← Chapters

မြွေကြီး ပေးအပ်သော

Vol. 8 Ch. 108

မြွေကြီး ပေးအပ်သော

Vol. 8 Ch. 108

အစကတော့ မြွေကြီးအပေါ်၌ ခြောက်လေးနှင့် ခုနစ်လေးမှာ မကျေမနပ်ဖြစ်နေကြသော်ငြား ခြေရင်းနားမှာ ချပေးလာသည့် ဂျင်ဆင်းကိုလည်း မြင်ရော ဟောင်တာရပ်ပြီး သွားရည်များ ကျလာကြသည်။

ဒီခွေးမိုက်လေး နှစ်ကောင်ကတော့လား။

ခွေးနှစ်ကောင်က ဂျင်ဆင်းစားခွင့်ရရန် ရွှီဖန်းကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ ရွှီဖန်း သူ့မျက်လုံးကိုလှိမ့်ကာ ပြောလိုက်သည်။

"စားကြ"

ဂျင်ဆင်းသည် ရွှီဖန်းအတွက်ရော ခွေးနှစ်ကောင်အတွက်ပါ အထောက်အကူပြုလေသည်။ သို့သော် ရွှီဖန်းက ခြောက်လေးနှင့် ခုနစ်လေးကို စားခွင့်မပေးသည့် ဆိုးသွမ်းသောကိစ္စမျိုး မလုပ်နိုင်ပေ။

ရွှီဖန်းက စားလို့ရကြောင်း ပြောသည်နှင့် ခြောက်လေးနှင့် ခုနစ်လေးသည် ချက်ချင်းပင် ဂျင်ဆင်းကို မြိုချလိုက်ကြသည်။ စားသောက်ပြီးနောက် သူတို့က ရွှီဖန်း၏ ခြေထောက်ကို တရင်းတနှီး ပွတ်သပ်နေကြတော့သည်။

တုံးအအ ခွေးနှစ်ကောင်အား မျက်လုံးစောင်းကြည့်

လိုက်ပြီးနောက် မြွေကြီးကို ကြည့်လိုက်သည်။ ဂျင်

ဆင်းက ရှားပါးရတနာတစ်ခုဖြစ်တာကြောင့် မြွေကြီး၏ ဒဏ်ရာများသည် သာမာန်မျက်စိဖြင့် မြင်

နိုင်သော အရှိန်အဟုန်ဖြင့် ပြန်ကောင်းလာနေသည်ကို တွေ့ရပေသည်။

ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။ 

"ကောင်းပြီ၊ မင်းရဲ့ ဒဏ်ရာတွေလည်း ပြန်ကောင်းလုနီးပါး ဖြစ်နေပြီ၊ အခုကစပြီး တောထဲမှာ မင်းနေနိုင်ပေမယ့် ငါ့မှာ စည်းမျဥ်းတွေရှိတယ်"

"အချိန်ရောက်ရင် ရွာသားတွေကို ဆေးပင်တွေခူးဖို့ ဒီကိုလွှတ်လိုက်မယ်၊ မင်း သူတို့ကို အန္တရာယ်ပေးခွင့်မရှိသလို တခြားရန်တွေကလည်း ကာကွယ်ပေးရမယ်၊ မင်းလုပ်နိုင်မလား"

မြွေကြီးက ပြဿနာမရှိဘူးဟု ပြောနေသည့်အလား သူ့လျှာကိုထုတ်၍ ရွှီဖန်းကို ပုတ်နေသည်။

ရွှီဖန်းလည်း အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ အခု မြွေကြီး၏ပြဿနာကို ဖြေရှင်းပြီးပြီဖြစ်၍ ကြက်ခြံ၏ လုံခြုံရေးက ကိစ္စမရှိတော့ပေ။ အချိန်ရောက်လာလျှင် ရွာသားတွေကိုလည်း ဒီမှာ ဆေးပင်တွေ လာခူးခိုင်းရပေမည်။

"ကောင်းပြီ၊ နောက်လည်းကျနေပြီ၊ မင်းရဲ့အသွင်အပြင်က လန့်စရာကောင်းတာမလို့ ကြက်ခြံဆီတော့ မခေါ်သွားပေးနိုင်ဘူး၊ ငါ အရင် ပြန်နှင့်မယ်"

ရွှီး! ရွှီး!

