← Chapters

သစ္စာဖောက်ကောင်၏ ခနဲ့ခြင်း

Vol. 8 Ch. 114

သစ္စာဖောက်ကောင်၏ ခနဲ့ခြင်း

Vol. 8 Ch. 114

ထျန်ဖန့် ဟုခေါ်သည့် ခပ်ဝဝလူကြီးက ပြုံး၍ ပြောလာသည်။

"အနည်းဆုံးတော့ ငါတို့ အကြာကြီး အတူတူ အလုပ်လုပ်ခဲ့ကြတာပဲလေ၊ မင်းက ငါ့ကို မင်းရဲ့ရန်သူလို့ ဆက်ဆံမှဖြစ်မှာလား"

"ဟမ့်! ရှင်မှာ ဒီလိုပြောရဲဖို့ မျက်နှာကျန်သေးတယ်ပေါ့!"

ရှယန်ယွိက ဒေါသထွက်လာပြီး ခန္ဓာကိုယ်လည်း တုန်ယင်လာသည်။ တခြားဆေးဝါးပညာရှင်များက အလုပ်အခွင့်အလမ်းကြောင့် ပြောင်းသွားကြတာဟု ပြောလို့ရသော်ငြား ထျန်ဖန့်ဆိုသည့်လူကတော့ ရှရှီမှ သုတေသနရလဒ်များ အားလုံးကို ခိုးယူကာ သူနှင့် အတူ ယူဆောင်သွားခဲ့သူဖြစ်သည်။

"လုံခြုံရေးအစောင့် ဘယ်မှာလဲ၊ သူ့ကို ဘယ်လိုလုပ်ပြီး သောက်ကျိုးနည်း ဝင်ခွင့်ပေးလိုက်တာလဲ! ထျန်ဖန့် ရှရှီက ရှင့်ကို မကြိုဆိုဘူး! မြန်မြန်ထွက်သွားပါ!"

ရှယန်ယွိသည် ဆဲဆိုရင်း အဝေးက တံခါးပေါက်ကို လက်ညှိုးညွှန်လာသည်။ ထျန်ဖန့်က အရှက်မရှိစွာရယ်မောရင်း သူ့လက်မောင်းထဲမှအမျိုးသမီး၏တင်ပါးကို ဆုပ်နယ်လိုက်တာကြောင့် သူမကို အမောတကောဖြစ်စေသည်။

"ဥက္ကဌရှ ရှရှီက လုံခြုံရေးတွေလောက်နဲ့ ငါ့ကို တားနိုင်မယ်ထင်နေတာလား၊ ဒီနေ့ ငါ့အတွက်ဆိုပြီး ဥက္ကဌရှောင်း ပေးအပ်ထားတဲ့ သက်တော်စောင့်တွေပါ ခေါ်လာခဲ့တာ၊ ဟဲဟဲ ငါ ဒီနေ့ ရောက်လာရတဲ့ အကြောင်းက ရှရှီမှာ အလုပ်ဆက်မလုပ်ချင်တော့တဲ့ ငါ့မိတ်ဆွေတွေရှိနေလို့လေ၊ ဒီနေ့ သူတို့ကို Star Cityမှာ ပူးပေါင်းဖို့ လာခေါ်တာ"

"ရှင်!"

ထျန်ဖန့်အား သူမ အေးစက်စွာစိုက်ကြည့်ရင်း ကြိမ်းမောင်းလိုက်သည်။

"ထျန်ဖန့် ကျွန်မအဖိုးက ရှင့်ကို သူ့တိုက်ရိုက်တပည့်လိုမျိုး ဆက်ဆံခဲ့ပြီး ကျွန်မထက်တောင်မှ ရှင့်ကို ပိုကောင်းပေးခဲ့သေးတယ်၊ ရှင်က သူ့စကားတွေကို လျစ်လျူရှုပြီး ကျွန်မအပေါ် အခွင့်ကောင်းယူခဲ့တယ်၊ ရှင် အသိတရားရှိရှိနဲ့ နေနေတယ်လို့ ရှင်ထင်နေတာလား"

"အဲ့ဒီအယုတ်တမာ လူအိုကြီးအကြောင်းကို ဒီလောင်ဇီဆီ လာမပြောနဲ့"

ရှယန်ယွိက အဘိုးရှအကြောင်း ပြောလာသည့်အခါ ထျန်ဖန့်၏မျက်နှာက ဒေါသထွက်လာသည်။ သူက ရှယန်ယွိကို စိုက်ကြည့်ကာ သရော်လိုက်သည်။

