← Chapters

ရှယန်ယွိ၏အနမ်း

Vol. 8 Ch. 116

ရှယန်ယွိ၏အနမ်း

Vol. 8 Ch. 116

ဒီလို အကျိုးသက်ရောက်မှုမြင့်သည့်ဆေးပင်အမျိုးအစားနှင့်သာဆိုလျှင် ကျန်ရှိသည့်အချိန်အတွင်းမှာ ကုသဆေးကို ထုတ်လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်လို့ရပေသည်။ ထိုအချိန် ရှောင်းပုချီ၏ အကြံအစည်လည်းပဲ ပျက်စီးရပေလိမ့်မည်။

ရွှီဖန်းမှာဖြင့် သူ့ပါးပေါ်မှာ နှုတ်ခမ်းနီကို ထိတွေ့ရင်း ရှယန်ယွိကို အံ့သြတကြီးကြည့်နေသည်။ သူမက တစ်ကယ်ကို စိတ်လှုပ်ရှားနေသည့်ပုံပင်။ မဟုတ်လျှင် သူ့ကိုနမ်းလာမည် မဟုတ်ချေ။

မျက်နှာပေါ်မှ နှုတ်ခမ်းနီကို သုတ်ပြီးနောက် ရွှီဖန်းသည် ထျန်ဖန့်ကိုကြည့်လိုက်သည်။ သူက ယခုကြားလိုက်ရသည့်စကားကို မှင်သက်နေသည့်

အမူအရာဖြင့် ခေါင်းခါနေကာ ပါးစပ်ကလည်း မဖြစ်

နိုင်ဘူးဟု တီးတိုးရေရွတ်နေသည်။

ရွှီဖန်းပြုံး၍ပြောလိုက်သည်။ 

"ဟေး ဝတုတ်လေး ရလဒ်လည်း ထွက်လာပြီကို ဒီအချိန်က ကတိကိုဖြည့်ဆည်းရတော့မယ့်အချိန်ပဲလေ ဟုတ်တယ်မလား"

"မဖြစ်နိုင်ဘူး! မင်းတို့ငါ့ကိုလိမ်နေကြတာပဲ! ဒီဆေးပင်တွေက သာမာန်ပဲကို ဘယ်လိုလုပ် ကောင်းမွန်တဲ့ဆေးဂုဏ်သတ္တိတွေ ရှိမှာလဲ"

ထျန်ဖန့်က ရွှီဖန်းကို အော်ငေါက်ပြီးနောက် စစ်ဆေးမှု​တာဝန်ခံဝန်ထမ်းဆီပြေးကာ ရလဒ်မှတ်တမ်းကို ကိုင်၍ ထိတ်လန့်စွာကြည့်လေသည်။

သို့သော်လည်း ရလဒ်က တာဝန်ခံဝန်ထမ်းများပြောသကဲ့သို့ အတိုင်းပင်။ ရွှီဖန်း၏ဆေးပင်က သာမာန်ဆေးပင်များထက် ၅၃%ပို၍ အစွမ်းထက်ပေသည်။ ရှယန်ယွိက သူ့ကို လှည့်ဖြားချင်၍ လိမ်ခဲ့ခြင်းမဟုတ်ပေ။

စမ်းသပ်မှုရလဒ်စာရွက်က လက်ထဲမှ ချော်ထွက်သွားကာ ရွှီဖန်းကို ထုံထိုင်းစွာ ကြည့်လိုက်မိသည်။ ရွှီဖန်း၏ အပြုံးကြောင့် ထျန်ဖန့်မှာ နှလုံးခုန်နှုန်းမှားတော့သည်။

ဒီတောသားရဲ့ဖိနပ်ကို ငါတစ်ကယ် လျက်ရမှာလား။ 

"ဟယ်လို ဝတုတ်လေး"

ထျန်ဖန့်၏မျက်နှာက မသက်မသာဖြစ်နေမှန်း သိသာတာကြောင့် ရွှီဖန်း တိုက်ရိုက်ပင် စိုက်ကြည့်လိုက်သည်။

ထျန်ဖန့်သည့် တံတွေးမြိုချကာ မသိချင်ယောင်ဆောင်၍...

