မျှော်လင့်ချက်ရှိသေးတယ်
Vol. 9 Ch. 128
ရှုယောင်ယန်အဖေက ပူပြင်းနေသည့်အကြည့်ဖြင့် ဆရာဝန်ကို ကြည့်နေသည်။ သူ၏အကြည့်အောက်တွင် ဆရာဝန်လည်း ဖိအားများစွာကို ခံစားလိုက်ရသည်။ သူသာ လိမ်လည်မိလျှင် ဘာဖြစ်မည်ဆိုတာကို သိပေသည်။
သို့သော် ခဏတာတွန့်ဆုတ်နေပြီးနောက် ဆရာဝန်က ခေါင်းညိတ်လာသည်။
"ဟုတ်တယ် သေချာတယ်"
ထိုနေ့က သူမြင်ခဲ့ရသည့်မြင်ကွင်းကို သတိရရင်း ဆရာဝန်က ယုံကြည်ချက်ရှိစွာ ပြောလာသည်။
"မစ္စတာရှု ခင်ဗျားသိပါတယ်၊ လွန်ခဲ့တဲ့ လအနည်းငယ်က ဇွန်ဘီရောဂါရှိတဲ့လူနဲ့ တွေ့ခဲ့တယ်၊ အဲ့ဒီလိုရောဂါမျိုးက နိုင်ငံခြားမှာ တွေ့ခဲ့ရင်တောင်မှ သေဖို့ ထိုင်စောင့်နေရုံပဲရှိမှာကို အဲ့ဒီဆရာက သူ့ကို ကယ်တင်ပေးနိုင်ခဲ့တယ်"
"သူ လူနာကို ကုသတဲ့နေရာမှာ မှော်ဆန်တယ်လို့တောင် စဥ်းစားလို့မရဘူး၊ ဆေးဖက်ဝင်ပစ္စည်းတစ်ခုတောင်မှ မသုံးခဲ့ဘူးလေ၊ လူနာကို သစ်သီးနည်းနည်းလောက်ကျွေးရုံနဲ့ ရောဂါပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့တယ်၊ အဘိုးရှုရဲ့ အခြေအနေက မျှော်လင့်ချက်မဲ့နေတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အဲ့ဒီလူနာကတောင်မှ ဘာဆေးမှ သောက်စရာမလိုခဲ့ဘူး"
"အဲ့ဒီကိစ္စရှိခဲ့တာလား၊ ဇွန်ဘီရောဂါ"
ဆရာဝန်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှုယောင်ယန်အဖေ၏မျက်လုံးများက အံ့သြမှုများဖြင့် တောက်ပလာသည်။ ဇွန်ဘီရောဂါကို သူ မကြားဖူးသော်လည်း ဆရာဝန်ပြောပုံအရ ထိုကျွမ်းကျင်သူက အလွန်စွမ်းသည့်ပုံပင်။ လူနာကို သစ်သီးအနည်းငယ်ဖြင့် ကုသနိုင်ခဲ့သည်ဆိုတာက ရှေးဆန်လှသည်။
သူ မယုံဘူးဆိုတာထက် ယုံချင်ပေသည်။ မယုံလျှင် သူ့အဖေ ဒီအတိုင်းသေသွားမှာကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပေသည်။ ဆရာဝန်ပြောသည့် ထိုကျွမ်းကျင်သူနှင့် စမ်းကြည့်လို့ ရနိုင်သည်။
ရှုယောင်ယန်၏အဖေသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချခဲ့သည်။ သူ ဆရာဝန်ကို လေးလေးစားစားမေးလိုက်သည်။
"အဲ့ဒီစီနီယာလူကြီးမင်းက ဘယ်မှာလဲဆိုတာမေးလို့ရမလား၊ ဒေါက်တာကပဲ သူ့ကို တောင်ပေါ်ကနေ ဆင်းလာပြီး လာကုပေးဖို့ တောင်းဆိုပေးလို့ရမလား"
"ဒါ"
ရှုယောင်ယန်အဖေ၏ စကားကို ကြားသည့်အခါ ဆရာဝန်မှာ ရယ်ရခက်ငိုရခက်ပင်။ သူပြောခဲ့သည့်ကျွမ်းကျင်သူက အသက်၂၀ကျော်အရွယ်သာ ရှိနေသေးမှန်းသိပါက အံ့သြသွားကြလိမ့်မည်။
သို့သော်ငြား ရှုယောင်ယန်၏အဖေ နားလည်မှုလွဲသွားသည်ကိုလည်း အပြစ်ပြော၍ မရချေ။ တစ်
ကယ်တော့ ဆေးပညာနယ်ပယ်တွင် လူတစ်ယောက်၏ကျွမ်းကျင်မှုက သူတို့၏အသက်နှင့် တိုက်ရိုက်အချိုးကျပေသည်။
အသက်၂၀ကျော် ကျွမ်းကျင်ဆရာဝန်များက အင်မတန်ရှားပါးပေသည်။
"မစ္စတာရှု မှားနေပါပြီ၊ ကျွန်တော်ပြောခဲ့လူက စီနီယာကြီး မဟုတ်ပါဘူး၊ သူက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်"
"ဘာ! အသက်နှစ်ဆယ်လား!"
