ငါက တောရွာက ဆရာဝန်တစ်ယောက်ဖြစ်ရုံပါပဲ
Vol. 9 Ch. 129
"နတ်ဘုရားဆရာဝန် နတ်ဘုရားဆရာဝန်လေး ကျွန်တော် ရှင်းပြပါရစေ"
ထိုအချိန် အဖြူရောင်ကုတ်ဖြင့် ဆရာဝန်တစ်ယောက်က လူအုပ်ကြီးထဲ တိုးဝင်လာသည်ကို ရွှီဖန်းမြင်နေရသည်။ ခဏလောက် မျက်မှောက်ကြုတ်နေပြီးနောက်မှာမှ ထိုလူကို သူမှတ်မိတော့သည်။ သူက ဟုန်ဖေးကို ကုသပေးရန် ရောက်လာခဲ့သည့် ဆရာဝန်ပင်။
"ဒေါက်တာလီက ဘာလို့ ဒီကို ရောက်နေတာလဲ"
ပြောရလျှင် ရွှီဖန်းကတောင်မှ ဒေါက်တာလီထက် ပို၍ စိတ်ရှုပ်ထွေးနေခဲ့သည်။ ဒီမှာဖြစ်ပျက်နေခဲ့သမျှကို သူဂရုမစိုက်ခဲ့တာကြောင့် ဘာတွေဖြစ်ပျက်လို့ သူ့ကို ဝိုင်းကြည့်နေကြမှန်း နားမလည်ချေ။
ရွှီဖန်းတစ်ယောက် သူ့မျက်နှာသူ ထိကြည့်မိသည်။ သူ့မျက်နှာက ပိုပြီး ချောမောလာလို့များလား။
ဤလူများထံတွင် ရွှီဖန်းသိသည့်လူက ရှုချိုးယာတစ်ယောက်တည်း ရှိတာကြောင့် သူမကို မေးရန်သာ တတ်နိုင်ခဲ့သည်။
"ချိုးယာ ဘာတွေဖြစ်နေတာလဲ"
ရှုချိုးယာမှာတော့ ရယ်ရခက်ငိုရခက်ပင်။ ရှင်က ကျွန်မကို ပြန်မေးနေတာလားဟုပင် မေးချင်မိသည်။ ကျွန်မလည်း ရှင့်ကို မေးချင်နေတယ် ဟုတ်ပြီလား။
သူမအဘိုး၏ တာဝန်ခံဆရာဝန်က ဒေါက်တာလီဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
"ရွှီဖန်း မင်းက ဆေးပညာသိတာလား"
ယခင်က ရှုယောင်ယန်သည် ရွှီဖန်းကို အနည်းငယ် ရှုံ့ချခဲ့သည်။ သို့သော် အခု ရှုယောင်ယန်၏အဖေသည် ရွှီဖန်းကို လေးနက်သော အကြည့်ဖြင့် ကြည့်ကာ မေးလာသည်။
ရွှီဖန်း ခေါင်းညိတ်လိုက်၍...
"ဟုတ်တယ်၊ ကျွန်တော် နည်းနည်းသိထားပါတယ်၊ ဝါသနာဆိုတော့လည်း"
"ဝါသနာဟုတ်လား"
ရှုယောင်ယန်၏အဖေမှာ ထိုစကားကိုကြားသည်နှင့် သွေးများအန်ထွက်လုနီးပါးပင်။ အခုလေးတင် ဒေါက်တာလီ ပြောခဲ့သည့် နတ်ဘုရားဆန်ဆန်
အရည်အချင်းတွေက ဝါသနာအဆင့်တဲ့လား။ မင်းသာ ဆေးပညာကျွမ်းကျင်တယ်ဆိုရင် ချန်ဟိုင်းမြို့မှာရှိတဲ့ ဆရာဝန်တွေအကုန်လုံး သေပေးရမှာလား။
"အာ....ညီလေး မင်းရဲ့ဆေးပညာအရည်အချင်းက တော်တော်လေးကောင်းတယ်လို့ ကြားခဲ့တယ်၊ အဖေ့ရဲ့အခြေအနေက စိုးရိမ်ရလို့ မင်း ကယ်ပေးလို့ရနိုင်မလားဆိုတာ တွေးမိလို့ပါ၊ မင်းသာ အဖေ့ကို ကယ်တင်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်က သေချာပေါက် ဆုငွေပေးမှာပါ"
ရှုယောင်ယန်၏အဖေက ရွှီဖန်းပို လေးစားစွာအကူအညီတောင်းလာသည်။ ရွှီဖန်းပြုံးလိုက်၍...
