← Chapters

လူ့ပညာ

Vol. 8 Ch. 106

လူ့ပညာ

Vol. 8 Ch. 106

မြွေကြီးတင်မဟုတ်ပေ။ ခြောက်လေးနှင့် ခုနစ်လေးတောင်မှ မြွေကြီး ဘာကြောင့် ရွှီဖန်းအနားကို ကပ်လို့ မရသလဲဆိုတာကို သိချင်နေကြသည်။

ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။

"ရှေးကလူတွေပြောခဲ့ကြသလိုပဲ၊ မင်းက တုံးတာကို"

မြွေကြီးက ခြောက်လေး၊ ခုနစ်တို့နှင့် တိုက်ခိုက်နေသည့်အချိန် ရွှီဖန်းက ထောင်ချောက်ဆင်နေခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အမှုန့်တစ်အိတ်ကိုဖွင့်ကာ သူ့ဘေးပတ်ပတ်လည်မှာ ဖြူးခဲ့သည်။ 

လူသားများတွင် အားနည်းချက်များစွာရှိကြပြီး အားနည်းချက်တစ်ခုကြောင့်ပင် သေဆုံးရသည်များလည်းရှိခဲ့သည်။ မြွေကြီးလည်း ထပ်တူပင်။ ဘယ်လောက်ပဲ အင်အားကြီးနေပါစေ မြွေကမြွေပဲဖြစ်သည်။

၎င်း၏ဘိုးဘေးဖြစ်သည့် ပိုင်စူးကျန့်မြွေတောင်မှ အဝါရောင်အမှုန့်ကို ကြောက်လျှင် မိစ္ဆာသားရဲတောင် မဟုတ်သည့် မြွေက မကြောက်စရာ အကြောင်းမရှိပေ။

သူလုပ်ရန်လိုအပ်သည်က အဝါရောင်အမှုန့်ဖြူးထားသော စက်ဝိုင်းအတွင်းတွင်သာ နေရန်ဖြစ်သည်။ မြွေကြီး ဘယ်လောက်ပဲသန်မာနေပါစေ၊ ဘယ်လောက်

အဆိပ်ရှိပါစေ သူ့ကိုထိခိုက်စေနိုင်မည်မဟုတ်ချေ။

မြွေကြီးက လျှာတစ်လစ်တစ်လစ်ထုတ်ကာ ရွှီဖန်းကို ကြည့်နေဆဲဖြစ်တာကြောင့် သူသရော်လိုက်သည်။

"လက်မခံနိုင်သေးဘူးလား၊ မင်းရဲ့အသိုက်ထဲ ပြန်ရောက်အောင် ငါပစ်မှာကိုကြည့်ထား"

ပြောပြီးသည့်နောက် လေးညှို့နှင့် မြှားကိုယူ၍ မြွေကြီးကိုချိန်ကာ ပစ်လွှတ်လိုက်သည်။ 

အခြေအနေတင်းမာနေသည့်အချိန် ရွှီဖန်း၏ ရက်စက်သော အသွင်အပြင်ကြောင့် မြွေကြီးက မထောင်လွှားနိုင်တော့ပေ။ ဝင်တိုးလာသော မြှားကိုတွေ့သည့်နှင့် မြွေကြီးက တုန်ယင်သွားပြီး ရှောင်ရန်ကြိုးစားလာသည်။

သို့သော် မြှားက ထင်ထားသည်ထက် ပိုမြန်ကာ သူ၏နဂိုရှိပြီးသားအနာထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ရွှီး! ရွှီး!

နှစ်ကြိမ်မြောက် ထိခိုက်ပြီးနောက် မြွေကြီး၏ အခြေအနေက ဆိုးရွားလာသည်။ မြေကြီးပေါ်မှာ အချိန်ခဏ လူးလှိမ့်နေခဲ့ပြီးနောက် လျှာကိုထုတ်ကာ အော်ဟစ်လာသည်။ ထို့နောက် မြွေကြီး၏ ခန္ဓာကိုယ်ကြီးက ရွှီဖန်းဆီ တိုးဝင်လာသည်။ 

ရွှီဖန်း မပျော်မရွှင်ဖြစ်သွားတော့သည်။ ဒင်းက လာရဲတုန်းလား။

မြှားနောက်တစ်ခုကို စားကွာ!

