ပြီးပြည့်စုံသော ဆေး
Vol. 8 Ch. 120
"မြန်မြန်လုပ်ပေးပါ"
ရွှီဖန်းသည် သူ့ခေါင်းထဲမှ အကြံများ ပျောက်ကွယ်သွားမည်ကို ကြောက်တာကြောင့် အမြန်ပင် ထပ်၍တိုက်တွန်းလိုက်သည်။ ရှယန်ယွိလည်း ခေါင်းညိတ်ကာ ဘောပင်နှင့် စာရွက်ကို အမြန်ကမ်းပေးလိုက်သည်။
ရွှီဖန်းသည် ဘောပင်ကို ယူပြီးနောက် စာရွက်ပေါ်တွင် စတင်ရေးသားခဲ့သည်။ ရှယန်ယွိမှာတော့ သူ့ကိုကြည့်ပြီး အံ့သြနေလေသည်။
မဖြစ်နိုင်ပေ။
သူက ဘာစမ်းသပ်မှုမှ မလုပ်ရသေးဘဲ ဆေးညွှန်းကို ချရေးနေလေသည်။ ရွှီဖန်းက အဲ့ဒီလောက်တောင် အစွမ်းထက်နေတာလား။
ရှယန်ယွိ၏အကြည့်အောက်မှာတင် ရွှီဖန်းသည် စာရွက်အပေါ်၌ စာလုံးများကို လျင်မြန်စွာ ချရေးနေခဲ့သည်။
ဆေးဖက်ဝင်ပစ္စည်းများကို ချရေးပြီးနောက်မှာ ရွှီဖန်းသည် အသက်ရှူထုတ်ကာဖြင့် ဆေးအမည်ကို ချရေးလိုက်သည်။
"အသက်ကယ်အရိုးလိမ်းဆေး"
ရွှီဖန်းသည် မူလကတော့ အခုရေးလိုက်သည့်ဆေးညွှန်းထက်ပင် ပိုနိမ့်အောင် ရေးချင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာ ဒီအတိုင်းသာ ထားခဲ့သည်။
အခုဆေးညွှန်းထက် ပိုပြီးကြောက်ဖို့ကောင်းသည့် အမြင့်စားဗားရှင်းထပ်ရှိနေသည်ကို လူအများသိပါက သေလုနီးပါး ထိတ်လန့်သွားကြလိမ့်မည်။
ဆေးညွှန်းရေးပြီးသည့်နောက် ရွှီဖန်း နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးမှသာ ရှယန်ယွိ၏ဖုန်းကို ကိုင်၍ ကြည့်လိုက်သည်။
"၅၅မိနစ်၊ အချိန်ပြည့်တော့ဖို့ ငါးမိနစ်ကျန်တယ်"
ရွှီဖန်းသည် သူ့ကိုယ်သူပြောကာ ဆေးညွှန်းရေးထားသည့်စာရွက်ကို ရှယန်ယွိဆီကမ်းပေးလိုက်သည်။
"ကြည့်လိုက်ပါ ဥက္ကဌရှ၊ ကျွန်တော်မင်းအတွက် ဆေးညွှန်းပြင်ဆင်လို့ပြီးပြီ"
"ဒါ...."
ရှယန်ယွိက ရွှီဖန်းကမ်းပေးလာသည့် ဆေးညွှန်းကိုသံသယဖြင့် ယူ၍ လေးနက်စွာ စတင် ဖတ်နေသည်။
ဒီစာရွက်က တစ်ကယ်ကို ဆေးညွှန်းစာရွက်ဖြစ်ပေသည်။ ဖော်မြူလာများက ကျိုးကြောင်းသင့်ကာ ဆေးပင်တွေအပေါ် ရွှီဖန်း၏ ကျွမ်းကျင်နားလည်မှုကလည်း ရှယန်ယွိကို အံ့အားသင့်စေသည်။
သို့သော်လည်း ဆေးဝါးပညာရှင် အယောက်၂၀က တစ်လလုံးစမ်းသပ်တီထွင်ခဲ့ရသည့် ဖော်မြူလာကို ရွှီဖန်းက ခဏလေးဖြင့် ရေးနိုင်သည်ကို သူမ မယုံကြည်နိုင်သေးချေ။
လုံးဝမဖြစ်နိုင်ပေ။
ရှယန်ယွိ ပြုံးကာ ခေါင်းယမ်းလိုက်သည်။
"ရွှီဖန်း ရှင် ဆေးပညာမှာ ကျွမ်းကျင်တာတော့ ကျွန်မလက်ခံပါတယ်၊ ဒါပေမယ့် ဒီလို ဆေးညွှန်းလေးတစ်ခု ချရေးပြရုံနဲ့ ကျွန်မယုံမယ်လို့တော့ ရှင် မထင်နေပါဘူးနော်"
ရွှီဖန်း မျက်နှာစူပုတ်သွားရကာ...
