← Chapters

မင်း တောင်းဆိုတာပဲ 

Vol. 8 Ch. 117

မင်း တောင်းဆိုတာပဲ 

Vol. 8 Ch. 117

ထိုးဖောက်သော မီးလက်သီး!

ရွှီဖန်းလက်သီး၏အော်ရာက ချက်ချင်းပြောင်းလဲသွားကာ ပတ်ဝန်းကျင်လေထုသည် အပူချိန်တိုးလာတော့သည်။

မကောင်းတော့ဘူး!

ရွှီဖန်းက သနားတော့မည့်ပုံမပေါ်ချေ။ ဤနှစ်တွေထဲ၌ တိုက်ပွဲကွင်းထဲမှာ ရှင်သန်ခဲ့ရသလောက် တိုက်ပွဲနှင့်

ပတ်သက်သည့် အသိအမြင်အရ သူတို့ရှေ့မှ လူသည် မပျော့ညံ့မှန်း သူတို့ သတိထားမိသွားကြသည်။

ဒီကောင်ကလည်း လေ့ကျင့်ဖူးသည့်လူဖြစ်လိမ့်မည်။

ဒါကိုတွေး၍ သက်တော်စောင့်နှစ်ယောက်သည် ရွှီဖန်း၏တိုက်ခိုက်မှုကို တားဆီးရန်အတွက် သူတို့၏ စွမ်းအားအကုန်လုံးကို ချက်ချင်း အသုံးပြုလိုက်သည်။

သို့သော် သူတို့ဘက်က မစခင်မှာ ရွှီဖန်း၏ ခြေလှမ်းများက ပြောင်းလဲသွားပြီး မျက်စိတမှိတ်အတွင်းမှ သူတို့ရှေ့သို့ ရောက်နေလေပြီဖြစ်သည်။

"ငါ့ရဲ့လက်သီးကို လက်ခံစမ်း!"

လေထဲတွင် အရိပ်တစ်ခုက ပေါ်လာပြီး ရွှီဖန်းသည် ကျယ်လောင်စွာအော်လိုက်သည်။ ထို့နောက် သံမဏိကဲ့သို့ လက်သီးက လေထဲတွင် ဆုပ်လိုက်ကာ သက်တော်စောင့်နှစ်ယောက်ဆီသို့ တည့်တည့်မတ်

မတ်ဝင်သွားတော့သည်။

ဘန်း!

ဘန်း!

သက်တော်စောင့်နှစ်ယောက်မှာ မသိစိတ်မှအလိုလို ပိတ်ဆို့ရန် လက်ကို မြှောက်လိုက်ကြသည်။ 

အရိုးကို အဆိပ်ထိသွားသည့် ပုံစံအတိုင်း ထိုလက်သီးချက်၏စွမ်းအားသည် သူတို့လက်မောင်းမှတဆင့် ပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားကာ အကာအကွယ်များ ပျက်စီးသွားခဲ့သည်။

ရွှီဖန်း ရယ်မောကာ သူတို့ကို ကန်ထုတ်လိုက်သည်။ သက်တော်စောင့်နှစ်ယောက်ကတော့ မြေကြီးအပေါ် လှိမ့်ဆင်းသွားရကာ နာကျင်စွာ အော်ဟစ်နေကြသည်။ သူတို့မှာ မတ်တပ်ပင် မရပ်နိုင်ချေ။

"ဟမ့်! ငါ မင်းတို့ကို အခွင့်အရေးပေးခဲ့ပြီးသား"

ထို့နောက် ရွှီဖန်း ခေါင်းမော့ကာ အဝေးမှ ထျန်ဖန့်ကိုကြည့်လိုက်သည်။ ထိုလူက စောစောတုန်းကလို အေးအေးဆေးဆေးရပ်မကြည့်နိုင်ပေ။ သူ့မျက်လုံးများက ပြူးကျယ်ပြီး ပါးစပ်က အဆစ်လွဲလုနီးပါး ကျယ်လွန်းနေသည်။

