← Chapters

မြွေကြီးက အားအကုန်ထုတ်သုံးခြင်း

Vol. 8 Ch. 107

မြွေကြီးက အားအကုန်ထုတ်သုံးခြင်း

Vol. 8 Ch. 107

ကောင်းကင်ဖြိုခွဲလက်သီးက အားကြီးသော်လည်း မြွေကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် မဖြစ်နိုင်ချေ။ သို့သော်ငြား ဒဏ်ရာရနေသည့် နေရာကိုတော့ သူထိုးရိုက်နိုင်ပေသည်။

အစောပိုင်း​တွင် မြှားသုံးချက်က မြွေကြီး၏ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အကာအကွယ်များကို ဖျက်ဆီးခဲ့သည်။ ဒဏ်ရာရနေသည့်နေရာကို ဆက်လက်တိုက်ခိုက်ပါက မြွေကြီးက တောင့်ခံနိုင်မည်မဟုတ်ချေ။

"ဟဲဟဲ အခု တိုက်ခိုက်ဖို့ အချိန်ရောက်ပြီ"

မြွေကြီး ပြန်တည်ငြိမ်သွားသည်နှင့် ရွှီဖန်းသည် ရယ်မောက လျှာကို သပ်လိုက်သည်။ ထို့နောက် မြွေကြီးဆီကို လျှောက်သွားလိုက်တယ်"

ဟိန်းသံ!

မြွေကြီးအနီးသို့ ရောက်ခံနီးအချိန်တွင် ကျယ်လောင်သော ဟိန်းသံကြီးအား ကြားလိုက်သည်။  ထို့နောက် မြွေကြီးဆီသွားနေသည့် သူခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။

မြွေကြီးသည် သိပ်နားမလည်ပေ။ သူ့ကိုယ်သူ ပြန်

ကြည့်နေရာမှ ခေါင်းကို မော့လိုက်သည်။

စစချင်းမှာ ရွှီဖန်း စိတ်လှုပ်ရှားနေခဲ့သည်။ မြွေကြီးက သူ့ကိုယ်သူ ခုခံနိုင်စွမ်းမြင့်သည်ဟု သတ်မှတ်ထားကာ သူ့ကို မျက်လုံးထဲ လုံးဝမထည့်ပေ။

သို့သော် အချိန်ခဏအကြာမှာ တစ်ခုခု မှားနေပြီဟု ရွှီဖန်းခံစားလိုက်ရသည်။

မြွေခေါင်းကြီး အောက်မှ လည်ပင်းက တဖြည်းဖြည်း ကြီးလာနေသည်။ တော်တော်လေး ထူးဆန်းနေ၏။

မကောင်းတော့ဘူး!

ထပ်ပြီးတိုးဝင်သွားလျှင် ဒုက္ခရောက်လိမ့်မည်ဟု ရွှီဖန်းခံစားနေရသည်။ မြွေကြီး လှုပ်ရှားလာသည်ကို မစောင့်ဘဲ သူဘေးကို လှိမ့်ကာ တစ်ဖက်ကို ရှောင်တိမ်းလိုက်သည်။

ထိုအချိန်တွင် မြွေကြီး၏ သွေးပေနေသော ပါးစပ်က ပွင့်ဟလာကာ အဆိပ်ပြင်းသော အစိမ်းရောင်မြူများကို ထုတ်လွှတ်လာသည်။ 

ကံကောင်းထောက်မစွာပင် ရွှီဖန်းက ကြိုရှောင်ထားမိသည်။ မဟုတ်လျှင် ထိုအဆိပ်မြူများကြောင့် သူသေရလိမ့်မည်။ ထိုမြူများက အလွန်အဆိပ်

ပြင်းသည်မှာ သိသာလှသည်။ မြေပြင်ပေါ်က အပင်ငယ်တွေဆို ချက်ချင်း ညှိုးနွမ်းသွားကုန်သည်။ 

ရွှီဖန်းသည် အဆိပ်မြူတချို့ကြောင့် အပေါက်များဖြစ်သွားသည့် ခန္ဓာကိုယ်ပေါ်မှာ အဝတ်များကို ကြည့်ကာ သူ့နှလုံးက တုန်လှုပ်သွားရသည်။ အခြေအနေကို မြန်မြန်မဆုံးဖြတ်ဘဲ ချက်ချင်း ပုန်းမနေမိပါက သူ အဆိပ်ကြောင့် သေနေလောက်ပြီဖြစ်သည်။

