← Chapters

မကောင်းတော့ဘူး

Vol. 8 Ch. 118

မကောင်းတော့ဘူး

Vol. 8 Ch. 118

"ဟမ် ဘာပြဿနာရှိလို့လဲ"

ရှယန်ယွိက သူမနှုတ်ခမ်းကိုကိုက်၍ စိုးရိမ်ပူပန်စွာ မေးလာသည်။

"ရွှီဖန်း ဒီသေတ္တာထဲက အစွမ်းထက်ဆေးပင်တွေက ရှင့်ဆီမှာ နည်းနည်းပဲ ရှိတာလို့ ကျွန်မကို မပြောပါနဲ့"

ဤသည်မှာ ရှယန်ယွိအကြောက်ဆုံးပင်။ ကုသဆေးတစ်မျိုးကို သုတေသနလုပ်ပြီး တီထွင်စမ်းသပ်ရာ၌ ဆေးဖက်ဝင်အပင်များစွာ လိုအပ်လေသည်။

ရွှီဖန်းက အနည်းငယ်ကိုသာ စိုက်ပျိုးနိုင်ပါက ဤဆေးပင်များသည် အသုံးမဝင်တော့ချေ။

ရှယန်ယွိ၏ထိတ်လန့်နေသော အမူအရာကြောင့် ရွှီဖန်း ပြုံးလိုက်သည်။

"အများကြီးလိုအပ်လို့လား၊ ဒါက ရိုးရှင်းပါတယ်"

"ဘယ်လောက်ရှိတာလဲ၊ ပြောပါ ရွှီဖန်း...ဈေးက ညှိနှိုင်းလို့ရပါတယ်"

ရွှီဖန်းထံ၌ ဆေးပင်များစွာရှိနေသေးကြောင်း ကြားသိရသည့်အခါ ရှယန်ယွိ၏ မျက်လုံးများက တောက်ပသွားသည်။ သူမက ရွှီဖန်း၏ လက်ကိုဆွဲယူကာ တောင်းဆိုနေလေသည်။

ယခုဆေးပင်များက ယခင်ဆေးပင်များထက် ငါးဆပို၍ ဈေးကြီးသော်လည်း ရွှီဖန်းက ဆယ်ဆအထိ ဈေးမြှင့်ပါကလည်း ရှယန်ယွိသည် လက်ခံနိုင်ပေသည်။

"အင်း...ခဏလောက်စောင့်ပေးပါ"

အခုလက်ရှိ ရွှီဖန်းသည် စီးပွားရေးများတိုးချဲ့ထားတာကြောင့် သူ့လက်ထဲ၌ ကောင်းကင်ဘုံမြေသြဇာက များစွာ မကျန်ရှိတော့ပေ။  ဤဆေးဖက်ဝင်အပင်များကို အကြီးစားလုပ်ငန်းအဖြစ် စိုက်ပျိုးချင်ပါက ကောင်းကင်ဘုံမြေသြဇာ မြောက်မြားစွာ လိုအပ်လေသည်။

"ဒါက...."

ထိုစကားကိုကြားတော့ ရှယန်ယွိသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ၏ ဆေးဝါးပညာရှင်များအားလုံးသည် သုတေသနအတွက် ထိရောက်သောဆေးပင်များကို အသုံးပြုနိုင်ရန် စောင့်နေကြသည်။ 

စစ်တပ်နှင့်ချုပ်ထားသည့်စာချုပ်ကလည်း ရှိနေ၏။ ဆေးပင်တွေထပ်ရရန် သူမ မည်ကဲ့သို့ စောင့်နိုင်မည်

နည်း။

ဆေးပင်တွေ အမြန်ပြင်ဆင်ပေးနိုင်မည်လားဟု ရွှီဖန်းကို သူမ မေးတော့မည်အချိန် လူအုပ်ကြီးထဲမှ အော်သံထွက်လာသည်။

"ဥက္ကဌရှ မကောင်းတော့ဘူး"