ဒါကိုကြားတော့ အားလုံးအံ့သြသွားသည်။ ရှုယောင်ယန်၏အဖေသည် ဆရာဝန်ကို လေးလေးနက်နက်ကြည့်လာသည်။ ဆရာဝန်က သူတို့ကို နောက်
နေသည်လားဆိုတာကို သိနိုင်ဖို့ ကြိုးစားနေသည်နှင့် တူလှသည်။
"ဟေး! ခင်ဗျား ဆက်ပြီးအဓိပ္ပာယ်မရှိတာတွေ ပြောနေဦးမယ်ဆိုရင် ခင်ဗျားဆေးရုံက မထွက်သွားနိုင်ခင် ရိုက်ပစ်မယ်ဆိုတာ ယုံလား"
ထိုအချိန် စိတ်မရှည်တော့သည့် ရှုယောင်ယန်က ဆရာဝန်ကို လက်ညှိုးထိုးကာ တိုက်ခိုက်တော့မည်
တကဲကဲဖြစ်နေ၏။ အရမ်းရှည်ပြီး လူကောင်ကြီးသည့် အနှီလူကြောင့် ဆရာဝန်မှာ လဲကျလုနီးပါး တုန်ယင်လာတော့သည်။
"ယောင်ယန်! ဘယ်လိုဖြစ်နေတာလဲ!"
ကံကောင်းစွာဖြင့် ရှုယောင်ယန်၏အဖေက သူ့သားကို စိုက်ကြည့်ကာ အပြုအမူကို ထိန်းစေခဲ့သည်။
ရှုယောင်ယန်၏အဖေက ခေါင်းညိတ်လျက် ပြောလာသည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကျွမ်းကျင်သူဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒေါက်တာ အဲ့ဒီလူကို ဒီကိုလာခဲ့ဖို့ ဖိတ်ပေးလို့ ရနိုင်မလား"
"ဒါ"
ထိုအကြောင်းကြားသည့်အခါ ဆရာဝန်၏မျက်နှာက
ရုပ်ဆိုးသွားတော့သည်။ ထိုဆရာကို ဖိတ်နိုင်၊ မဖိတ်
နိုင်ဆိုတာ သူ့အတွက် မသေချာပေ။
ထိုအချိန်က သူ့ခေါင်းတစ်ခုလုံး ပူထူနေပြီး ရွှီဖန်းကို သူ့အား တပည့်အဖြင့် လက်ခံပေးရန် ပြောခဲ့သော်ငြား ရွှီဖန်းက တစ်ခါတည်း ငြင်းပယ်ခဲ့သည်။ ရွှီဖန်းက စကားပြောရတာ လွယ်ကူသည့်လူ မဟုတ်သလိုပင်။
"ဒေါက်တာ"
သူ ဘယ်လိုခေါ်ရမလဲစဥ်းစားနေတုန်း ရှုယောင်
ယန်အဖေ၏ ခေါ်သံကြောင့် အသိပြန်ဝင်လာသည်။
"အာ...မစ္စတာရှု သူ့ကို ဖိတ်လို့ရ၊မရက မသေချာဘူး၊ နောက်ဆုံးတစ်ကြိမ် သူနဲ့တွေ့ခဲ့တုန်းကတော့ ဖုန်းနံပါတ် ရလာခဲ့တယ်၊ စမ်းကြည့်လို့ရပါတယ်"
ရှုယောင်ယန်၏အဖေသည် မထိန်းနိုင်ဘဲ သက်ပြင်းချမိတော့သည်။ ရှုမိသားစုတွင် ရှိသောလူများနှင့် သူတို့မိသားစုနှင့် ရင်းနှီးသောပုဂ္ဂိုလ်များကြောင့် သူတို့ဖခင်ကို ကယ်တင်ပေးနိုင်မည့် မြင့်မြတ်သောဆရာဝန်ငယ်လေး၏တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်မည်မှာ အသေအချာပင်။
