← Chapters

ရှုချိုးယာ၏စိတ်

Vol. 9 Ch. 126

ရှုချိုးယာ၏စိတ်

Vol. 9 Ch. 126

ရွှီဖန်းသည် ခဏတာ စဥ်းစားပြီးနောက် အသေးစိတ်မေးမြန်းခဲ့သည်။ ထို့နောက် သူမကို ကျောပေါ်တင်ရင်း လမ်းညွှန်သည့်နေရာသို့ သွားခဲ့သည်။

ခဏတာရှာပြီးနောက်မှာ သူမရှာဖွေနေသည့် ဂျင်ဆင်းကို တွေ့ရှိခဲ့သည်။ 

"ဒါ"

ရှုချိုးယာ ဘယ်လောက်တောင် ကံကောင်းလဲ သူမသိသော်ငြား တာ့ပင်းတောင်၌ နှစ်ရှစ်ဆယ်နီးပါးရှိသည့် ဂျင်ဆင်းကို သူမ ရှာတွေ့နိုင်ခဲ့သည်။

သူမ စိတ်ပူနေတာ အံ့သြစရာမရှိပေ။

"ကောင်းပြီ၊ ပင်ပန်းရကျိုးနပ်တာပေါ့"

ရှုချိုးယာသည် ရွှီဖန်းဆီမှ ဂျင်ဆင်းကို ယူလိုက်ရင်း စိတ်သက်သာရာရမိသည်။ 

"ချိုးယာ ဘာဖြစ်လို့လဲ"

သူမ၏အမူအရာကြောင့် ရွှီဖန်းသည် မထိန်းနိုင်ဘဲ မေးလိုက်သည်။ ရှုချိုးယာက ပြုံးလာ၍

"နောက်မှ ပြောပြမယ်"

"ရှင်ဒီနေ့ ကျွန်မကို ကယ်ပေးခဲ့တဲ့အပြင် ဒီနေရာကို ကျောပိုးသယ်ပေးပြီး အခုလို ဆုလာဘ်လေးလည်း ပေးခဲ့တယ်"

"............."

ရှုချိုးယာ၏ပြောစကားကြောင့် ရွှီဖန်း ပြောစရာစကားမဲ့သွားသည်။ ဘာဆုလဲ။ မင်း ဒီလို ဆုလာဘ်လိုချင်တာနဲ့ ကိုယ့်အသက်ကိုယ်ရင်းနှီးရလား။

လက်ရှိအချိန်၌ ရှုချိုးယာဖြစ်ခဲ့သမျှ ကိစ္စများကို သူသိချင်နေလေသည်။ ဒါကြောင့် သူမကို ကျောပိုး၍ တောင်ပေါ်ကနေ ဆင်းလာခဲ့သည်။

ဆေးခန်းတံခါးကို ဖွင့်ပြီးနောက် ရှုချိုးယာသည် ဂျင်ဆင်းကို ထုပ်ပိုး၍ သူမအခန်းထဲ ဝင်လေသည်။ ရွှီဖန်း မေးလိုက်သည်။

"ချိုးယာ ဘာတွေဖြစ်နေခဲ့တာလဲဆိုတာတော့ ပြောပြသင့်တယ်မဟုတ်လား"

ရှုချိုးယာသည် လောဘရှိသူ မဟုတ်ပေ။ ဤဂျင်ဆင်းကို ပိုက်ဆံအတွက်ရှာခဲ့တာမဟုတ်ဘဲ တခြားသုံးစရာရှိ၍ ဖြစ်လိမ့်မည်။

"ဒီဂျင်ဆင်းက အဘိုးရဲ့အသက်ကို ကယ်ဖို့ပါ"

ရှုချိုးယာသည်လည်း ရွှီဖန်းကို မဖုံးကွယ်ချင်တာကြောင့် ခြောက်ကပ်ကပ်အပြုံးဖြင့် ရှင်းပြလာသည်။

မြစ်အောက်ပိုင်းရွာ၌ အကြာကြီးနေထိုင်လာခဲ့သော်လည်း ရှုချိုးယာဘက်မှ သူမမိသားစုနောက်ခံအကြောင်းကို ပြောခဲ့ဖူးတာ မရှိပေ။ ရွှီဖန်းသိတာဆိုလို့ သူမက ရွာမှာ တာဝန်ကျသည့် မြို့က ဆရာဝန်မလေးဟူ၍ပင်။

