ခွေးက လူတွေကို လာအထင်သေးနေတယ်
Vol. 8 Ch. 112
ဂိမ်းရှုံးသွားတာကြောင့် အလုပ်သမားခေါင်းဆောင်သည် ရွှီဖန်းအပေါ် မကျေနပ်ချက်များ ပုံချနေတော့သည်။ သူ့မျက်နှာကတော့ မောက်မာမှုများ ပြည့်နှက်နေသည်။
ရွှီဖန်းက သက်သောင့်သက်သာပြုံး၍ ပြောလိုက်သည်။
"မိတ်ဆွေ မင်းက ကုန်ချသမားပဲ၊ ရှလုပ်ငန်းစုက မင်းကို လစာပေးထားတယ်ဆိုတာ ဆေးပင်လာရောင်းတဲ့သူတွေကို ကုန်ပစ္စည်းဝိုင်းချပေးဖို့ပဲ၊ ဒါက မင်းရဲ့ တာဝန်ဝတ္တရားပဲလေ၊ မင်းက ငါတို့ကို လျစ်လျူရှုပြီး ဂိမ်းဆော့နေတာ ဘာသဘောလဲ"
"ဘာလဲ မင်းက လက်မခံချင်လို့လား"
အလုပ်သမားခေါင်းဆောင်က လှောင်ရယ်လာသည်။
သူက ဆေးဝါးစက်ရုံ 'ရှရှီ'မှ ဝန်ထမ်းဟောင်းဖြစ်သည်။ ချန်ဟိုင်းမြို့မှာ 'ရှရှီ'၏ လွှမ်းမိုးမှုကို သူသိသည်။ 'ရှရှီ'၏ အလုပ်သမားအနေဖြင့် ရွှီဖန်းကဲ့သို့ အသေးစားဆေးဖက်ဝင်အပင်ရောင်းချသူကို သွေးထွက်အောင် ဆူကြိမ်းရင်တောင်မှ သူ့ရှေ့မှာ လေလည်ရဲမည်မဟုတ်ချေ။ ရွှီဖန်းက သူ့ယူဆချက်တွေ လာပြောပြနေတာကြောင့် သူလှောင်ရယ်လိုက်မိသည်။
"မင်းလက်မခံနိုင်ရင် ထွက်သွားလိုက်၊ ငါတို့ 'ရှရှီ'မှာ မင်းလို အသေးစားရောင်းချသူတွေ မပြတ်တောက်နေဘူး"
ရွှီဖန်းမှာ မျက်လုံးများ လှိမ့်မိတော့သည်။
"ဟားဟား မင်းက မာနထောင်လွှားနေတုန်းပဲကို၊ မင်းရဲ့သူဌေးနဲ့ ငါတိုင်လိုက်မှာ မကြောက်ဘူးလား"
"တိုင်မယ်ဟုတ်လား"
ရွှီဖန်းက တိုင်တန်းချင်နေသည်ဟု ကြားသိရသည့်အခါ အလုပ်သမားခေါင်းဆောင်သည် ရယ်ရသလို ခံစားရသည်။ သူ ရွှီဖန်းကို မထီမဲ့မြင်ကြည့်ကာ
"မင်းက တိုင်တန်းချင်သေးတယ်လား၊ ငါ့သူဌေးက ဘယ်သူလည်း ဆိုတာရော သိလို့လား၊ ရှယန်ယွိ ရှဥက္ကဌကို မင်းသိလို့လား"
သူက လှောင်ပြောင်၍
"ငါ့ရဲ့သူဌေးက ချန်ဟိုင်းမြို့မှာ ချမ်းသာပြီးအင်မတန်လှပတဲ့ အမျိုးသမီးဖြစ်တာမလို့ သူ့လိုလူမျိုးက ရှားပါးတယ်၊ မင်းလို ထရပ်ကားမောင်းတဲ့လူက တိုင်ကြားဖို့ သူမကို တွေ့နိုင်မယ်ထင်လို့လား၊ ရယ်စရာပဲ"
"အိုး သူမက လှပါတယ်"
ရွှီဖန်း အပြုံးဖြင့် ပြောလိုက်သည်။
"မင်းကို ပစ္စည်းတွေဝိုင်းသယ်ဖို့ အခွင့်အရေးတစ်ခါပေးမယ်၊ မဟုတ်ရင် မင်းရဲ့သူဌေးကို ငါတိုင်မယ်"
