သူက ကျွန်မချစ်သူပါ
Vol. 9 Ch. 127
ရှုချိုးယာဘေးမှာ ရပ်နေသော ရွှီဖန်းကို မြင်သည့်အခါ လူလတ်ပိုင်းအရွယ်အမျိုးသားက မေးလာသည်။
လက်ရှိအချိန် ရှုချိုးယာအတွက်ကတော့ ဝိညာဥ်
ပျောက်ဆုံးနေသလိုပင် ခံစားနေရသည်။ အရေးပေါ်
ခန်းထဲမှ အနီရောင်မီးအလင်းကို ကြည့်၍ အဘိုးဖြစ်သူ သူမအပေါ် လုပ်ပေးခဲ့သည့်အရာများကို ပြန်တွေးမိကာ မျက်လုံးထဲ၌ ဝမ်းနည်းမှုများ အပြည့်
ဖြစ်လာတော့သည်။
ခေတ္တစိတ်ဗလာဖြစ်ပြီးမှသာ တစ်ဖက်လူ၏မေးခွန်းကိုရပြန်ဖြေနိုင်ခဲ့သည်။
"ရွှီဖန်းတဲ့၊ သူက ကျွန်မချစ်သူပါ"
"ချစ်သူလား"
လူလတ်ပိုင်းအမျိုးသားက ရွှီဖန်း၏အသွင်အပြင်ကို မနှစ်သက်သည့်ပုံပင်။
"ဘာပြောလိုက်တာလဲ"
"ရှုချိုးယာ ထပ်ပြောရဲသေးလား"
လူလတ်ပိုင်းအမျိုးသားမှ စကားပြန်မပြောခင်မှာ လူအုပ်ကြီးကြားထဲကနေ လူငယ်တစ်ယောက်က ထွက်လာသည်။ သူမျက်နှာတစ်ခုလုံးက ဒေါသများ ပြည့်နှက်နေသည်။
"ဘာလဲ ဝမ်းကွဲအစ်ကို...ကျွန်မ ချစ်သူတစ်ယောက် ရှာတွေ့ခဲ့တာကို ဘာလို့ ဒေါသတွေ အရမ်းထွက်နေတာလဲ"
"မင်း
သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက မကောင်းဘူးဆိုတာ သိသာလှသည်။ လူငယ်က ဝုန်းဒိုင်းကျဲတော့မည်ကို မြင်သည့်အခါ လူလတ်ပိုင်းအမျိုးသားက အော်ပြောလာသည်။
"ယောင်ယန် မင်း ဘာလုပ်နေတာလဲ"
"အဖေ! ဒီမိန်းမက!"
ရှုယောင်ယန် ပြောလို့မပြီးခင်မှာ လူလတ်ပိုင်းအမျိုးသားက ရှုချိုးယာကို မျက်နှာမဲမှောင်စွာ ကြည့်လာသည်။
"ချိုးယာ ဘာလို့ မိသားစုကို ဆန့်ကျင်နေတာလဲ"
"သူ့ရဲ့ အထောက်အထားက ဘာလဲ"
ရွှီဖန်း မသိတာ တစ်ခုခုရှိသည့်ပုံပင်။ ရှုချိုးယာ၏ မှုန်မှိုင်းနေသော အမူအရာကို ကြည့်၍ ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန် ရှုချိုးယာ၏ အမူအရာက ပြတ်ပြတ်သားသားဖြစ်လာပြီး ရွှီဖန်း၏လက်ကို ဆုပ်ကိုင်လာသည်။
"ကျွန်မချစ်သူက လယ်ယာစီးပွားရေးလုပ်ငန်းရှင်ပါ"
ရှုချိုးယာက ရွှီဖန်း၏ အထောက်အထားကို ဂုဏ်ယူနေပုံရသည်။
"ဘာ!"
