← Chapters

တောင်တစ်ဝှမ်းလုံး ဆေးပင်များ စုဆောင်းခြင်း

Vol. 8 Ch. 110

တောင်တစ်ဝှမ်းလုံး ဆေးပင်များ စုဆောင်းခြင်း

Vol. 8 Ch. 110

"ရွှီဖန်း မြန်မြန်ပြောပြစမ်းပါ၊ တစ်ကယ်ပဲ ဒီကို ဘာလုပ်ဖို့ ခေါ်တာလဲ"

ထိုအချိန် လူတိုင်းက အလွန်သိချင်နေကြသည်။ ရွှီဖန်း အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ 

"ကျွန်တော် ဒီနေ့ လူတိုင်းကို လာခိုင်းရတဲ့ အကြောင်းအရင်းက တောင်ပေါ်က အပင်တချို့ကို ကူပြီး စုဆောင်းပေးဖို့ အကူအညီတောင်းချင်လို့ပါ"

"အစ်မဆုအာ ပစ္စည်းတွေ ယူလာပေးပါ"

ထိုသို့ပြောပြီးနောက် လူအုပ်ကြီးကြားထဲတွင် ရှိနေသည့် ချိုးဆုအာကို ရွှီဖန်း ကြည့်လိုက်သည်။ ချိုးဆုအာက ခေါင်းညိတ်ကာ ရွှီဖန်း ညွှန်ကြားထားခဲ့သည့် ဆေးပင်များကို ယူလာလေသည်။

ချိုးဆုအာဆီမှ ဆေးပင်တွေကို ယူလိုက်ပြီးနောက် ရွှီဖန်း ရှင်းပြတော့မည့်အချိန် လူအုပ်ကြီး၏အော်ရယ်သံကို သူကြားလိုက်ရသည်။ 

"မဟုတ်သေးပါဘူး၊ ရွှီဖန်း မင်း တစ်ခုခုပဲ မှားနေတာလား၊ ပျင်းနေတာလား ဘာလဲဟ၊ ဒီပေါင်းပင်တွေကို ဘာလို့ ကူနှုတ်ပေးရမှာလဲ၊ မင်းက ငါတို့ရဲ့ ခေါင်းဆောင်ဟုတ်လို့လား၊ ဒါမှမဟုတ် မင်းက ငါတို့ကို မိုက်မဲတယ်ထင်နေတာလား"

ထိုအချိန် ရွှီဖန်းကို မနာလိုဖြစ်နေသည့် အဖွဲ့ကလည်း ဝင်ပြောလာသည်။

"ဟုတ်တယ် ဝက်တွေတောင် မစားတဲ့ ဟာကို ငါတို့က ဘာလို့ နှုတ်ပေးရမှာလဲ၊ မင်း နေမကောင်းဖြစ်နေလားကွ!"

"ရွှီဖန်း နောက်တစ်ခါ ကော်မတီးရုံးကို ခေါ်ရဲခေါ်

ကြည့်၊ ငါတို့က မင်းကို မနိုင်ဘူးလို့ ထင်နေတာလား"

ရုတ်တရက်ပင် အုတ်အော်သောင်းတင်းက ဖြစ်သွားရသည်။ ပြဿနာကို လောင်စာထပ်ထည့်နေသော လူအုပ်စုကို ကြည့်ရင်း ရွှီဖန်း၏ အကြည့်များက အေးစက်လာသည်။ 

ရွှီဖန်း လှောင်ရယ်လိုက်ကာ...

"ကျွန်တော့်ဘက်က စကားတောင်မဆုံးသေးဘူး၊ ခင်ဗျားတို့တစ်ဖွဲ့က ဘာလို့နှောင့်ယှက်နေတာလဲ၊ ကျွန်တော် ပြောပါရစေဦး"

"မင်း"

ဒီရက်ပိုင်းမှာ ရွှီဖန်းက ချမ်းသာလာတာကြောင့် မနာလိုဖြစ်နေသည့် လူတစ်သိုက်က ရှိပေသည်။ 

ရွှီဖန်းက ဆက်၍ ရှင်းပြသည်။ 

"အားလုံးပဲ အာရုံစိုက်ပေးကြပါ၊ ခင်ဗျားတို့ကို အလကားကူညီခိုင်းတာမဟုတ်ဘဲ လုပ်အားခပေး

မှာပါ၊ တစ်ကီလိုကို ယွမ်၂၀ပေးမယ် ဘယ်လိုလဲ"