"ခင်ဗျားက သဘောကောင်းလွန်နေပါပြီ၊ ကျွန်တော့်ရဲ့ ဆေးပညာက သာမာန်ပါပဲ၊ ရွာထဲက လူတွေကိုပဲ ကုသပေးခဲ့တာဆိုတော့ ပြောရရင် ရွာကဆရာဝန်သာသာပဲ ရှိပါတယ်"
ရွှီဖန်း၏စကားများက လိမ်လည်နေခြင်းမဟုတ်ပေ။ သူ့ဆေးပညာကို လူနှစ်ယောက်အား ကယ်တင်ရန်
အတွက်သာ အသုံးပြုခဲ့ပြီး တစ်ယောက်က ဟုန်ဖေးဖြစ်ကာ နောက်တစ်ယောက်က ကျန်းကျီ၏ အဖေဖြစ်သည်။
ရွှီဖန်း၏ မိမိကိုယ်ကို နှိမ့်ချသည့် စကားများကို ကြားသော် လူတိုင်းအံ့အားသင့်သွားကြသည်။ ရွာဆရာဝန်တဲ့လား။ ဒီလူလေး ငါတို့နဲ့ လာကစားနေတာလား။
ရုတ်ချည်းပင် သူတို့အကုန်လုံးသည် ရှုပ်ချလိုသောစိတ်ဖြင့် ဒေါက်တာလီကို ဒေါသဖြင့် စိုက်ကြည့်လာကြသည်။
ဒေါက်တာလီကတော့ ရွှီဖန်းကို ထိတ်လန့်တကြား ကြည့်နေသည်။
နတ်ဘုရားဆရာဝန်ရွှီရေ ဘာလို့ လှည့်စားဖို့ ကြံနေတာလဲ။ ဒီနေ့ ဆရာ့ရဲ့ဆေးပညာ အရည်အချင်းကိုသာ အသုံးမချခဲ့ရင် ကျွန်တော်အဖြစ်က မြို့တော်မှာ ဆက်နေလို့မရတော့မှာကိုပဲ ကြောက်မိပါတယ်။
"နတ်ဘုရားရွှီ နတ်ဘုရားရွှီ ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့၊ ဆရာရဲ့ အရည်အချင်းတွေကို ကရုဏာသက်စွာဖြင့် ချပြပေးရုံပါပဲ၊ နောက်ဆုံးတစ်ကြိမ်
ကတောင် ဆရာ လူကယ်ခဲ့သေးတယ်မဟုတ်လား"
ရွှီဖန်းလည်း ပါးစပ်ကို လှုပ်ယမ်းလျက်...
"ပြီးခဲ့တဲ့အကြိမ်ကို မေ့သွားပြီ၊ ကောင်းပြီ အားလုံးပဲ ကျွန်တော်အိမ်ပြန်ပြီး လယ်စိုက်ရဦးမယ်၊ အားလုံးပဲ စားကောင်းသောက်ကောင်း သွားစားကြပါ"
"ဒါ"
ရွှီဖန်းက ပြောပြီးသည်နှင့် ထွက်သွားတာကြောင့် အကုန်လုံး အံ့သြကုန်ကြသည်။ အဘိုးရှု၏ အခုလို အခြေအနေအောက်မှာ မည်သူက စားနိုင်သောက်နိုင်မည်နည်း။ သူ့ကို ကယ်တင်ပေးနိုင်မည့်လူကိုပဲ စောင့်နေရသည်။
လူတိုင်း စိတ်ရှုပ်ကုန်ကြသည်။ ရွှီဖန်း ဘာကြောင့် သဘောမတူလဲဆိုတာကို သူတို့ နားမလည်ပေ။ ယုတ္တိရှိရှိပြောရလျှင် ဆရာဝန်တစ်ဦးအနေဖြင့် လူနာတွေ့ရင် ကယ်တင်ကြည့်ရမှာက သူ့တာဝန်ပင်။