ရွှီဖန်းက ပြောပြီးသည်နှင့် ထွက်ခွာရန် ပြင်သည်။ သို့သော် မြွေကြီးကတော့ တစ်ခုခုပြောစရာကျန်နေသေးသည့်အလား သူ့လျှာကို ထုတ်လာသည်။

ရွှီဖန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မစ္စတာမြွေကြီး၊ လိုချင်တဲ့အရာရှိလို့လား"

ရွှီး! ရွှီး! ရွှီး!

မြွေကြီးက သူ့လျှာကို ပွတ်သပ်ကာ နောက်တစ်ကြိမ် လှည့်ထွက်သွားခဲ့သည်။

ရွှီဖန်း အံ့သြသွားတော့သည်။ မြွေကြီးက သူ့ကို မသွားရန် တားခဲ့သော်ငြား သူကိုယ်တိုင်ကတော့ လှည့်ထွက်သွားခဲ့သည်။ ဘာလုပ်ရန် စီစဥ်နေမှန်း မသိပေ။

ဂျင်ဆင်းတချို့ ထပ်ယူလာဖို့များလား။

မဖြစ်နိုင်ပေ။

ရွှီဖန်း ခေါင်းခါမိသည်။ ဂျင်ဆင်းက အရမ်းရှားပေသည်။ မြွေကြီးအတွက် ရှာရန်ပင် အလွန်ရှားပါးတာကြောင့် ထိုအရာမဖြစ်နိုင်ချေ။

ရွှီဖန်းသည်လည်း မြွေကြီးပြန်မလာခင် ဤနေရာမှာတင် ရပ်စောင့်နေခဲ့သည်။ သေချာပေါက်ပင် မြွေကြီးက တစ်ခုခုကို ကိုက်၍ ပြန်လာခဲ့သည်။

"ဒါက.."

မြွေကြီးယူလာသည့်အရာကို ကြည့်ရင်း ရွှီဖန်း မအံ့သြဘဲ မနေနိုင်တော့ချေ။ မြွေကြီးပါးစပ်ထဲမှာ ကိုက်ထားသည့်အရာက ရတနာတစ်ခုခုမဟုတ်ဘဲ သာမာန်ဝါးလုံးချောင်းဖြစ်နေသည်။ 

အခုလေးတင်မှ ကိုက်ဖြတ်လာသည့်ပုံပင်။ ရွှီဖန်း ရယ်လိုက်မိသည်။ သူ ဂျင်ဆင်းမယူခဲ့၍ ဝါးလုံးချောင်းကို ပေးလာသည်။ သူက အဲ့ဒီဟာကို လိုချင်

တယ်လို့များ မြွေကြီးက ထင်နေတာလား။

ရွှီး! ရွှီး!

မြွေကြီးက လျှာတစ်လစ်တစ်လစ်လုပ်ရင်း ပါးစပ်ကို ဖွင့်ကာ အဆိပ်ရှိ အစွယ်နှစ်ချောင်းကို ဝါးလုံးထဲထည့်သည်။ ထိုလုပ်ရပ်က အနည်းငယ်ထူးဆန်းနေသောကြောင့် မြွေကြီးလုပ်သမျှကို သူကြည့်ပြီးနောက် နားလည်သွားခဲ့သည်။

မြွေကြီး၏အစွယ်နှစ်ချောင်းမှတဆင့် အစိမ်းရောင်

အဆိပ်ရည်များက ဝါးလုံးချောင်းထဲကို စီးဆင်းနေသည်။ သိပ်မကြာခင်မှာတင် ဝါးလုံးချောင်းတစ်ဝက်လောက်က အဆိပ်ရည်များ ပြည့်နှက်သွားတော့သည်။

