← Chapters

ဖိနပ်လျက်ခြင်း

Vol. 8 Ch. 115

ဖိနပ်လျက်ခြင်း

Vol. 8 Ch. 115

ရွှီဖန်းက သေတ္တာကို ဖွင့်လိုက်သည်။ ကောင်းကင်ဘုံမြေသြဇာနှင့် စိုက်ပျိုးထားသည့် ဆေးပင်တချို့က အထဲ၌ ရှိနေသည်။ 

ရွှီဖန်းသည် ဤသေတ္တာကို ရှယန်ယွိဆီ ကမ်းပေးကာ ပြောလိုက်သည်။

"ဥက္ကဌရှ ဒီဆေးပင်တွေက ကျွန်တော်ပြောခဲ့တဲ့ဟာတွေပါ"

"ဒါက...."

ရှယန်ယွိသည် သေတ္တာထဲမှ ဆေးပင်များကိုကြည့်ရင်း အနည်းငယ် နေရခက်သွားတော့သည်။ ဤဆေးပင်များ၏ ပုံစံက သာမာန်ဆေးပင်များနှင့် ဘာမျှ ကွာခြားမှု မရှိနေပေ။ ဒါတွေက ရွှီဖန်းပြောတဲ့ ငါးဆပိုစွမ်းတဲ့ ဆေးပင်တွေ ဖြစ်နိုင်ရဲ့လား။

"ဟားဟား ကောင်လေး မင်းက ငါ့ကို တုံးအတယ်မှတ်နေတာလား၊ ငါက ဆေးဝါးပညာရှင်တစ်ယောက်ပဲ၊ မင်းရဲ့ ဆေးပင်တွေကို ငါမသိဘဲ နေပါ့မလား၊ အဲ့ဒီလိုသာမာန်ဆေးပင်တွေလောက်နဲ့ ငါ့ကို ခြောက်ဖို့ လုပ်နေတယ်ပေါ့၊ အခု မြန်မြန်လေး လှိမ့်လာပြီး ငါ့ဖိနပ်ကို လာလျက်တော့"

ကြည့်ရှုပြီးနောက် ထိုဆေးပင်များသည် သာမာန်တောရိုင်းဆေးပင်များ ဖြစ်နေကြောင်း သူသိလိုက်သည်။ ဆေးဝါးပညာလောကမှာ သာမာန်ဆေးပင်ထက် အနည်းငယ်ပိုစွမ်းသည့် ဆေးပင်များကို အမြောက်အမြား စိုက်ပျိုးနိုင်ကြသည်။ ငါးဆပိုအစွမ်းထက်သည့် ဆေးပင်ကို စိုက်ပျိုးခြင်းက မဖြစ်နိုင်သည့်အရာပင်။ 

ထျန်ဖန့်က အနောက်မှာ သက်တော်စောင့်နှစ်

ယောက်ကို ရွှီဖန်းဆီသွားကာ ဖမ်းခေါ်ခိုင်းနေသည်ကို  မြင်သည့်အခါ ရွှီဖန်း မထိန်းနိုင်တော့ဘဲ ပြုံးလိုက်မိသည်။

"ဝတုတ်လေး ဘာကို စိုးရိမ်နေတာလဲ၊ စာအုပ်တစ်

အုပ်ကို မျက်နှာဖုံးကြည့်ပြီး မဆုံးဖြတ်နဲ့ ဆိုတဲ့စကား မကြားဖူးဘူးလား"

ပုံပန်းအသွင်အပြင်နှင့် အရည်အချင်းရှိခြင်းကို ယှဥ်ထားသည့် ဥပမာများစွာ ရှိခဲ့သည်။ မှန်ပေသည်၊ ယခုဆေးပင်များ၏ ပုံပန်းအသွင်အပြင်အရတော့ သာမာန်ဆေးပင်နှင့် မကွာခြားပေ။ သို့သော်ငြား အကျိုးသက်ရောက်မှုကတော့ သာမာန်ဆေးပင်တွေ မယှဥ်နိုင်သည့် နေရာမှာ ရှိနေလေသည်။

ရွှီဖန်းသည် ထျန်ဖန့်ကိုကြည့်ရင်း မျက်လုံးလှိမ့်ကာ ချက်ချင်းမေးလိုက်သည်။

"ဥက္ကဌရှ ရှရှီမှာ ဆေးဖက်ဝင်အပင်တွေကို စစ်ဆေးတဲ့ကိရိယာရှိတယ်မလား"