ထျန်ဖန့်သည် ရွှီဖန်းက သက်တော်စောင့်နှစ်

ယောက်ကို အနိုင်ပိုင်းနိုင်လောက်မည်ဟု အိပ်မက်တောင်မမက်ဖူးခဲ့ပေ။

သက်တော်စောင့်နှစ်ယောက်က တမင် မသိနားမလည်သည့်ပုံစံ ဟန်ဆောင်နေသည်ဟု သူထင်နေမိသည်။

"ဘာဖြစ်လို့လဲ ဝတုတ်၊ ငါအရိုက်ခံရမှာ ကြည့်ရမှာကို ပျော်စရာကောင်းတယ်လို့ ထင်နေတာမလား"

"မင်း ငါ့အနားမလာခဲ့နဲ့! ပြေး!"

ရွှီဖန်းက သူ့ဆီ ခပ်အေးအေး လျှောက်လာနေသည့်

အခါ ထျန်ဖန့်မှာ ကြောက်လွန်း၍ ဘောင်းဘီထဲ၌ သေးပေါက်ချလုနီးပါးပင်။ ကံကောင်း၍ သူထိန်းနိုင်ခဲ့သည်။

ထိုသို့ပြောပြီးနောက် ထျန်ဖန့်သည် သူ့ဘေးမှ မိန်းမလှလေးကိုပင် ဂရုမစိုက်တော့ဘဲ သူ့အသက်လွတ်နိုင်ဖို့ရာ  ခြေလှမ်းကျဲများဖြင့် ပြေးတော့သည်။

"ပြေးချင်သေးတာလား"

ပြေးနေရ၍ တုန်တုန်ယင်ယင်ဖြစ်နေသည့် ထို့လူအပေါ်မှ အဆီများကို ရွှီဖန်း ကြည့်နေသည်။ ထို့နောက် ရှေ့ကိုတိုးကာ ဝတုတ်အနောက်ကို လိုက်သွားခဲ့သည်။

ထျန်ဖန့်၏ဝဖိုင့်သောခန္ဓာကိုယ်အနောက်ကနေ ရွှီဖန်းတစ်ယောက် ဖြည်းညှင်းစွာ လိုက်ဖမ်းနေသည်။ ဒါ့အပြင် လိုက်ဖမ်းသည့်လူက ရွှီဖန်းဖြစ်နေသေးသည်။ သိပ်မကြာခင်မှာပင် လိုက်မီသွားကာ ထျန်ဖန့်၏ ဖင်ကို သူ ကန်ထုတ်လိုက်သည်။

ထျန်ဖန့်သည် ဟန်ချက်ပျက်ကာဖြင့် မြေကြီးပေါ် ပက်လက်လဲကျသွားတော့သည်။ ရာဘာဘောလုံးကဲ့သို့ပင် မရပ်မချင်း မြေကြီးပေါ် လှိမ့်နေခဲ့သည်။

ရွှီဖန်းရယ်မောကာ ထျန်ဖန့်ဆီ လျှောက်သွားလိုက်

သည်။ ထို့နောက် ထျန်ဖန့်၏ခေါင်းကို တက်နင်းလိုက်တာကြောင့် ထျန်ဖန့်မှာ မြေကြီးနှင့် မိတ်ဆက်လိုက်ရသည်။

"ထျန်ဖန့် ငါမင်းကို သင်ခန်းစာပေးဖို့တော့ အရည်အချင်းမပြည့်မီပါဘူး၊ ဒါပေမယ့် မင်းဘက်က ကတိဖျက်လာရင်တော့ စည်းကမ်းလေးတော့ရှိလာလိမ့်မယ်"

"လာမလုပ်နဲ့! ငါမင်းကို လက်စားပြန်ချေမှာ!"