"ဘာ! ဒါက...ဒီကနေ ပိုက်ဆံရှာနိုင်မှာလား"

ရွှီဖန်းပြောလိုက်သည့်အချိန် လူအုပ်ကြီးက လေပြင်းတစ်ချက် ရှုရှိုက်မိကုန်ကြသည်။ ဒီကောင်လေး ရွှီဖန်းက မိုက်မဲလွန်ပြီး ဝက်တွေတောင်မစားမယ့်ပေါင်းပင်တွေအတွက် ပိုက်ဆံအကုန်ခံချင်နေတာလား။

လူတိုင်း၏ အံ့သြမှုက မကြာလိုက်ပေ။ ချက်ချင်းပင် သူတို့၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်

နှက်ကုန်တော့သည်။ 

ဟာသပဲ၊ ရွှီဖန်းက ဘယ်လိုပြဇာတ်မျိုးပဲ ထကပါစေ သူတို့ စိတ်မဝင်စားချေ။ ရွှီဖန်းအတွက် ပေါင်းပင်များစုဆောင်းပေးရန် ကူညီရန်ဖြင့် ငွေရှာနိုင်တာကိုသာ သူတို့သိပေသည်။ 

ကောင်လေး တစ်ကီလိုကို ယွမ်၂၀ပေါ့လေ၊ သိပ်ကောင်းတယ်!

"ရွှီဖန်း မင်း အတည်ပြောနေတာလား၊ ငါ အခုချက်ချင်း တောင်ပေါ်တက်ပြီး မင်းအတွက် လုပ်ပေးနိုင်တယ်"

"ငါ! ငါ! ငါ! ရွှီဖန်း ငါတာ့ပင်းတောင်ကို နှံ့နှံ့စပ်စပ် အသိဆုံးပဲ"

နည်းနည်းလေးမျှ မတုံ့ဆိုင်းကြဘဲ အကုန်လုံးနီးပါးက လက်မြှောက်လာကြသည်။ 

ရွှီဖန်း ပြုံးလိုက်ကာ လူအုပ်ကြီးကြားထဲမှ ဝမ်ကျိုးဆိုသည့်လူကို ကြည့်လိုက်သည်။ ဝမ်ကျိုးက လက်မမြှောက်သည့် လူတွေထဲကမှ တစ်ယောက်ဖြစ်တာကြောင့် ရွှီဖန်း၏ မျက်နှာက စိုပြေလာသည်။ 

ဝမ်ကျိုးက သေလုနီးပါး နောင်တရနေလိမ့်မည်ဟု ရွှီဖန်း ထင်သည်။ သူက လက်ထောက်ချင်သော်လည်း ခုနက မျက်နှာပျက်ထားတာကြောင့် လက်မြှောက်ရမှာ ရှက်စရာကောင်းလှသည်။

"ကောင်းပါပြီ လက်တွေကို ချပေးကြပါ"

ရွှီဖန်းက လက်ဝှေ့ယမ်းကာ ပြောခဲ့သည်။ 

"လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော်အရမ်းကျေနပ်တယ်၊ ဒါပေမယ့် ဒါတွေလုပ်ဖို့ လူအများကြီးမလိုဘူး...ဒါကြောင့် ခုနက အောက်မှာ အတင်းတုတ်နေတဲ့လူတွေကို ပြန်ဖို့ ဒုက္ခပေးရတော့မှာပဲ"

"ဘာကြီး"

လူအုပ်ကြီးကြားထဲ အရှက်မဲ့စွာ လက်ထောက်ထားကြသူများက မျက်နှာကြီး မဲမှောင်စွာ လက်ပြန်ချသွားကြသည်။ အစက ရွှီဖန်းကို အမိုက်အမဲဟု ထင်ခဲ့သော်ငြား အခုက သူကပဲ ပြန်လှည့်စားသွားသည်။

"ရွှီဖန်း တာ့ပင်းတောင်က အရမ်းကြီးတာ၊ မင်းမှာ လုပ်စရာတွေ အများကြီးရှိမှာပဲ၊ လူတွေ များများပိုရှိရင် ပိုကောင်းတာပေါ့"

"ဟုတ်တယ်! ရည်ရွယ်ချက်ကောင်းကောင်းနဲ့ မင်းအတွက် အလုပ်လုပ်ပေးမယ့် ဒီလောင်ဇီတွေကို ပစ်မှတ်လာထားနေတာလား"

