ပြန်ဆော်ခြင်း
Vol. 9 Ch. 125
"ဟမ့်! ငါ့ခွင့်ပြုချက်မရှိဘဲ ရှုချိုးယာကို ပြန်ပေးဆွဲတယ်ပေါ့ ငါ မင်းတို့ကို သင်ခန်းစာတစ်ခု သင်ပေးမယ်"
ရွှီဖန်း၏လေသံက မူလတန်းကျောင်းသားများကို သင်ခန်းစာပေးနေသလိုပင် ဖြစ်နေသည်။ ရုတ်တရက်ပင် အားလုံ၏မျက်လုံးများက ဒေါသများ ပြည့်လာတော့သည်။
ကြောက်နေသည့် သူ့လက်အောက်ငယ်သားကို ကြည့်ကာ...
"မင်း ဘာကို ထိတ်လန့်နေတာလဲ! ဒီလူက လယ်သမားပဲ သူ့မှာ ရှိတာဆိုလို့ ခွန်အားကြီးတာပဲရှိတာ"
"သွားတိုက်ရအောင်! ဒီည ဒီအမှိုက်ကို အနိုင်မယူနိုင်ဘူးဆိုတာ ငါမယုံဘူး"
အားလုံ၏ဒေါသက တော်တော်ဆိုးရွားနေပြီဖြစ်သည်။ အခုအချိန် သူမျက်နှာ ပျက်ခြင်း မပျက်ခြင်းကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ မစ္စက အသက်ရှင်လျက်ခေါ်ခဲ့ဟုသာ အမိန့်ပေးခဲ့တာဖြစ်ပြီး တခြားကန့်သတ်ထားတာ မရှိပေ။ ဒီကောင့်ကို တစ်ဝက်သေအောင် ရိုက်ရန်က ကိစ္စမရှိပေ။
အားလုံ၏လက်အောက်ငယ်သားလည်း သူ့စကားကို ကြားသည့်အခါ ခေါင်းညိတ်လာသည်။ ရွှီဖန်းက လယ်သမားဖြစ်ပြီး အနည်းငယ်အစွမ်းထက်ရုံဖြစ်သည်။ သူ့ကို ကြောက်နေတာက ရှက်စရာကောင်းပေသည်။
"သွားရအောင် ဒီကောင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ပေးကြမယ်"
ရွှီဖန်း မရယ်ဘဲ မနေနိုင်တော့ချေ။ ငါ့ကို ဒုက္ခိတဖြစ်အောင် လုပ်ချင်တယ်ပေါ့။ အဆုံးမှာ ဆွံ့အပြီး ကျန်နေခဲ့ရတဲ့လူက မင်းတို့လား ငါလားဆိုတာ ကြည့်ချင်သေး၏။
သူတို့အထဲ၌ ခေါင်းဆောင်ဖြစ်သူက ပိုအားကောင်းပုံရသည်။ သူတို့ အနီးကပ်လာသည့်နှင့် သူတို့ကြားမှာ အကွာအဝေးကို ပိုဝေးကွာစေရန် ရွှီဖန်းနောက်ကို ဆုတ်လိုက်သည်။ ထို့နောက် မြေပြင်အနေအထားကို အကြမ်းဖျင်းကြည့်ရင်း မြွေကြီး၏တည်နေရာကို ခန့်မှန်းလိုက်သည်။ ဒီကောင်တွေ သူ့နောက်လိုက်လာအောင် လုပ်ရန်က လွယ်ကူသည်။
သိပ်မကြာခင်မှာပဲ ဒီလူတွေကို သူနှင့်အတူ ဆွဲခေါ်လာခဲ့သည်။ ဤနည်းဖြင့် အချိန်ရောက်လာလျှင် သူ လှုပ်ရှားနိုင်လိမ့်မည်။
အနောက်ကနေပြေးလိုက်လာသည့် လူများကိုကြည့်ရင်း ရွှီဖန်း ရယ်မောလိုက်ကာ မရှောင်တော့ပေ။ ထိုအစား ပြန်လှည့်ကာ သူတို့ဆီ တိုက်ရိုက်ပြေးဝင်လိုက်သည်။
အစက ရွှီဖန်းတစ်ယောက် ထွက်ပြေးနေခဲ့သော်လည်း အခုကျ ရုတ်တရက်ကြီး ပြန်လှည့်၍ တိုက်ခိုက်လာသည်။ အနောက်ကလူက ချက်ချင်းမတုံ့ပြန်နိုင်ပေ။ စက္ကန့်ပိုင်းအတွင်းမှာတင် ရွှီဖန်းက ရန်သူ့အရှေ့ကို ရောက်လာကာ လက်သီးထဲ စွမ်းအားများစု၍ တစ်ဖက်လူ၏ရင်ဘတ်ကို တိုက်ရိုက်ထိုးချလိုက်သည်။
ဘန်း!