ထျန်ဖန့်သည် ရွှီဖန်း တက်နင်းတာကို ခံထားရပြီးကတည်းက လုံးဝမတ်တပ်မရပ်နိုင်တော့ချေ။ သူက ကယောင်ကတမ်းတွေ ပြောနေခဲ့သည်။ သို့သော် ရွှီဖန်းက သူ့မျက်နှာကို ထပ်ဖိလိုက်တာကြောင့် ဆက်မပြောနိုင်တော့ပေ။

"မင်းကို စကားပြောခွင့်ပေးထားလို့လား"

ရွှီဖန်းသည် ဆူငေါက်လျက် ခေါင်းပေါ်မှ ဖိနပ်ကိုရွေ့ပြီး ထိုလူ့ပါးစပ်နားမှာ ထားလိုက်သည်။

"မင်းပဲ အရင် လောင်းကစားလုပ်ခဲ့တယ်၊ အခု နာနာခံခံနဲ့ လောင်းကြေးကိုလုပ်လိုက်၊ မဟုတ်ရင် ဒီကနေ တွားသွားပြီး ထွက်သွားစေရမယ်"

ရွှီဖန်း၏လေသံက ခြိမ်းခြောက်မှုများ မပါဝင်သကဲ့သို့ တည်ငြိမ်နေသည်။ သို့သော်ငြားလည်း ထိုမျှကပင် ထျန်ဖန့်ကို သေးပေါက်ချလုမတတ် ကြောက်လန့်စေပေသည်။

အခုလေးတင် ရွှီဖန်း၏ရက်စက်သော နည်းလမ်းများကို သူခံစားရပြီးပြီ ဖြစ်လေသည်။

ရွှီဖန်းပြောသည့်အတိုင်းမလုပ်ပါက မသေမချင်းအရိုက်ခံရမည်မှာ အမှန်ပင်။ 

အိုး ဘုရားရေ!

ရှောင်းပုချီ၏အမိန့်ကြောင့် ရှယန်ယွိကို နှိပ်ကွပ်ရန် ဒီကိုလာခဲ့သော်လည်း သူမဆီမှာ ပရိတ်သတ်ကောင်းတစ်ယောက်ရှိမည်ဟု မထင်ခဲ့ချေ။

ဒီလူက လူမဟုတ်ဘဲ နတ်ဆိုးပင်။

အကယ်၍ ရွှီဖန်းသာ နောက်ထပ်အခွင့်အရေးလေးထပ်ပေးလာပါက ထျန်ဖန့်သည် နောက်ဆို ရှရှီဆေးဝါးစက်ရုံသို့ လာရဲတော့မည်ကို မဟုတ်ချေ။

"ဟဲဟဲ ထျန်ဖန့် မင်းမကြောက်သေးဘူးလား၊ ဒီနေ့ အပြင်ကို တွားသွားပြီးပြန်ထွက်ချင်နေတဲ့ပုံပဲနော်"

"မဟုတ်ဘူး မဟုတ်ဘူး! မလုပ်နဲ့ လျက်မယ် ငါလျက်ပါ့မယ်"

ထျန်ဖန့်သည် ချက်ချင်း တုန်လှုပ်ကာ ရွှီဖန်း၏ခြေထောက်ကို ပွေ့ဖက်၍ စက်ဆုပ်စရာကောင်းသည့်ပုံစံဖြင့် လျက်လာသည်မှာ ပါးစပ်ပင် ပေါက်လုနီးပါ"

"မိတ်ဆွေ မင်း ဖိနပ်ပေါ်က ဘာတွေလဲ ဘာလို့ ရွံစရာအရမ်းကောင်းနေတာလဲ"

ရွှီဖန်းသည် သူ့နှာခေါင်းကို ပွတ်၍...

