← Chapters

ချန်ဟိုင်းသို့

Vol. 8 Ch. 111

ချန်ဟိုင်းသို့

Vol. 8 Ch. 111

သေချာပေသည်။ သုံးရက်မပြည့်ခင်မှာပဲ ရွာသူရွာသားများသည် သူတို့ ကောက်ယူထားခဲ့သည့် ဆေးပင်ခြင်းများကို သယ်ဆောင်ကာ ပိုက်ဆံဖြင့်လဲရန်အတွက် ကြက်ခြံကို ရောက်လာကြသည်။ 

ဆေးပင်အရေအတွက်ကို ကြည့်လျှင် သူတို့ဟာ လွန်ခဲ့သည့်နှစ်တွေ၌ တောင်ပေါ်ကို ဆေးပင်များခူးရန် မသွားခဲ့ကြမှန်း ခန့်မှန်းနိုင်ပေသည်။ မဟုတ်လျှင် သုံးရက်အတွင်း ဒီလောက်များသည့် ဆေးပင်ကို စုဆောင်းနိုင်မည်မဟုတ်ချေ။ 

ရွှီဖန်းကလည်း သဘာဝကျစွာပင် သူ့ကတိကို ဖြည့်ဆည်းပြီး ဆေးပင်အားလုံးကို ဝယ်ယူလိုက်သည်။ ရွာသူရွာသားများသည် ရွှီဖန်း စိတ်ကျေနပ်စေရန်အတွက် အပိုဝင်ငွေရှာနိုင်ရန် ဆေးပင်များကို ပေါင်းပင်များနှင့် ရောပေးရန် အတွေးမရှိခဲ့ကြပေ။ 

ရွှီဖန်းပေးခဲ့သည့် နောက်ဆုံးသင်ခန်းစာတွင် သူတို့သည် မိုက်မဲသည့်အလုပ် လှည့်စားတာမျိုး လုပ်ရန် မဝံ့ရဲကြပေ။ တစ်ခုပြီးတစ်ခုဝယ်ယူပြီးနောက်မှာ ရွှီဖန်းသည် လူတိုင်းကို ပြန့်ကျဲ၍ မပို့ကြရန် တောင်းဆိုခဲ့သည်။ 

ယခင်က မြေကွက်မရောင်းခဲ့ကြသည့် လူများကလည်း ဆေးပင်များ ကောက်ကာ လာပို့ကြသည်။ ရွှီဖန်းသည် ထိုလူများကို အရှက်ရစေရန် မကြံရွယ်ထားပေ။ သူပြောခဲ့သလိုပဲ၊ အကုန်လုံးက တစ်ရွာတည်းသားတွေဖြစ်၍ တိုက်ခိုက်နေကြရန် မလိုအပ်ချေ။ 

ဒီနည်းဖြင့် တောင်ပေါ်မှာ ဆေးပင်ကောက်သည့်အဖွဲ့ကလည်း လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်ကာ စိ

တ်ပူစရာမလိုတော့ပေ။ 

ရွှီဖန်းက ပိုကောင်းသော ဆေးပင်များကိုပင် စိုက်ပျိုးနိုင်စွမ်း ရှိပေသည်။ ကောင်းကင်ဘုံမြေသြဇာကလည်း သီးပင်တွေကို အဆင်မြင့်ပေးနိုင်ကြောင်း သက်သေပြထားခဲ့လေပြီ။ သီးနှံတွေကို အဆင့်မြင့်ပေးနိုင်တာကြောင့် ဆေးဖက်ဝင်အပင်တွေကိုလည်း လုပ်ပေးနိုင်မှာ သေချာသည်။

ကောင်းကင်ဘုံက လူတွေအတွက်တော့ သူတို့၏မြေကြီးများက အသုံးမဝင်ပါချေ။ ဒါကြောင့် ထိုအရာများကို ရရန် သူ့အတွက် မခက်ခဲချေ။ အခွင့်ရသည်နှင့် ကောင်းကင်ဘုံမှ နတ်များကို လှည့်စားကာ သူတို့၏ မြေကြီးတွေကို ပိုတောင်းလိုက်မည်။

ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန်အတွက် ရွာမှာ မြွေကွက် ထပ်ဝယ်ပြီး စာချုပ်ထပ်ချုပ်ပေဦးမည်။ တာ့ပင်တောင်မှ ဆေးပင်များအားလုံးကို တစ်ရက်တည်း ကောက်ယူဖို့ဆိုတာက ရွှီဖန်းအတွက် မဖြစ်နိုင်သော အရာပင်။

နောက်တစ်ပတ်တွင် ရွာသူရွာသားများက နောက်ထပ် ဆေးပင်တစ်သုတ်ကို ပို့ဆောင်လာသည်။ အခုဆိုလျှင် ရွှီဖန်းထံ၌ ဆေးပင် ၁၀၀၀ကီလို စုဆောင်းထားပြီးလေပြီ။

ရှယန်ယွိထံမှာ ပေါက်ဈေးထက် ၃၀%အပိုဖြင့် ရောင်းချပါက အနည်းဆုံး ယွမ်၁သိန်းကျော် ရောင်းနိုင်လိမ့်မည်ဟု သူတွက်ချက်လိုက်သည်။ ၁၀၀၀ကီလိုက ရွှီဖန်း ထားနိုင်သည့်အနေအထားဖြစ်သည်။  ထပ်ပြီးစုဆောင်းလျှင် ထားစရာ နေရာမရှိတော့မှာကို ကြောက်မိသည်။

ဒါ့အပြင် ရွာ၏လမ်းပြင်ဆောက်လုပ်ရေးကလည်း ပြီးဆုံးတော့မည်ဖြစ်တာကြောင့် ရှယန်ယွိကို သူဖုန်းဆက်ကာ အခြေအနေကို ပြောပြလိုက်သည်။

အချိန်တိုအတွင်းမှာ ရွှီဖန်းက ဆေးပင်အမြောက်အမြားကို စုဆောင်းထားနိုင်ခဲ့တာကြောင့် တစ်ဖက်မှ ရှယန်ယွိလည်း စိတ်လှုပ်ရှားနေသည်။ ရွှီဖန်းသာ သူမအရှေ့မှာရှိနေပါက ထနမ်းမိမှာကိုပင် ကြောက်ရသည်။

"ရွှီဖန်း ဒီလိုဆိုမှတော့ ချန်ဟိုင်းကို ဆေးပင်တွေ အမြန်ပို့ပေးပါ"

"ဟုတ်ပြီ"

ရွှီဖန်းလည်း ချက်ချင်း သဘောတူလိုက်သည်။ တစ်

ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ပထမတစ်ခုက နောက်ဆုံးတစ်ကြိမ် မြွေကြီးပေးခဲ့သည့် အဆိပ်ပုလင်းဖြစ်သည်။ 

အဆိပ်ရည်များက သာမာန်မြွေ၏အဆိပ်ထက် ပို၍ ပြင်းပေသည်။ သဘာဝကျစွာပင် ထိုကဲ့သို့ အဆိပ်မျိုးက အလွန်တန်ဖိုးရှိလေသည်။ ထိုအချိန် အဆိပ်ပုလင်းကို ရှယန်ယွိမြင်ပါက လွန်စွာ အံ့သြသွားလိမ့်မည်။

ဒါ့အပြင် လတ်တလောမှာ ရွာသူရွာသားတွေကို အနောက်တောင်မှာ ဆေးပင်တွေ စိုက်ပျိုးစေခဲ့သည်။ ကောင်းကင်ဘုံမြေသြဇာဖြင့် စိုက်ပျိုးထားတာကြောင့် အရည်အသွေး ပိုမြင့်လာလိမ့်မည်ဟု သူယုံကြည်