မြွေကြီးက ဝါးလုံးကို မြေပြင်ပေါ် ချပြီးနောက် သူ့ခန္ဓာကိုယ်ကြီးကို ခွေလိုက်တော့သည်။ 

ရွှီဖန်း အံ့သြသွားရသည်။ သူက ဂျင်ဆင်းကို မယူလို့ မြွေကြီးက တောင်းပန်လက်ဆောင်အဖြစ် သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်အားလုံးကို ပေးချင်နေလေသည်။

ဤအဆိပ်တွေက မြွေကြီးအတွက် အလွန်အရေးပါလှသော်လည်း သူက ရွှီဖန်းအတွက် အဆိပ်တွေကို အတင်းထုတ်သုံးခဲ့သည်။

ရွှီဖန်း ထိရှသွားတော့သည်။ အဆိပ်တွေအကုန်လုံးထုတ်ထားတာကြောင့် မြွေကြီး၏ ကိုယ်ခံအားက လျော့ပါးနေကာ မြေကြီးပေါ်မှာ ခွေ၍လဲလျောင်းနေသည်။ သို့သော်ငြား မြွေကြီးက သူ့လက်ဆောင်ကို လက်ခံရန် မျှော်လင့်နေသည့် မျက်လုံးများဖြင့် ရွှီဖန်းကို ကြည့်နေသည်။

ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ဖြစ်ကာ ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် ဝါးလုံးချောင်းကို ကောက်ယူလိုက်သည်။ 

"ကောင်းပါပြီ၊ မစ္စတာမြွေကြီး မင်း ငါ့ကို အခိုင်အမာပေးချင်နေမှတော့ ဒီလက်ဆောင်ကို လက်ခံလိုက်ပါ့မယ်၊ မင်းရဲ့ ခန္ဓာကိုယ်က အားနည်းနေတာ ကောင်းကောင်းအနားယူလိုက်ပါ"

ရွှီး! ရွှီး!

မြွေကြီးက လျှာကို ထုတ်လျက် အသိုက်ထဲ တွားသွား၍ ဝင်သွားတော့သည်။ ထွက်သွားသည့် မြွေကြီးကို ကြည့်ရင်း ရွှီဖန်း သက်ပြင်းချမိသည်။ လူတွေကြားထဲမှာတောင် ဒီလိုမိတ်ဆွေဆက်ဆံရေးမျိုး ရှိနိုင်ပါ့မလား။ 

အလွန် နောက်ကျနေလေပြီ။ မြွေပြဿနာကို ဖြေရှင်းပြီးပြီဖြစ်၍ သူပြန်ရန် အသင့်ဖြစ်နေလေပြီ။ အခု လက်ထဲမှာ အဆိပ်ရှိဝါးလုံးချောင်းကို ကိုင်ထားတာကြောင့် သူအမြန်မလှုပ်ရှားရဲပေ။ အဆိပ်က အလွန်ပြင်းထန်လေသည်။ ထိမိလျှင် ဒုက္ခရောက်ကုန်လိမ့်မည်။ ဒါကြောင့် ရွှီဖန်းလည်း ၎င်းကို ဂရုတစိုက်သယ်ကာ ကြက်ခြံကို ပြန်လာခဲ့သည်။ 

အခန်းထဲပြန်ရောက်ပြီးနောက် ဖန်ပုလင်းကို ရှာကာ ထိုထဲသို့ အဆိပ်ရည်များကို ပြောင်းထည့်လိုက်သည်။ 

အဆိပ်က အရမ်းပြင်းတာကြောင့် ဝါးလုံးထဲမှာ ကြာကြာထည့်ထားလျှင် တိုက်စားခံရမှာ စိုးလှသည်။ 

ပြင်းထန်သော မြွေအဆိပ်က သေစေနိုင်သော်လည်း အသုံးဝင်သည့်နေရာများစွာရှိနေသေးသည်။ အထူးသဖြင့် ဆေးပညာနယ်ပယ်တွင် ဆေးဝါးများ ထုတ်လုပ်ရန်အတွက် အသုံးပြုကြလေသည်။ 