ရှယန်ယွိ ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့ ....ဒါပေမယ့် ရွှီဖန်း ရှင်တစ်ကယ် ယုံကြည်ချက်ရှိတာလား"

ရွှီဖန်း ခေါင်းညိတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ဥက္ကဌရှ မစိုးရိမ်ပါနဲ့၊ ကျွန်တော်ကိုယ်တိုင် ဒီဆေးပင်တွေကို စိုက်ပျိုးထားတာ၊ သူတို့ရဲ့ အကျိုးသက်ရောက်မှုအတွက် လုံးဝသေချာတယ်"

"ကောင်းတယ်! အဲ့ဒီဆေးပင်တွေက မင်းပြောသလိုမျိုး ကောင်းရဲ့လားဆိုတာ ဒီအဖေ မြင်ချင်မိတယ်! ဥက္ကဌရှ ဆေးပင်တွေ စစ်ဖို့ ခေါ်သွားပေးပါ၊ အကယ်၍ ဒီကောင်လေး ပြောသလို ဆေးပင်တွေက စံနှုန်းမမီဘူးဆိုရင် ငါ့ကို မယဥ်ကျေးဘူးဆိုပြီး အပြစ်မတင်ကြနဲ့"

ရှယန်ယွိသည် ထျန်ဖန့်ကို စိုက်ကြည့်ကာ တိတ်တဆိတ်ပင် လူအုပ်ကြီးကို ဆေးဖက်ဝင်

အပင်များစစ်ဆေးရာအခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ မကြာလိုက်ပေ၊ လူအုပ်ကြီးသည် စစ်ဆေးသည့်အခန်းသို့ ရောက်ရှိလာသည်။

စစ်ဆေးသည့်အခန်းက အဆင့်မြင့်နည်းပညာစက်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ ဆေးပင်

စစ်ဆေးသည့်နေရာမှာ တာဝန်ကျသည့်ဝန်ထမ်းများက ရှယန်ယွိတစ်ယောက် လူအုပ်ကြီးနှင့် လာနေတာလည်းမြင်ရော သူမဆီကို သွားလိုက်ကြသည်။

"ဥက္ကဌရှ ဘာလို့ ဒီကို ရောက်လာတာလဲ၊ ဒါက.."

အနောက်မှ လိုက်လာသည့် လူကိုလည်းမြင်ရော သူတို့ ထိတ်လန့်ကုန်ကြသည်။ 

သူက ရှရှီကို သစ္စာဖောက်သွားတဲ့ ထျန်ဖန့်မလား။ ဘာလို့ ဒီကို ထပ်ရောက်လာတာလဲ။

ရှယန်ယွိ ပြောလိုက်သည်။

"ဒီသေတ္တာထဲက ဆေးပင်တွေကို ကျေးဇူးပြုပြီး စစ်ပေးပါဦး၊ သာမာန်ဆေးပင်တွေနဲ့ယှဥ်ရင် အကျိုးသက်ရောက်မှု ဘယ်လောက်များကြောင်း စစ်ဆေးပေးပါ"

ပြောပြီးသည်နှင့် ရှယန်ယွိသည် သေတ္တာကို ကမ်းပေးလိုက်သည်။ ရှယန်ယွိဆီမှ အမိန့်ကို ရသည်နှင့် သူတို့ကတော့ ဘာမှဆက်မမေးကြတော့ပေ။ ခေါင်းညိတ်လျက် လက်ထဲမှာ သေတ္တာကို သယ်ကာ စစ်ဆေးရန် ထွက်သွားကြသည်။

ရွှီဖန်းယူလာသည့် ဆေးပင်များကို ထုတ်ပြီးနောက် စမ်းသပ်ကိရိယာအပေါ်မှာ နမူရာပုံစံကို တင်လိုက်ကြသည်။

"ဥက္ကဌရှ ရလဒ်ထွက်လာဖို့ ၁၅မိနစ်စောင့်ဖို့လိုမယ်ဗျ"

ရှယန်ယွိခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲမှာ စိုးရိမ်နေမိသည်။ ရွှီဖန်း သူမကို မလိမ်လောက်ဘူးဟု မျှော်လင့်မိသည်။

