← Chapters

ရှယန်ယွိနှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောခြင်း

Vol. 8 Ch. 109

ရှယန်ယွိနှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောခြင်း

Vol. 8 Ch. 109

လက်ရှိအချိန်၌ ရွှီဖန်းသည် ရှယန်ယွိ၏ ပုံကိုနှိပ်ကာ Wechat Messageကို ထပ်နှိပ်လိုက်သည်။ ကြည့်ရတာ တစ်ဖက်လူက အလုပ်များနေသည့်ပုံပင်။ ပြန်စာမရခင်အထိ ရွှီဖန်းမှာ ဆယ်မိနစ်လောက် စောင့်ခဲ့ရသည်။

"ဟမ် ရွှီဖန်းလား"

ရွှီဖန်းသည် ရတနာများ အကဲဖြတ်ရာ၌ ထူးချွန်တာကြောင့် ရှယန်ယွိလည်း သူ့အပေါ် ကောင်းမွန်သည့်အမြင်ရှိလေသည်။ 

ရက်ပေါင်းများစွာကြာပြီးနောက်မှာ ရွှီဖန်းက သူမ Wechatကို စာပို့လာသည်။ သူမကို ဘာကြောင့် ရှာနေသလဲဆိုတာကို သိချင်နေမိသည်။ 

"ဥက္ကဌရှ ကျွန်တော့်လက်ဝယ်ထဲမှာ တစ်စုံတစ်ခု ရှိနေတယ်၊ ဥက္ကဌရှ စိတ်ဝင်စားမလားလို့ပါ"

ရှယန်ယွိနှင့် တစ်ခါတွေ့ဆုံဖူးခဲ့တာကြောင့် ရွှီဖန်းသည် သူ့ကိုယ်သူ မိတ်ဆက်ရန် အလွန်ပျင်းနေလေသည်။ 

"ဟမ် ရှင်ဆိုလိုတာက ရှေးဟောင်းပစ္စည်းလား"

ရှယန်ယွိအထင်ကတော့ ရွှီဖန်းလက်ထဲမှာရှိသည့် ပစ္စည်းများဟာ သာမာန်ပစ္စည်းများမဟုတ်ဟု ယုံကြည်နေသည်။ ရိုးရိုးသားသားပြောရလျှင် သူမလည်း စိတ်ဝင်စားပေသည်။ လက်ရှိ ရှေးဟောင်းဈေးကွက်ကလည်း အလွန်ရေပန်းစားနေလေသည်။ 

"ဒါက ရှေးဟောင်းပစ္စည်းမဟုတ်ဘဲ သန့်စင်တဲ့တောရိုင်းဆေးဖက်ဝင် အပင်တွေပါ၊ နောက်ပြီးတော့ ကျွန်တော့်မှာ ဆေးဝါးသုတေသနအတွက် အကောင်းဆုံးပစ္စည်းဖြစ်တဲ့ နှစ်၁၀၀သက်တမ်းရှိ အဆိပ်ပုလင်းလည်းရှိတယ်၊ ဥက္ကဌရှ စိတ်ဝင်စားလား မသိဘူး"

"ဒီလိုကို"

ရွှီဖန်းက ဆေးပညာလောကမှာပါ ပါဝင်ပတ်သက်နေဦးမည်ဟု သူမ မထင်မိခဲ့ချေ။

သူတို့က တစ်ကြိမ်သာ တွေ့ဆုံးဖူးသော်လည်း ရွှီဖန်းအပေါ်၌ ရှယန်ယွိ၏ အမြင်က အလွန်ကောင်းလေသည်။ ဒါ့အပြင် သူမ၏ ကုမ္ပဏီကလည်း ဆေးဖက်အပင်များစွာ လိုအပ်နေလေသည်။ ရွှီဖန်းမှာသာ ဆေးပင်ကောင်းကောင်းတွေ ရှိပါက သူမတို့ ပူးပေါင်းလို့ရနိုင်ပေသည်။ 

ရှယန်ယွိသည် သက်ပြင်းအသာချကာ ရွှီဖန်းကို စာပြန်လိုက်သည်။ 

"အာ ရွှီဖန်း ခဏနေရင် ဆေးပင်တွေရဲ့ပုံတွေကို ပို့ပေးလို့ရမလား၊ ကျွန်မ တစ်ယောက်ယောက်ကို ကြည့်