ရှယန်ယွိ၏အတွင်းရေးမှူးက အပြေးအလွှားရောက်လာသည်။ ရှယန်ယွိ၏ နှလုံးလည်း တင်းကြပ်သွားသည်။ သူမ မျက်မှောင်ကြုတ်ကာ ရှောင်ယွမ်ဆီ လျှောက်သွားလိုက်သည်။

"ရှောင်ယွမ် ဘာဖြစ်နေတာလဲ"

"ဥ ဥက္ကဌရှ အခုပဲ ဆေးပါးပညာရှင်တချို့ အလုပ်ထွက်သွားပြန်ပြီ၊ သူတို့ ထွက်သွားကြတော့မယ်"

အမျိုးသမီးအတွင်းရေးမှူးက အမောတကောပင် ရှယန်ယွိကို ရှင်းပြခဲ့သည်။ ရှယန်ယွိမှာ စိတ်လွတ်ကာ မြေကြီးပေါ်သို့ လဲကျလုနီးပါးပင်။ ကောင်းကင်ဘုံကပင် ရှရှီကို ပြိုလဲစေချင်နေပေသည်။

သူတို့က ထျန်ဖန့်နှင့် ရှောင်းပုချီ၏ လှည့်စားဖျားယောင်းမှုကြောင့် စက်ရုံမှ ထွက်သွားကြသည်။

အခု ရွှီဖန်း၏ ဆေးဖက်ဝင်အပင်များကို သူတို့ပိုင်ဆိုင်ထားကာ ကုသဆေးကို ဖော်စပ်ရန် မျှော်လင့်ချက် ရှိလာခဲ့သော်လည်း ခဏအတွင်းမှာတင် ဘုရားသခင်၏ အလိုကျ သူ့ကို ချောက်ထဲတွန်းချလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟားဟား ဆေးဖက်ဝင်အပင်တွေရှိထားတော့ရော ဘာထူးလဲ၊ ဆေးဝါးပညာရှင်တွေမရှိရင် ကျရှုံးမှာပဲ"

ရှယန်ယွိက သူမကိုယ်သူမ ဆူငေါက်နေသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများက မျက်ရည်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူမက မငိုမိအောင် အောက်နှုတ်ခမ်းကို ကိုက်ထားလေသည်။

"ရွှီဖန်း ကျွန်မ ဘယ်လိုလုပ်ရမလဲ"

ရှယန်ယွိက ရှိုက်ကာ ရွှီဖန်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လာသည်။ ဒီကာလတွေမှာ သူမ ပင်ပန်းနေခဲ့ရသော်လည်း တောင့်ခံခဲ့သည်။ အခုအချိန်မှာတော့ သူမ ခေတ္တအနားယူဖို့ရန် ပုခုံးတစ်ဖက်ကိုသာ ရှာချင်တော့သည်။

သူမ၏ အားနည်းကာ အားကိုးရာမဲ့ဖြစ်နေသည့်ပုံလေးကြောင့် ရွှီဖန်း၏ နှလုံးသားလည်း နာကျင်သွားရသည်။ သူ အသက်ရှူထုတ်ကာ သူမ၏အံ့သြနေသည့်အကြည့်များကို လျစ်လျူရှုထားရင်း ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ဥက္ကဌရှ မင်းက မိန်းကလေးလေ၊ ငိုချင်ရင် ငိုချလို့ရပါတယ်"

သူ့ရင်ဘတ်ပေါ်၌ စိုစွတ်သည့်အထိအတွေ့ကြောင့် ရွှီဖန်းသည် သူမ၏ ကျောပြင်ကို ပွတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 

"လူတိုင်းထွက်သွားရင်တောင် မင်းမှာ ကျွန်တော်ရှိသေးတယ်လေ"

ခဏကြာတော့ ရှယန်ယွိသည် ရွှီဖန်း၏ ပွေ့ဖက်မှုမှ ရုန်းထွက်လာသည်။ သူမက အသက်ပြင်းပြင်းရှူကာ ပြောလာသည်။

"ရွှီဖန်း ကျွန်မကို နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်၊ အခုပိုပြီးတော့ စိတ်ထဲ နေလို့ကောင်းလာပါပြီ"

ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။

"အဲ့ဒီလူတွေအတွက်ကြောင့် ငိုနေရတာက နှလုံးကြေကွဲစရာကောင်းပါတယ်၊ ဥက္ကဌရှ တစ်ကယ်တော့ ကျွန်တော့်မှာ..."