ရွှီဖန်းဆီက ဘာအကျိုးအမြတ်မှ မရနိုင်ခဲ့သော လူတစ်စုသည် ရွှီဖန်းကို လှောင်ပြောင်ကာ အရှက်ခွဲနေကြလေသည်။ 

ရွှီဖန်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ 

ဒီကောင်တွေကတော့...ငါ့ မျက်လုံးကို သုံးစားမရဘူး ထင်နေကြတာလား။ ခုနက ပြောနေတဲ့စကားတွေကို မကြားအောင် နားကန်နေတယ်လို့ ထင်နေတာလားပဲ။

အခု ငွေရှာနိုင်မည်ဟု ကြားတော့မှ သူ့ရှေ့မှာ သနားစရာကောင်းအောင် လာပြီးဟန်ဆောင်ပြနေကြသည်။ သူ လှောင်ပြောင်၍....

"ဟုတ်တယ် ကျွန်တော်က အမြင်ကျဥ်းတယ်၊  ခင်ဗျားတို့ ဘာလုပ်နိုင်မှာမို့လို့လဲ"

အရူးကောင်

ရွှီဖန်းက သူတို့၏အရူးစကားကို တုံ့ပြန်လာတာကြောင့် သူတို့မှာ လန့်၍ စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ သူတို့စိတ်ထဲမှာတော့ နောင်တတွေ ဖြစ်နေကြသည်။ စောစောက ဘယ်သူကများ သူတို့ကို အာချောင်ခိုင်းလို့လဲ။

ရွှီဖန်းလည်း မျက်လုံးကျဥ်းမြောင်းကာ ပြုံးလိုက်သည်။

"အခွင့်အရေးမပေးဘူးဆိုလို့ ကျွန်တော့်ကို အပြစ်မတင်ကြပါနဲ့၊ ဒီလိုလုပ် ခင်ဗျားတို့တစ်ဖွဲ့က ကျွန်တော့်ကို ကျင်း၂၀၀ အလကား ခူးပေးရမယ်၊ အဲ့ဒါပြီးရင်တော့ ခင်ဗျားတို့ နောက်ပိုင်း ခူးသမျှကို ပိုက်ဆံပေးမှာပါ၊ ဘယ်လိုလဲ"

"မင်း လာနောက်နေတာလား"

ထိုလူအုပ်စုက အော်ဟစ်ကုန်ကြသည်။ ကျင်း၂၀၀ဆိုလျှင် ယွမ် ၄၀၀၀ရပေမည်။ ဒါကို အလကား လုပ်ခိုင်းနေ၏။

"ရွှီဖန်း မင်းက ငွေညစ်သမားပဲ"

ရွှီဖန်း ရယ်မော၍...

"ငွေညစ်သမားတဲ့လား၊ အခု ခင်ဗျားတို့မှာ ကျွန်တော်နဲ့ ညှိနှိုင်းပိုင်ခွင့် မရှိဘူးဆိုတာ သိထားသင့်တယ်၊ ခင်ဗျားတို့ မလုပ်ချင်ရင် ထွက်သွားပါ"

ရွှီဖန်းသည် ထိုလူအုပ်စုကို ကြိမ်းမောင်းပြီးသည်နှင့် ချက်ချင်းပင် လူအုပ်ကြီးကို ပြောလိုက်သည်။

"ဒါပဲ ပြောချင်ပါတယ်၊ ကျွန်တော်လိုချင်တဲ့အပင်တွေကို မှတ်မိအောင် အနားတိုးပြီး လာကြည့်ကြပါ"

"ရွှီဖန်း မင်းကို ငါတို့ ကျင်း၂၀၀ပေးပြီးရင် ခွင့်လွှတ်မှာ ကျိန်းသေလား"

တက်လာသည့်လူများက များသည်။ ဒါ့အပြင် စောနက ရွှီဖန်းအကြောင်း ပြောနေသည့် လူများလည်း ရောက်လာကြသည်။ ရေထဲမှာ ဒုက္ခခံပြီး ငါးကိုရှာရန် မဖြစ်နိုင်ချေ။ ငွေကို လွယ်လွယ်ကူကူနှင့် ရှာနိုင်

