← Chapters

ရွှီဖန်းနှင့် တိုက်ခြင်း

Vol. 7 Ch. 105

ရွှီဖန်းနှင့် တိုက်ခြင်း

Vol. 7 Ch. 105

မြွေကြီးကတော့ ခုနစ်လေး၏ ခုန်အုပ်မှုကို ကြောက်လန့်ခြင်းမရှိပေ။ ခြောက်လေးကို တိုက်ခိုက်တုန်းကအတိုင်း အဆိပ်များရှိသည့်အစွယ်ကိုထုတ်ကာ ကိုက်ရန်ပြင်ထားသည်။ 

သို့သော် ခုနစ်လေးက ခြောက်လေးလို မဟုတ်ဘဲ သူ့အစွယ်ကိုရှောင်တိမ်းကာ ခေါင်းကို ဦးတည်နေတာကြောင့် မြွေကြီးက အံ့သြသွားတော့သည်။

ဘန်း!

မြွေကြီးနှင့် ခုနစ်လေးက အချင်းချင်းတိုက်မိသွားသည်။ မြွေကြီးနှင့် ရိုက်မိပြီးနောက် သူ၏ ကြီးမားသော ခွန်အားကြောင့် ခုနစ်လေးသည် ချက်ချင်း နောက်ပြန်ဆုတ်လိုက်ရသည်။ 

သို့သော် မြွေကြီးကလည်း အခြေအနေမကောင်းပေ။ မြွေကြီး၏ ဦးခေါင်းက ကြေးကဲ့သို့ မာကျောတာကြောင့် ခုနစ်လေးအတွက် ကိုက်ရန် မလွယ်ကူခဲ့ချေ။ 

မြွေကြီးက နာကျင်မှုကြောင့် အနည်းငယ်တုန်ယင်နေသည်။

ရွှီး! ရွှီး! 

ခုနစ်လေးကလည်း မြေကြီးပေါ်မှာ ခဏတာ လဲလျောင်းနေရင်း ကိုက်ခဲ့တုန်းက ရလာသည့် နာကျင်မှုကို ကုစားနေသည်။

ဒါကို မြင်တော့ ရွှီဖန်း၏ နှလုံးသားက တင်းကြပ်သွားသည်။ ဒီကောင်လေး သေကုန်တော့မှာပဲ။

သိထားရမည်မှာ ဒီမြွေကြီး၏တစ်ကိုယ်လုံးက အဆိပ်များ ရှိနေတာဖြစ်သည်။ သူ့အဆိပ်ကိုသာ မိသွားပါက ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်လာလိမ့်မည်။

နာကျင်မှု သက်သာသွားသည့်နောက်မှာ မြွေကြီးသည် အလေးအနက်ဖြစ်လာပြီး ခန္ဓာကိုယ်ကိုလိမ်ဖယ်

လိမ်ဖယ်ဖြင့် လျှောက်ကာ ခုနစ်လေးဆီ ဦးတည်လာသည်။

အစိမ်းရောင်မျက်လုံးများက အလင်းမှိန်မှိန်များထုတ်လွှတ်နေသည်။ ဒီကောင်က ခုနစ်လေးကို ကိုက်တော့မည်မှန်း ရွှီဖန်းသိလိုက်သည်။ 

အာဝူး!

ခုနစ်လေးကလည်း ကျားမကြောက် မြွေမကြောက်သည့် ခွေးဖြစ်တာကြောင့် ဟိန်းဟောက်နေသည်မှာ မြွေကြီးကို 'ဘာလို့ကြောက်ရမှာလဲ'ဟု ပြောနေသလိုပင်ဖြစ်နေသည်။

တစ်ကယ်တော့ ခုနစ်လေးက ဟိန်းဟောက်နေရုံတင်

မကဘဲ သူ့ခွန်အားကို တိတ်တဆိတ်စုဆောင်းကာ အခွင့်အရေးကို သတိထားပြီးစောင့်နေလေသည်။ 

ခဏအကြာမှာ ခွန်အား လုံလောက်ပြီဟု ထင်တာကြောင့် မြွေကြီးဆီ ထပ်ခုန်အုပ်လိုက်ပြန်သည်။ ဒီတစ်ခါ အရှိန်က အရင်ကထက်မြန်သော်ငြား ရွှီဖန်းကတော့ မျက်မှောင်ကြုတ်နေသည်။ ယုတ္တိရှိရှိပြောရလျှင် မြွေကြီး၏အဆိပ်များကြောင့် စွမ်းအားများက ကန့်သတ်ခံရမည်ပင်။

