← Chapters

ညမြွေ

Vol. 7 Ch. 104

ညမြွေ

Vol. 7 Ch. 104

သူ့အရှေ့မှ တောအုပ်ကြီးသည် တဖြည်းဖြည်း ငုတ်လျှိုးသွားတော့သည်။ မကြာခင် မြွေကြီး၏ အသိုက်သို့ ရောက်ရှိလိမ့်မည်ဟု ရွှီဖန်း ထင်ပေသည်။ ထိုအချိန်ကျ သွေးထွက်သံယိုတိုက်ပွဲက ရှိလာလိမ့်မည်။

လူတစ်ယောက်နှင့် ခွေးနှစ်ကောင်မှာ တောအုပ်ထဲ ဝင်ရင်း ဝင်ရင်းဖြင့် အသီးအရွက်ပင်တွေ လျော့ပါးလာကာ ချွန်သောမြက်ရိုင်းတချို့က ပေါ်လာတော့သည်။ ထိုအပင်များက ဆေးဖက်ဝင်မဝင်မသိတာကြောင့် တစ်ပင်ကို ကောက်ယူ၍ လေ့လာခဲ့သည်။ အန္တရာယ်ကင်းမှန်း သေချာပြီးမှသာ ပါးစပ်ထဲ ထည့်ဝါးကြည့်မိသည်။

ဒီမြက်တွေက စားလို့ရပေသည်။ အရသာက ချိုကာ စားပြီးရင်း စားချင်လာစေသည်။ အချိန်ရောက်လျှင် ကောင်းကင်ဘုံကနတ်များကို ဤမြက်ပင်များက ဈေးကွက်တန်ဖိုးရှိမရှိ မေးမြန်းကြည့်ရမည်။ 

မကြာခင်မှာပင် ရွှီဖန်းတို့သည် မြွေကြီး၏အသိုက်ရှိရာ စိမ့်မြေအရပ်သို့ ရောက်ရှိလာသည်။ အသိုက်က အလွန်တိတ်ဆိတ်နေတာကြောင့် မြွေကြီးမရှိဘူးဟုပင် ထင်ရသည်။ သို့သော် ရွှီဖန်းကတော့ စိတ်မလျှော့ရဲပေ။ မှောင်နေပြီဖြစ်တာကြောင့် သူ၏မြင်နိုင်စွမ်းက လျော့ကျနေသည်။ စစ်သုံးဓားကို ယူကာ လက်ထဲမှာ ကိုင်ထားလိုက်သည်။ ထို့နောက် မြွေကြီး၏ အသိုက်ရှိရာသို့ ဂရုတစိုက် လျှောက်သွားခဲ့သည်။

ရွှီဖန်းနှင့် ခွေးနှစ်ကောင်မှာ သတိထား၍ ချဥ်းကပ်နေရသည်။ ညလေနုအေးကလည်း ပတ်ဝန်းကျင်လေထုကို ပိုပြီးအုံ့မှိုင်းစေသည်။ ရွှီဖန်း၏ အာရုံကြောများက တင်းကြပ်နေကာ ဖြေလျော့လို့တောင် မရပေ။

မကြာလိုက်ပေ၊ သူတို့ အသိုက်အတွင်းသို့ ဝင်ရောက်လာသည်။ အထဲမှာက ဘာမှမရှိသလို ဖြစ်နေသည်။ မြွေကြီး အစာရှာထွက်သွားတာလားမသိတာကြောင့် ရွှီဖန်း စိတ်ပူလာမိသည်။ 

ထိုစဥ် ရုတ်တရက် အနောက်ဘက်ကနေ အေးစက်သောလေပြင်းတစ်ချက်က တိုက်ခတ်သွားသည်။ ရွှီဖန်းလှည့်ကြည့်လိုက်တော့ မြွေကြီး၏ဦးခေါင်းက သူ့ဆီဦးတည်နေသည်ကို တွေ့လိုက်ရသည်။

သောက်ကျိုးနည်း!