လက်ရှိ သူမ၏ ရှင်းပြမှုအရ သူမ၏ နောက်ခံက မရိုးရှင်းပေ။

"အဘိုးက ငယ်ငယ်လေးကတည်းက ကျွန်မအပေါ်

အရမ်းကောင်းပေးခဲ့တာ၊ သူ ဒီအတိုင်းသေသွားမှာကို မကြည့်နိုင်ဘူး၊ သူ့ကို ကယ်တင်ချင်တယ်"

သူနှင့်စကားပြောနေစဥ် ရှုချိုးယာ၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာကြောင့် ရွှီဖန်း၏စိတ်ထဲ၌ လှိုင်းအနည်းငယ်ထသွားသည်။  ဒီအမျိုးသမီးက သူ့ကို များစွာ ကူညီပေးခဲ့ဖူးသည်။ သူမကို သူ့ဘက်က ကူညီပေးနိုင်လောက်မလား မသိပေ။

"ကောင်းပြီ ရွှီဖန်းရေ ကျွန်မ မနက်ဖြန်ကျ ပြည်နယ်ကို သွားရဦးမယ်၊ မြန်မြန်အိမ်ပြန်တော့...ဒီနေ့ ကျေးဇူးအများကြီးတင်ပါတယ်"

ရှုချိုးယာက သူမမိသားစုအကြောင်းကို သိပ်ပြောချင်သည့်ပုံမပေါ်ပေ။ သူမက ရွှီဖန်းကို အမြန်အိမ်ပြန်ဖို့သာ ပြောနေလေသည်။

"ချိုးယာ မနက်ဖြန် ကျွန်တော် မင်းနဲ့ လိုက်ခဲ့မယ်"

ရွှီဖန်းသည် ရှုချိုးယာအား အမူအရာလေးနက်စွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့ သဘောတူညီချက်တစ်ခု လုပ်ရမယ်"

ရှုချိုးယာသည် ရွှီဖန်း၏မျက်လုံးများကို ကြည့်ရင်း အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် ပြုံးကာ သဘောတူလိုက်သည်။

"အဲ့ဒီအချိန်ကျ ကျွန်မမိသားစုက ကျွန်မ ရည်းစားတစ်ယောက် အိမ်ပြန်ခေါ်လာတာမြင်ရင် အရမ်းပျော်ကုန်တော့မှာပဲ"

နောက်နေ့မနက်စောစော၌ ရွှီဖန်းသည် သူ့ကားဖြင့် ရှုချိုးယာကို တင်ဆောင်ကာ ပြည်နယ်မြို့သို့ ထွက်လာခဲ့သည်။ ကားထဲ၌ ရှုချိုးယာသည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည်။ သူမက တစ်စုံတစ်ရာကို တွေးကာ စိုးရိမ်နေပုံရ၏။ ရွှီဖန်း သူမကို ကြည့်၍ မနေနိုင်ဘဲ မေးမိတော့သည်။

"ချိုးယာ မင်းရဲ့ အဘိုး ခံစားနေရတဲ့ ရောဂါအကြောင်း မေးလို့ရမလား"

ရှုချိုးယာက သက်ပြင်းချလာသည်။

"ထူးဆန်းတဲ့ရောဂါပါ၊ အရင်တုန်းက ကျွန်မအဘိုးက စစ်ဆရာဝန်တစ်ယောက်လေ၊ စစ်ပွဲမှာ တစ်ကြိမ် အပစ်ခံရတုန်းက ပတ်ဝန်းကျင်အနေအထားကလည်း မကောင်းတာနဲ့ ကျည်ဆံကို ဖြစ်သလိုပဲ ဖယ်ထုတ်ခဲ့ရတယ်၊ နောက်ကျတော့မှ သူ့ခန္ဓာကိုယ်မှာ ကျည်ဆံတစ်ပိုင်းတစ်စ ကျန်နေသေးတာကို သိခဲ့ရတယ်"

"အခု အဲ့ဒီကျည်ကိုလည်း ဖယ်ပြီးပြီဆိုပေမယ့် အဘိုးမှာ ထူးထူးဆန်းဆန်းရောဂါတစ်ခုကို ခံစားခဲ့ရတယ်၊ ကျည်ဆန်ထိထားတဲ့လက်က အကြောသေသွားရုံတင်မကဘဲ သူ့ခန္ဓာကိုယ်ကပါ မကြာခဏ တုံ့ပြန်မှုမရှိတော့သလို ခံစားရပြီး လေး၊ ငါးရက်လောက်ကြာမှ သတိပြန်လည်လာတတ်တယ်၊ အဲ့ဒီထူးဆန်းတဲ့ရောဂါကြီးကြောင့် အဘိုးက လွန်ခဲ့တဲ့နှစ်အနည်းငယ်