ခိုင်းလိုက်မယ်၊ အပင်တွေက တစ်ကယ်ကောင်းရင် ကျွန်မ ဈေးခေါ်မယ့် ပြန်စာ ပို့ပေးပါမယ်၊ ဘယ်လိုလဲ"

"ကောင်းပါပြီ၊ လုပ်စရာရှိတာဆက်လုပ်ပါ၊ ကျွန်တော် ပြီးရင် ပုံတွေ ပို့ပေးလိုက်ပါ့မယ်"

ရှယန်ယွိက အလုပ်ပိနေပုံရတာကြောင့် ရွှီဖန်လည်း စကားများစွာမပြောခဲ့ချေ။ ဆွေးနွေးပြီးနောက် သူမနှင့် စကားဖြတ်ခဲ့တော့သည်။ ပြီးမှ တာ့ပင်တောင်အပေါ်မှာ သူရိတ်သိမ်းခဲ့သည့် ဆေးပင်များကို ဓာတ်ပုံရိုက်၍ ရှယန်ယွိဆီ ပို့ပေးခဲ့သည်။

ဆေးပင်တွေကို စစ်ဆေးဦးမှာဖြစ်၍ သူမဆီမှ ပြန်စာရရန် ကြာပေလိမ့်မည်။ 

အချိန်ခဏကြာပြီးနောက် ရှယန်ယွိက စာပို့လာသည်။ သူမက အလွန်စိတ်လှုပ်ရှားနေတာကြောင့် အသံမက်ဆေ့ချ်ဖြင့် တိုက်ရိုက်ပို့လာသည်။

"ရွှီဖန်း ဆေးဝါးပညာရှင်က ရှင့်ရဲ့ အပင်တွေကို စစ်ပြီးပြီ၊ အဲ့ဒါတွေက ဈေးကြီးတဲ့ တောရိုင်းဆေးပင်တွေပဲ၊ ကျွန်မတို့ ကုမ္ပဏီက အရမ်းလိုအပ်နေတယ်၊ ရှင့်ဆီမှာ ရှိသမျှ အကုန်ဝယ်ပါ့မယ်"

ရှယန်ယွိ၏ စိတ်လှုပ်ရှားနေသော အသံကြောင့် ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ သူ မမှားခဲ့ဘူးဆိုတာ သေချာပေသည်။ ထိုဆေးပင်များက အရည်အသွေးက အလွန်ကောင်းမွန်ပေသည်။ 

သူမကို အရင်စစ်ဆေးခဲ့သည့် အကြောင်းအရင်းက သူ့ဘက်က ရောင်းချင်နေသည့်အတွက်ကြောင့် ဆေးပင်များ၏အရည်အသွေးကို သူတို့ကိုယ်တိုင် မြင်စေချင်၍ ဖြစ်သည်။ 

ယခု အရည်အသွေးကပင် ရှယန်ယွိကို စိတ်ကျေနပ်စေပေသည်။ အကယ်၍ ဤဆေးပင်များကို ကောင်းကင်ဘုံမြေသြဇာနှင့်ပါ စိုက်ပျိုးထားမိလျှင် ရလဒ်က သူမကို ပို၍ ကျေနပ်စေနိုင်လိမ့်မည်။ 

"ကောင်းပါပြီ၊ ဥက္ကဌရှက မဆိုးဘူးလို့ ထင်မှတော့ ကျွန်တော် ဆေးပင်တွေကို စပြီး ပြင်ဆင်ထားတော့မယ်၊ ပြီးရင် မြစ်အောက်ပိုင်းရွာကို ထရပ်ကားနဲ့လာပြီး ဆေးပင်တွေကိုလာသယ်လို့ရပါပြီ"

"ကောင်းပြီ ရွှီဖန်း၊ ဒီဆေးပင်တွေက အရမ်းကောင်းတယ်၊ အချိန်ရောက်လာရင် ပေါက်ဈေးထက် ၃၀%ပိုပေးမယ် ဘယ်လိုလဲ"