"ရှယန်ယွိ မင်းကများ ငါ့ကို လူအိုကြီးက ကောင်းကောင်းဆက်ဆံတယ်လို့ ပြောရဲသေးတယ်လား၊ သူသာ ကောင်းကောင်းဆက်ဆံရင် ရှရှီဆေးဝါးစက်ရုံကို ဘာလို့ ငါ့ကို မပေးလဲ၊ ဒါပေမယ့် ငါ Star City ဆေးဝါးစက်ရုံကို ရောက်တာနဲ့ ဥက္ကဌရှောင်းက ငါ့အတွက် တိုက်ခန်း၊ ကားနဲ့ မိန်းမပေးခဲ့တယ်"

"ဟားဟား"

ရွှီဖန်းမှာ ရယ်စရာကောင်းသည်ဟု ခံစားရတာကြောင့် မနေနိုင်ဘဲ ကြားဖြတ်ဝင်ပြောမိသည်။ 

"ဘာဖြစ်လို့လဲဆိုတော့ ရှရှီက မင်းကို လူလို့ သတ်မှတ်ပြီး Star Cityက ခွေးလို့ သတ်မှတ်တာကြောင့်ပဲ"

"မင်း စောက်ကျိုးနည်း ဘယ်သူလဲကွ"

ရွှီဖန်းက ရုတ်တရက်ကြီး ကြားဖြတ်ဝင်ပြောလာတာကြောင့် ထျန်ဖန့်သည် မဲမှောင်နေသည့်အမူအရာဖြင့် ရွှီဖန်းကို စိုက်ကြည့်လာသည်။

"ငါလား"

ရွှီဖန်း ပြုံးကာ ပုခုံးတွန့်လိုက်သည်။

"ဘေးကနေ မတရားမှုကို မကြည့်နိုင်တော့တဲ့ လူတစ်ယောက်ပါပဲ"

"ဟမ့်!"

ထျန်ဖန့်က ရွှီဖန်းကို အထင်အမြင်သေးစွာကြည့်ပြီး ချက်ချင်းပြောလာသည်။

"ဥက္ကဌရှ သူပေးတဲ့ တောရိုင်းဆေးပင်တွေလောက်နဲ့ အခြေအနေကို ပြောင်းနိုင်လိမ့်မယ်ဆိုပြီး ထင်နေတယ်လို့ မပြောနဲ့"

"..............."

ရှယန်ယွိသည် ဒီတစ်ကြိမ်မှာ မချေပနိုင်ခဲ့ပေ။ တစ်ကယ်တော့ ထျန်ဖန့်ပြောတာ မှန်လေသည်။ ဤကုသဆေး၏ သုတေသနတိုးတက်မှုလုပ်နေစဥ်

အတောအတွင်းမှာ သာမာန်ဆေးပင်များဖြင့် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ကြသော်လည်း အစွမ်းအာနိသင်မရှိခဲ့ပေ။ စစ်တပ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မဖြစ်နိုင်ချေ။

ယခင်က ရှယန်ယွိ ပြောခဲ့သည့်အရာများမှာ ရွှီဖန်းကို မျက်နှာမပျက်စေလို၍ ဖြစ်သည်။ ထျန်ဖန့်က သူမကို တိတ်တဆိတ်ကြည့်ကာ ဂုဏ်ယူစွာပြုံး၍ ပြောလာသည်။

"ဥက္ကဌရှ ငါတို့ရဲ့လုပ်ငန်းစဥ်ကတော့ ၉၀%ထိ ရောက်နေပြီ၊ မကြာခင်မှာ ပြီးပြည့်စုံတဲ့ ဆေးဝါးကို ထုတ်လုပ်နိုင်တော့မယ်၊ ဒီမှာ ဘယ်သူမှ မရှိတော့တဲ့အပြင် သင့်လျော်တဲ့ပါဝင်ပစ္စည်းတွေလည်း မရှာနိုင်ဘူးဆိုရင် ငါတို့နဲ့ ဘယ်လို ယှဥ်ပြိုင်တော့မှာလဲ ဥက္ကဌရှ"

စကားပြောပြီးနောက် ထျန်ဖန့်သည် ရှရှီဆေးဝါးစက်ရုံကြီးကို ကြည့်လေသည်။

"ဥက္ကဌရှ အချိန်တစ်ခုရောက်လာလို့ ဥပမာအားဖြင့် ငါနဲ့ညဘက်မှာ အဖော်ပြုပေးမယ်ဆိုရင် ငါ ဒါရိုက်တာရှောင်းကို တောင်းဆိုပေးနိုင်တယ်၊ တစ်ယောက်ယောက်က ရှရှီဆေးဝါးစက်ရုံကို ဝယ်ကောင်းဝယ်မှာပေါ့"