သို့သော် ခုနစ်လေးကတော့ ဖြတ်လတ်တက်ကြွနေတုန်းပင်။ ကောင်းကင်ဘုံနတ်ခွေးဆီက ရထားသည့် သွေးမျိုးဆက်က အဆိပ်တွေကို ခုခံနိုင်သည်လားတော့ မသိပေ။

သူတွေးနေတုန်းမှာ ခုနစ်လေးက မြွေကြီးကို ကိုက်ရန်ပြင်နေလေပြီ။ သူက မြွေကြီး၏အဆိပ်များကို လျစ်လျူရှုထားသည်။ ဒီတစ်ခါ ထပ်ကိုက်ခံရလျှင် မြွေကြီးက မူးဝေသွားလောက်သည်။

ခုနစ်လေးက သူ့အဆိပ်သွားတွေကို မကြောက်ဘူးဆိုတာ မြွေကြီးကလည်း သိသွားခဲ့သည်။ ယခင်ကဲ့သို့ တိုက်ခိုက်ရန်အတွက် အစိမ်းရောင်တောက်နေသည့်သွားများကို မသုံးတော့ချေ။

နည်းဗျူဟာ ပြောင်းသွားလေပြီ။

ခုနစ်လေး ခုန်အုပ်လာသည်နှင့် သူကလည်း ခေါင်းကို စက်ဝိုင်းပုံစံလုပ်ကာ မာကြောသောခေါင်းကို တင်းပုတ်ကဲ့သို့ အသုံးပြုလာသည်။

မြွေကြီး၏ဦးခေါင်းက ခုနစ်လေး၏တိုက်ခိုက်မှုကိုရှောင်ကာ သူ့ဦးခေါင်းဖြင့် ခုနစ်လေး၏ ခါးကိုတန်ပြန်တိုက်ခိုက်သည်။ မြွေကြီးက အားအကုန်သုံးခဲ့တာကြောင့် ခုနစ်လေးသည် နာကျင်စွာအော်ဟစ်၍ နောက်ကိုပြန်လွင့်လာသည်။ သူက မရပ်သွားခင်မှာ မြေကြီးပေါ် အကြာကြီး လှိမ့်သွားခဲ့ရသည်။ 

အချိန်ခဏကြာတော့ ခုနစ်လေးလည်း မြေကြီးပေါ်မှ မတ်တပ်ပြန်ရပ်နိုင်ပြီဖြစ်သည်။ မြွေကြီး၏ ကြီးမားသော တိုက်ခိုက်မှုကို ခံရပြီးသည့်နောက်မှာ ခုနစ်လေး၏မျက်လုံးများက မီးများပွင့်ထွက်

လုမတတ် နီရဲနေခဲ့သည်။ ကြီးမားသည့်တိုက်ခိုက်မှုကို ခံထားရတာကြောင့် မြွေကြီးကို ထပ်တိုက်ရန် စွမ်းရည်လည်း မရှိတော့ပေ။

ခုနစ်လေးက ထပ်ပြီး မထွက်လာရဲတော့တာကို ကျေနပ်စွာကြည့်ရင်း မြွေကြီးသည် လျှာကိုတစ်လစ်တစ်လစ်ထုတ်ကာ ရွှီဖန်းကိုကြည့်လာသည်။

ရွှီဖန်းကို အသုံးမဝင်ဘူးဟု ပြောနေသလိုမျိုး မြွေကြီး၏မျက်လုံးများက လှောင်ပြောင်မှုများ ပြည့်

နှက်နေသည်။ ရွှီဖန်း ပြုံးလိုက်သည်။ ခုနစ်လေးက မြွေကြီးကို မနိုင်လောက်ဘူးဆိုတာက သူ့ခန့်မှန်းထားသည့်ရလဒ်ပင်။ 

အဆုံးမှာတော့ ခုနစ်လေးက တော်တော်ငယ်သေးသည်။ သူက အဆိပ်တွေကို ခုခံနိုင်သော်ငြား မြွေကြီး၏ခန္ဓာကိုယ်ကို တိုက်ခိုက်ရန်အတွက်တော့ ခွန်အားက မလုံလောက်သေးပေ။ 

သို့သော်...