တစ်ဖက်လူက ရွှီဖန်း၏ ခွန်အားကို အထင်သေးခဲ့မိတာကြောင့် တစ်ခါတည်းလွင့်ထွက်သွားကာ သစ်ပင်
နှင့် ဝင်ရိုက်မိသွားသည်။
"အိုး! မင်း မထနိုင်တော့ဘူးလား"
"ဒါဆိုလည်း နောက်တစ်ယောက်ပေါ့"
ရွှီဖန်းသည် မြေကြီးပေါ်မှ ထိုလူကို ကြည့်လိုက်သည်။ တော်ရုံနှင့် ပြန်မထလာနိုင်မှန်း သိတာကြောင့် သူ တခြားတစ်ယောက်ကို ထိုးရန် အားထည့်လိုက်သည်။
ရွှီဖန်း၏လုပ်ရပ်များကို သူတို့ သတိမမူခဲ့ပေ။ သူ ဘာကို စီစဥ်နေလည်း သူတို့ မသိခဲ့တာကြောင့် ရွှီဖန်းအနောက်ကို ပြေးလိုက်ရန်သာ သူတို့ အာရုံထားနေခဲ့သည်။
နှစ်ယောက်!
သုံးယောက်!
ခုနစ်ယောက်!
မြေကြီးပေါ်၌ လူများက တစ်ယောက်ပြီးတစ်ယောက် လဲကျနေခဲ့သည်။ မကြာခင် ခွန်အားအကြီးဆုံးဖြစ်သည့် ခေါင်းဆောင်တစ်ယောက်သာ ကျန်ရှိတော့သည်။
သူ့လက်အောက်ငယ်သားများအားလုံးကို ရွှီဖန်းက ချလှဲပစ်နိုင်ခဲ့သည်။ အားလုံသည် ဒေါသထွက်နေသည့် ကျားကဲ့သို့ ရွှီဖန်းကို စိုက်ကြည့်နေလေသည်။
ရွှီဖန်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ...
"ငါ့ကို ဒီလိုထူးထူးဆန်းဆန်းမကြည့်နဲ့လေ၊ မင်းတို့အားနည်းတာကိုပဲ အပြစ်တင်လိုက်"
"ဟမ့်! ဘာသောက်စကားလဲ!"