"ဟမ်"

ရွှီဖန်းက ရုတ်တရက်ကြီး မဝေခွဲနိုင်သည့်အပြုအမူလုပ်လာတာကြောင့် ရှယန်ယွိသည် သူမမျက်ခုံးကို ပင့်ကာ သူ့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ရွှီဖန်းပြုံးလိုက်ကာ...

"သူတို့ထွက်သွားချင်ရင် လွှတ်ပေးလိုက်ပါ၊ အဲ့ဒီဆေးကို ဖော်စပ်ဖို့က ကျွန်တော်တစ်ယောက်တည်းနဲ့ လုံလောက်မှာပါ"

"ဘာ!"

ရှယန်ယွိမှာ ရွှီဖန်း၏ ယုံကြည်ချက်အပြည့်ရှိနေသော အပြုံးကြောင့် စိတ်မရှုပ်ထွေးဘဲ မနေနိုင်တော့ပေ။

တစ်ယောက်တည်းနဲ့ လုံလောက်တယ်! 

မဖြစ်နိုင်ပေ။

ရှယန်ယွိသည် ခြောက်ကပ်ကပ်ပြုံးရင်း ခေါင်းခါရမ်းမိသည်။

"ရွှီဖန်း ကျွန်မကို ပျော်ရွှင်အောင်လို့ ဒီလိုပြောပေးစရာမလိုပါဘူး၊ အဖွဲ့ရဲ့ကြိုးစားမှု မရှိဘဲ ကုသဆေးကို တီထွင်ဖော်စပ်ဖို့က မဖြစ်နိုင်ဘူးလေ"

ဒါ့အပြင် ရွှီဖန်းက ဆေးဘက်ဆိုင်ရာကျွမ်းကျင်

သည်ဟု သူမ တစ်ခါမှ မကြားခဲ့ဖူးချေ။ ရွှီဖန်း ပြုံးလိုက်ကာ....

"ဥက္ကဌရှ နောက်ဖြစ်လာမယ့်အရာတွေက အံ့သြဖွယ်ရာတွေဖြစ်နေမှာနော်"

"ရှရှီကနေ ထွက်သွားတဲ့ ဆေးဝါးပညာရှင်တွေအားလုံး ပေါင်းထားရင်တောင်မှ သူတို့က ကျွန်တော့်

ပြိုင်ဘက် ဖြစ်လာမှာမဟုတ်ဘူး"

ရှယန်ယွိပြောသည့် ကုသဆေးလိုမျိုးကို သူ မဖော်စပ်ခဲ့ဖူးခြင်း မဟုတ်ချေ။ ပြန်တွေးကြည့်လျှင် သူ့အဖေ ဒဏ်ရာရတုန်းက ထိုဒဏ်ရာကို ကုသရန်အတွက် စိမ်းပြာရောင်ဆေးအိတ်ထဲမှ ဆေးဖော်စပ်နည်းတစ်ခုကို သူဖော်စပ်ခဲ့သေးသည်။

ကောင်းကင်ဘုံနှင့်ဆက်ဆံရေးတစ်ခုရှိတာကြောင့် ရွှီဖန်းသည် ဆေးဖော်စပ်နည်းအကုန်လုံးကို အများကြီး မထုတ်ပြနိုင်ပေ။ သို့သော်ငြား အားနည်းသွားအောင်တော့ လုပ်ပေးနိုင်ပေသည်။ 

ထိုဆေးဖော်စပ်နည်းအား အားနည်းသွားအောင် ပြန်ပြင်လိုက်သော်ငြား တခြားဆေးဝါးပညာရှင်များ ဖော်စပ်သည့်နည်းလမ်းတွေထက်တော့ အားကောင်းပါသေးသည်။ 

ပြတ်ပြတ်သားသားပြောရလျှင် ကောင်းကင်ဘုံက နတ်မင်းများ ဖော်စပ်ထားသည့်အရာနှင့်ယှဥ်ပါက သူတို့၏ဆေးများက ပိုးစုန်းကြူးအလင်းရောင်

လောက်တောင် မယှဥ်နိုင်ပေ။

"ရွှီ ရွှီဖန်း ရှင်တစ်ကယ်ပြောတာလား"

ရွှီဖန်း ခေါင်းညိတ်ကာ...