သည်။  

ရှယန်ယွိ စိတ်ဝင်စားလားသိချင်တာကြောင့် သူမကို ယူပြချင်နေသည်။ ထရပ်ကားကြီးတစ်စီးကို ငှားပြီးနောက် အားမောင်ကို မောင်းခိုင်းခဲ့သည်။ သိုလှောင်ထားသည့် ဆေးပင်များကို ထရပ်ကားအပေါ် ရွှေ့ပြီးနောက် ရွှီဖန်းသည် သူကိုယ်တိုင်ကားမောင်းရန် အလွန်ပျင်းနေလေသည်။ သူက ထရပ်ကားပေါ်

တက်၍ အားမောင်အနောက်က လိုက်စီးရန် အသင့်ဖြစ်နေလေပြီ။ 

ထရပ်ကားကြီးက လမ်းမကျယ်ပေါ်မှာ မောင်းနှင်နေ၏။ ရွှီဖန်းနှင့် အားမောင်သည် စကားပြောရင်းဖြင့် ချန်ဟိုင်းမြို့ကို မောင်းနှင်လာခဲ့ကြသည်။

အစောတုန်းက ရှယန်ယွိသည် ချန်ဟိုင်းမှ သူမတို့၏စက်ရုံတည်နေရာကို ပေးခဲ့သည်။ ရွှီဖန်းသည် လမ်းညွှန်ချက်ကို ဖွင့်၍ အားမောင်ကို မောင်းစေခဲ့သည်။ 

ရှယန်ယွိ၏ ဆေးဝါးစက်ရုံသို့ မကြာမီမှာ ရောက်ရှိလာသည်။ ဆေးဝါးစက်ရုံ၏ အရွယ်အစားကိုကြည့်ရုံဖြင့် ချန်ဟိုင်းမြို့ရှိ ရှယန်ယွိတို့မိသားစု၏အနေအထားကို ခန့်မှန်းလို့ ရပေသည်။ 

ထရပ်ကားက ဆေးဝါးစက်ရုံရှေ့မှာ ရပ်ပြီးနောက် လုံခြုံရေးအစောင့်၏ စစ်ဆေးမှုကို ခဏခံယူနေသည်။  အစောင့်မမေးခင်မှာပင် ရွှီဖန်းက ကားပေါ်ရှိ ပစ္စည်းများသည် ဆေးဖက်ဝင်အပင်များဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဆေးဝါးစက်ရုံဖြစ်သည့်အတွက်ကြောင့် နေ့စဥ် ဆေးပင်များကို ဝယ်ယူရလိမ့်မည်။ ဒီလိုထရပ်ကားမျိုးကို ဘယ်နှစ်ကြိမ်လောက် တွေ့နေရမလဲ မသိချေ။

အစစ်အဆေးမှ လွတ်မြောက်ပြီးနောက် အစောင့်က ဆေးပင်များသယ်ယူသွားရန် ညွှန်ပြသည့်နေရာသို့ ရွှီဖန်းတို့ မောင်းနှင်သွားလိုက်သည်။ ထိုအချိန် ရွှီဖန်းကလည်း ရောက်ရှိနေပြီဖြစ်ကြောင်း ရှယန်ယွိကို ဖုန်းဆက်အသိပေးခဲ့သည်။

သို့သော် ရှယန်ယွိက အလုပ်ရှုပ်နေတာကြောင့် ရွှီဖန်းကိုသာ ဆေးပင်အရင် ပို့ခိုင်းထားပြီး သူမ နောက်ပြီးရင် လာခဲ့မည်ဖြစ်ကြောင်းပြောသည်။

ရွှီဖန်းလည်း သဘောတူလိုက်သည်။ မကြာလိုက်ပေ၊ သူတို့လည်း အစောင့်ညွှန်လိုက်သည့်နေရာသို့ ရောက်ရှိလာသည်။ ရွှီဖန်းတို့ ကားပေါ်မှ ဆင်းလိုက်သည့်အချိန် အပေါက်ဝတွင် အလုပ်သမားအများအပြားသည် မိုဘိုင်းဖုန်းဖြင့် ဆော့ကာ စောင့်နေကြသည်။ 

ထရပ်ကားပေါ်၌ ဆေးပင် ကီလို၁၀၀၀တောင် ရှိပေသည်။ ထိုအရာအားလုံးကို ရွှီဖန်းတို့ နှစ်ယောက်တည်းဖြင့် မနိုင်ချေ။

ဒါကြောင့် ရွှီဖန်းလည်း ထိုအလုပ်သမားများကို ကြည့်၍...