ရွှီဖန်း၏ လှောင်ပြောင်နေသော အပြုံးကို မြင်သည့်အခါ အားလုံ ဒေါသထွက်သွားခဲ့သည်။ သူ့ကို ရိုက်ပစ်မည်ဟု သူ့စိတ်ထဲ ကျိန်ဆိုမိပေသည်။
ခဏအတွင်းမှာ အားလုံသည် သံကဲ့သို့ အားမာန်ပြည့်နေသော လက်သီးများဖြင့် ရွှီဖန်းဆီ ချဥ်းကပ်လာသည်။ နှိုင်းယှဥ်မရသည့် အရှိန်နှုန်းဖြင့် ရွှီဖန်းဆီ တိုက်ရိုက်ပြေးဝင်လာသည်။
အားလုံ၏လှုပ်ရှားမှုက လေနှင့်လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ ဒါကိုမြင်သည့်အခါ ရွှီဖန်း နောက်ကို ဆုတ်လိုက်သည်။ သံလက်သီးက ပြင်းထန်သောလေပြင်းများကို သယ်ဆောင်လာပေသည်။ ဒါက ရွှီဖန်း၏မျက်နှာကို တိုက်ခတ်နေခဲ့သည်။
ကျွမ်းကျင်သူပဲ။
ရုတ်တရက် အားလုံ၏အရှိန်က ပိုတိုးလာကာ တိုက်ရိုက်ခုန်အုပ်လာသည်။ ရွှီဖန်း၏မျက်လုံးများက ကျဥ်းမြောင်းသွားကာ စိတ်ထဲကျိန်ဆဲရင်း ခြေလှမ်းများစွာ ဆုတ်ကာ ရှောင်ရှားလိုက်သည်။
"ဟမ့်! ကောင်လေး မင်းမှာ အရည်အချင်းရော ရှိရဲ့လား၊ နောက်ပိုင်း ငါတိုက်ခိုက်မှာတွေက ဒီလောက် မရိုးရှင်းတော့ဘူးနော်"
ရွှီဖန်းက သူ့လှုပ်ရှားမှုကို ရှောင်တိမ်းနိုင်ခဲ့တာကြောင့် အားလုံ၏မျက်လုံးများက အံ့သြရိပ်များ ထင်ပေါ်လာသည်။ သူက အသက်ရှူသွင်း၍ နောက်ထပ် အော်ပြောခဲ့သည်။
ရွှီဖန်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ ထပ်ပြီးတော့လား?
အခု ငါ့အလှည့်ပဲ!
ဟောင်း!
လေကဲ့သို့ လျင်မြန်လှသည်။
ရွှီဖန်းက သူ့လက်သီးတွေကို မြှောက်လိုက်သည်။ ကောင်းကင်ဖြိုခွဲလက်သီးကို သူထုတ်သုံးလိုက်ခြင်းပင်။ ထိုလူရှိရာသို့ သူ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
ကောင်းကင်ဖြိုခွဲလက်သီးကြောင့် သူ့လှုပ်ရှားမှုတွေက ပိုပြီး မြန်ဆန်နေခဲ့သည်။ နှစ်ယောက်သား ထိပ်တိုက်တွေ့သည့်အခါ ပြင်းထန်သော လေပြင်းများ ထွက်ပေါ်လာတော့သည်။
ရွှီး! ရွှီး! ရွှီး!
သူ့ပတ်ဝန်းကျင်မှ ကြွေကျသွားသည့် သစ်ရွက်များကလည်း လေပြင်းနှင့်အတူ လွင့်မြောနေသည်။ လက်ရှိအချိန်၌ တိုက်ပွဲက ပိုပြီး ပြင်းထန်လာတာကြောင့် အားလုံ၏ မျက်နှာမှာ ပို၍ဆိုးရွားလာသည်။
သူအကောင်းဆုံး ကြိုးစားခဲ့သော်ငြား သူ့အရှေ့မှလူသည် အကန့်အသတ်မရှိသည့် လူအတိုင်းပင်။ ရွှီဖန်း၏ လက်သီးများက တဖြည်းဖြည်း ပိုပြီး မြန်ဆန်လာကာ အားလုံသည် ဆက်ပြီး အာရုံမခံနိုင်တော့ချေ။
ဒါကိုမြင်တော့ ရွှီဖန်းတစ်ယောက် အေးစက်စွာ နှာမှုတ်လိုက်သည်။ ရုတ်တရက် တောတွင်းထဲမှ ကျား၏ဟိန်းဟောက်သံကြောင့် ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ ရွှီဖန်းသည် လက်သီးနောက်တစ်မျိုးပြောင်း၍ အားလုံကို လွင့်ထွက်သွားစေခဲ့သည်။