ရှုယောင်ယန်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲတက်လာတော့သည်။ သူ အံကိုကြိတ်ကာ ရွှီဖန်းအား လက်ညှိုးထိုး၍ ပြောလာသည်။
"ရှုချိုးယာ နင်က ဆင်းရဲတဲ့လယ်သမားနဲ့ လက်ထပ်
ချင်တာလား! တစ်ကယ်ပဲ အခု ဘာလုပ်နေတယ်ဆိုတာရော သိရဲ့လား! သူက နင်နဲ့ ထိုက်တန်တယ်ထင်လို့လား! သူက ဆင်းရဲတဲ့ လယ်သမားကွ!"
"သူက လယ်သမားဆိုတော့ရော ဘာဖြစ်လဲ!"
ရှုယောင်ယန်က ရွှီဖန်းကို ဆဲဆိုနေတာကြောင့် ရှုချိုးယာလည်း ဒေါသထွက်လာသည်။ သူမ သူ့ကို စိုက်ကြည့်၍...
"ကျွန်မ သူ့ကို ကြိုက်တယ်လေ၊ အဆင်မပြေစရာရှိလို့လား! သူနဲ့ မနက်ဖြန် လက်ထပ်တော့မှာ!"
"..............."
ရွှီဖန်းမှာ ထိုနှစ်ယောက် ရန်ဖြစ်နေတာကို ကြည့်ရင်း စိတ်ရှုပ်ထွေးလာတော့သည်။
ဘာတွေဖြစ်နေတာလဲဟ!
နောက်ပြီး လက်ထပ်ဖို့ ငါ့ဘက်က သဘောမတူရသေးဘူးလေ။
ရန်ပွဲက ဆက်ဖြစ်နေလျှင် တစ်ဖက်လူတွေပါ ကြားလာနိုင်ပြီး ကိစ္စတွေ အဆင်မပြေနိုင်တော့ဘူးဟု သူခံစားနေရသည်။ ရွှီဖန်းသည် ရှုချိုးယာကို အမြန်ပြန်ဆွဲလိုက်ကာ...
"ချိုးယာ ရပ်တော့၊ အဘိုးရှုက ခွဲစိတ်နေတုန်းလေ"
ရွှီဖန်းချုပ်နှောင်ထားခြင်းကို ခံနေရသည့် ရှုချိုးယာသည် အဘိုးအတွက် စဥ်းစား၍ ဒေါသကို ထိန်းထားရသော်လည်း ရှုယောင်ယန်ကို စိုက်ကြည့်နေဆဲပင်။
ရှုယောင်ယန်သည် ဆက်လက်ငြင်းခုံချင်သော်လည်း ခွဲစိတ်ခန်း၏ မီးနီသည် စိမ်းသွားခဲ့သည်။
ခွဲစိတ်ခန်းတံခါးက ပွင့်လာပြီး အဖြူဝတ်ဆရာဝန်
တစ်ယောက်က ပင်ပန်းနွယ်နယ်နေသည့် မျက်နှာဖြင့် ထွက်လာသည်။
ခွဲစိတ်မှုက ပြီးသွားလေပြီ။ အဘိုးရှုက ဘယ်လိုအခြေအနေရှိမှန်း မသိပေ။ မိဘတွေက ဆရာဝန်ဆီလျှောက်သွားနေတာကို မြင်သည့်အခါ ရှုယောင်ယန်သည် ဒီကိစ္စကို ချက်ချင်း လက်လွှတ်ပြီး အဘိုးဖြစ်သူ၏ အခြေအနေကို ပိုသိချင်လာသည်။
ရှုချိုးယာနှင့် ရွှီဖန်းသာ အနောက်မှာ ကျန်ရှိတော့သည်။ ရှုယောင်ယန်သည် ရွှီဖန်းကို စော်ကားခဲ့တာကြောင့် ရှုချိုးယာမှာ သူ့ကို ဘယ်လိုဆက်ဆံရမလဲပင် မသိတော့ချေ။ သူမ အပြစ်ရှိသလို ခံစားရသည်။
ရွှီဖန်း ပြုံးလိုက်သည်။ ပြောရရင် သူ လုံးဝ စိတ်ထဲမထားချေ။ သူ ရှုချိုးယာ၏လက်ကို ပွတ်သပ်လိုက်ကာ...