"ဟားဟား"

"မင်း ဘာကို ရယ်တာလဲ"

ရွှီဖန်းက ရုတ်တရက် ရယ်လာတာကြောင့် ထျန်ဖန့်သည် မကျေမနပ်အမူအရာဖြင့် ကြည့်လာသည်။

"မင်းတော်တော်ထောင်လွှားနေတာကို ကြည့်ပြီး ရယ်မိတာပါ"

ရွှီဖန်း သူ့ကို လျစ်လျူရှုကာ ရှယန်ယွိကို လေးနက်စွာ ကြည့်လိုက်သည်။ 

"ဥက္ကဌရှ ထူးကဲတဲ့ဆေးပင်တွေ ရှိနေသ၍ အဲ့ဒီဆေးကို ထုတ်ဖို့ ဖြစ်နိုင်လား"

ရွှီဖန်းက ရုတ်တရက်ကြီး လေးနက်စွာပြောလာတာကြောင့် ရှယန်ယွိ အံ့သြသွားရသည်။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အာ...ရွှီဖန်း ကျွန်မတို့ သုတေသနအရတော့ အောင်မြင်ဖို့ရာအတွက် အကျိုးသက်ရောက်မှုမြင့်တဲ့ ဆေးပင်တွေလိုအပ်တယ်"

"ဒါပေမယ့်"

ပြောပြီးသည်နှင့် ရှယန်ယွိသည် ခေါင်းခါယမ်းကာ ခါးသက်စွာ ပြုံးလာသည်။ အခုဆိုလျှင် သူမထံ၌ ရှိနေသည့် ဝန်ထမ်းလောက်နှင့် ဈေးကွက်ထဲမှာ သူမ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ဆေးပင်များရှာရန် မဖြစ်နိုင်ပေ။ 

ရွှီဖန်းက ယုံကြည်ချက်ရှိစွာ နှုတ်ခမ်းစောင်းပြုံး၍ ပြောလိုက်သည်။

"ဥက္ကဌရှ ဒီတစ်ကြိမ် ကျွန်တော် ဆေးဖက်ဝင်အပင်ကောင်းကောင်းလေးတချို့ ယူလာခဲ့တယ်"

"အင်း....ဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုကတော့ သာမာန်ဆေးပင်တွေထက် ငါးဆပိုစွမ်းတယ်၊ အဲ့ဒီလောက်ဆို လုံလောက်ရဲ့လား မသိဘူး"

"ဘာ"

ထိုအရာကိုကြားသည့်အခါ ထျန်ဖန့်၏ရုပ်က ကြည့်ရဆိုးသွားတော့သည်။ သူလုပ်နေသည့် သုတေသနမှာတော့ သာမာန်ဆေးပင်တွေထက် အကျိုးသက်ရောက်မှု သုံးဆပြင်းသည့် ဆေးပင်များနှင့်ဖြစ်သည်။ ၎င်းက စစ်တပ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ကုသဆေးဖြစ်လာလိမ့်မည်ဖြစ်သည်။

ရွှီဖန်းက တစ်ကယ်ပဲ သာမန်ဆေးပင်ထက် ငါးဆပိုစွမ်းတဲ့ ဆေးပင်တွေကို စိုက်နိုင်တာလား။

ထျန်ဖန့်သည် မထိန်းနိုင်ဘဲ ကြောက်ရွံ့လာသည်။ ရှောင်းပုချီဆီ တင်ပြသင့်၊ မသင့် စဥ်းစားနေတုန်း ရွှီဖန်းကို ကြည့်မိရာ သူရယ်လိုက်မိသည်။ ရွှီဖန်းက တောသားပုံစံ ဝတ်စားထားပေသည်။ ထိုကဲ့သို့သော လူမျိုးက ရှားပါးသည့်ဆေးပင်များကို မည်ကဲ့သို့ စိုက်ပျိုးနိုင်မည်နည်း။

"ရယ်စရာကောင်းလိုက်တာ၊ ကောင်လေး မင်းက အဲ့ဒီလိုဆေးပင်မျိုးကိုသာ ထုတ်ပြနိုင်ရင် ဒီအဖေက ဒူးထောက်ပြီး မင်းဖိနပ်ကို လျက်ပြမယ်"

"ဟမ်"

လှောင်ပြောင်နေသည့် ထျန်ဖန့်ကိုကြည့်ရင်း ရွှီဖန်း မျက်မှောင်ကြည့်မိသည်။ သူ့ကိုယ်သူလည်း တီးတိုးရေရွတ်မိသည်။

"ဘာလို့ အဲ့ဒီစကားကို ရင်းနှီးနေပါလိမ့်"

အိုး!