ဒီမြွေကြီးကို ဒီလောက်ပါးနပ်လိမ့်မည်ဟု မထင်ခဲ့တာကြောင့် သူလျှော့တွက်မိခဲ့သည်။ ဒီကောင်က သူနှင့် ခွေးနှစ်ကောင်ကို အစကတည်းက သတိထားမိခဲ့တာ ဖြစ်လိမ့်မည်။ သူက ခြုံခိုတိုက်ခိုက်ရန်ပင် ပုန်းကွယ်နေသေးသည်။

သူ့အရှေ့မှ မြွေကြီး၏ ကြောက်စရာကောင်းသော အစွယ်တွေကြောင့် ရွှီဖန်းမှာ မသိစိတ်မှအလိုလိုပင် ဓားဖြင့် ကာထားမိသည်။

ထိုအချိန် မြည်သံတစ်ခုနှင့်အတူ မြွေ၏ဦးခေါင်းက ဓားကို ရိုက်ခတ်လာသည်။ ကြီးမားသည့်အင်အား၏ တိုက်ခိုက်မှုကြောင့် ရွှီဖန်းမှာ နောက်သို့ ဆုတ်သွားရသည်။

အကွာအဝေးများစွာအထိ သူနောက်ဆုတ်နေရသော်လည်း မြွေကြီး၏အစွယ်များက သူ့လက်ထဲရှိ ဓားကို ကိုက်ထားတုန်းဖြစ်သည်။ မြွေကြီး၏ခွန်အားက ကြီးလွန်းတာကြောင့် ဓားကလည်း ပုံပျက်စပြုလာပြီဖြစ်သည်။

အဆိပ်များကြောင့် အစိမ်းရောင်တောက်ပနေသော အစွယ်များကိုကြည့်ရင်း ရွှီဖန်းသည် ပြတ်ပြတ်သားသားပင် ဓားကို စွန့်လွှတ်ကာ နောက်ကိုဆုတ်သွားလိုက်သည်။ 

ရွှီး! ရွှီး!

မြွေကြီးက ဓားကို နှစ်ချက်ကိုက်ကာ မြေကြီးပေါ်သို့

ထွေးချသည်။ ထို့နောက် လျှာကိုဆန့်ထုတ်၍ သူ၏ခွန်အားကို ရွှီဖန်းသိအောင် ထုတ်ပြနေသည်။

ချီးပဲ! မင်းသွားတွေက အရမ်းကောင်းနေတော့ရော ဘာဖြစ်လဲ!

ရွှီဖန်း၏နဖူးပေါ်၌ အေးစက်သောချွေးများက ပြည့်

နှက်နေသည်။ သူ့ကို အံ့သြစေသည်က မနိမ့်လှသော မြွေကြီး၏ခွန်အားဖြစ်သည်။ ခုနက သူသာ ဂရုတစိုက်မရှိနေဘဲ မြွေကြီး၏ အားနှင့်ရိုက်မိပါက နံရိုးများပင် ကျိုးသွားနိုင်သည်။ 

"အာဝူး"

ထိုအချိန် ခွေးနှစ်ကောင်က ရွှီဖန်းဆီပြေးလာပြီး သူ့ကို သူတို့၏ နောက်ကျောမှာထားကာ မြွေကြီးကို ဟိန်းဟောက်နေကြသည်။ သူတို့၏မျက်လုံးများက မြွေကြီးနှင့် တိုက်ခိုက်ရန် မစောင့်နိုင်တော့သကဲ့သို့ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။ သူတို့၏ စိတ်အားထက်သန်နေသော အမူအရာများကြောင့် ရွှီဖန်းပြုံးလိုက်သည်။

"ကောင်းပြီ၊ ခြောက်လေးနဲ့ ခုနစ်လေး မြွေရဲ့အသားကို သွားမြည်းကြည့်"

ခွေးနှစ်ကောင်ကလည်း ရွှီဖန်း၏စကားကို နားလည်ကြသည်။ သူတို့က ဟိန်းဟောက်ကာ နီရဲသောမျက်လုံးများဖြင့် မြွေကြီးကို စိုက်ကြည့်နေကြသည်။

မနေ့ညက ရွှီဖန်းရောက်လာ၍ မြွေကြီးကို ထွက်ပြေးစေခဲ့မိတာကြောင့် ခွေးလေးနှစ်ကောင်သည် သူတို့မျက်နှာပျက်ရသည်ဟု ခံစားနေသည်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သူတို့၏သွားများနှင့်

ခြေသည်းလက်သည်းများကို သွေးကာ မြွေကြီးရှိရာသို့ ဦးတည်လိုက်ကြသည်။

မြွေကြီးသည် ခွေးနှစ်ကောင်ကို ကြောက်နေမိသည်မှာ သိသာလှသည်။ သူက ကိုယ်ထည်ကို ခပ်မတ်မတ်ရပ်ကာ အစိမ်းရောင်မျက်လုံးများဖြင့် ခွေးနှစ်ကောင်ကို ကြည့်နေသည်။ ထို့နောက် သူ့လျှာကို တစ်လစ်တစ်လစ်ထုတ်ကာ တိုက်ခိုက်ရန်အသင့်ပြင်ထားလေသည်။

ထိုအချိန်...

