖြင့် ဆောင့်ကြောင့်ထိုင်ကာ သူ့ခွေးနှစ်ကောင်ကို ပုတ်
ပေးလိုက်သည်။
"ခြောက်လေးနဲ့ ခုနစ်လေး တော်တယ်၊ မနက်ဖြန်ကျရင် မင်းတို့စားဖို့ ကြက်သားပေးမယ်"
"ဝုတ်! ဝုတ်!"
သူ ခေါင်းခါရမ်းကာ ပြုံးလိုက်သော်လည်း စိတ်သက်သာရာမရသေးပေ။ အချိန်ရောက်လာလျှင် ထိုဧရာမမြွေကြီးကို သူလိုက်ရှာရလိမ့်မည်။ မဟုတ်လျှင် ကြက်ခြံကို သူအေးအေးဆေးဆေး ဖွင့်နိုင်မည် မဟုတ်ပေ။
ရွှီဖန်း၏ အော်ဟစ်မှုကြောင့် ဝန်ထမ်းများက နိုးလာခဲ့ကြသည်။ သူတို့က အိပ်ယာခင်းများကို ကပျာကယာပတ်ဝတ်ပြီး မျက်လုံးများကို ပွတ်ကာ ရွှီဖန်းကို ဘာဖြစ်လို့လဲဟု မေးလာကြသည်။
ရွှီဖန်းက တိတ်ဆိတ်နေသည်။ အမှန်တရားကို သိလျှင် သူတို့ကြောက်ရွံ့သွားကြမည်ကို စိုးရိမ်တာကြောင့် အမှန်အတိုင်း မပြောပြခဲ့ပေ။
ချိုးဆုအာကလည်း လူအုပ်ကြီးကြားထဲမှာ ရှိနေသည်။ သူမက စိတ်ဆိုးနေသော ဇနီးကဲ့သို့ ထူးဆန်းသည့်အကြည့်ဖြင့် ရွှီဖန်းကို ကြည့်နေသည်။
ချိုးဆုအာ စိတ်ဓာတ်ကျနေမည်ကို ရွှီဖန်း သိပေသည်။ သူတို့နှစ်ယောက် ပေါင်းသင်းနေသည့်
အချိန်ကျမှ အနှောင့်အယှက်က ပေါ်လာသည်။
ရွှီဖန်းလည်း စိတ်ဓာတ်ကျနေသည်။ နောက်ဆုံးမှာတော့ ချိုးဆုအာနှင့် လူးလှိမ့်ခွင့်ကို သူရခဲ့သည်။ အိုး...မဟုတ်သေး ချိုးဆုအာကို သင်ပေးခွင့် ရခဲ့သည်။
ဒီညတော့ မဖြစ်နိုင်တော့ပေ။
ဒီကိစ္စကို လုပ်ဆောင်ရန်အတွက်လည်း ရွှီဖန်း စိတ်မပါတော့ချေ။ ဧရာမမြွေကြီး၏ အဖြစ်အပျက်အလယ်မှာ သူ ကြက်ပေါင်ကိုက်၍ မနေနိုင်ပါချေ။
ခြောက်လေးနှင့် ခုနစ်လေးကို ညသေချာစောင့်ရန် သတိပေးပြီးနောက် သူ့အခန်းထဲသို့ ပြန်ကာ အိပ်ခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့ သူတောင်ပေါ်မှဆင်းကာ ခရိုင်ကို သွားလိုက်သည်။ မနေ့ညက ကြက်ခြံကို ကျူးကျော်ဝင်ရောက်လာသည့် သတ္တဝါကို သူလျစ်လျူမရှုထားနိုင်ချေ။
ဒီပြဿနာကို အမြန်မဖြေရှင်းပါက ကြက်ခြံ၏ လုံခြုံရေးအတွက် သူအမြဲ စိတ်ပူနေရလိမ့်မည်။ ဒါ့အပြင် အနာဂါတ်မှာ တာ့ပင်းတောင်ကို ဖွံ့ဖြိုးအောင်လုပ်ချင်ပါက ကန့်သတ်ခံရလိမ့်မည်။
တာ့ပင်းတောင်ပေါ်၌ တချို့ဆေးဝါးများအပြင် ဒေသမျိုးစိတ်များရှိကြောင်း သိထားရပေမည်။ အချိန်
ရောက်လာရင် ရွာသားများကို တောင်ပေါ်တက်
၍ခူးခိုင်းကာ ခရိုင်မှာ ပြန်ရောင်းရမည်။ ဒါက ဝင်ငွေ မနည်းချေ။
မနေ့ညက မြွေကြီး၏ အသွင်အပြင်ကို ကြည့်လျှင် ညမြွေဖြစ်ဖို့ များနေသည်။ ညမြွေများက နေ့ဘက်မှာအိပ်၍ ညဘက်တွင်သာ ပေါ်လာလေ့ရှိသည်။ ထိုမြွေနှင့် နေ့ဘက်တွေ့တာ အကောင်းဆုံးဟု ရွှီဖန်း ခံစားရသည်။