"ဘာလိုချင်လို့လဲ"

ရွှီဖန်း ပြုံးလိုက်ကာ

"တစ်စုံတစ်ယောက်က ငါနဲ့လောင်းကစားလုပ်ထားတာ ဘယ်လောက်ကြာသေးလို့လဲ၊ မေ့နေပြီလား"

"ဘာလဲ ငါမင်းနဲ့ အလောင်းကစားမလုပ်ထားဘူး!"

အလောင်းကစားရှုံးသွားသည့်အခါ ထျန်ဖန့်က အရှက်မရှိ ပြောင်ငြင်းလာသည်။ 

ထျန်ဖန့်တစ်ယောက် နောက်ကိုဆုတ်သွားသည်အား ရွှီဖန်း ပြုံး၍ကြည့်နေလိုက်သည်။ တစ်ဖက်လူ၏ဖိနပ်အပေါ်မှာ တံတွေးတွေပြည့်နေတာကြောင့် သူ ရယ်မိသွားသည်။

"ဝတုတ်လေး မင်းက မင်းနိုင်မှာ သေချာတယ်လို့ ထင်နေခဲ့တာပဲ၊ မင်း အခုရော တံတွေးထွေးချင်သေးလား၊ ရွံစရာကောင်းချက်"

"မင်းဘာတွေပြောနေတာလဲ! ငါ ဘာမှမသိဘူး! လာ ပြန်ကြရအောင်"

ထျန်ဖန့်က ရွှီဖန်းကို စိုက်ကြည့်ကာ လှည့်ထွက်သွားသည်။

"ငါ့ခွင့်ပြုချက်မပါဘဲ ဘယ်သူထွက်သွားရဲလဲ ကြည့်ချင်သေးတယ်"

ထိုအချိန် ရွှီဖန်းက အော်ပြောလာသည်။ ဒီလူက ရောက်လာကတည်းက သူ့ရှေ့မှာ ဘောစ့်လိုလို ဘာလိုလိုလုပ်နေခဲ့သည်။ အခုလို ဘောစ့်လိုမျိုး ဟန်ဆောင်လို့လည်း မရတော့ရော ထွက်သွားချင်နေသည်။

"ဝတုတ် မင်းလို အသိစိတ်မရှိတဲ့လူတွေက ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းတတ်တာ မယုံနိုင်စရာတော့ မဟုတ်ဘူး၊ ဟဲဟဲ ငါ မင်းကို နာနာခံခံနဲ့ ဒီကို တွားသွားလာပြီး ကတိလာတည်ဖို့ အခွင့်အရေးပေးထားတယ်၊ မဟုတ်ရင် ရှရှီဆေးရုံက ထွက်ဖို့မကြိုးစားနဲ့"

ရွှီဖန်း၏မျက်နှာက လူသတ်ချင်နေသည့် နတ်ဆိုးကဲ့သို့ အေးစက်လာသည်။ ထျန်ဖန့်သည် ဆေးဝါးပညာရှင်သာဖြစ်ပြီး ထိုကဲ့သို့ကြောက်စရာကောင်းသည့် အမူအရာမျိုးကို တစ်ခါမှ မကြုံဖူးပေ။ သူကြောက်လွန်း၍ တုန်လာတော့သည်။

"မင်းငါ့ကို လာမခြောက်နဲ့၊ သက်တော်စောင့်တွေ ငါ့အတွက် သူ့ကို တားထားလိုက်၊ ချစ်လေး ငါတို့ အရင်ပြန်ကြရအောင်၊ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ငါ့မိတ်ဆွေလည်း အလုပ်ပြောင်းဖို့ သဘောတူကြပြီးပြီ"

ထျန်ဖန့်သည် ဘေးမှာ စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးကို ဆွဲကာ ရှရှီစက်ရုံ ဝင်ပေါက်သို့ ဦးတည်လိုက်သည်။

"ဟမ့်! မင်းက ပြေးချင်သေးတာလား"