မည်ကို တွေးတောရင်း လူအုပ်စုထဲက တစ်ယောက်က ရှက်ရှက်ဖြင့် မေးလာလေသည်။

ရွှီဖန်းက သူတို့ကို အခွင့်အရေးတစ်ခု ပေးလာမှတော့ အရမ်းကြီး ရိုင်းစိုင်းနေတာ မဟုတ်သေးချေ။ ဒီတစ်ကြိမ် ကျင်း၂၀၀ အလကားလုပ်ပေးပြီး ပိုက်ဆံမရှာနိုင်ခဲ့ရင်တောင်မှ နောက်အကြိမ်တွေမှာ ရွှီဖန်းဆီမှ ငွေရှာရန် အခွင့်အရေး ရနိုင်သည်။

ချမ်းသာခြင်းနတ်ဘုရားအား တစ်ကြိမ်တစ်ခါ အပြစ်လုပ်ခဲ့မိပြီဖြစ်၍ သူတို့နောက်တစ်ကြိမ် မလုပ်ရဲကြတော့ပေ။ 

ရွှီဖန်းလည်း ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော်က မြစ်အောက်ပိုင်းရွာရဲ့ ရွာသားပါ၊ ခင်ဗျားတို့နဲ့လည်း အမြဲတမ်းတွေ့ဆုံနေရမှာ၊ အမြဲတိုက်ခိုက်ခိုက်နေစရာမလိုဘူးလေ၊ ခင်ဗျားတို့ကို ကျွန်တော် လှည့်စားမှာလည်း မဟုတ်ဘူး"

ပြောပြီးသည်နှင့် ကြက်ခြံမှဝန်ထမ်းများကို ကြည့်မိကာ သူတို့၏ မျက်လုံးများကြောင့် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ သူတို့ကလည်း ဆေးပင်စုဆောင်းတဲ့အခါမှာ ဝင်လုပ်ပြီး ပိုက်ဆံရှာချင်နေကြလိမ့်မည်။

သူတို့က ရွှီဖန်းအတွက် ပထမဝန်ထမ်းများဖြစ်သည်။ သူတို့အပေါ် မကောင်းရန် ရွှီဖန်းမှာ အကြောင်းအရင်း မရှိပေ။ ဒါကြောင့် သူရယ်မောကာ ပြောလိုက်သည်။

"ကောင်းပြီ၊ စိတ်မပူကြပါနဲ့၊ ကြက်ခြံက ဝန်ထမ်းတွေလည်း အပိုပိုက်ဆံ ရှာဖွေနိုင်တယ်၊ ဒါပေမယ့် ကြက်ခြံထဲက ပုံမှန်အလုပ်တွေကိုတော့ မနှောင့်နှေးပါစေနဲ့၊ ဒါပေါ့ ခင်ဗျားတို့ မိသားစုတွေလည်း လုပ်လို့ရတယ်"

"ဒါ့အပြင် ကြက်ခြံဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေးအတွက် ၁ကီလိုကို ယွမ်၃၀ပေးပါ့မယ်၊ ကျေနပ်ကြရဲ့လား"

"တစ်ကယ်လား! ရွှီဖန်း မင်းက အရမ်းကြင်နာတာပဲ"

"ရွှီဖန်း အစ်မ မင်းကို အရမ်းချစ်တယ်!"

ရွှီဖန်းက သူတို့ကို လုပ်ခွင့်ပေးရုံတင်မကဘဲ အပိုဆောင်းငွေပါထပ်ပေးသေးတာကြောင့် မိန်းမပျိုအုပ်စုသည် စိတ်လှုပ်ရှားစွာ ထခုန်ကြတော့သည်။

နောက်ထပ်ကတော့ ရွှီဖန်းမှာ လုပ်စရာမရှိတော့ပေ။ ချိုးဆုအာကို ညွှန်ကြားခဲ့ပြီးနောက် သူထွက်လာခဲ့သည်။

ရွာသူရွာသားများ ဆေးပင်ကောက်ရာ၌ အဆင်ပြေစေရန် ရွှီဖန်းသည် ခရိုင်ကို သွားကာ ဆေးပင်၏ ပုံများကို  ပရင့်ထုတ်ခဲ့သည်။ ပြီးလျှင် ဝူယွီရွှမ်းမှတဆင့် ရွာသူရွာသားတွေကို ဝေပေးနိုင်လိမ့်မည်။

ဤနည်းအားဖြင့် သူတို့အတွက် များစွာ အထောက်အကူပြုပေသည်။ တောင်ပေါ်တက်၍ ဆေးပင်များခူးရာ၌ အပင်များကို ခွဲခြမ်းသိမြင်နိုင်ကြလိမ့်မည်။

***********************

All Chapters