"အဆင်ပြေပါတယ်၊ ဒေါသမထွက်နဲ့တော့၊ ဆရာဝန်ဆီ သွားကြည့်လိုက်"
ရှုချိုးယာက ခေါင်းညိတ်သည်။
"ရွှီဖန်း ကျေးဇူးတင်ပါတယ်၊ ကျွန်မအပြစ်တွေပါ"
ရှုချိုးယာလည်း ခွဲစိတ်ခန်းတံခါးရှိရာကို ထွက်သွားခဲ့သည်။ ဆရာဝန်သည် ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲကိစ္စများကို သူနာပြုထံလွှဲအပ်၍ မက်စ်တပ်ကာ အနားယူနေခဲ့သည်။
ရှုယောင်ယန်၏ မိဘတွေက စိုးရိမ်တကြီးမေးနေကြသည်။
"ဒေါက်တာ အဖေ့အခြေအနေ အဆင်ပြေတယ်
မဟုတ်လား"
ဆရာဝန်က ပင်ပန်းစွာဖြင့် ခေါင်းယမ်းလာသည်။
"ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီ၊ ဒါပေမယ့် လူနာရဲ့အခြေအနေက ထူးဆန်းလွန်းတယ်၊ သူ့အသက်ကို အခုတော့ ကယ်တင်လိုက်နိုင်ပေမယ့် အခြေအနေက တော်တော်အဆိုးဘက်ရောက်နေတာ၊ သူ့ နှစ်ပတ်လောက်ပဲ အသက်ရှင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်"
"ဒါ"
ဤသတင်းက အနားမှာရှိနေသည့် လူများ၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။ အလွန်
ဝမ်းနည်းစရာပင်။ ရှုယောင်ယန်၏မိဘများသည် မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုတော့သည်။
ရလဒ်က သူတို့အတွက် ကိုင်တွယ်ရန် လေးလံလှသည်။
ရှုယောင်ယန်၏အဖေက ရှေ့တက်၍ ဆရာဝန်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာသည်။
"ဒေါက်တာ ကျေးဇူးပြုပြီး အဖေ့ကို ကယ်တင်ပေးပါလို့ မေတ္တာရပ်ခံပါရစေ၊ ငွေဘယ်လောက်ပဲကုန်ကျပါစေ ကျေကျေပ်နပ်နပ်နဲ့ကို ကုန်ကျခံပါ့မယ်"
ဆရာဝန်တစ်ဦးအနေဖြင့် လူနာ၏မိသားစုတွေဘက်မှ အခုလို တောင်းဆိုလာသည့် ဖြစ်ရပ်များမှာ မရေမတွက်နိုင်အောင် များလှသည်။ သို့သော်ငြား ကြုံရတိုင်းလည်း နေသားမကျသေးပေ။ ဆရာဝန်များသည်လည်း လူနာများ ဘဝဆုံးခန်းတိုင်သွားသည်ကို မတွေ့မြင်လိုကြပေ။
သူ့ရှေ့မှာ ငိုနေသည့် မိသားစုသုံးယောက်ကို ကြည့်ရင်း ဆရာဝန်သည် ရှုယောင်ယန်၏အဖေကို ထူလိုက်
သည်။ ထို့နောက် မက်စ်ကို ချွတ်ကာ ပြောလိုက်သည်။
"ဒီလိုမလုပ်ပါနဲ့၊ ကျွန်တော်တို့ ဆေးရုံရဲ့ စံနှုန်းအရ ခင်ဗျားအဖေကို ကျွန်တော်တို့ မကယ်တင်နိုင်မှာကိုပဲ ကြောက်မိပါတယ်၊ ဒါပေမယ့်..."