ရွှီဖန်းသည် မဆူငေါက်ဘဲ မနေနိုင်ဖြစ်ရကာ ထိုလူနောက်ကို လိုက်မိသည်။ သို့သော် အနက်ရောင်ဝတ် သက်တော်စောင့်နှစ်ယောက်က တားလာသည်။ သူတို့နှစ်ဦးသည် အလွန် အရပ်ရှည်ပြီး သန်မာကြကာ တံတိုင်းကဲ့သို့ သူ့ရှေ့မှာ ရပ်နေကြသည်။

သူတို့၏အရပ်ကပင် ၁၉၀စင်တီမီတာ ရှိပေသည်။ သူတို့က ရွှီဖန်းကို အေးစက်စက် စိုက်ကြည့်၍...

"မိတ်ဆွေ ခွင့်လွှတ်ပါ၊ သခင်ထျန်ဖန့်က စနောက်ရုံသက်သက်ပဲမလို့ အခုလို အလေးအနက်ပြုမူနေတာက ပျင်းစရာကောင်းပါတယ်"

"ပျင်းဖို့ကောင်းတယ်လား"

အဝေးတစ်နေရာကနေ ဤအဖြစ်ကို ပျော်ရွှင်စွာကြည့်နေသည့် ထျန်ဖန့်ကိုကြည့်ကာ ရွှီဖန်း ပြုံးလိုက်သည်။

"ဒါပေမယ့်ရေနစ်နေတဲ့ ခွေးကို ရိုက်ရတာက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါ ထင်မိတယ်၊ ဘယ်လိုလုပ်ရမလဲ"

"ဒါဆို ငါတို့ မယဥ်ကျေးဘူးဆိုပြီး အပြစ်မတင်ပါနဲ့"

သက်တော်စောင့်နှစ်ယောက်က တိုက်ခိုက်တော့မည့်ပုံဖြင့် အင်္ကျီလက်တွေကိုလှန်တင်နေကြသည်။

"အိုး! ကောင်လေး မင်း ငါ့အနောက်ကို လိုက်ချင်နေတာမဟုတ်ဘူးလား! လာစမ်းပါ! ဒီအဖေကို မင်းဖိနပ်လျက်ခိုင်းဖို့ လာခိုင်းဦးလေ!"

ထိုအချိန် သက်တော်စောင့်နှစ်ယောက်က ရွှီဖန်းကို တားမြစ်ထားနိုင်သည်ကို မြင်သည့်အခါ ထျန်ဖန့်သည် မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။

ရှောင်းပုချီသည် သူ့ကို ထိုသက်တော်စောင့် နှစ်

ယောက်အား ပေးအပ်စဥ်က ထိုနှစ်ယောက်သည် ငှားရန်ခက်ခဲသည့် မြေအောက်လက်ဝှေ့သမားများဖြစ်သည်ဟု ပြောပြခဲ့ဖူးသည်။

သူတို့နှစ်ယောက်၏ တိုက်စစ်က အရမ်းကောင်းပေသည်။ သူတို့၏ခန္ဓာကိုယ်ကပင် ရွှီဖန်း နှစ်ယောက်စာလောက်ရှိသည်။ နှစ်ယောက်အတူပူးပေါင်းပြီး ရွှီဖန်းကို ရိုက်ရတာက ထမင်းစားရေသောက်ကဲ့သို့ပင် လွယ်ကူပေသည်။

ရွှီဖန်းသည် မောက်မာနေသော သက်တော်စောင့်နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့က ပိုက်ဆံလက်ခံပြီး လုပ်စားနေရတဲ့ သက်တော်စောင့်တွေပဲ၊ ငါ မင်းတို့ကို မရိုက်ချင်ဘူး၊ အခွင့်အရေးနှစ်ခုပေးမယ်...ဘေးကို ဖယ်ရင်ဖယ် မဟုတ်ရင် ငါ့မဆိုးမဆိုနဲ့"

"ပေါက်ကရတွေရပ်စမ်း! မြန်မြန် ဒီလောင်ဇီအတွက် သူ့ကို အနိုင်ယူလိုက်စမ်းပါ"