ရွှီဖန်းက အပြုံးဖြင့် သတိပေးခဲ့သော်ငြား ထိုသတိပေးချက်သည် ထိုလူများအတွက် ကြီးမားသော အရာမဟုတ်ခဲ့ပေ။ ထိုလူများက အဲ့ဒီအစား ပို၍ ရယ်မောလာကြသည်။
"ဟားဟား မင်းက မကျေနပ်သေးဘူးပဲ၊ ငါတို့ကို တိုင်ကြားပေးဖို့ တောင်းဆိုပါတယ်ကွာ၊ မင်း အောင်အောင်မြင်မြင် တိုင်ကြားနိုင်ရင် ငါ ဒူးထောက်ပြီး မင်းခြေထောက်ကို နမ်းလိုက်မယ်"
အလုပ်သမားခေါင်းဆောင်က ရွှီဖန်းကို စိုက်ကြည့်ကာ အော်ပြောလာသည်။ သူ့ဦးလေးသည် ဆေးဝါးစက်ရုံ၏ ဒါရိုက်တာဖြစ်သည်။ ဥက္ကဌရှမှလွဲ၍ ရွှီဖန်း ဘယ်သူနှင့်တိုင်တန်းပါစေ သူ့အတွက် အဆင်ပြေသည်။ ရွှီဖန်းကို ကြောက်စရာမလိုပေ။
ရွှီဖန်းလည်း မျက်လုံးများလှိမ့်ကာ ပြုံးလိုက်တော့သည်။
"အိုကေလေ၊ ငါ အခွင့်အရေးလည်း ပေးခဲ့ပြီးပြီ၊ မင်းက တန်ဖိုးမထားမှတော့ ငါ့ကို အပြစ်မတင်နဲ့"
ရွှီဖန်း အသက်ရှူထုတ်ကာ ဖုန်းကို ထုတ်၍ ရှယန်ယွိဆီ တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။
"ဟယ်လို ရွှီဖန်း ကျွန်မပြီးသွားပါပြီ၊ ဆေးပင်တွေ ချပြီးသွားပြီလား၊ အခု လာကြည့်မယ်နော်"
ရှယန်ယွိ၏အသံက တစ်ဖက်မှ ထွက်ပေါ်လာသော်လည်း တခြားလူများကတော့ မကြားနိုင်ပေ။ ရွှီဖန်း ဖုန်းခေါ်နေတာ မြင်သည့်အခါ အလုပ်သမားခေါင်းဆောင်က ပျော်ရွှင်နေသည်။
"မင်း ဟန်ဆောင်နေတယ်ပေါ့၊ ဥက္ကဌရှဆီ ဖုန်းဆက်လို့ရော ရရဲ့လား"
ရွှီဖန်းကတော့ သူတို့လျစ်လျူရှုကာ ရယ်မောလျက် ဖုန်းတစ်ဖက်မှ လူကို ပြောနေသည်။
"ဥက္ကဌရှ ....ရှရှီရဲ့ ဝန်ထမ်းတွေက စည်းမဲ့ကမ်းမဲ့ကို ဖြစ်နေတာပဲ"
"ဘာဖြစ်လို့လဲ"
ရွှီဖန်း၏အသံက မကျေနပ်ချက်များ ပြည့်နေသည်။ ရှယန်ယွိ အံ့သြသွားကာ မေးလိုက်မိသည်။
ရွှီဖန်းဆီက ဆေးပင်များက ရှရှီဆေးဝါးထုတ်လုပ်
ရေး၏ အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်နေသည်။ သူမ ဝန်ထမ်းတွေက ရွှီဖန်းကို မပျော်အောင်လုပ်မိပြီး သူမနှင့်မပူးပေါင်းတော့ပါက ဒုက္ခရောက်ကုန်လိမ့်မည်။
"ရွှီဖန်း အခု ဆေးပင်တွေထားတဲ့ဂိုဒေါင်ရှေ့မှာ ရှိနေတာမလား၊ အဲ့ဒီမှာပဲစောင့်နေပါ၊ ကျွန်မလာခဲ့မယ်"
ရွှီဖန်းကို ဘာဖြစ်သွားလဲမေးရန်ပင် ဂရုမစိုက်နိုင်တော့ချေ။ သူမ အမြန်ဖုန်းချကာ ထွက်လာခဲ့သည်။
ရွှီဖန်း ရယ်မောလိုက်၍...