လူတိုင်း၏မျက်နှာပေါ်မှ ရှုပ်ထွေးနေသောအကြည့်များကြောင့် ရှုချိုးယာသည် ခိုးမရယ်ဘဲ မနေနိုင်တော့ချေ။ ရွှီဖန်း ဘာကြောင့် လုပ်ခဲ့လဲဆိုတာ သူမ သိပေသည်။ ရှုယောင်ယန်ကြောင့်ပင်။
ယခင်က ရှုယောင်ယန်သည် ရွှီဖန်းကို မောက်မာစွာဆက်ဆံခဲ့သည်။ သူ၏ ကဲ့ရဲ့အပုတ်ချမှုများက နားထဲတွင် လွန်စွာ မခံနိုင်အောင် ဖြစ်စေခဲ့သည်။ သူမသာ ရွှီဖန်းနေရာမှာဆိုလည်း ကယ်ပေးမည်မဟုတ်ချေ။
ရှုယောင်ယန်သည်လည်း ဒီလိုဆက်ဆံရေးအခြေအနေကို မြင်သည့်ပုံပင်။ သူ့မျက်နှာက အီးပုံကြီးစားထားရသကဲ့သို့ စကားပင်မပြောနိုင်အောင်စိတ်မသက်မသာဖြစ်နေသည့်ပုံပင်။
သူ့မာနကြောင့် အခုလို အခြေအနေမျိုးအထိ ဖြစ်သွားရလိမ့်မည်ဟု ဘယ်တုန်ကမှ မတွေးမိခဲ့ပေ။
ထိုအချိန် ရှုယောင်ယန်၏ဖခင်သည် သူ့သားမျက်နှာကို ကြည့်ရင်း ဒေါသထွက်လာတော့သည်။ သူ မထိန်းနိုင်တော့ဘဲ သားဖြစ်သူကို ပါးရိုက်လိုက်သည်။
"ဘာကိုစောင့်နေတာလဲ! မြန်မြန်သွားပြီး သူများကို တောင်းပန်လိုက်!"
ရှုယောင်ယန်သည် မျက်နှာကို အုပ်ထားကာ သူ့မျက်လုံးထဲမှ မျက်ရည်များပင် ထွက်ကျတော့မည်ဖြစ်သည်။ ဘယ်လိုတောင် ရှက်စရာကောင်းတာလဲ။ ခုနလေးတင်ကမှ သူ မောက်မာစွာပြုမူနေခဲ့သော်လည်း မျက်စိတစ်မှိတ်စာအတွင်းမှာတင် မြေးလေးဘဝကို ရောက်ရှိသွားခဲ့သည်။ စိတ်ဓာတ်ကျစရာကောင်းပေသည်။
"အဖေပဲ တောင်းပန်လိုက်လို့ မရ..."
ဖြောင်း!
သူ စကားပြောလို့မပြီးခင်မှာတင် နောက်ထပ် အရိုက်ခံလိုက်ရပြန်သည်။ ဒါက အဖေဖြစ်သူ၏ဘဝနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်တာကြောင့် ရှုယောင်
ယန်၏အဖေသည် သူ့သား မျက်နှာပျက်၊ မပျက်ကို ဂရုမစိုက်နိုင်သေးပေ။
အကယ်၍ ရွှီဖန်းကို မြန်မြန်မတောင်းပန်ပါက သူ သေသည်အထိ အရိုက်ခံရနိုင်သည်။
"မသွားသေးဘူးလား!"