"ဥက္ကဌရှ ခုခံဖို့ မကြိုးစားပါနဲ့၊ ကျွန်တော့်ကိုပေးရမယ့် အနမ်းနှစ်ပွင့်ကို ခိုလို့မရဘူးနော်"
"မင်း ကျွန်တော့်ကို မယုံရင် သက်သေပြလို့ရတယ်"
ရှယန်ယွိသည် ရွှီဖန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်၍ မေးလိုက်သည်။
"အာ....ရွှီဖန်း ရှင် အတည်ပြောနေတာလား"
"ဒါပေါ့"
ရွှီဖန်းသည် ရှယန်ယွိကို မျက်ခုံးပဲ မြှင့်ပြကာ ထပ်မရှင်းပြခဲ့ပေ။ သူနှင့် အတူပါလာသည့် ဆေးပင်သေတ္တာကို ယူကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ဆေးပင်တွေကို တစ်ခုပြီးတစ်ခု စီစဥ်ခဲ့သည်။
ဆေးပင်များကို ခွဲထုတ်ပြီးနောက် သူ ခုနက ပေးခဲ့သည့် ဆေးညွှန်းအတိုင်း စတင်သန့်စင်လိုက်သည်။
ထိုအချိန် သုတေသနအခန်းထဲ၌ ရွှီဖန်းနှင့် ရှယန်ယွိသာ ရှိနေခဲ့သည်။ ရွှီဖန်း၏ကျွမ်းကျင်စွာ သန့်စင်ဖော်စပ်နေသည့်နည်းလမ်းများကို ရှယန်ယွိသည် မှင်သက်စွာ ကြည့်နေတာကြောင့် အခန်းအတွင်း လုံးဝတိတ်ဆိတ်နေခဲ့သည်။ ရွှီဖန်းကို လုံးဝမနှောင့်ယှက်ရဲခဲ့ပေ။
အစပိုင်းတွင် ရွှီဖန်းသည် သူသုံးနေရသည့် နည်းစနစ်များအား မရင်းနှီးသော်လည်း 'အသက်ကယ်အရိုးလိမ်းဆေး' ရုပ်လုံးပေါ်လာသည်နှင့်အမျှ သူနှင့် မရင်းနှီးသော နည်းစနစ်များမှာလည်း တဖြည်းဖြည်း ပို၍ ရင်းနှီးလာခဲ့သည်။ မကြာခင်မှာတင် ဆေးပင်တွေအားလုံး ရောနှောသွားလေပြီ။ ထိုဆေးပင်များကို အနှစ်အခဲအဖြစ် ရောနှောပြီးနောက် မီးပေါ်တင်ကာ အပူပေးလိုက်သည်။
အသက်ကယ်အရိုးလိမ်းဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ ရွှီဖန်းသည် ပန်းကန်ပြားလေးတစ်ခုပေါ်သို့ အသက်
ကယ်အရိုးလိမ်းဆေးကို တင်ကာ ရှယန်ယွိဆီ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် အသက်ကယ်အရိုးလိမ်းဆေးက အပူအနည်းငယ် ကျန်ရှိနေသေး၏။ ရွှီဖန်းသည် ရှယန်ယွိကို ခေါင်းခါပြလိုက်၍...
"ဘယ်လိုလဲ၊ အခုရော ဥက္ကဌရှ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီလား"
"ဒါက..."