ထျန်ဖန့်လည်း အနည်းငယ် စိုးရိမ်နေသည်။ သို့သော်ငြား ရွှီဖန်းကို လောင်းကြေးရှုံးစေချင်၍ ရလဒ်ကိုလည်း မြန်မြန်ထွက်လာစေချင်နေသည်။ ဒါမှသာ သူ့ဖိနပ်ကို လျက်ခိုင်းခွင့်ရလိမ့်မည်။

သူက မြို့ထဲမှာ ဝါရင့်ဆေးဝါးပညာရှင် တစ်ယောက်ဖြစ်သည်။ ရွှီဖန်း၏ ဆေးပင်များကို ကြည့်ရုံဖြင့် ကောင်းမွန်သည့်သက်ရောက်မှုမရှိဘူးဆိုတာကို ပြောနိုင်လေသည်။

ရွှီဖန်းက တည်ငြိမ်အေးဆေးသည့်ပုံပေါက်နေတာကြောင့် ရယ်စရာကောင်းသည်ဟု သူခံစားရသည်။ 

ဒီကောင်လေး သေတော့မှာကိုတောင် ဟန်ဆောင်

နိုင်သေးတယ်။

ဘေးကအမျိုးသမီးကိုဖက်ထားရင်း ထျန်ဖန့် ရယ်

လိုက်သည်။

"အချစ်ရေ ငါ့ကိုပြောစမ်းပါ၊ ခဏနေရင် သူ ငါ့ဖိနပ်ကို လာလျက်တာ ခွင့်ပြုသင့်လား"

"ဟမ့်! ကျွန်မဖိနပ်ကို လာလျက်တာ မဟုတ်သရွေ့ စိတ်မဝင်စားဘူး"

မြေခွေးကဲ့သို့ ထိုအမျိုးသမီးက နန့်တန့်တန့်ပြောလာသည်။ သူမက ထျန်ဖန့်ကို ပြုံးပြပြီး အနားကပ်ကာ ပြောလိုက်သည်။

"ညရောက်တာ စောင့်လိုက်စမ်းပါ၊ ရှင့်ခြေဖဝါးတွေကို ကစားပေးမယ်"

ထို့နောက် ထျန်ဖန့်သည် ဘယ်သူမှ သတိမထားမိသေးခင် ဖိနပ်ပေါ် တံတွေးထွေးချလိုက်သည်။ ရွှီဖန်းမှ သူ့ဖိနပ်ကို လာလျက်သည့်အခါ ရွံစရာလေး ထပ်ဖြည့်ပေးနိုင်ပေသည်။

ခဏကြာပြီးနောက် စမ်းသပ်ကိရိယာ၏ တိုးတက်မှုဘားသည် ၁၀၀%သို့ ခုန်တက်သွားကာ စစ်ဆေးမှုတာဝန်ခံဝန်ထမ်းများသည် အမြန်ပြေး၍ ကိရိယာကို ပိတ်လိုက်ကြသည်။

စမ်းသပ်မှုရလဒ်များကို ပရင့်ထုတ်ပြီးနောက် မကြာခင် ပရင်တာမှတဆင့် ဆေးပင်နှိုင်းယှဥ်မှုရလဒ်များကို ဖတ်နေသည်။

ထိုအချိန် စစ်ဆေးမှုတာဝန်ခံဝန်ထမ်းများ၏ အမူအရာမှာ ချဲ့ကားလာတာကြောင့် ရှယန်ယွိသည် ရင်းထဲ တင်းကြပ်မှုကို ခံစားလိုက်ရသည်။

ဟမ် မဖြစ်နိုင်ဘူး၊ ရွှီဖန်းရဲ့ဆေးပင်နဲ့ သာမာန်ဆေးပင်တွေကြား ဘာကွာခြားမှုမှ မရှိဘူးလား။

ရှယန်ယွိသည် ရွှီဖန်းကို ကြည့်လိုက်သည်။ ရွှီဖန်းက ဘာမှမလုပ်ဘဲ တည်ငြိမ်စွာရပ်နေသည်။ ရှယန်ယွိသည် တိတ်တဆိတ်ပင် စိတ်ထဲမှ ဆူမိသည်။ ဒီကောင်လေးကတော့ သူများဖိနပ်ကို သွားလျက်ရမှာ စိတ်မပူဖူးလား။

"မင်းတို့ မင်းတို့ အဲ့ဒီမှာ ဘာရပ်လုပ်နေကြတာလဲ၊ ရလဒ်ကို မြန်မြန်ယူလာပြစမ်းပါ"