ခွေးနှစ်ကောင်က သူတို့၏နောက်ခြေများကို ခွန်အားသုံး၍ မြှားတစ်စင်းကဲ့သို့ မြွေကြီးဆီကို ခုန်အုပ်တော့သည်။ သူတို့၏အရှိန်က ယခင်ကထက်ပင် မြန်လာလေပြီ။ 

ရွှီဖန်းကို အံ့အားသင့်စေသည်က မြွေကြီးကလည်း အလွန်လျင်မြန်စွာ တုံ့ပြန်လာသည်။ ခွေးနှစ်ကောင်၏ ထက်ရှသော သွားများကို ကြည့်ရင်း မြွေကြီးကလည်း လျှာကိုပွတ်သပ်၍ သွေးများပေလူးနေသည့် သူ့ပါးစပ်ကို ဖွင့်ကာ အစိမ်းရောင်အဆိပ်များထွက်နေ

သည့် အစွယ်နှစ်ချောင်းကို ထုတ်ပြလာသည်။

"ဒါက"

ကြည့်ရတာ ခွေးနှစ်ကောင်ကလည်း မြွေကြီး၏အဆိပ်ကို ကြောက်နေသည့်ပုံပင်။ မြွေကြီးက အန္တရာယ်မပြုသကဲ့သို့ ခေါင်းကို နောက်ဆုတ်လိုက်သည့်အချိန် ခွေးနှစ်ကောင်ကလည်း အကွာအဝေးတစ်ခုကို နောက်ပြန်ဆုတ်ပေးလာသည်။ 

ပထမတစ်ကြိမ် မအောင်မြင်လိုက်တာကြောင့် ခွေးနှစ်ကောင်က ဒေါသထွက်ကာ မာန်ဖီနေကြသည်။ ဒီတစ်ကြိမ် သူတို့ခန္ဓာကိုယ်ပေါ်မှ အမွေးများကပင် သံအပ်တွေအလား ထောင်ကုန်ကြသည်။ သူတို့က မြွေကြီး၏ပတ်ပတ်လည်မှာ လမ်းလျှောက်ကာ နောက်တစ်ကြိမ်တိုက်ခိုက်နိုင်မည့်အခွင့်အရေးက စောင့်နေကြသည်။ 

သို့သော်လည်း မြွေကြီးက ခွေးနှစ်

ကောင်၏ရည်ရွယ်ချက်ကို ခန့်မှန်းမိသည့်ပုံပင်။ သူ့ခန္ဓာကိုယ်ကို ဘီးလုံးကဲ့သို့ ခွေကာ ခေါင်းကိုမတ်

ထားသည်။ သူ့ဘေးမှာ လှည့်ပတ်နေသည့် ခွေးနှစ်ကောင်ကို အစိမ်းရောင်မျက်လုံးများဖြင့် မျက်စိဒေါက်ထောက် ကြည့်နေတော့သည်။ 

"အာဝူး!"

အချိန်တွေကြာလာတာကြောင့် ခြောက်လေးက စိတ်မရှည်တော့ပေ။ မြွေကြီး၏စိတ်ချလက်ချဖြစ်နေသည့်ပုံကြောင့် သူ့သွားများကို ဖြဲကာ မြွေကြီးဆီ ခုန်အုပ်ပြန်သည်။

ကံမကောင်းစွာပင် မြွေကြီးထုတ်ထားသည့် အစိမ်းရောင်အဆိပ်များကြောင့် သူ့ခန္ဓာကိုယ်မှစွမ်းအင်များကို ထုတ်သုံးရန် ခက်ခဲနေခဲ့သည်။ ဒါကြောင့် နောက်ကိုပဲ ပြန်ဆုတ်ခဲ့ရသည်။