လက်ရှိ ရှယန်ယွိ၏ ခံစားချက်များကို 'ထိတ်လန့်ခြင်း'ဟုသာ ဖော်ပြနိုင်ပေသည်။ ရွှီဖန်း၏ဆေးသည် သူမတောင်းဆိုထားသည်နှင့် ကွက်တိကျသည်။
သို့သော် လိမ်းဆေး၏ အာနိသင်ကို သူမ မသိသေးချေ။ ရွှီဖန်း ပြုံးနေသည်ကို မြင်သည့်အခါ ရှယန်ယွိသည် တစ်ခုခုပြောရန် ပြင်လိုက်သည်။
ရွှီဖန်းကလည်း ရှယန်ယွိ ပြောချင်နေသည့်အရာကို သိသည်။ သူ စင်ပေါ်မှာတင်ထားသည့် ဓားကို ယူကာ သူ့လက်မောင်းကို ဖြတ်လိုက်သည်။
"ရွှီဖန်း! ဘာလုပ်တာလဲ!"
ရှယန်ယွိ အံ့သြသွားရသည်။ ဒီကောင်လေး ရူးနေတာလား၊ ဘာလို့ ကိုယ့်လက်ကို ဒဏ်ရာရအောင် လုပ်နေတာလဲ။
ရှယန်ယွိသည် ရွှီဖန်းကို စိုက်ကြည့်ရင်း အနီးအနားမှာ ဒဏ်ရာကုသဆေးများ ရှိမရှိ ရှာနေခဲ့သည်။
"ဒါက"
သို့သော် ရှယန်ယွိ ဆေးတွေ့သွားသည့်အခါ ရွှီဖန်းက သူဖော်စပ်ထားသည့် လိမ်းဆေးကိုပင် လိမ်းပြီးနေလေပြီ။
"ရွှီဖန်း! အဲ့ဒီလိမ်းဆေးကို မစမ်းသပ်ရသေးဘူးလေ၊ ဘေးထွက်ဆိုးကျိုးတွေရှိရင် ဘယ်လိုလုပ်မလို့လဲ"
ရွှီဖန်း ပြုံးလိုက်ကာ...
"ဥက္ကဌရှ စိတ်မပူပါနဲ့၊ ကျွန်တော်ဖော်တဲ့ဆေး ကျွန်တော် သိပါတယ်"
ရှယန်ယွိမှာတော့ ဘာပြောရမှန်း မသိတော့တာကြောင့် ခေါင်းသာ ခါယမ်းမိတော့သည်။
ဘာကြီး!
ရုတ်တရက်ဆိုသလို ရှယန်ယွိ၏မျက်လုံးများက ထိတ်လန့်စွာ ပြူးကျယ်သွားတော့သည်။ ရွှီဖန်း၏ ဒဏ်ရာက သာမာန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် ပြန်ကောင်းလာနေသည်ကို သူမ မြင်တွေ့နေရသည်။
လျှင်မြန်စွာ သက်သာခြင်းက သူမ ရွှီဖန်းကို တောင်းဆိုခဲ့သည့် အရာဖြစ်သည်။ ပိုပြီးအရေးကြီးတာက ၁၅မိနစ်အတွင်းမှာတင် ရွှီဖန်း၏ ဟက်တက်ကွဲဒဏ်ရာက အနာဖေးတက်လာနေလေပြီ။
ရှယန်ယွိမျက်နှာပေါ်မှ အမူအရာများက ရှုပ်ထွေးနေသည်။ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ မယုံကြည်နိုင်မှု စသဖြင့်။
သူမ စိတ်လှုပ်ရှားလွန်း၍ ငိုပင် ငိုချမိတော့မည်။ အချိန်အတော်ကြာ မဖော်စပ်နိုင်ခဲ့သော ကုသဆေးကို ရွှီဖန်းက တစ်နာရီတည်းဖြင့် ထုတ်ပေးနိုင်ခဲ့သည်။
ရွှီဖန်း၏ 'အသက်ကယ်အရိုးလိမ်းဆေး'သည် စစ်တပ်က လိုအပ်သည်ထက်ပင် များစွာ သာလွန်နေခဲ့သည်။ ပြီးပြည့်စုံသော ဆေးဝါးပင်။
"ရွှီဖန်း ကျွန်မ..."