စစ်မှန်သော အရှင်အာ့လန်ဆီမှ သင်ယူထားသည့် ကောင်းကင်ဖြိုခွဲလက်သီးနှင့် အဆောင်ကြောင့် သူ့ခွန်အားများစွာ တိုးနိုင်သော်လည်း ထိုကဲ့သို့ သတ္တဝါများကို သတိထားရပေမည်။
ခရိုင်ကိုရောက်သည်နှင့် ဈေးထဲမှာ ပစ္စည်းများစွာကို ဝယ်ယူခဲ့သည်။ ဒီတစ်ကြိမ်မှာ အဝါရောင်ရှိခိုးကောင်များပါဝင်သည့် အိတ်တစ်အိတ်၊ အမဲလိုက်လေးညှို့နှင့် စစ်သုံးဓားတို့ကို ဝယ်ယူခဲ့သည်။ ခြောက်လေးနှင့် ခုနစ်လေး၏ အကူအညီဖြင့်သာဆိုလျှင် ထိုမြွေကို ဖမ်းဆီးနိုင်မည်ဟု သူယုံကြည်သည်။
ခရိုင်၌ ဈေးဝယ်ပြီးနောက် မြစ်အောက်ပိုင်းရွာသို့ ပြန်ရောက်သည့်အခါတွင် ညနေစောင်းနေလေပြီ။ သူ ထုပ်ပိုးပြီးသည်နှင့် ခြောက်လေးနှင့် ခုနစ်လေးကိုခေါ်ကာ တောင်ပေါ်တက်သွားလိုက်သည်။
ဒီကိစ္စလုပ်ရန်အတွက် ချိုးဆုအာကို သူအသိမပေးခဲ့ပေ။ မဟုတ်လျှင် အခုလို နောက်ကျနေသည့်အချိန်မှာမှ တောင်ပေါ်တက်တာကို သူမ ခွင့်ပြုမည်မဟုတ်ချေ။
တောင်ပေါ်ရောက်သည်နှင့် ရွှီဖန်းသည် မြွေကြီး ထွက်ပြေးသွားရာ လမ်းကြောင်းနောက်ကို လိုက်သွားခဲ့သည်။ ကောင်းကင်ဘုံနတ်ခွေး၏သွေးကို ဆက်ခံထားသည့် သူ့ခွေးနှစ်ကောင်နောက်မှာ နေရင်း ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာနေသည်။
တောအစွန်အဖျားမှာသာ ရှိသေးသော်လည်း ရွှီဖန်းမှာအလွန် အံ့သြနေရသည်။ ဆေးပညာအကြောင်းဘာမှမသိသည့် အရင်ကရွှီဖန်း ဆိုရင်တော့ ပေါင်းပင်များဟုသာ ထင်မည်ဖြစ်သော်လည်း အခု စိမ်းပြာရောင်ဆေးအိတ်ကို လေ့လာထားသည့် ရွှီဖန်းကတော့ ဤပေါင်းပင်များ၏အစစ်အမှန်လက္ခဏာကို သိရှိလေသည်။
ထိုအပင်များက အဖိုးတန်အရာများဖြစ်သည်။ မန်ဒါလာပင်၊ နေကြာပင်၊ ဆေးခါးရွက်၊ ဖက်ယားပင်၊ ညရိပ်ပင်၊ မွှေးပန်းပင်၊ အနက်ရောင်သင်္ကန်းပင် စသည်ဖြင့် အများအပြားပင်။
၎င်းတို့သည် လိုအပ်နေကြ ဆေးဖက်ဝင်အပင်များဖြစ်ကာ လူတွေကလည်း တွင်တွယ်ကျယ်ကျယ် အသုံးပြုကြသည်။ ထိုအပင်များက တောတွင်းတစ်လျှောက်လုံး ပေါက်ရောက်နေတာကြောင့် ရွှီဖန်း၏ မျက်လုံးများ အရောင်လက်သွားသည်။
အပင်များအားလုံးက သန့်စင်သော တောရိုင်းဆေးဖက်ဝင်အပင်များဖြစ်သည်။ လူတွေ သီးသန့်စိုက်ပျိုးထားသည့် ဆေးဖက်ဝင်အပင်များနှင့်ယှဥ်ပါက ဤအပင်များက အဆများစွာ အစွမ်းထက်သည်။ ခရိုင်မှာရှိသည့် ဆေးဆိုင်တော်တော်များများက တောတောင်မှထွက်သည့်ဆေးပင်များကို ဈေးမြင့်မြင့်ပေး၍ ဝယ်ယူရန် ဆန္ဒရှိကြသည်။ ခရိုင်မှာ ရောင်းပါက ငွေများများ ရပေလိမ့်မည်။