"ငါက ကြက်ခြံပိုင်တော့ အဲ့ဒီအညစ်အကြေးတွေ ပေနေတာလေ"

"ကောင်းပြီ မင်း ထွက်သွားနိုင်ပြီ"

ထျန်ဖန့်က ဖိနပ်ကို ရွံရှာဖွယ်ရာ လျက်နေခဲ့တာကြောင့် ရွှီဖန်း၏မျက်လုံးထဲ၌ မထီမဲ့မြင်အမူအရာများပေါ်လာသည်။ ထျန်ဖန့်ကို ကန်ထုတ်လိုက်ကာ အာရုံစိုက်ရန် စိတ်မဝင်စားတော့ချေ။

ထျန်ဖန့်သည် ဤကဲ့သို့ သင်ခန်းစာကို ရပြီးနောက် ဘာမှဆက်မပြောဝံ့တော့ဘဲ မိန်းမလှလေးကို ခေါ်ကာ ရှရှီဝင်ပေါက်သို့ ပြေးထွက်သွားတော့သည်။

ဘေးမှာရပ်ကြည့်နေသည့် အားမောင်သည် ထိတ်

လန့်တုန်လှုပ်ဆဲပင်ဖြစ်သည်။  သူ ပြေးသွားကာ ရွှီဖန်းကို လက်မထောင်ပြလိုက်သည်။

"ရွှီဖန်း မင်းက အံ့သြစရာပဲ"

ထိုအချိန် ရှယန်ယွိကလည်း အနားကိုရောက်လာကာ အပြုံးဖြင့် မေးလာသည်။

"ရွှီဖန်း ဘာလို့ အဲ့ဒီလို လုပ်လိုက်တာလဲ"

ရွှီဖန်းက သူ့မ၏ဒေါသများကို ဖြေဖျောက်နိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။ သူမလည်းပဲ မိတ်ဆွေကောင်းဖြစ်လာအောင် လုပ်ရမည်။

ရွှီဖန်းက နှုတ်ခမ်းကို တွန့်ကွေးလာသည်။

"အကြောင်းပြချက် လိုသေးလို့လား ဥက္ကဌရှ၊ ခင်ဗျားက ကျွန်တော့်ကို အနမ်းပါ ပေးလာတာကို ဒီအတိုင်း ဘေးမှာ ရပ်ကြည့်နေရမှာလား၊ အပြင်ထွက်မတိုက်ရင် သူရဲကောင်းက ဘယ်လိုလုပ် အလှလေးကို သိမ်းပိုက်မှာလဲ"

"ဖီး!"

ရှယန်ယွိသည် မထိန်းနိုင်တော့ဘဲ ရယ်မောနေတော့သည်။ သူမ စိတ်အားထက်သန်စွာ လုပ်ခဲ့မိသော အပြုအမူကို ပြန်တွေးရင်း သူမမျက်နှာလေးက အနည်းငယ် နီမြန်းသွားရသည်။

ဖုန်းမြည်သံ!

ထိုအချိန် ရှယန်ယွိထံသို့ စာတစ်စောင်ဝင်လာတာကြောင့် သူမ ရွှီဖန်းနှင့် စကားဖြတ်လိုက်သည်။ စာကို ဖတ်ရှုပြီးနောက် သူမ ပြောလိုက်သည်။

"ရွှီဖန်း မင်းရဲ့ဆေးပင်တစ်သုတ်ဈေးက ထွက်လာပြီ၊ဆေးပင်တစ်ထောင်ကို ယွမ်၂သိန်းတဲ့ အဆင်ပြေရဲ့လား"

ရွှီဖန်းသည် မစဥ်းစားနေဘဲ ခေါင်းညိတ်လိုက်သည်။ ရွာသူရွာသားတွေကို ဆေးပင်စုဆောင်းသည့်

အလုပ်ပေးရာ၌ သူ ယွမ်၁၀,၀၀၀သုံးခဲ့သည်။ ရက်ပိုင်းအတွင်းမှာ ယွမ်1သိန်းကျော်ရရင်တောင်မှ တော်တော်ကို ကံကောင်းလှပေသည်။

"အဆင်ပြေပါတယ်၊ နောက်မှ ကျွန်တော့်အကောင့်ကို ဆက်သွယ်လိုက်ပါ"

ရှယန်ယွိ ခေါင်းညိတ်လိုက်ကာ...

"ဟုတ်ပြီ ရွှီဖန်း၊ ကျွန်မ မေးစရာရှိသေးတယ်"

******************

All Chapters