မြှားကိုအမြန်တင်၍ ဝင်တိုးလာသော မြွေကြီးအား ထပ်ပစ်လိုက်သည်။ 

ရွှီး!

မြွေကြီးက အလွန်နာကျင်သွားသော်လည်း ရှောင်မပြေးသေးချေ။ ထိုအရာက ရယ်စရာကောင်းသည်ဟု ရွှီဖန်း ခံစားရသည်။ 

ဥပမာပေးတဲ့ဟာက နည်းနေလို့လား။

မင်းက ဒီလောင်ဇီအပေါ်မှာ ဒေါသတွေ လာဖြေဖျောက်ရဲတယ်ပေါ့။

ရွှီဖန်းဆီက သုံးကြိမ် အပစ်ခံထားရပြီးနောက် မြွေကြီးက ဘယ်လောက်ပဲတုံးပါစေ ရွှီဖန်းနှင့် မယှဥ်နိုင်မှန်း သိသင့်သည်။ သို့သော် သူ့ကို အံ့သြစေသည်က မြွေကြီးက နောက်ဆုတ်ရန် အစီအစဥ်မရှိသည့်ပုံပင်။

ဒါပေါ့...မြွေကြီး ထွက်ပြေးချင်ရင်တောင်မှ ရွှီဖန်းမှာ သူ့ကိုတားလို့ရသည့် နည်းလမ်းများရှိသည်။ 

သို့သော်ငြား မြွေကြီး၏ မျက်လုံးများထဲ၌ ဤကိစ္စကြောင့် ထွက်ပြေးမည်မဟုတ်သည့် စိတ်အားထက်သန်မှုမျိုး ရှိနေသည်မှာ သိသာသည်။ 

မြွေကြီးက သူ့ကိုယ်သူ သက်သေပြချင်တာကြောင့် ရွှီဖန်းနှင့် သေသည်အထိ တိုက်ပွဲဝင်ချင်သည့်ပုံပင်။ 

ရွှီဖန်း ပြုံးလိုက်မိသည်။ ဂုဏ်သိက္ခာမရှိ ထွက်ပြေး၍ ရှင်သန်ရသည်ထက် သေသည်အထိ တိုက်ပွဲဝင်ချင်သည့် လူသားတွေကြားထဲက စိတ်ဓာတ်မျိုးက မြွေကြီးဆီမှာပါ ရှိနေမည်ဟု မထင်ထားခဲ့ပေ။ ချီးကျူးစရာပင်။

ရွှီဖန်း ခန့်မှန်းရသလောက်ကတော့ မြွေကြီးက လက်မခံနိုင်သေးတာဖြစ်သည်။ ရွှီဖန်းဆီမှာ အဝါရောင်

အမှုန့်နှင့် လေး၊မြှား မရှိလျှင် သူ့ပြိုင်ဘက်မဟုတ်ဘူးဟု တွေးနေသည့်ပုံပင်။

"ဟေး မစ္စတာမြွေကြီး ငါတို့ အလောင်းကစားလုပ်ရင် ဘယ်လိုလဲ"

ရွှီဖန်းက မြွေကြီးကို အော်ပြောလိုက်သည်။ မြွေကြီး၏ ဉာဏ်ရည်ဉာဏ်သွေးအရ သူပြောသည့်

ဆိုလိုရင်းကို နားလည်မည်ဟု သူယုံသည်။

ရွှီး! ရွှီး! 

မြွေကြီးက လျှာထုတ်လာသည်။ မြွေကြီး နားလည်လား၊ မလည်လား မသိသော်ငြား ရွှီဖန်းကတော့ ဆက်ပြောလိုက်သည်။ 

"ရိုးရိုးသားသားပြောရရင် ငါမင်းကို လေးစားမိပါတယ်၊ လောင်းကြေးထပ်ကြရအောင်...ငါ ဒီစက်ဝိုင်းထဲက ထွက်ခဲ့မယ်၊ မြှားကိုလည်း မသုံးဘူး၊ ငါတို့နှစ်ယောက် ပြီးရင် တိုက်ခိုက်ကြမယ်၊ အကယ်၍ ငါနိုင်ခဲ့ရင် မင်း မြစ်အောက်ပိုင်းရွာက လူတွေကို အန္တရာယ်မပေးရဘူး...ပြီးတော့ ငါ့ညီလေးလုပ်ရမယ်၊ ဘယ်လိုလဲ"