"ဒါတွေအကုန်လုံးက ပတ်ပတ်လည်မှာ ပေါက်ရောက်နေတာပဲ၊ အန္တရာယ်မရှိတော့ဘူးဆိုရင် ရွာသားတွေကို ခူးခိုင်းရမယ်၊ ဒီတစ်ခါတော့ ချမ်းသာပြီပဲ"
အချိန်ရောက်လာလျှင် ဤဆေးပင်များ၏ နမူနာများကို ပြ၍ ရွာသားတွေကို ကူကောက်ခိုင်းရမည်။ သူတစ်ယောက်တည်းဆို မနိုင်ပေ။
ဆေးပင်နမူနာအတွက် တချို့ကို ခူးဆွတ်ပြီးနောက် ရွှီဖန်းမနေနိုင်ဘဲ သိချင်လာသည်။ တာ့ပင်းတောင်၏ တောတွင်းပိုင်း အစွန်အဖျားမှာတောင် အခုလို ဆေးဖက်ဝင်အပင်တွေ များစွာရှိနေလျှင် အနက်ပိုင်းကို သွားကြည့်ပါက အဖိုးတန်ဆေးပင်များ ရှိနေနိုင်ပေသည်။
ဒါကို တွေးမိကာ သူစိတ်လှုပ်ရှားသွားတော့သည်။ မြွေကြီး၏ ပြဿနာကို ရှင်းပြီးသည်နှင့် သူ အတွင်းပိုင်းကို စူးစမ်းကြည့်ရမည်။
"ခြောက်လေး ခုနစ်လေး ဒီကိုလာဦး"
ကောင်းကင်က မှောင်မဲနေပြီဖြစ်ရာ လပြည့်ဝန်းကြီးကလည်း ကောင်းကင်ထက် မြင့်တက်လာသည်။ ရွှီဖန်းက ခွေးတွေကို လက်ဝှေ့ယမ်း၍ ခေါ်ကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
"မနေ့ညက ဧရာမမြွေကြီးရဲ့ အနံ့ကို မှတ်မိကြလား"
ကောင်းကင်ဘုံနတ်ခွေး၏ သွေးကိုဆက်ခံထားသည့် အချက်ကို ဖယ်ထားရင်တောင်မှ သာမာန်ခွေးများသည်ပင် အနံ့ခံအာရုံ အလွန်ကောင်းမွန်ကြသည်။ ထိုမြွေကြီး၏အသိုက်ရှိရာသို့ ခေါ်သွားပေးနိုင်မယ်ဆို ပိုကောင်းလိမ့်မည်။
မဟုတ်လျှင် မှောင်လည်းမှောင်၊ တောကလည်းကြီးနဲ့ မနက်မိုးလင်းသွားရင်တောင်မှ မြွေအသိုက်ကို ရှာတွေ့မည်မဟုတ်ပေ။
"အာဝူး"
ရွှီဖန်းက မြွေအကြောင်းကို ပြောသည်နှင့် ခွေးနှစ်ကောင်က ဟောင်လာသည်။ ရွှီဖန်း၏ တောင်းဆိုချက်ကို သူတို့ဖြည့်ဆည်းပေးနိုင်သည်မှာ သိသာလှသည်။ သူတို့၏မျက်လုံးများက မြွေကြီးနှင့် တိုက်ရတာ မကျေနပ်သေးကြောင်း ပေါ်လွင်နေသည်။
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ တစ်ကယ်ကို ကောင်းကင်နတ်ခွေး၏မျိုးဆက်လေးများဖြစ်သည်။ အနည်းငယ်သာဆက်ခံခဲ့ရသော သွေးမျိုးဆက်လေးများဖြစ်တာကြောင့် အရွယ်ရောက်ပြီးသား မြွေကိုတောင် အနိုင်တိုက်နိုင်မည်ဟု အရင်က သူ မထင်ထားခဲ့ပေ။
သူတို့၏ခေါင်းကို ပုတ်ပေးလိုက်ကာ ရွှီဖန်း ပြောလိုက်သည်။
"ဒါဆိုလည်း အဲ့ဒီကို မြန်မြန်ခေါ်သွားပေး"
"အာဝူး!"
ခွေးနှစ်ကောင်က ရွှီဖန်းကို လေးလေးနက်နက်
ပြန်ကြည့်နေသည်။ ရွှီဖန်းခေါင်းညိတ်လိုက်တော့ သူတို့က တောထဲကို ပြေးတော့သည်။ သူလည်း အနောက်မှနေ၍ လိုက်သွားခဲ့သည်။
*******************