"ဒါပေါ့ ကျွန်တေယ်အလေးအနက်ပြောနေတာ၊ ဒါနဲ့ မေးပါရမေ...ဥက္ကဌရှတို့ ဆေးဖော်စပ်နည်းတီထွင်နေတုန်းက အချိန်ဘယ်လောက်ကြာခဲ့လဲ"

"ဒါက...."

ရှယန်ယွိ ပြုံးလိုက်မိသည်။ အရင်တုန်းက ကုသဆေးဖော်မြူလာများကို ထုတ်နိုင်ဖို့ရန်အတွက် အယောက်၂၀ပါဝင်သည့် အဖွဲ့ကြီးက တစ်လနီးပါး နေ့ရောညပါ အလုပ်လုပ်ခဲ့ရသည်ကို သူမမှတ်မိနေသေးသည်။ 

ထုတ်လုပ်ပြီးမြောက်ဖို့အတွက်ကတော့ တစ်လခွဲလောက်ကြာမည်ဟု သူမ ခန့်မှန်းလိုက်သည်။ 

"ကျွန်မတို့ အတူတူလုပ်ကြမယ်ဆိုရင် တစ်လခွဲလောက်ကြာလိမ့်မယ်"

ရွှီဖန်းသည် ထိုကြာချိန်ကို ကြားသည်နှင့် မျက်လုံးမှေးကာ ရှယန်ယွိကို စိတ်ဝင်တစားကြည့်လိုက်သည်။ ရှယန်ယွိမှာတော့ ရွှီဖန်း၏အကြည့်ကြောင့် ထိတ်လန့်လာသည်။ 

"ရွှီဖန်း ဘာဖြစ်လို့လဲ"

ရွှီဖန်း နှုတ်ခမ်းတွန့်လိုက်ကာ...

"အဲ့ဒီဆေးဖော်မြူလာကို တစ်နာရီအတွင်း ဖော်ထုတ်ပေးမယ်ဆိုရင် ယုံမလား"

ရွှီဖန်း၏ ယုံကြည်ချက်ရှိသော စကားကိုကြားသော် ရှယန်ယွိ အံ့သြသွားတော့သည်။ ဒဏ်ရာကုသဆေးကို တစ်နာရီအတွင်း ဖော်စပ်မည်ဆိုတာက...

ရွှီဖန်းက သူမ ယုံ၊မယုံကိုပါ မေးရန် စိတ်အားထက်သန်နေသေး၏။ ရှယန်ယွိပြုံးကာ ခေါင်းခါရမ်းလိုက်သည်။

"ရွှီဖန်း ကျွန်မကို လှည့်စားနေတာ တော်ပါတော့၊ ကျွန်မမယုံဘူး၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သိထားရမည်က ရွှီဖန်းသည် ဤဒဏ်ရာကုသဆေးအတွက် စစ်တပ်မှ လိုအပ်သော အထူးအချက်များကိုပင် မသိထားသေးပေ။ ထိုအချက်များကို ဖတ်ရန်ကပင် နာရီဝက်ကြာပေသည်။ ကျန်နာရီဝက်အတွင်း လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာပြီး စမ်းသပ်မှုပြုလုပ်ကာ ဆေးဖော်စပ်နိုင်ဖို့က မလွယ်ပေ။

ဟုတ်ပါသည်၊ ရှယန်ယွိက မယုံပေ။ 

ရွှီဖန်းက ပုခုံးတွန့်ပြလိုက်သည်။ သူပြောခဲ့သည့်

စကားများအတိုင်း တစ်နာရီအတွင်း သက်သေပြနိုင်လိမ့်မည်ဟု သူယုံကြည်သည်။

"ဥက္ကဌရှ ကျွန်တော့်ကို မယုံမှတော့ လောင်းကြေးထပ်ကြမလား"

"ဟမ်"

******************

All Chapters