မြွေကြီးက ခြောက်လေးနဲ့ ခုနစ်လေးကို နိုင်အောင် တိုက်နိုင်ခဲ့လို့ သူ့ကိုယ်သူ မရှုံးနိုင်တော့ဘူးလို့ ထင်နေတာလား။ မြွေကြီးက သူ့ခွန်အားကို ကြွားဝါးပြနေတာကြောင့် ရွှီဖန်း မရယ်ဘဲ မနေနိုင်တော့ချေ။

*ငါက ဒီအတိုင်းထိုင်ကြည့်ဖို့အတွက်လေးနဲ့ ခုနစ်လေးတို့နှစ်ကောင်ကို မင်းနဲ့ သွားတိုက်ခိုင်းတယ် ထင်နေတာလား*

"ဟဲဟဲ မြွေကြီး မင်းက ငါ့ခွေးတွေလိုမျိုး ဉာဏ်ကောင်းတာပဲ၊ ငါပြောတာကို မင်းနားလည်

မယ်လို့ ငါယုံတယ်"

ရွှီဖန်းသည် မျက်လုံးကို ကျဥ်းမြောင်း၍ သရော်လိုက်သည်။

"မင်းသိလား၊ တိရိစ္ဆာန်တွေက လူသားတွေကို ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ လူသားတွေက တိရိစ္ဆာန်တွေထက် ဉာဏ်ရည်

ဉာဏ်သွေးပိုမြင့်ကြလို့ပဲ၊ ခြောက်လေးနဲ့ ခုနစ်လေးထက် ပိုတော်တယ်ဆိုတိုင်း ငါ့ကိုပါ ရိုက်နိုင်လိမ့်မယ်လို့မထင်နဲ့"

ရွှီး! ရွှီး!

ရွှီဖန်း၏ဒေါသစကားများမှ ဆိုလိုရင်းကို မြွေကြီးကလည်း နားလည်သည်။ သူက လျှာကိုထုတ်ကာ သတ်ဖြတ်ချင်သည့်အလင်းများ မျက်လုံးထဲ ဖြတ်သန်းသွားသည်။

ရွှီဖန်းသည် သူခေါင်းကို ပွတ်သပ်ပြ၍ ပြုံးကာ ပြောလိုက်သည်။

"ပထမအဆုံးအချက်အနေနဲ့ကတော့ လူတွေက လက်နက်တွေကို ဘယ်လိုသုံးရမလဲသိကြတယ်"

ပြောရင်းဖြင့် ရွှီဖန်းသည် သူ့နောက်ကျောမှ လေးညှို့ကိုဆွဲချကာ မြှားတံကို ဖြည်းညှင်းစွာတင်

လိုက်သည်။ ထို့နောက် မြွေကြီး၏ခန္ဓာကိုယ်ကို ချိန်

ရွယ်ကာ ခလုတ်ကိုဆွဲ၍ မြွေကြီးဆီ ပစ်လွှတ်လိုက်

သည်။

(Jue - ဒီမှာ သူသုံးတဲ့ လေးညှို့က modernခေတ် လေးညှို့ပါနော်)

မြှား၏အမြန်နှုန်းက ခွေးနှစ်ကောင်ထက် ပိုမြန်ပေသည်။ ထို့အပြင် ရွှီဖန်းက လက်နက်သယ်ဆောင်လာသည်ကို မြွေကြီးက မသိထားပေ။ မြှားပစ်ပစ်ချင်း မရှောင်တိမ်းနိုင်ခဲ့တာကြောင့် မြှားက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ 

ရွှီး! ရွှီး!