"အင်း ငါ မင်းတို့ သူဌေးကို အကြောင်းကြားပြီးပြီ၊ သူမ မကြာခင် ရောက်လာလိမ့်မယ်၊ ငါ မင်းကို အခွင့်အရေးနောက်ထပ်ပေးထားတာ ကျန်သေးတယ်၊ မင်း တန်ဖိုးထားလို့ အချိန်မီသေးတယ်"
"ဖီး!"
အလုပ်သမားခေါင်းဆောင်က အူမြူးနေလေသည်။ သူက ရွှီဖန်းကို မထီမဲ့မြင်ကြည့်ကာ...
"ထူးထူးခြားခြား လာရှုပ်ခံနေရတာပဲ၊ မင်းက ငါ့ကို ကြောက်စေချင်တာလား၊ မဖြစ်နိုင်တာ၊ မင်းဒီနေ့ ဆေးပင်တွေ ရောင်းချင်ရင် ကိုယ့်ဘာသာကိုယ် အထဲသွင်းလိုက်တာ ကောင်းမယ်၊ မဟုတ်ရင် ထွက်သွားလိုက်"
"ကျွန်မအထင်တော့ ရှင်ကပဲ ထွက်သွားရမှာထင်တယ်"
အလုပ်သမားခေါင်းဆောင်သည် သူစကားပြောပြီးနောက် ဒေါသထွက်နေသည့် အမျိုးသမီးတစ်
ယောက်၏အသံကို ကြားလိုက်ရသည်။ သူအံ့သြ၍ လှည့်ကြည့်မိရာ ခြေထောက်များ တုန်ယင်သွားတော့သည်။
ရောက်လာတာက တခြားလူမဟုတ်ဘဲ၊ ရှရှီဆေးဝါးထုတ်လုပ်ရေးစက်ရုံ၏ သူဌေး ရှယန်ယွိပင်။
"ဒါက...."
လူအနည်းငယ်နှင့်အတူ ရှယန်ယွိသည် ဒေါသထွက်စွာဖြင့် ဒီကို လာနေသည်ကို တွေ့နေရသည်။ အလုပ်သမားများသည် ရှုပ်ထွေးကုန်ကြကာ ရွှီဖန်းကို အံ့သြမှုအပြည့်ဖြင့် ကြည့်လာကြသည်။
သူတို့ကို အသေသတ်ရင်တောင်မှ ဒီလိုသာမာန်ပုံစံသာရှိသည့် အမျိုးသားတစ်ယောက်က ရှရှီဆေးဝါးစက်ရုံ၏ သူဌေးကို သိကျွမ်းလိမ့်မည်ဟု ထင်ခဲ့ကြမည် မဟုတ်ချေ။ မကြာခင် အလုပ်ပြုတ်တော့မှာကို တွေးကာ သူတို့ တုန်လှုပ်ချောက်ချားကုန်တော့သည်။
ရွှီဖန်းသည် သူတို့ကို စူးစိုက်ကြည့်ကာ ပြောလိုက်
သည်။
"မိတ်ဆွေတို့ ဘာတွေဖြစ်ကုန်တာလဲ၊ ကြောက်နေကြတာလား၊ ခုနက ငါတိုင်တန်းတာ အောင်မြင်ရင် ဒူးထောက်ပြီး ခြေထောက်ကို နမ်းမယ်လို့ ပြောခဲ့လားလို့"
"အစ်ကိုကြီး ကျွန်တော်တို့မှားသွားပါတယ် ခွင့်လွှတ်ပါ"
အလုပ်သမားခေါင်းဆောင်မှာ ရွှီဖန်းကို အဖေဟုပင် တိုက်ရိုက်ခေါ်ချင်နေသည်။ ဥက္ကဌရှ ရောက်ချလာမယ်လို့ ဘယ်သူ ထင်ထားမည်နည်း။ သွားလေပြီ၊ ဥက္ကဌရှ၏ မျက်နှာအမူအရာကိုကြည့်ရုံဖြင့် ဦးလေးကို ခေါ်ရင်တောင်မှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်တော့ချေ။
ရွှီဖန်း နှာမှုတ်လိုက်ကာ...