ဤအဆိပ်ရည်များကို ဈေးကောင်းကောင်းဖြင့် ရောင်းနိုင်မည်ဟု သူယုံကြည်ပေသည်။ အဆိပ်များကို သိမ်းဆည်းပြီးနောက် အရိပ်ရသည့်နေရာမှာ သိမ်းဆည်းခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားသူများ အဆိပ်ကိုစားမိသောက်မိမှာ စိုး၍ အမှတ်အသားလည်း ထားခဲ့သည်။

"အဆိပ်"

မကြာခင်မှာပင် တောထဲမှ သူရိတ်သိမ်းခဲ့သော ဆေးပင်များအား စုစည်းသိမ်းဆည်းလိုက်သည်။ အလွန်နောက်ကျနေလေပြီ။ မြွေကြီးနှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် သူ အလွန်ပင်ပန်းနေ၏။ အမြန်ရေမိုးချိုးပြီးနောက် ကုတင်ပေါ်လှဲကာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ မနက်စောစောမှာ ရွှီဖန်းအိပ်ရာမှ ထခဲ့သည်။ ရေချိုးပြီးနောက် အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ခြောက်လေးနှင့် ခုနစ်လေးတို့ ဘယ်လောက်ထိ ကြီးထွားလာလဲဆိုတာကို မြင်တွေ့လိုက်ရပြီးနောက် ရွှီဖန်း အံ့သြသွားတော့သည်။ 

အထူးသဖြင့် ခုနစ်လေး ဖြစ်သည်။ သူတို့နှစ်ကောင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကြောက်စရာကောင်းလောက်အောင် ကြီးထွားလာခဲ့သည်။ မနေ့ညက စားခဲ့သည့် ဂျင်ဆင်း၏ အာနိသင်ကြောင့် ဖြစ်လိမ့်မည်။ 

နံနက်စာစားသောက်ပြီးနောက် ရွှီဖန်းသည် ဖုန်းကိုထုတ်၍ wechatကို ဖွင့်ကာ အဆက်အသွယ်နေရာမှာ ရှာဖွေလိုက်သည်။

"တွေ့ပြီ!"

ရှယန်ယွိ၏ ဖုန်းနံပါတ်ကို တွေ့လိုက်ရမှသာ ရွှီဖန်း စိတ်သက်သာရာ ရသွားသည်။ ယခင်က ရှယန်ယွိသည် ဝမ်မာဇီထံမှာ ထန်ပေါ်ဟူ၏ ပန်းချီကားကို ဝယ်ယူရန်အတွက် ခရိုင်ကို လာရောက်ခဲ့သည်။ သူလည်း သူမနှင့် အပြောအဆိုရှိခဲ့ပြီး wechatမှာ အပ်ခဲ့ကြသည်။ ထိုအချိန်တုန်းက ပြည်နယ်မြို့တော်မှ ရှလုပ်ငန်းစုကြီး၏ အမျိုးသမီးဥက္ကဌနှင့်သိကျွမ်းလျှင် အနာဂါတ်မှာ ပိုအဆင်ပြေလာလိမ့်မည်ဟု သူမှတ်ယူခဲ့သည်။ 

တောရိုင်းဆေးပင်များက မြွေကြီး၏အသိုက် အနီးတဝိုက်အတွင်း၊ သို့မဟုတ် တာ့ပင်းတောင်တစ်လျှောက်မှာ ပေါက်ရောက်နေလေသည်။ ၎င်းတို့က ဆေးသုတေသနနှင့် ဆေးထုတ်လုပ်ရေး နှစ်ခုစလုံးအတွက် လိုအပ်သော ပါဝင်ပစ္စည်းများဖြစ်သည်။ 

ရွှီဖန်း သိတာ မမှားလျှင် ရှလုပ်ငန်းစုကြီး၌ အလွန်ကျော်ကြားသော ဆေးဝါးစက်ရုံတစ်ခု ရှိလေသည်။ အခု သူ့ဆီမှာ ဆေးပင်တွေရှိနေတာကြောင့် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်။

**********************

All Chapters