ရွှီဖန်းက ဆေးပညာအနည်းငယ်ကျွမ်းသော်ငြား ဤမျှ ပြင်းထန်သော အဆိပ်အောက်မှာ သူ ဆယ်မိနစ်ထက်ပို၍ အသက်ရှင်နိုင်မည်မဟုတ်ချေ။ 

ကံကောင်းထောက်မစွာပင် မြွေကြီးက ထိုလှုပ်ရှားမှုကို ခဏခဏ အသုံးမပြုနိုင်ချေ။ ထိုအဆိပ်မြူများက ခန္ဓာကိုယ်ထဲရှိ အဆိပ်များကို တွန်းထုတ်ခြင်းဖြစ်ပြီး အဆုံးစွန်သော အခြေအနေတစ်ခုရောက်မှသာ အသုံးပြုနိုင်လေသည်။

ခန္ဓာကိုယ်ထဲရှိ အဆိပ်များစွာကို ထုတ်သုံးခဲ့ရတာကြောင့် မြွေကြီး၏ ခန္ဓာကိုယ်က  အားနည်းနေသည်။ ဆက်ပြီးတိုက်ခိုက်ချင်နေသော်ငြား မြေကြီးပေါ်မှာ လှဲနေရပြီး ခွန်အား မကျန်ရှိတော့ပေ။ 

ဤအချိန်က ရွှီဖန်း တိုက်ခိုက်ရန် အကောင်းဆုံး အကြိမ်ဖြစ်သည်။ သူ နှောင့်နှေးမိပါက မြွေက ပြန်ပြီး အားပြည့်လာလိမ့်မည်။ ထိုအချိန် ထပ်ပြီး တိုက်ခိုက်ပါက ရွှီဖန်းအတွက် လွတ်မြောက်ရန် အာမခံချက်မရှိပေ။

ဒါကိုတွေးရင်းဖြင့် မြွေကြီးဆီ ပြေးသွားလိုက်သည်။ ဒီတစ်ကြိမ်မှာ မြွေကြီးက အားနည်းချင်ဟန်ဆောင်ပြီး အလစ်ငိုက်တိုက်ကာ သူ့ကို သတ်မည်စိုးတာကြောင့် အလွန် သတိထားနေခဲ့ရသည်။ 

ကံကောင်းသွားသည်မှာ ဒီတစ်ခါ အဆိပ်မြူတွေ ထုတ်ခဲ့သည့်ဖြစ်စဥ်က အမှန်ပင်။ သူ့မှာ လုံလောက်

သည့်ခွန်အား မရှိတော့ပေ။ ရွှီဖန်းလည်း မြွေကြီးနှင့် တဖြည်းဖြည်းနီးကပ်လာသည်။

မြွေကြီးက သူ့အမြီးကိုသုံး၍ ရွှီဖန်းဆီဦးတည်လာသည့်အခါ သူပြုံး၍ အမြီးတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ချက်ချင်းပင် မြွေကြီး၏ အနားသို့ ရွှီဖန်း ရောက်ရှိသွားသည်။ မြွေကြီး၏ ခန္ဓာကိုယ်ကို ကြည့်ရင်း သူ့အကြည့်က ရထားပြီးသား ဒဏ်ရာအပေါ် ကျရောက်သွားသည်။ 

ထို့နောက် သူ ကောင်းကင်ဖြိုခွဲလက်သီးကို အသုံးပြုခဲ့သည်။ တိုက်ခိုက်မှုက မီးကဲ့သို့ပင်။ 

ရွှီဖန်းသည် နေကိုမြိုချနေသည့်ကျားတစ်ကောင်ကဲ့သို့ သူ့ခွန်အားအကုန်ထုတ်သုံးခဲ့ရကာ မြွေကြီး၏ ဒဏ်ရာပေါ်ကို တိုက်ရိုက်အသုံးချနေသည်။ ဤ ထိုးနှက်ချက်က အလွန် ရက်စက်လေသည်။ နဂိုရှိပြီးသား ဒဏ်ရာအပေါ် ထပ်ဖြစ်သည့်အပြင် မြွေကြီးကလည်း ခွန်အားမရှိတာကြောင့် သည်းခံနိုင်စွမ်းမရှိဘဲ မြေပြင်ပေါ်သို့ ခပ်တိုးတိုးအသံပြုရင်း လဲကျသွားသည်။ 