ရှယန်ယွိသည် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ကာ ရွှီဖန်းကို ကြည့်လိုက်သည်။ သူမ အလွန်
စိတ်လှုပ်ရှားနေတာကြောင့် စကားဆက်မပြောနိုင်ခဲ့ပေ။
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။
"အရူးမလေး...ကျွန်တော် မင်းအတွက် ဆေးထုတ်ပေးနိုင်ခဲ့ပြီလေ၊ ဘာလို့ ငိုနေသေးတာလဲ"
ရှယန်ယွိက ငိုနေရင်း ခေါင်းခါယမ်းသည်။
"မဟုတ် မဟုတ်ပါဘူး ရွှီဖန်း၊ ကျွန်မ စိတ်လှုပ်ရှားလွန်သွားလို့ပါ၊ ဒီတစ်ကြိမ် ရှင့်ကို ဘယ်လိုတောင် ကျေးဇူးတင်ရမလဲမသိတော့ဘူး"
ရွှီဖန်း ရယ်မောကာ ပြောလိုက်သည်။
"ဘာလို့ ကျေးဇူးတင်နေမှာလဲ၊ ခုနကပဲ သဘောတူညီချက် လုပ်ထားပြီးသားပဲ"
"အာ..."
ရှယန်ယွိ ခေတ္တအံ့အားသင့်သွားတော့သည်။ သူမ သူ့ကို ကြည့်ကာ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ရွှီဖန်း၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများကို ဖိကပ်လာသည်။
ရှယန်ယွိမှာ ရွှီဖန်း၏ ရုတ်ချည်းဆန်သော အနမ်းကို လက်ခံလိုက်ရသော်ငြား တဖြည်းဖြည်းနှင့် သူမလည်း ပြန်တုံ့ပြန်လိုက်သည်။ သူမ၏လျှာနှင့် ရွှီဖန်း၏လျှာမှာ အတူတကွရစ်ပတ်ကာ သဲကြီးမဲကြီး နမ်းရှိုက်နေလျက်ရှိသည်။
သူတို့နှစ်ယောက်စလုံး အသက်ရှူမဝတော့မှသာ ခွာလိုက်ကြသည်။ ရွှီဖန်းသည် သူ့လက်မောင်းထဲမှ ရှက်ရွံ့နေသော အလှလေးကို ကြည့်၍ သွားဖြူဖြူများကို လှစ်ဟပြလိုက်သည်။ သူပြုံးကာဖြင့်
"ကောင်းပြီ၊ အရင်ဆုံး တစ်ခါ နမ်းထားလိုက်မယ်၊ ကျန်တဲ့တစ်ကြိမ်ကိုတော့ အတိုးရအောင် စုထားလိုက်မယ်"
"................"
ရှယန်ယွိသည် ရှက်ရွံ့နေသည့်အမူအရာဖြင့် ရွှီဖန်းကို မျက်လုံးလှိမ့်ပြမိတော့သည်။ ဒီကောင်လေး အများကြီးလျှောက်တွေးနေပြန်သည်။ အတိုးတောင်မှ လိုချင်လိုက်သေးသည်။
"အိုး ဟုတ်သား၊ ဥက္ကဌရှ ကျွန်တော် မင်းကို သတိပေးထားစရာရှိသေးတယ်"
"ဟမ် ဘာကိုလဲ"
ရှယန်ယွိက အံ့အားသင့်နေသည်။ ဆေးကိုလည်း တီထွင်နိုင်ခဲ့ပြီးဖြစ်၍ တခြား ဘာကိစ္စထပ်ရှိသေးမှန်း သူမ မသိချေ။
ရွှီဖန်းက အသက်ပြင်းပြင်းရှူကာ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးမှ ပြောလိုက်သည်။
"လိမ်းဆေးဖော်စပ်တာ အောင်မြင်သွားတဲ့သတင်းကို တခြားလူတွေဆီ လျို့ဝှက်ထားရင် ပိုကောင်းတယ်၊ ဘယ်သူ့ကိုမှ မပြောပါနဲ့"
"အာ...ဘာဖြစ်လို့လဲ"
*******************