ဘန်း! မြည်သံနှင့်အတူ အားလုံသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားတော့သည်။ သစ်ပင်ကို ဝင်တိုက်မိပြီးနောက် အားလုံးသည် သူ့လည်ချောင်းထဲမှ ချိုမြမြအရသာကို ခံစားလိုက်ရပြီး သွေးများ အန်ချမိတော့သည်။
မူလက ရွှီဖန်းကို ရိုက်နှက်ရန်က သူတို့ အစီအစဥ်
ဖြစ်သော်လည်း နောက်ဆုံးတွင် သူတို့ကသာ ရွှီဖန်း ရိုက်တာကို ခံခဲ့ရသည်။သူတို့ ရှစ်ယောက်စလုံး အရိုက်ခံခဲ့ရကာ အားလုံ၏မျက်နှာသည်လည်း စာရွက်ကဲ့သို့ ပါးလျနေခဲ့သည်။
"မင်း ဒီနေ့ ပြန်ရောက်ရင် မင်းရဲ့သခင်ကို ငါ သူနဲ့ တွေ့ဖို့ ဒီနေ့ အချိန်မရှိဘူးလို့ ပြောလိုက်၊ ငါ့ကို တစ်
ကယ်တွေ့ချင်ရင် နောက်တစ်ကြိမ်မှာ လာခေါ်
ခိုင်းလိုက် နားလည်လား"
ထိုသို့ပြောပြီးနောက် ရွှီဖန်းသည် ထိုလူများကို ကြည့်မနေတော့ဘဲ ရှုချိုးယာမေ့လဲနေသည့် နေရာသို့ ပြန်လိုက်သည်။
သူမအတွက် အန္တရာယ်မရှိတော့သော်လည်း တောထဲမှာ ဖြစ်တာကြောင့် သားကောင်တချို့ကြောင့် ထိခိုက်
ဒဏ်ရာရနိုင်သေးသည်။
ရွှီဖန်းသည် ရှုချိုးယာရှိနေသည့် နေရာသို့ လျင်မြန်စွာ ပြန်သွားခဲ့သည်။ တစ်ချက်လှမ်းကြည့်လိုက်ရာ သစ်ပင်အိုကြီးအောက်၌ မေ့လဲနေသည့် သူမကို တွေ့လိုက်ရသည်။
ရွှီဖန်း အမြန်ပြေးသွားကာ သူမခန္ဓာကိုယ်ပေါ်မှ ကြိုးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူမ၏မျက်နှာကို ပွတ်သပ်လိုက်ရာ ရှုချိုးယာသည် မျက်လုံးပွင့်လာတော့သည်။
"ရွှီဖန်း အဲ့ဒီလူတွေ ဘယ်မှာလဲ"
ရှုချိုးယာ၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာကြောင့် ရွှီဖန်း ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော် သူတို့ကို ဖြေရှင်းလိုက်ပြီ"
ရှောင်းပုချီပို့လိုက်သော လူများသည် ရှုချိုးယာကို ဘာမှအလွန်အကျွံ မလုပ်ခဲ့ပေ။ ဒါကြောင့် ရွှီဖန်းလည်း ထိုလူတွေကို အနည်းငယ်သာ အပြစ်ပေးခဲ့ပြီး မသတ်ခဲ့ပေ။ မဟုတ်လျှင် တာ့ပင်းတောင်ပေါ်၌ ဘယ်သူမှ ကျန်ရစ်တော့မည် မဟုတ်ချေ။
အခုတော့ ရှုချိုးယာဆီ ပြန်ရောက်လာလေပြီ။ ရွှီဖန်း သက်ပြင်းချလိုက်ကာ...
"ကောင်းပြီ ကျွန်တော် မင်းကို သယ်သွားပေးမယ်"
"နေဦး"
သူ့နောက်ကျောပေါ်သို့ ရှုချိုးယာကို တင်ရန် ပြင်နေတုန်း သူမက အော်လာသည်။
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ သူမမှာ လုပ်စရာကျန်သေးလို့လား။
"ဂျင်ဆင်းရှာ..."
"..........."
ရွှီဖန်းမှာ ထိုစကားကြောင့် ဆွံ့အသွားရသည်။ ဒီမိန်းကလေးကတော့ အခုလိုအချိန်မှာတောင် ဂျင်ဆင်းကို စိတ်ပူနိုင်သေးသည်။
သို့သော် သူမ ဘာကြောင့် ဂျင်ဆင်းတူးရန် တောင်ပေါ်တက်လာမှန်း သူနားမလည်ချေ။
****************