ရှယန်ယွိ၏ ဈေးခေါ်နှုန်းအား ရွှီဖန်း အလွန်ကျေနပ်နေသည်။ ဤဆေးဖက်ဝင်ပစ္စည်းများက တာ့ပင်တောင်မှ စိုက်ပျိုးထားသည်ဟု ပြောလို့ရကာ သူ့ဘက်က တပြားတချပ်မှ မကုန်ထားရပေ။ ၃၀%ပိုပေးလာသည်ကို မပြောနှင့် ပေါက်ဈေးထက် လျော့ပေးလာရင်တောင်မှ သူ့ဘက်က ဆုံးရှုံးစရာမရှိပေ။ 

"ပြဿနာမရှိပါဘူး"

ရွှီဖန်း သဘောတူလိုက်ပြီးနောက် ရှယန်ယွိက ပြောလာသည်။ 

"ကောင်းပါပြီ ရွှီဖန်း၊ ရှင် ဆေးပင်တွေ ပြင်ဆင်လို့ ပြီးပြီဆိုရင် ကျွန်မ လူတစ်ယောက်ကို လွှတ်လိုက်ပါ့မယ်၊ တလောက ကျွန်မတို့မှာ ပြဿနာတစ်ခုကို ကြုံနေရတယ်၊ ရှင် မြန်မြန်လေး ဆေးပင်တွေကို စိုက်ပျိုးရိတ်သိမ်းပေးနိုင်ရင် ကောင်းမှာပဲ၊ ဒါဆို ကျွန်မတို့လည်း ပြဿနာဖြေရှင်းဖို့ မြန်မြန် အသုံးပြုနိုင်မယ်"

"ထပ်ပြောစရာတော့ မရှိတော့ပါဘူး၊ ကျွန်မအလုပ်ရှုပ်နေတာမလို့ အရင် နှုတ်ဆက်ပါတယ်"

ရှယန်ယွိက ချပ်ချင်းပင် စကားဖြတ်သွားသည်။ သူမ၏ ပရိုဖိုင်ကိုကြည့်ရင်း ရွှီဖန်း မျက်မှောင်ကြုတ်

မိသည်။ သူမဆီမှာ ဘာတွေဖြစ်နေလို့ ဒီလောက်ထိအလုပ်ရှုပ်နေရတာလဲ။

ရွှီဖန်း ခေါင်းခါ၍ မစဥ်းစားတော့ပေ။ ယခု သူလုပ်ရမည့်အရာက တစ်ဖက်လူအတွက် ဆေးပင်များ ပြင်ဆင်ထားရန်ဖြစ်သည်။ 

ရှယန်ယွိနှင့် ဆွေးနွေးပြီးသည့်နောက်မှာ ရပ်ရွာကော်မတီရုံးသို့ သူသွားခဲ့သည်။ ထိုအချိန် ရုံးမှာ အလုပ်လုပ်နေသည့် ဝူယွီရွှမ်းကတော့ ရွှီဖန်းကိုလည်း မြင်ရော အံ့သြနေသည်။ 

"ရွှီဖန်း ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"

ရွှီဖန်းက သူဖွင့်ထားသည့် ကြက်ခြံနှင့် အလုပ်များနေသင့်ပေသည်။ ဘာကြောင့် ရောက်လာလဲ သူမ မသိချေ။

ရွှီဖန်းက ပြုံး၍....

"ယွီရွှမ်း မင်းကို အနှောင့်အယှက်ထပ်ပေးရဦးမယ်"

"ဘာလဲ"

ရွှီဖန်းသည် ဝူယွီရွှမ်းစားပွဲနားမှ အသံလွှင့်စက်ကို လက်ညှိုးထိုး၍ 

"ရွာသားတွေကို ရုံးကို လာခဲ့ဖို့ ခေါ်ပေးပါဦး၊ ငါ လူတိုင်းကို ကောင်းမွန်တဲ့ကိစ္စလေးပြောစရာရှိလို့"

"အာ...ကောင်းတဲ့အရာလား"

ရွှီဖန်းဆိုလိုသည့် ကောင်းမွန်သည့်အရာအား ဝူယွီရွှမ်းနားမလည်ပေ။ ရွှီဖန်း ရယ်မောကာ ပြောလိုက်သည်။