ရွှီဖန်းလည်း အသက်ပြင်းပြင်းရှူသွင်းကာ ပြုံး၍ ပြောလိုက်သည်။

"မစ္စတာမြွေကြီး လက်မခံသေးဘူးလား"

မြွေကြီးအတွက်တော့ လူတစ်ယောက်ဆီမှာ ကျရှုံးတာက ပထမဆုံးအကြိမ်ဖြစ်ကာ သူ့အတွက် အများကြီး ထိခိုက်ခံစားရလေသည်။ ထိုအချိန် ခြောက်လေးနှင့် ခုနစ်လေးကလည်း ပြေးလာကာ မြွေကြီးကို ထိုးဟောင်နေကြသည်။ မြွေကြီး၏ သနားစရာကောင်းစွာ ကျရှုံးခြင်းအတွက် လှောင်ချင်နေကြသည့်ပုံပင်။

ရွှီဖန်းလည်း မြွေကြီးကို မျက်လုံးမှိန်း၍ ကြည့်ကာ ပြောလိုက်သည်။

"မစ္စတာမြွေကြီး မင်းလည်းရှုံးသွားပြီ၊ ပြောထားတဲ့ ကတိကို တည်သင့်တယ်မလား"

မြွေကြီးက မြေကြီးပေါ်မှ ထကာ ရွှီဖန်းကို စိုက်ကြည့်နေခဲ့သည်။ သူက ခေါင်းကိုလှည့်ရင်း တွားသွားရန် ကြိုးစားနေသည်။ 

အာဝူး!

ထိုလုပ်ရပ်ကိုမြင်သည့်အခါ ခြောက်လေးနှင့် ခုနစ်လေးသည် မြွေကြီးကို ရှုတ်ချသလိုမျိုး ဟိန်းဟောက်နေကြသည်။ သူတို့က မြွေကို ဖမ်းရန် အလိုရှိသကဲ့သို့ ရွှီဖန်းကို ကြည့်နေကြသည်။ 

ရွှီဖန်း ခေါင်းခါလိုက်သည်။ ဘာကြောင့်မှန်းမသိတော့ငြား မြွေကြီးဘက်က အရှက်မရှိပြုမူလာလိမ့်မည်ဟု သူမထင်ပေ။ တစ်ကယ်တော့ တိရိစ္ဆာန်က လူတွေထက် ပိုရိုးသားကြပြီး စွဲလမ်းမှုများမရှိပေ။ အထူးသဖြင့် မြွေကြီး၏ခက်ထန်ပြတ်သားသောအကြည့်များကို ကြည့်ရုံဖြင့် သိသာပေသည်။

"မလိုပါဘူး စောင့်ရအောင်၊ သူပြန်လာမှာပါ"

မြွေကြီးကို ယုံရန် ရွှီဖန်း ရွေးချယ်ခဲ့သည်။ တစ်ကယ်လည်း ခဏနေတော့ မြွေကြီးက ပြန်ရောက်လာသည်။ ဒီတစ်ခါ သူ့ပါးစပ်ထဲမှာပါ တစ်ခုခုပါလာလေသည်။ 

မြွေကြီးက ခန္ဓာကိုယ်ကို ရှေ့ဆန့်ကာ ရွှီဖန်းအရှေ့ကို တွားသွားလာသည်။ ထို့နောက် သူ့ပါးစပ်ထဲမှ အရာကို ရွှီဖန်းခြေရင်းဆီ ချပေးလာသည်။ ဒါကိုမြင်တော့ ရွှီဖန်း မအံ့သြဘဲ မနေနိုင်ပေ။ 

သူ့ခြေရင်းမှာ ဂျင်ဆင်းအရိုးတံ သုံးခုရှိနေသည်။ အရွယ်အစားများကို ကြည့်၍ နှစ်တစ်ရာသက်တမ်းလောက်ရှိသည့် ဂျင်ဆင်းများဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိသည်။ မြွေကြီးက ဘာလို့ ဒီလောက်ထိ သန်မာပြီး ကြီးထွားနေရတာလဲဆိုတာ မအံ့သြတော့ပေ။ သူက ကောင်းကင်နှင့်မြေကြီးဆိုင်ရာ ရတနာပေါင်းများစွာကို စားသုံးလာခဲ့သည်ပုံပင်။ 

သို့သော် အခု ဂျင်ဆင်းတွေကို ရွှီဖန် ခြေရင်းမှာချပေးလာသည်။ သူက တင်ပြရန် ရည်ရွယ်ထားသည့်ပုံပင်။ 