ထိုမြှားက မြွေကြီးအား အတော်နာကျင်စေသည်မှာ သိသာလှသည်။ မြေကြီးပေါ်မှ အချိန်အတန်ငယ်လူးလှိမ့်နေပြီးမှသာ ထလာနိုင်သည်။ ဒီတစ်ခါ သူခေါင်းကို ထောင်ရင်း ရွှီဖန်းကို ဟစ်အော်လာသည်။

ရွှီဖန်းကို အံ့အားသင့်စေသည့်အရာမှာ မြှားသည် မြွေ၏ခန္ဓာကိုယ်တစ်ခုလုံးကို မဖောက်ဝင်သွားဘဲ ဒဏ်ရာနက်နက်တစ်ခုကိုသာ ချန်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ ဒါကိုကြည့်ပါက မြွေကြီး၏ခန္ဓာကိုယ်

က ဘယ်လောက်ထိ သန်မာလဲဆိုတာ သိနိုင်ပေသည်။

ရွှီဖန်း ရယ်လိုက်ကာ နောက်ထပ်မြှားတစ်ချောင်းကို လေးညှို့အပေါ်တင်လိုက်သည်။ ထို့နောက် မြွေကြီးကို တည့်တည့်ချိန်ရွယ်ကာ ထပ်ပစ်လိုက်သည်။ 

 ရွှီး!

မြွေကြီးသည် နောက်ထပ်အပစ်ခံလိုက်ရတာကြောင့် နာကျင်စွာပင် ခန္ဓာကိုယ်က တွန့်လိမ်သွားသည်။ ရွှီဖန်းသည် မျက်လုံးကျဥ်းမြောင်းရင်း မြွေကြီးကို စိတ်ဝင်စားစွာ ကြည့်နေသည်။

"မင်းကိုယ်မင်း သန်မာတယ်ထင်နေခဲ့တာမလား၊ အခုဘာကို ကြောက်နေတာလဲ"

ရွှီး! ရွှီး!

ရွှီဖန်းက လှောင်ပြောင်နေတာကြောင့် မြွေကြီးက ဒေါသထွက်လာသည်။ သူက မြေကြီးပေါ်မှထကာ ရွှီဖန်းဆီ တိုးဝင်လာသည်။ 

မြွေကြီးက မတုံးအပေ။ ရွှီဖန်းမှာ အဝေးပစ်လက်နက်တမျိုးပဲရှိတာကြောင့် အနီးကပ်တိုက်ပွဲသာဆိုလျှင် သေအောင် ကိုက်ပြီး သေတွင်းကို ပို့နိုင်လိမ့်မည်။ ရွှီဖန်းအရှေ့က ခြောက်လေးနှင့် ခုနစ်လေးကိုတော့ မြွေကြီးက မျက်လုံးထဲမထည့်ချေ။

မြွေကြီးက သူ့ဆီ တွားသွား၍ လာနေသော်လည်း ရွှီဖန်းက လုံးဝမကြောက်သကဲ့သို့ မျက်လုံးမှိတ်ထားလိုက်သည်။ ထိုပုံစံကြောင့် မြွေကြီးကလည်း အလွန်ဒေါသထွက်လာသည်။ ရွှီဖန်းဆီ လာနေသည့်အရှိန်ကလည်း တစ်ဆင့်ပိုတိုးလာသည်။

အနားကိုရောက်သည့်အခါ သွေးများပေနေသည့်သူ့ပါးစပ်ကိုဖွင့်၍ ရွှီဖန်းကို ကိုက်ရန် ပြင်သည်။

ရွှီး! ရွှီး!

မြွေကြီး၏ သွေးပေသည့်ပါးစပ်ကြီးက သူ့ဆီကို နီးသထက်နီးလာသော်ငြား ရွှီဖန်းက တစ်ဖက်

လူ၏တိုက်ခိုက်မှုကို မမြင်သည့်အလား တည်ငြိမ်

နေသည်။ ထို့နောက် သူ့လက်ထဲက လေးညှို့ကို ဖြည်းညှင်းစွာမလိုက်သည်။

ရွှီး! ရွှီး!

တစ်မီတာကို ကျော်လာသည်နှင့် ရွှီဖန်းက အသတ်ခံရနိုင်သော်ငြား ရုတ်တရက်ပင် မြွေကြီးသည် ကြောက်ရွံ့မှုကြောင့် အနောက်ကိုဆုတ်သွားသည်။

ရွှီဖန်း ပြုံးလိုက်သည်။

"ဘာကြောင့်လဲဆိုတာ မင်းသိလား"

********************

All Chapters