"ကောင်းတယ်! ဒေါက်တာ သူ့ရဲ့ဖုန်းနံပါတ်လေး မြန်မြန်ပေးပါ၊ ယောင်ယန် မြန်မြန်ဖုန်းခေါ်လိုက်"
အဖေဖြစ်သူက အချိန်အနည်းငယ်သာ ခံနိုင်ရည်ရှိတော့တာကြောင့် ရှုယောင်ယန်၏အဖေသည် သူ့သားကို လက်ဝှေ့ယမ်းကာ လူအုပ်ကြီးကြားထဲမှ ခေါ်ထုတ်လိုက်သည်။ ထိုဆရာဝန်ငယ်လေးနှင့် ညှိနှိုင်းရန် ရှုယောင်ယန်ကို အမြန်ဖုန်းခေါ်စေချင်နေသည်။
ဆရာဝန်က ခေါင်းညိတ်လိုက်ကာ....
"မစ္စတာရှူ ခဏပဲစောင့်ပါ၊ သူ့ဖုန်းနံပါတ် ရှာလိုက်ဦးမယ်"
ဆရာဝန်က အင်္ကျီအဖြူထဲမှ ဖုန်းကိုထုတ်၍ နံပါတ်တွေကို ရှာကြည့်နေသည်။ ထိုအချိန် ရှုယောင်ယန်တစ်ယောက်တည်းသာ ဖုန်းနံပါတ်မှတ်ရန် စောင့်နေခြင်းမဟုတ်ဘဲ ဘေးနားမှ လူများပါ ဖုန်းများထုတ်၍ မှတ်ရန်စောင့်နေကြသည်။
ပြောရရင် သူတို့ရှေ့မှ နာမည်ကြီးဆရာဝန်တောင်မှ ထိုဆရာဝန်ငယ်လေး၏ အဆူအငေါက်ကို ခံခဲ့ရသည်။ ဒါသာ အမှန်ဖြစ်ပါက ထိုဆရာဝန်ငယ်လေးသည် တစ်
ကယ်ကို နတ်ဘုရားဆရာဝန်ဖြစ်လိမ့်မည်။ ထိုဆရာဝန်ငယ်လေးနှင့်သာ သိထားပါက သူတို့မှာ ရောဂါတစ်ခုခုရှိလာလျှင် အသက်တစ်ချောင်းအပိုရသည်နှင့် ညီမျှပေသည်။
"တွေ့ပြီ"
ခဏကြာတော့ ဆရာဝန်က ဖုန်းနံပါတ်ကို တွေ့သွားလေသည်။ ရှုယောင်ယန် ခေါင်းညိတ်လိုက်၍
"ကောင်းပြီ ဒါဆို ပြောပေးပါ၊ အခုချက်ချင်း ဖုန်းဆက်ကြည့်လိုက်မယ်"
ဆရာဝန်က ခေါင်းညိတ်ကာ ဖုန်းထဲမှာ မှတ်ထားသည့်နံပါတ်ကို တစ်ယောက်ပြီးတစ်ယောက် မျှဝေပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ လူအားလုံးသည် နံပါတ်ကိုမှတ်လာကြပြီး သူတို့၏လှုပ်ရှားမှုက ထူးထူးခြားခြားပင် တသမတ်တည်းဖြစ်နေသည်။
"ကောင်းပြီ အခု ဖုန်းနံပါတ်ပေးပြီးပြီဆိုတော့ ခင်ဗျားတို့စစ်ကြည့်လို့ရပြီ"
ဆရာဝန်၏လေသံအရ နတ်ဘုရားဆရာဝန်ငယ်လေးက သိပ်မလွယ်ကူသည့်ပုံပင်။ ရှုယောင်ယန်သည် သက်ပြင်းတစ်ချက်ချရင်း ယဥ်ကျေးသောအပြုအမူကိုပြောင်းကာ သူ့ထည့်ထားသည့် နံပါတ်ကို ခေါ်လာသည်။