"ဒီဂျင်ဆင်းကို မင်းစားရင် ခွန်အားတွေအများကြီးတိုးစေပြီး ဒဏ်ရာတွေလည်း မြန်မြန်ပြန်ကောင်းလာမှာ၊ မင်း ငါ့ကိုပေးချင်တာ သေချာရဲ့လား"

ရွှီဖန်းလည်း စိတ်ရှုပ်ထွေးစွာပင် မြွေကြီးကို မေးလိုက်သည်။

မြွေကြီး၏ ဦးခေါင်းက မြေကြီးပေါ်လှဲနေကာ ရွှီဖန်းအတွက် တစ်ကယ်ပေးချင်နေသည့်ပုံပင်။ ရွှီဖန်း မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။ မြွေကြီးက သူ့ခွန်အားကို ယုံသွားသည့်ပုံပင်။ 

သို့သော်ငြား ရွှီဖန်းက လောဘကြီးသောလူမဟုတ်

ပေ။ ဤဂျင်ဆင်းက မြွေကြီးကို ပိုကောင်းလာစေမှတော့ စားခွင့်ပြုလိုက်မည်ဖြစ်သည်။ 

"မလိုပါဘူး မစ္စတာမြွေကြီး၊ ဂျင်ဆင်းကို မင်းပဲစားလိုက်ပါ၊ မင်းရဲ့ဒဏ်ရာတွေကို ငါကုပေးမယ်"

ရွှီး! ရွှီး!

အစိမ်းရောင်မျက်လုံးများက သံသယတချို့ ဖြတ်ပြေးသွားသော်ငြား တစ်ချိန်တည်းမှာပင် ဝမ်းနည်းရိပ်များ ပေါ်လွင်နေသည်။ အဆုံးမှာတော့ မြွေကြီးသည် သူ့ဆီက တန်ဖိုးအကြီးဆုံးအရာကို ယူထုတ်ပြီး ရွှီဖန်းကို ပေးခဲ့သည်။ သို့သော်ငြား ရွှီဖန်းက မယူတာကြောင့် ဝမ်းနည်းစရာပင်။ 

ရွှီဖန်း ပြုံးကာ ရှင်းပြလိုက်သည်။

"မစ္စတာမြွေကြီး၊ အထင်မမှားလိုက်ပါနဲ့ ၊ ဒီဂျင်ဆင်းက တစ်ကယ်ကို ပစ္စည်းကောင်းတစ်ခုပါ၊ မင်း ငါ့ကို မိတ်ဆွေအဖြစ် ဆက်ဆံလိုက်ပြီဆိုကတည်းက ငါလည်း မင်းကို မမျှမတလုပ်မှာမဟုတ်ဘူး၊ မင်း အခု ဒဏ်ရာရနေတာလေ၊ မငြင်းနဲ့တော့ မြန်မြန်စားလိုက်ပါ"

ရွှီး!

မြွေကြီးကလည်း ရွှီဖန်း၏ စကားလုံးများကို နားလည်သည်။ သူက ပါးစပ်ကိုဟ၍ ဂျင်ဆင်းတစ်ခုကို မြိုချပစ်လိုက်သည်။ သို့သော် မြွေကြီးက နောက်ထပ် နှစ်ခုကိုတော့ မစားခဲ့ပေ။

ထိုအစား ဂျင်ဆင်းနှစ်ခုကို ကိုက်ထားရင်း ခြောက်လေးနှင့်ခုနစ်လေးဆီ တွားသွားလိုက်သည်။

ခြောက်လေးနှင့် ခုနစ်လေးက မြွေကြီးအပေါ်၌ ခါးသီးသော ခံစားချက်များ ကျန်ရှိနေဆဲဖြစ်သည်။ မြွေကြီးက သူတို့ဆီလာနေတာမြင်သည့်အခါ သူတို့က ချက်ချင်း ဟိန်းဟောက်တော့သည်။ 

သို့သော်ငြား မြွေကြီးကတော့ စိတ်ထဲမထားပေ။ သူက ခြောက်လေးနှင့် ခုနစ်လေး၏ ခြေထောက်နားမှာ ဂျင်ဆင်းတွေကို ချပေးခဲ့သည်။ 

ထိုအချိန် နောက်ထပ်မြင်ကွင်းတစ်ခုကြောင့် ရွှီဖန်းမှာ လဲကျမတတ်ပင်။ 

********************

All Chapters