ရွှီဖန်း မျက်ခုံးများကို မြှင့်လိုက်မိသည်။ မတိုင်ခင်က အလုပ်သမားခေါင်းဆောင်လည်း ထိုကဲ့သို့ ပြောခဲ့ဖူးပေသည်။ 

ရွှီဖန်းပြုံးလိုက်မိကာ ထျန်ဖန့်ကို မျက်လုံးကျဥ်းမြောင်း၍ ကြည့်လိုက်သည်။

"မိတ်ဆွေ မင်း ခုနက ပြောလိုက်တာ အတည်လား"

"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့! ငါက ဘာလို့ မင်းလို မြေးလေးကို ကြောက်ရမှာလဲ"

သူ ရွှီဖန်းကို ကြည့်ကာ နှာမှုတ်လိုက်သည်။

"ငါတို့ လောင်းကြေးထပ်ရင်ရော ဘယ်လိုလဲ၊ မင်းက မိမိုက်ဟန်ဆောင်နေပြီး အဲ့ဒီဆေးပင်တွေကို မထုတ်ပြနိုင်ဘူးဆိုရင် မင်း ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျက်ရမယ်၊ မင်း ပြနိုင်ခဲ့ရင်တော့ ငါ ဒူးထောက်ပြီး မင်းဖိနပ်ကို လျက်မယ်"

ထျန်ဖန့်၏ ယုံကြည်ချက်ရှိနေပုံကို ကြည့်ကာ ရွှီဖန်း ရယ်မောလိုက်မိသည်။ ဒီလောကမှာ ကိုယ့်ဖိနပ်ကို လာလျက်တာ မကြိုက်တဲ့သူ ဘယ်ရှိပါ့မလဲ။

"ကောင်းပြီလေ လက်ခံတယ်"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထျန်ဖန့်ကို မျက်လုံးကျဥ်းမြောင်းကာ ကြည့်၍ ပြောလိုက်သည်။

"ဒါပေမယ့် ခဏနေ မင်းရဲ့စကားတွေကို ပြန်ရုတ်သိမ်းရဲလို့ကတော့ ရှရှီဆေးဝါးစက်ရုံကနေ တွားသွားပြီး ထွက်သွားရအောင် ငါလုပ်ပေးမယ်"

"ဟမ့်! စောက်ကျိုးနည်း ဟန်ဆောင်နေတာတွေရပ်လိုက်! ဘယ်သူနိုင်မလဲ မသိသေးပါဘူး"

သူ ရွှီဖန်းကို ကြည့်ကာ ပြောလိုက်သည်။

"မြန်မြန် ဆေးပင်တွေကို ထုတ်ပြစမ်းပါ"

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ...

"အားမောင် ထရပ်ကားဆီပြန်သွားပြီး ငါယူခဲ့တဲ့ သေတ္တာကို ယူခဲ့ပေးပါဦး"

အခုတစ်ကြိမ်က ဟာသလုပ်နေရမည့် အချိန်မဟုတ်

မှန်း အားမောင်သိတာကြောင့် ခေါင်းကိုညိတ်ကာထရပ်ကားထိုးရပ်ထားသည့်နေရာသို့ အမြန်ပြေးသွားလိုက်သည်။

မကြာလိုက်ပေ၊ အားမောင်သည် သာမာန်သေတ္တာကို သယ်၍ ပြန်ရောက်လာသည်။ အားမောင်သည် အနည်းငယ် စိတ်မသိုးမသန့်ဖြစ်နေရသည်။ ထျန်

ဖန့်အနောက်မှ သက်တော်စောင့်နှစ်ယောက်ကို ကြည့်

ရင်း အကယ်၍ ရွှီဖန်းသာ ရှုံးခဲ့ပါက သူတို့ ထွက်ပြေးလို့ရမည်မဟုတ်ကြောင်း တွေးနေခဲ့သည်။ 

"ရွှီဖန်း မင်း နိုင်မှာ သေချာလား"

ရွှီဖန်းက ယုံကြည်ချက်ရှိစွာ ပြုံး၍ ပြောလာသည်။ 

"စိတ်မပူနဲ့ အားမောင်၊ မင်း ငါ့အကြောင်း မသိတာကျလို့၊ ငါက ကြိုတင်မပြင်ဆင်ထားတဲ့ တိုက်ပွဲကို ဘယ်တော့မှ မတိုက်ခိုက်ဘူး"

*********************

All Chapters