"ငါ မင်းကို အခွင့်အရေးတွေ အများကြီး ပေးခဲ့ပါရက်နဲ့ မင်းက ငြင်းပယ်ခဲ့တယ်၊ အခု ငါ့ကိုတောင်းပန်နေလည်း နောက်ကျသွားပြီ"
ထိုအချိန် ရှယန်ယွိသည် သူမလက်ထောက်များနှင့်
အတူ ရောက်လာလေပြီ။ အစောပိုင်းက အဖြစ်အပျက်များကို သူမ ခန့်မှန်းလို့ရပေသည်။
သူမ အတွင်းရေးမှူးဘက်ကို ခေါင်းလှည့်၍
"အခု အလုပ်သမားအသစ်စုဆောင်းမယ့်သတင်းကို ကြေညာပြီး အလုပ်ထုတ်လိုက်မယ့် လူတွေအစား ခန့်လိုက်ပါ"
"ကောင်းပါပြီ ဥက္ကဌရှ"
အတွင်းရေးမှူးက ခေါင်းညိတ်ပြီးတော့ ထွက်သွားလေသည်။ ရှယန်ယွိသည် ဝန်ထမ်းများကို အေးစက်စွာ ကြည့်ကာ...
"မင်းတို့ရဲ့ ဒီလ လစာကို ထုတ်ဖို့ ဝန်ထမ်းဌာနကို သွားလိုက်ပါ၊ ပြီးရင်တော့ ဒီက ထွက်သွားကြ"
"ဥက္ကဌရှ မဟုတ်ဘူး! ဒီလူက ဥက္ကဌရှရဲ့ အသိမှန်း ကျွန်တော်တို့ မသိခဲ့ကြလို့ပါ"
"ဟုတ်တယ် ဟုတ်တယ် ဥက္ကဌရှ၊ ကျွန်တော်တို့ကို နောက်ထပ် အခွင့်အရေးပေးပါ"
ရှရှီဆေးဝါးစက်ရုံသည် တခြားစက်ရုံများထက် များစွာ သာလွန်ပေသည်။ မဟုတ်ပါက သူတို့ ဒီမှာ ကြာရှည်စွာ အလုပ်လုပ်ကြမည် မဟုတ်ချေ။ အလုပ်ထုတ်ခံရကြောင်း ကြားသိရသည့်အခါ ချက်ချင်း အသနားခံကြတော့သည်။
ရှယန်ယွိက နှာမှုတ်ကာဖြင့်...
"ဒီကိစ္စက ဘာကြောင့်ဖြစ်တာလဲ ရှင်တို့ နားမလည်သေးဘူးလား၊ ရွှီဖန်းကို ငါ့မိတ်ဆွေအဖြစ် ရှင်တို့ အသိအမှတ်မပြုခဲ့ကြလို့လည်းမဟုတ်ဘူး၊ အဲ့ဒါက အလုပ်ပေါ်မှာထားတဲ့ ရှင်တို့ရဲ့ သဘောထားကြောင့်ပဲ"
"ပြောစရာတောင်မလိုဘူး၊ ရှရှီဆေးဝါးစက်ရုံမှာ ရှင်တို့လို ကပ်ပါးကောင်တွေရှိနေရင် အမြန်ပြိုလဲမှာပဲ၊ ဒါကြောင့် အမြန်ထွက်သွားပေးကြပါ"
ထို့နောက် ရှယန်ယွိသည် ဝန်ထမ်းတွေကို ထပ်ကြည့်
ရန် စိတ်မပါတော့ချေ။
သူတို့ စိတ်မပျက်၊ အားမငယ်ဘဲ မနေနိုင်တော့ချေ။ ကြည့်ရတာ တစ်ကယ်ကိုပင် သူတို့ဒီမှာပဲ သေသည်အထိ နေဖို့ရန် မဖြစ်နိုင်တော့ချေ။ ရွှီဖန်းဆီမှ သင်ခန်းစာရပြီးနောက် သူတို့က တခြားလူများကို ထပ်ပြီး အထင်မသေးဝံ့တော့ချေ။
*********************