ရှုယောင်ယန် ဖုန်းခေါ်လိုက်ပြီးနောက် ချက်ချင်းပင် ဘေးနားမှ ဖုန်းမြည်သံကို လူတိုင်းကြားလိုက်ရသည်။ သူတို့အားလုံး လူအုပ်ကြီးထဲ ကြည့်မိလိုက်ကြသည်။
ရွှီဖန်းက သူ့ဖုန်းကို ထုတ်နေသည်ကို မြင်သည့်အခါ ရှုယောင်ယန်အံ့သြသွားရသည်။
"မဖြစ်နိုင်တာ၊ ဒီကောင်က ဆရာဝန်ပြောတဲ့ နတ်
ဘုရားဆရာဝန်လို့ ငါ့ကို မပြောနဲ့"
ဒါက တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်သည်။ ရှုယောင်ယန်သည် သူ့ကိုယ်သူနှစ်သိမ့်ရင်း သက်ပြင်းအသာချမိသည်။ သို့သော်ငြား သူ သက်ပြင်းချ၍ မပြီးခင်မှာ အံကြိတ်မိသွားတော့သည်။
ရွှီဖန်းသည် ဖုန်းကောက်ကိုင်ကာ လူအုပ်ကြီးထဲကနေ ရှုယောင်ယန်ကို ကြည့်လိုက်သည်။ ထို့နောက် ပြုံး၍ ပြောလိုက်သည်။
"ညီအစ်ကို နီးနီးနားနားကို ဘာလို့ဖုန်းဆက်တာလဲ၊ ဖုန်းဘေလ်တွေက တော်တော်ဈေးကြီးနေတာ"
စောက်ကျိုးနည်း!
ရှုယောင်ယန်တစ်ယောက် အံ့အားသင့်နေတော့သည်။ သူ မမြင်ချင်ဆုံးအရာက ဖြစ်လာလေသည်။ ရွှီဖန်းက ဆရာဝန်ပြောသည့် နတ်ဘုရားဆရာဝန်ဖြစ်နေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီတောသားက ဘယ်လိုလို့ ဉာဏ်ကြီးရှင် ဆရာဝန်ဖြစ်နိုင်မှာလဲ"
ရှုယောင်ယန်သည် မယုံနိုင်သကဲ့သို့ ခေါင်းခါရမ်း၍ ဆရာဝန်ဆီ အပြေးအလွှားသွားသည်။
"ခင်ဗျား အဲ့ဒီကောင်နဲ့အတူ ဒီမှာရှိနေတဲ့လူတွေကို လှည့်စားဖို့ ပူးပေါင်းကြံစည်နေတာမလား"
"ကျွန်တော်"
ရှုယောင်ယန်၏ ခန္ဓာကိုယ်တည်ဆောက်ပုံအရ သူ့ကိုရိုက်ချင်ပါက သားကောင်ဖမ်းမည့် လင်းယုန်ကဲ့သို့ လွယ်ကူလှသည်။ အခု ရှုယောင်ယန်က သူ့ကို ကျားတစ်ကောင်လိုမျိုး စိုက်ကြည့်နေတာကြောင့် ဆရာဝန်မှာ အင်မတန်ကြောက်ရွံ့သွားသည်။
ရွှီဖန်းက အခုအချိန် မြစ်အောက်ပိုင်းရွာ၌ စိုက်ပျိုးရေးလုပ်နေသင့်ပေသည်။ ဘာကြောင့် ဆေးရုံမှာ ပေါ်လာလည်း သူမသိချေ။
*************************