"ယွီရွှမ်း လျို့ဝှက်ချက်ကို ဒီမှာပဲ ခဏထားရအောင်၊ အခု သူတို့ကို မြန်မြန်ခေါ်ပေးပါ"

"ဒါဆိုလည်း ကောင်းပြီလေ"

ဝူယွီရွှမ်းခေါင်းညိတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီဖန်းက သူ့ကို လိမ်မည် မဟုတ်ချေ။ သူမ ချက်ချင်းပင် ရွာ၏ အသံလွှင့်စက်ကို ဖွင့်လိုက်သည်။ 

"အရေးပေါ် အသိပေးချက်! အရေးပေါ်အသိပေးချက်!  မြစ်အောက်ပိုင်းရွာသူရွာသားတွေအကုန်လုံးကို ကောမတီရုံး လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်၊ ကျွန်မမှာ အရေးတကြီး ကြေညာစရာရှိပါတယ်၊ မလာဘူးဆိုရင်တော့ နောက်ဆက်တွဲကို ရင်ဆိုင်ရပါလိမ့်မယ်"

ထိုကြေညာချက်ကို အကြိမ်အနည်းငယ် ထပ်ပြောပြီးနောက် အသံလွှင့်စက်ကို ပိတ်လိုက်သည်။ ဝူယွီရွှမ်း ပြုံးကာ ရွှီဖန်းကို ပြောလိုက်သည်။

"ရွှီဖန်း နင် စောင့်နေရုံပဲ၊ ခဏကြာရင် ရွာသားတွေ ရောက်လာကြလိမ့်မယ်"

ရွှီဖန်း ပြုံးလိုက်သည်။ ဝူယွီရွှမ်း၏ လက်စားချေမှုက ကြမ်းပေသည်။ လူတိုင်းက ဘာကိစ္စလည်း သိချင်ကြသည့်အပြင်ကို ဝူယွီရွှမ်း၏ ခြိမ်းခြောက်မှုကြောင့်

နာရီဝက်တောင် မကြာဘဲ ရောက်လာကြလိမ့်မည်။

ရွှီဖန်း ခန့်မှန့်တာ မမှားချေ။ နာရီဝက်မပြည့်ခင်မှာပင် မြစ်အောက်ပိုင်းရွာမှ ရွာသူရွာသားအကုန်လုံးက ကော်မတီရုံးအပြင်ဘက်မှာ စုဝေးကာ ကျပ်သိပ်နေလေပြီ။ သူတို့က ဝူယွီရွှမ်း ဘာအကြောင်းပြောမလဲဆိုတာကို အလွန် သိချင်စိတ်ပြင်းပြနေကြသည်။

"ရွာအုပ်ချုပ်ရေးမှူး! လူကြီးတွေကို ဒီမှာ ပျော်ခိုင်းဖို့ ခေါ်တာလား"

"ဟုတ်တယ် နောက်ဆက်တွဲဆိုတာက ဘာသဘောလဲ၊ ဘာကိစ္စလည်း အခုမပြောရင် အိမ်ပြန်တော့မယ်"

ထိုအချိန် လူကြီးတစ်ယောက်က စိတ်မရှည်တော့ဘဲ ထပြောလာရာ ကျန်သည့်လူများက ထောက်ခံနေကြသည်။ ဝူယွီရွှမ်းသည် အုံကြွနေသည့် ယောကျ်ားထုကြီးကို လက်ဝှေ့ယမ်းပြ၍ ပြောလိုက်သည်။

"အားလုံးပဲ စိတ်အေးအေးထားပြီး စိတ်ရှည်သည်းခံပေးကြပါ၊ ရွှီဖန်းက ဟောဒီက လူကြီးမင်းတို့ကို ပြောစရာရှိလို့ ခေါ်လိုက်တာ ဖြစ်ပါတယ်၊ ရွှီဖန်း ပြောလိုက်လေ"

ဝူယွီရွှမ်းက သူမ ပြောပြီးနောက် ရွှီဖန်းကို ကြည့်လိုက်သည်။ ရွှီဖန်းလည်း ခေါင်းညိတ်ကာ ရှေ့ကို တက်လိုက်သည်။

All Chapters