မြွေကြီးနားမလည်မည်ကို ရွှီဖန်းစိုးရိမ်နေသည်။ ဒါကြောင့် အကြိမ်အနည်းကယ် လက်အမူအရာတွေလုပ်ပြပြီး လေးညှို့ကို အဝေးပစ်ထုတ်ပြလိုက်သည်။

"မင်း လက်ခံရင် မြေပြင်ပေါ် ခေါင်းချပြပါ"

အချိန်ခဏလောက် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတော့သည်။ မြွေကြီးက ရွှီဖန်းကို မျက်လုံးစိမ်းများဖြင့် စိုက်ကြည့်ကာ ခဏအကြာမှာတော့ ခေါင်းကို တစ်ကယ် လှဲချလာလေသည်။

အူး!

ဝုတ်! ဝုတ်! ဝုတ်! ဝုတ်!

မြွေကြီးက ခေါင်းကို မြေကြီးပေါ် လှဲလိုက်သည်နှင့် ရွှီဖန်းကလည်း ထပ်တွေးခြင်းမရှိဘဲ အဝါရောင်

စက်ကွင်းထဲမှ ထွက်ရန်ပြင်သည်။ ထိုအချိန် တိုက်တွန်းနေသကဲ့သို့ ဟောင်သံများကို ကြားလိုက်ရသည်။

ရွှီဖန်း ပြုံးလိုက်ကာ ခွေးနှစ်ကောင်ကို ခေါင်းပုတ်ပေးလိုက်သည်။ 

"ဟဲဟဲ မင်းတို့က ငါ့ကိုဂရုစိုက်ပုံပဲကွ၊ စိတ်မပူနဲ့...မြှားသုံးလို့မရရင်တောင် ငါမကြောက်ဘူး"

ထို့နောက် ရွှီဖန်းက အဝါရောင်စက်ဝိုင်းထဲမှ ထွက်သွားတော့သည်။ ရွှီဖန်းကို တားလို့မရခဲ့တာကြောင့် ခွေးနှစ်ကောင်သည် တစ်ခုခုသတိပေးချင်နေသကဲ့သို့ မြွေကြီးကို ထိုးဟောင်နေကြသည်။

မြွေကြီးကတော့ စက်ဝိုင်းအတွင်းမှ ထွက်လာသည့် ရွှီဖန်းကို စိတ်မဝင်စားသလို ကြည့်နေသည်။ မာနကြီးသော မြွေဖြစ်တာကြောင့် ရွှီဖန်းကို လှောင်နေသည့်ပုံပင်။

စက်ဝိုင်းမှ ထွက်လာပြီးနောက် လစ်လပ်သော နေရာတစ်ခုမှာ ဝင်ရပ်ရင်း လက်တွေကို နောက်ကျော်မှာပစ်ထားလိုက်သည်။ သူက ကျွမ်းကျင်သူတစ်ဦးနှင့် တူလှသည်။ ရွှီဖန်းလည်း လက်ကိုဝှေ့ယမ်းလိုက်ကာ...

"ကောင်းပြီ တိုက်ခိုက်ကြတာပေါ့"

ရွှီး! ရွှီး!

မြွေကြီးက လျှာကိုပွတ်သပ်၍ ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ရွှီဖန်းဆီ လျင်မြန်စွာ ခုန်ဝင်လာသည်။ မျက်စိတမှိတ်စာအတွင်းမှာပင် မြွေကြီးက ရွှီဖန်းအရှေ့ကို ရောက်လာပြီဖြစ်သည်။ သူက ခေါင်းကို ရှေ့ထုတ်ကာ သွေးများပေလူးနေသည့်ပါးစပ်ကို ဖွင့်လာသည်။ မဆိပ်ရှိသော အစွယ်နှစ်ချောင်းကလည်း အစိမ်းရောင်တောက်ပနေသည်။ ၎င်းက ရွှီဖန်းကို ဦးတည်နေလေသည်။