လောက်ကတည်းက ဆေးရုံတက်နေခဲ့ရတာ"

ရှုချိုးယာသည် ပြောပြီးသည်နှင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ အဘိုးက စစ်ဆရာဝန်ဖြစ်ပြီး သူ့ရောဂါအကြောင်းကို သူသိသည်။ သူပြောတာတော့ 

ပြန်ကောင်းချင်လျှင် ဆေးစာကိုပဲ အားကိုးရမည်ဟု ဆိုသည်။

ဆေးစာထဲ၌ တောင်ပေါ်မှ သက်တမ်းရှည်ဂျင်ဆင်းကလည်း ပါဝင်ပေသည်။

ဒါက ရှုချိုးယာအတွက် ပြည်နယ်မြို့ကြီးကနေ ရွာကလေးမှာ ဆရာဝန်လာလုပ်ရသည့် အကြောင်းအရင်းတွေထဲကမှ တစ်ခုလည်း ဖြစ်နေ၏။ 

လွန်ခဲ့သည့်ရက်တွေ၌ ဂျင်ဆင်းကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲဟု ရွာသားတွေကို မေးခွန်းပေါင်းမြောက်များစွာ မေးခဲ့သည်။ မနေ့က အဘိုးသည် ဖျားနာ၍ သေအံ့လုနီးပါးဖြစ်နေပြီဟု သူမမိသားစုက ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ထိုအခါမှသာ ရှုချိုးယာသည် ဂျင်ဆင်းကို ရှာဖွေရန်

အတွက် ညဘက်ကြီး အရဲစွန့်ခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံက ရည်ရွယ်ချက်ကောင်းမွန်သည့်လူများကို စိတ်မပျက်စေခဲ့ပေ။ ကောင်းကင်ဘုံက သူမကို သနားကြင်နာခဲ့တာကြောင့် ဂျင်ဆင်းကို တောင်ပေါ်၌ ရှာတွေ့ခဲ့သည်။

သို့သော်ငြားလည်း အဘိုးပြောသလို ဒီဆေးဝါးက သက်ရောက်မှုရှိ၊မရှိ သူမ မသိချေ။ သူမနှုတ်ခမ်းကို ကိုက်ခဲမိကာ အဆုံးမရှိ စိုးရိမ်ပူပန်လာမိသည်။

မိသားစုထဲမှာ သူမကို ကောင်းကောင်းဆက်ဆံပေးသည့်လူက အများကြီးမရှိပေ။ သူမအဘိုးက သူမအပေါ်ကောင်းသည့်လူတွေထဲကတစ်ယောက်ပင်။ သူမ လက်ထပ်တာကိုတောင် မမြင်လိုက်ရဘဲ သူ့ကို မထွက်သွားစေချင်ပေ။ 

ရှုချိုးယာ၏ တော်တော်လေးစိုးရိမ်နေသည့် အမူအရာကြောင့် ရွှီဖန်း နှစ်သိမ့်ပေးလိုက်သည်။

"ချိုးယာ စိတ်မပူပါနဲ့၊ ခဏနေ အဘိုးရဲ့အခြေအနေကို ကျွန်တော်ကြည့်ပေးမယ်"

"အင်း ကျေးဇူးတင်ပါတယ် ရွှီဖန်း"

ရှုချိုးယာသည် မျှော်လင့်ချက်မထားပေ။ သို့သော် သူမခေါင်းညိတ်ပြလိုက်ရင်း နှလုံးသားထဲ၌ နွေးထွေးသောခံစားချက်ကို ခံစားလိုက်ရသည်။

အဘိုးဖြစ်သူ၏အခြေအနေကြောင့် သူတို့နှစ်ယောက် လမ်းတစ်လျှောက် ဘယ်နေရာကိုမှ မဝင်ခဲ့ပေ။ သိပ်မကြာခင်မှာ ချန်ဟိုင်းမြို့ တရုတ်ဆေးကုသရေးဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