စမ်းသပ်မှုတာဝန်ခံဝန်ထမ်းများက ရလဒ်ကို မှုန်ကုပ်ကုပ်ကြည့်နေကြတာ မြင်သည့်အခါ ထျန်

ဖန့်သည် ဒေါသထွက်သွားသည်။ သူတို့ မပြရဲသည့် ရလဒ်ဖြစ်နေမည်ဟု ထင်တာကြောင့် ဒေါသတကြီးအော်ပြောလိုက်သည်။

"ဟမ့်! ဥက္ကဌရှ ဒီကောင်လှည့်စားနေတာကို ကူညီဖို့ စဥ်းစားနေတာမဟုတ်ဘူးမလား၊ ရှရှီရဲ့ဂုဏ်သိက္ခာအတွက် မကောင်းဘူးနော်"

ရှယန်ယွိသည် မျက်မှောင်ကြုတ်လိုက်ကာ...

"ကောင်းပြီလေ ရလဒ်ယူလာခဲ့ကြ"

"ဥက္ကဌရှ ထူးဆန်းနေတယ်"

ထိုအချိန် စစ်ဆေးမှုတာဝန်ခံ ဝန်ထမ်းများကလည်း အနားရောက်လာကြသည်။ သူတို့က ထိတ်လန့်နေသည့် အမူအရာဖြင့် ရှယန်ယွိကိုကြည့်ကာ အော်ပြောနေကြသည်။

ရှယန်ယွိ သက်ပြင်းချလိုက်ကာ...

"ဘာလဲ ရလဒ်မပေါ်သေးလို့လား"

"ပေါ်လာပါပြီ ဒါပေမယ့် ရလဒ်ကို စက်ကိရိယာက အတိအကျမထုတ်ပေးဘူး"

ဝန်ထမ်းများက သူမကို ရှက်ရွံ့စွာ ကြည့်လာကြသည်။ ရှယန်ယွိ ခေါင်းခါယမ်းလိုက်ကာ....

"မဖြစ်နိုင်တာ၊ ဒီစက်ကိရိယာက နိုင်ငံခြားကနေ ဝယ်ယူလာတာ၊ မမှားနိုင်ဘူး"

"ဒါဆိုရင်တော့ ကြောက်စရာပဲ"

"ဟုတ်ပ ဒီဆေးပင်က ကြည့်တော့သာ သာမာန်ဆေးပင်ပုံစံနဲ့၊ အကျိုးသက်ရောက်မှုက အင်မတန် အံ့သြဖို့ ကောင်းတာပဲ၊ သာမာန်ဆေးပင်ထက် ၅၃%တောင် ပိုစွမ်းနေတယ်"

"ဘာကြီး!"

နွေရာသီမှာ မိုးရွာသွန်းလာသလိုမျိုး ပျော်ရွှင်မှုက ထွက်ပေါ်လာသည်။ ၅၃%ရာခိုင်နှုန်း! အဲ့ဒါက ၅၀%ထက်တောင် ပိုနေသေးတယ်!

ရှယန်ယွိသည် ရွှီဖန်းကို မယုံနိုင်စွာ ကြည့်ကာ အပြုံးဖြင့် ခေါင်းခါယမ်းလာတော့သည်။

"ရွှီဖန်း ဘယ်လိုမျိုးလုပ်လိုက်တာလဲ"

ရှယန်ယွိ၏မျက်လုံးများက အံ့သြမှုများပြည့်နှက်နေသည်။ ရွှီဖန်းစိုက်ပျိုးသည့်နည်းလမ်းများက အခုလို အကောင်းစားဆေးပင်တွေကို ထုတ်ပေးနိုင်

လိမ့်မည်ဟု သူမ တစ်ကယ် မထင်ထားခဲ့ချေ။

"ရွှီဖန်း ကျေးဇူးအများကြီးတင်ပါတယ်"

လက်ရှိအဖြစ်က ရှလုပ်ငန်းစု၏အကျိုးစီးပွားအကုန်လုံးနှင့် သက်ဆိုင်လေသည်။ ရှယန်ယွိသည် စိတ်လှုပ်ရှားစွာ ထခုန်ရင်း ရွှီဖန်းကို ပွေ့ဖက်ကာ မျက်နှာကို နမ်းလာသည်။

"ရွှီဖန်း ရှင်က ကျွန်မတို့ဘဝကို ကယ်တင်ခဲ့တာပဲ! သိရဲ့လား!"

*********************

All Chapters