ဆရာဝန်၏ ပထမဆုံးစကားများကို ကြားသည့်အခါ ရှုယောင်ယန်၏မိသားစုသည် အဆုံးမရှိနိုင်မည့် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သို့သော် နောက်ဆက်တွဲစကားက သူတို့၏မျက်လုံးများကို အရောင်တောက်စေခဲ့သည်။
ဒါပေမယ့်တဲ့လား၊ အဖေ့အတွက် မျှော်လင့်ချက် ရှိသေးတာလား။
ရှုယောင်ယန်၏ဖခင်သည် ဆရာဝန်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်၍ မေးလိုက်သည်။
"ဒေါက်တာ အဲ့ဒါက ဘာများလဲ၊ အဖေ့အတွက် မျှော်လင့်ချက် ရှိသေးတာလား၊ သူ့အတွက် မျှော်လင့်ချက်ရှိသေးတာလား"
ဆရာဝန်က ခေါင်းညိတ်သည်။
"အဟုတ်ပဲ၊ ခင်ဗျားအဖေရဲ့ရောဂါကို ကျွန်တော်တို့ဆေးရုံက မကုသနိုင်ပေမယ့် သူ့ကို ကုသပေးဖို့ နည်းလမ်းရှိနိုင်မယ့်လူကိုတော့ သိတယ်"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိုအချိန် ရှုယောင်ယန်၏ အဖေက ခေါင်းခါယမ်းလာသည်။ အဖေဖြစ်သူ၏ ထူးဆန်းသည့်ရောဂါအခြေအနေကို သူသိသည်။ အဖေဖြစ်သူကိုယ်တိုင်
ကတောင် ဘယ်သူမှ ကုသနိုင်မည်မဟုတ်ဟု ပြောခဲ့ဖူး၏။ ဒီဆရာဝန်ပြောသည့် စကားများက မဖြစ်နိုင်ပေ။
ဆရာဝန်က ပြုံး၍ ပြောလာသည်။
"မစ္စတာရှု ခင်ဗျားရဲ့အဖေက ဒီမြို့ကြီးရဲ့ အတော်ဆုံးဆရာဝန်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် သူ့ထက် ပိုပြီးတော့ ဆေးပညာမှာ ကျွမ်းကျင်တဲ့လူကို ကျွန်တော်သိတယ်၊ သူက ထူးဆန်းတဲ့ရောဂါတွေလည်း ကိုင်တွယ်နိုင်တယ်၊ ခင်ဗျားအဖေရဲ့ရောဂါကို သူ ကုကောင်းကုနိုင်လိမ့်မယ်"
"ဘာ!"
အားလုံးက အံ့သြသွားကြသည်။ အဘိုးရှုထက် ဆေးပညာမှာ ပိုကျွမ်းကျင်သည့်လူတစ်ဦးတဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
အဘိုးရှု၏နာမည်ပြောင်မှာ နတ်ဘုရားဆရာဝန်ရှုဖြစ်သည်။ ချန်ဟိုင်းပြည်နယ်မြို့ကြီး တစ်ခုလုံးတွင် မြင့်မြတ်ထင်ရှားသော ဆရာဝန်တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။ မရဏတံခါးဝကို ရောက်နေသည့် လူများစွာကို လူ့ကမ္ဘာ၌ ဆက်လက်အသက်ရှင်သန်
စေရန် သူ့လက်ဖြင့် များစွာ ဆွဲခေါ်ခဲ့နိုင်ဖူးသည်။
သူ၏ဆေးပညာတတ်ကျွမ်းမှုက ဘယ်လောက်
တောင်မှ ကြောက်စရာကောင်းခဲ့သလဲ။ ဒါကို သူ့ထက် ပိုတော်သည့်လူ ရှိနေသေးတယ်ဆိုတော့ ဘယ်သူကမှ မယုံချင်ကြပေ။
အားလုံးက ဆရာဝန်ကို သံသယဖြင့် ကြည့်နေကြသည်။ ရှုယောင်ယန်၏ဖခင်သည် ဆရာဝန်အား စိတ်ရှုပ်ထွေးစွာ ကြည့်၍ လေးလေးနက်နက်မေးလာသည်။
"ကျွန်တော့်အဖေရဲ့ရောဂါက အရမ်းဆိုးရွားနေခဲ့တာ၊ သူ့ကို ကုသနိုင်တဲ့ဆေးက မရှိသလောက်ပဲ၊ အဲ့ဒီလူက အဖေ့ကို ကုသနိုင်မှာ သေချာရဲ့လား"
****************