ခြောက်လေးက လက်ခံရန်ငြင်းဆိုနေခဲ့ပြီး အကြိမ်ရေအနည်းငယ် ထပ်ပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ သို့သော် အကြိမ်တိုင်းက မြွေကြီးကို မတိုက်ခိုက်နိုင်ဘဲ ရှိနေရာ ရလဒ်ကအတူတူပင်။

အကြိမ်ရေအနည်းငယ် တိုက်ခိုက်ပြီးနောက် ခြောက်လေးက မြွေကြီးကို မတိုက်ခိုက်နိုင်ခဲ့တာကြောင့် ရွှီဖန်းတို့ဘက်မှ သနားစရာအခြေအနေဖြစ်သွားခဲ့ရသည်။ 

ရွှီး! ရွှီး!

ခြောက်လေး မတက်လာနိုင်တော့တာကို ကြည့်ပြီး မြွေကြီးကို ရွှီဖန်းကိုကြည့်၍ ဂုဏ်ယူစွာပင် လျှာတစ်လစ်တစ်လစ်လုပ်ပြလာသည်။ သူ့ဂုဏ်သူ ဖော်နေသည့် မြွေကြီးကိုကြည့်ရင်း ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီမြွေသာ လူစကားပြောနိုင်လျှင် သူ့ကို လှောင်ပြောင်သည့်စကားများပင် ထွက်လာလိမ့်မည်ဟု သူထင်သည်။ 

ဥပမာ...လူသားအမှိုက်တို့ ဘာတို့လိုမျိုးပင်။

ရွှီဖန်းက မျက်မှောင်ကြုတ်နေသည်။ မြွေကြီး၏ဂုဏ်ဆာနေသည့်ရုပ်ကိုကြည့်ပြီး သူလုပ်ထားသည့် အစီအစဥ်မပြီးမြောက်ခင်မှာ ခုနစ်လေးကို ခေါ်လိုက်သည်။

"ခုနစ်လေး မင်းအစ်ကိုကတော့ တာဝန်ကျေသွားပြီ၊ အခု မြွေကြီးကို ရင်ဆိုင်ဖို့ မင်းအလှည့်ပဲ"

"အာဝူး"

ဘေးမှာရပ်နေသည့် ခုနစ်လေးက မထိန်းနိုင်တော့ပေ။ ရွှီဖန်းက သူ့ကို အရှေ့တက်စေချင်နေတာကြောင့် သူစိတ်အားထက်သန်စွာ ဟောင်လိုက်သည်။ သူက အကြိမ်အနည်းငယ် ဟောင်ရင်း မြွေကြီးကို သတိပဲထားရမလား ဒါမှမဟုတ် ဒေါသပြေအောင် သင်ခန်းစာပဲပေးရမလားဟု တွေးနေသည်။ 

ရွှီဖန်းသည် မြွေကြီးကို ကြည့်ရင်း ခုနစ်လေး၏ခေါင်းကို ပုတ်ပေးလိုက်သည်။ 

"ခုနစ်လေး သွားတော့"

"အာဝူး"

ရွှီဖန်း၏အမိန့်ကိုရသည်နှင့် ခုနစ်လေးသည် သူ၏နီရဲသော မျက်လုံးများဖြင့် မြွေကြီးကို စိုက်ကြည့်လိုက်သည်။

သို့သော် မြွေကြီးကတော့ ခုနစ်လေးကို အထင်သေးနေသည့်ပုံပင်။ ခြောက်လေးနှင့်ယှဥ်လျှင် ခုနစ်လေးက သူ့အသက်တစ်ဝက်သာ ရှင်သန်ရသေးသည်။ ဘယ်လိုလုပ်ပြီး ပြိုင်ဘက်လို့ သတ်မှတ်ရမှာလဲ။

ရွှီး! ရွှီး!

ခုနစ်လေးက သူ့ကိုဟောင်နေတာကြောင့် မြွေကြီးကလည်း လှောင်ပြလာသည်။ ဒါကိုမြင်တော့ ခုနစ်လေးမှာ ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။ သူက ဝံပုလွေတစ်ကောင်ကဲ့သို့ မြွေကြီးဆီ ခုန်အုပ်တော့သည်။

*****************

All Chapters