"အစ်ကိုတို့ ကျွန်တော့်ကို ဆေးပင်တွေ ကူသယ်ပေးလို့ရနိုင်မလား"

ရွှီဖန်းတို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် အလုပ်သမားခေါင်းဆောင်သည် ထိုနှစ်ယောက်က အကြီးစားဆေးပင်ရောင်းချသူများ မဟုတ်ကြောင်း သိလိုက်သည်။

"မင်းဘာသာမင်းသယ်လို့မရဘူးလား၊ ငါအလုပ်ရှုပ်နေတာ မမြင်ဘူးလား"

ထိုလူပြောပြီးနောက် ဘေးမှ အလုပ်သမားများသည်လည်း ရယ်မောကာ ဖုန်းဆက်ဆော့နေကြသည်။ သူတို့က လုံးဝဂရုမစိုက်ချေ။

"ရွှီဖန်း စိတ်မဆိုးလိုက်နဲ့၊ ကုန်ပစ္စည်းပို့ဆောင်တဲ့နေရာမှာ ဒါတွေက ဖြစ်တတ်ပါတယ်"

အားမောင်သည် အရင်က ထရပ်ကားမောင်းနေကြလူဖြစ်ရာ ဤကဲ့သို့ အခြေအနေမျိုးကို ခဏခဏကြုံတွေ့ရပေသည်။ ရွှီဖန်းက စိတ်ဆိုးနေပုံရကာ မျက်မှောင်ကြုတ်နေတာကြောင့် သူအမြန်ဖြောင်းဖျလိုက်သည်။

ရွှီဖန်းကတော့ လှောင်ရယ်လိုက်မိသည်။ ဒီကောင်တွေက လာနှိမ့်ချနေတာကို လက်ခံရမှာလား။

မဖြစ်နိုင်ပေ။

"အားမောင် မင်း ဒီမှာပဲ စောင့်နေ"

ရွှီဖန်းသည် အားမောင်ကို ပြောကာ ထိုလူတွေဆီလျှောက်သွားလိုက်သည်။ အလုပ်သမားများက ရွှီဖန်းကို ဂရုမစိုက်တာကြောင့် အဖက်လုပ်ရန်ပင် ပျင်းနေလေသည်။ သူတို့က စိတ်အားထက်သန်စွာဖြင့် ဂိမ်းဆော့နေကြသည်။

ရွှီဖန်းသည် သူတို့ကို စူးစူးစိုက်စိုက်ကြည့်၍...

"မိတ်ဆွေ စကားနည်းနည်းလောက်ပြောကြရင် ဘယ်လိုလဲ"

အလုပ်သမားခေါင်းဆောင်သည် တိုက်ခိုက်ရေးဂိမ်းတစ်ခုကို ဆော့နေသည်ဖြစ်ရာ အနိုင်ယူနိုင်တော့မည်ဖြစ်သည်။ သို့သော် ရွှီဖန်းက လာနှောင့်ယှက်လိုက်တာကြောင့် တစ်ဖက်ရန်သူက သူ့ကို သတ်သွားလေသည်။

အလုပ်သမားခေါင်းဆောင်မှာ ဒေါသထွက်သွားရပြီး ဖုန်းကို ရိုက်ခွဲလုနီးပါးပင်။ ဘေးမှာရပ်နေသည့် ရွှီဖန်းကို ကြည့်ကာ ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။ 

"မင်း နေမကောင်းဖြစ်နေလို့ ငါဒီမှာ အလုပ်ရှုပ်နေတာကို မမြင်တာလား၊ မင်း ပစ္စည်းသယ်ချင်ရင် မင်းဘာသာ သယ်ပါလားကွ!"

***************

All Chapters