ကားပါကင်တွင် ကားကို ရပ်ပြီးနောက် သူတို့နှစ်ဦးစလုံးသည် ဓာတ်လှေကားဖြင့် အဘိုးရှုရှိရာသို့ အမြန်သွားခဲ့ကြသည်။ ဓာတ်လှေကား ကိုးထပ်ကို ရောက်သည်နှင့် အဘိုးရှု၏အရေးပေါ်အခန်းသို့ ချိုးယာ ဦးဆောင်သည့်အတိုင်း သူလိုက်သွားခဲ့သည်။ 

အရေးပေါ်အခန်းတံခါးဝသို့ မရောက်ခင်တွင် အရှေ့မှာ စိုးရိမ်တကြီးစောင့်နေကြသော လူအုပ်ကြီးကို အရင်တွေ့ရသည်။ ရှုမိသားစုအပြင် အဆင့်မြင့်အရာရှိများနှင့် ကုန်သည်ကြီးများပါ ရှိနေခဲ့သည်။ အကုန်လုံးက ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်တာကြောင့် အဘိုးရှု၏အဆင့်အတန်းက ချန်ဟိုင်းမြို့၌ မည်မျှ အရေးပါသည်ကို တွေ့မြင်နိုင်ပေသည်။

ရွှီဖန်းနှင့် ရှုချိုးယာ ရောက်ရှိလာသည့်အခါ လူလတ်

ပိုင်းအမျိုးသားတစ်ယောက်သည် လူအုပ်ကြားထဲမှ 

ထွက်လာခဲ့သည်။ ရှုချိုးယာ၏ မိသားစုဝင်ဖြစ်မည်ဟု ရွှီဖန်း ခန့်မှန်းမိသည်။

လူလတ်ပိုင်းအရွယ်အမျိုးသား၏မျက်နှာပေါ်၌ စိတ်ပျက်လက်ပျက်အမူအရာက ရှိနေခဲ့သည်။ ဒါကို မြင်သည်အခါ ရှုချိုးယာသည် တစ်ခုခုမှားနေပြီမှန်း သိလိုက်ပြီး နှလုံးခုန်နှုန်း မှားယွင်းမတတ်ပင်။ 

"ဦးလေး ဂျင်ဆင်းကို ယူလာခဲ့တယ်"

သူမပြောနေရင်း ဂျင်ဆင်းကို ထုတ်ပေးလိုက်သည်။ သူမနှင့် အတူယူဆောင်လာခဲ့သော ဂျင်ဆင်းက အဘိုးကို ကယ်တင်နိုင်မည်ဟု သူမ မျှော်လင့်မိသည်။

အချိန်အကြာကြီးစောင့်မျှော်ခဲ့ရသည့် ဂျင်ဆင်းကို ကြည့်ရင်း လူလတ်ပိုင်းအမျိုးသား၏မျက်လုံးများသည် ဘာမှ မမြင်နိုင်တော့သကဲ့သို့ အလင်းရောင်ပျောက်ဆုံးနေလေသည်။ 

လူလတ်ပိုင်းအမျိုးသားက ခေါင်းခါရမ်း၍ ပြောလာသည်။

"အသုံးမဝင်တော့ဘူး၊ နင့်ရဲ့အဘိုးက ခွဲစိတ်ခန်းထဲ ဝင်သွားပြီးနေပြီ၊ သူပြောခဲ့တဲ့ ဆေးစာကလည်း အသုံးမဝင်တော့ဘူး၊ အခု ဆရာဝန်ဆီက သတင်းစောင့်နေရုံပဲ ရှိတော့တယ်"

အဘိုးရှု၏ဆေးစာသည် ဤထူးဆန်းသောရောဂါမှ ပြန်ကောင်းမွန်လာစေရန် အမှန်တကယ် မျှော်လင့်ချက်ရှိခဲ့သော်ငြား သူ့အခြေအနေ မဆိုးရွားနေသည့် အချိန်ကျမှ သုံးလို့ရပေလိမ့်မည်။

သို့သော် အဘိုးရှီ၏အခြေအနေက ပိုပိုဆိုးလာသည်။ အခု သူ့ကို ကယ်တင်နိုင်ဖို့ရန် ခွဲစိတ်ခန်းဝင်နေရပြီ

ဖြစ်သည်။ သူသာ အသက်ရှင်ခဲ့ရင် တစ်ခုခုဆက်ကြံလို့ရသော်ငြား အခု ပြန်ကောင်းလာနိုင်ဖို့တောင် မသေချာပေ။

"ဒါက"

********************

All Chapters