ထိုအချိန် ထျန်ဖန့်က အဝေးကနေ၍ သက်တော်စောင့်တွေကို လှမ်းအော်သည်။ ထျန်ဖန့်အမိန့်ပေးလာသည့်အခါ သူတို့ကလည်း ခေါင်းညိတ်လာသည်။

"မိတ်ဆွေ တောင်းပန်ပါတယ်၊ ငါတို့သခင်က အမိန့်ပေးနေမှတော့ မင်းကို ရိုက်ရလိမ့်မယ်"

ပြောပြီးသည်နှင့် သက်တော်စောင့်နှစ်ယောက်သည် လက်သီးများဖြင့် ရွှီဖန်းဆီ တိုးဝင်လာကြသည်။ ရွှီဖန်း ပြုံးလိုက်သည်။ ဤနှစ်​ယောက်က တစ်ကယ်ကို တိုက်ခိုက်ရေးမှာ အရည်အချင်းရှိပေသည်။ 

ရွှီဖန်းသည်လည်း ကောင်းကင်ဘုံစွမ်းအားအဆောင်ကို ထုတ်ကာ ကောင်ကင်ဖြိုခွဲလက်သီးကို ထုတ်လိုက်သည်။

မပြိုလဲနိုင်သော တောင်လက်သီး!

သူက လုံးဝမရှောင်ပေ။ သက်တော်စောင့်များ၏ လက်သီးများထံသို့ တိုက်ရိုက် ထိုးချလိုက်သည်။

ကျယ်လောင်သောအသံနှင့်အတူ ရွှီဖန်းသည် သက်တော်စောင့်နှစ်ယောက်လုံးစီမှ လက်သီးများနှင့် ရင်ဆိုင်ခဲ့ရသော်ငြား လုံးဝမရွေ့သွားပေ။ သက်တော်စောင့်နှစ်ယောက်လုံး အံ့သြသွားကြသည်။ 'ထိတ်လန့်မှု'ဆိုသည့် စကားလုံးက သူတို့၏မျက်နှာပေါ်၌ ရေးထားသကဲ့သို့ပင်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

သူတို့၏ လက်သီးတစ်လုံးကပင် ပေါင်ရာဂဏန်းလောက်အထိ ရောက်နေလေပြီ။ ဒါကို ရွှီဖန်းလို ခပ်ပိန်ပိန်ကောင်လေးက သူတို့၏ လက်သီးနှစ်လုံးစလုံးကို တစ်ချိန်တည်း လက်ခံနိုင်ခဲ့သည်။

သူတို့၏ အံ့သြမှင်သက်နေသည့် အမူအရာပေါင်းစုံကြောင့် ရွှီဖန်းမနေနိုင်ဘဲ ပြောလိုက်သည်။

"အံ့သြစရာကြီးလို့ မထင်ကြနဲ့၊ ခွန်အားက ခန္ဓာကိုယ်ကြီး၊ မကြီးအပေါ်မှာ မူတည်နေတာမဟုတ်ဘူး"

ထို့အတူ ရွှီဖန်း၏ လက်သီးချက်ကလည်း ရက်စက်စွာ ပေါက်ကွဲထွက်လာတာကြောင့် သက်တော်စောင့်နှစ်ယောက်စလုံး ဟန်ချက်ပျက်သွားရကာ နောက်ကို ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။ ထို့နောက် ခဲယဥ်းစွာပင် ရပ်လိုက်ကြရသည်။

ရွှီဖန်းသည် ခြောက်သွေ့နေသော သူ့နှုတ်ခမ်းများကို လျက်ကာ စစ်ပွဲဝင်နေသည့် ဝံပုလွေကဲ့သို့မျက်လုံးအကြည့်များဖြင့် သူတို့ကို ကြည့်လိုက်သည်။

"မင်းတို့ရဲ့လက်သီးနှစ်လုံးကို ငါလက်ခံပြီးပြီ၊ အခု ငါ့အလှည့်ပဲ"

**********************

All Chapters