အစွယ်နှစ်ချောင်းက ရွှီဖန်း ခန္ဓာကိုယ်ထဲကို ဝင်ရောက်တော့မည့်အလား အောက်ကိုကွေးညွတ်လာသည်။ ရွှီဖန်းလည်း သတိမလွတ်ရဲပေ။ သူအမြန်ပင် ကောင်းကင်ဘုံစွမ်းအားအဆောင်ကို သုံးကာ ကောင်းကင်ဖြိုခွဲလက်သီးကို ထုတ်လိုက်သည်။ မြွေကြီး၏ ခန္ဓာကိုယ်ကို လက်သီးနှင့်ထိုးပြီးသည့်နောက် သူဘေးကို ရှောင်တိမ်းလိုက်သည်။ 

ရွှီဖန်းသည် မြွေကြီး၏ အစွယ်နှင့် ထိလုနီးပါးပင်။ ဘေးမှဖြတ်သွားသည့် လေအေးကြောင့် ရွှီဖန်း၏ ရင်လည်း တုန်လှုပ်သွားရသည်။ သူသာ မရှောင်နိုင်ခဲ့လျှင် သေသွားနိုင်ပေသည်။ 

မြွေကြီးက သူခန္ဓာကိုယ်ကို ဦးတည်ရာမပြောင်းနိုင်သေးခင် ရွှီဖန်းသည် အခွင့်ကောင်းယူ၍ ကောင်းကင်ဖြိုလက်သီးကို ထုတ်လိုက်သည်။

ကျူးကျော်လှုပ်ရှားမှုက မီးလျှံအတိုင်းပင်။ ရွှီဖန်း၏ လက်သီးများက ချက်ချင်းပင် ပြင်းထန်အားကောင်းသည့်လွှမ်းမိုးမှုအဖြစ်ကို ရောက်ရှိသွားကာ မြွေကြီး၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်သွားစေသည်။ 

ဤလက်သီးထဲ၌ ရွှီဖန်းသည် သူ၏ အားအကုန်ကို ထုတ်သုံးထားသည်။ 'ဘန်း'မြည်သံနှင့်အတူ မြွေကြီးဟာ အကွာအဝေးတစ်ခုဆီသို့ မရပ်မနားရဘဲ ရွေ့သွားရသည်။

ရွှီး! ရွှီး!

ပထမတစ်ချီမှာ ရွှီဖန်းက အနိုင်ရရှိသွားတာကြောင့် မြွေကြီးက သိသိသာသာ လက်မခံနိုင်ပေ။ သူက ရွှီဖန်းကို ဒေါသထွက်စွာ ကြည့်နေသည်။

ထိုကဲ့သို့ဒေါသထွက်နေသည့်အမူအရာကြောင့် ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ မှန်ပေသည်၊ ထိုလက်သီးထဲ၌ သူအားအကုန်ထည့်သုံးခဲ့သော်လည်း မြွေကြီးအပေါ်တွင်တော့ ကြီးကြီးမားမားသက်ရောက်သည့်ပုံမပေါ်ပေ။

ရွှီဖန်းတစ်ယောက် မြွေကြီး၏ ခန္ဓာကိုယ်ကို ကြည့်

မိသည်။ အလွန်သန်မာပေသည်။ အကယ်၍ သူ့မှာသာ ဓားမရှိပါက လက်သီးလောက်ဖြင့် မြွေကြီးကို ဒဏ်ရာရစေရန်က ခက်ခဲလှသည်။

သေစမ်း!

ငါဘာလုပ်သင့်လဲ!

ကောင်းကင်ဖြိုခွဲလက်သီးဖြင့် မြွေကြီးကို အနိုင်မယူနိုင်မှန်း သိပေသည်။ သိထားရမည်မှာ မြွေကြီး၏ ခွန်အားက အဆပေါင်းများစွာ ပိုကောင်းနေသည်။ 

ရပြီ!

မြွေကြီး၏ ခန္ဓာကိုယ်ကို အချိန်အတန်ကြာစိုက်ကြည့်ပြီးနောက် ရွှီဖန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ 

မြွေကြီး၏ ခုခံနိုင်စွမ်းက အလွန်သန်မာသော်ငြား သူ့ခန္ဓာကိုယ်အပေါ်၌ အားနည်းချက်ကို ရှာတွေ့နိုင်ဆဲပင်။

***********************

All Chapters