ရှုယောင်ယန်သည် မှုန်ကုပ်ကုပ်မျက်နှာပေးဖြင့် ရွှီဖန်းနောက်ကို အမြန်ပြေးလိုက်တော့သည်။ သူတင်မဟုတ်ဘဲ လက်ရှိရောက်နေသည့် ရာထူးမြင့်ပိုင်းလူများပါ ရွှီဖန်းထွက်သွားမည်ကို စိုးရိမ်၍ အနောက်မှ လိုက်လာကြသည်။
ထိုကဲ့သို့ ပြင်းထန်သော လေဟုန်ကြောင့် ဘေးကနေ ဖြတ်သွားသည့် သူနာပြုလေးပင် ထိတ်လန့်သွားရသည်။ ဒီလူချောလေးက ဘယ်သူပါလိမ့်။ ဘာလို့ သူ့အနောက်ကို လူတွေအများကြီးလိုက်နေကြတာလဲ။
"အစ်ကိုကြီး ခဏစောင့်ပါဦး၊ ကျွန်တော် ပြောစရာရှိလို့ပါ"
ရှုယောင်ယန်က သူ့ကို တားရန်အတွက် ပြေးလာနေသည်ကို ရွှီဖန်းမြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာဖြစ်လို့လဲ၊ ဆင်းရဲတဲ့လယ်သမားကို ဘာပြောချင်သေးလို့လဲ"
"ငါ"
လက်ရှိအချိန်၌ ရွှီဖန်းက ရည်ရွယ်ချက်ရှိရှိ သူ့ကို လှောင်ပြောင်လာသည်။ ရှုယောင်ယန်မှာ နောင်တရော မခံချိမခံသာစိတ်ပါ ခံစားနေရသည်။ ရွှီဖန်းကို လက်ထဲတွင် ဆုပ်ကိုင်ထားရမည့်အစား စော်ကားမိခဲ့သည်။ ဒါ သက်သက်ကို ဒုက္ခလိုက်ရှာမိတာပင်။
သူ အနှစ်နှစ်ဆယ်ကျော် ရှင်သန်လာသောငြား ဘယ်
ပြစ်မှုအတွက်ဆိုပြီး ဘယ်သူ့ကိုမှ မတောင်းပန်ခဲ့ဖူးပေ။ ဒါကြောင့် သူ့အတွက် တောင်းပန်ရသည်က ခက်ခဲလှသည်။ အချိန်အတော်ကြာ တွေးတောပြီးသည့်တိုင်အောင် သူစကားမစနိုင်ခဲ့ပေ။
ရွှီဖန်းက စိတ်မရှည်တော့ဘဲ ထပ်မံထွက်သွားရန် ပြင်နေတာကြောင့် ရှုယောင်ယန် စိုးရိမ်သွားရတော့သည်။
"မသွားပါနဲ့ မသွားပါနဲ့ အစ်ကိုကြီး! ကျွန်တော်မှားသွားပါတယ်၊ ပြောခဲ့တဲ့စကားတွေကို လေလည်သလိုသဘောထားပြီး ခွင့်လွှတ်ပေးပါဗျာ"
ရွှီဖန်းကလည်း ရပ်ပေး၍ ရှုယောင်ယန်၏ စကားများကို ဂရုတစိုက်နားထောင်လေသည်။ အချိန်အတော်ကြာမှသာ သူက ငုံ့ကြည့်၍ ခေါင်းညိတ်လာသည်။
"ဟုတ်သား...နံနေတာပဲ"
ရှုယောင်ယန်သည် သူပြောပြီးသည်နှင့် ရွှီဖန်းက ချက်ချင်း ခွင့်လွှတ်ပေးလာမည်ဟု မျှော်မှန်းထားခဲ့သည်။ ရွှီဖန်းက ထိုစကားကို ပြော၍ ထပ်ထွက်သွားချင်နေတာကြောင့် သူမျက်ရည်များကျမတတ်ဖြစ်လာတော့သည်။
အစ်ကိုကြီး ဒီလိုလုပ်လို့ မရဘူးလေ အစ်ကိုကြီးရာ...
"အစ်ကိုကြီး မနောက်ပါနဲ့ဗျာ၊ မတိုင်ခင်က ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးက ကျွန်တော့်
အမှားတွေပါ၊ တောင်းပန်ပါတယ်...အဘိုးကို ကယ်တင်ပေးဖို့ တောင်းဆိုချင်ပါတယ်"
ရှုယောင်ယန်သည် သူ့မြေးလေးကဲ့သို့ပင် နှိမ့်ချတောင်းပန်နေ၏။ ရွှီဖန်းသာ လက်မခံသေးပါက ဒူးပါထောက်တော့မည့်ပုံပင်။ ပြောရလျှင် ရွှီဖန်းကလည်း ထိုစကားတွေကို စိတ်ထဲ သိပ်မထည့်ခဲ့ပေ။ သူ အခုလုပ်ခဲ့သည့် သဘောထားက ရှုယောင်ယန်ကို အနည်းငယ် သင်ခန်းစာပေးချင်၍သာ ဖြစ်သည်။
ရှုယောင်ယန်ကို မထည့်တွက်ရင်တောင်မှ ရှုချိုးယာနှင့် သူ့ကြားက ဆက်ဆံရေးကြောင့် အဘိုးရှု ဒီအတိုင်း အသက်ဆုံးရှုံးသွားရသည်ကို ထိုင်ကြည့်နေမည်မဟုတ်ချေ။
ရှုယောင်ယန်၏ နှပ်ချေးများနှင့် မျက်ရည်များကို ကြည့်၍ ရွှီဖန်းမှာ စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ လက်ကို ဝှေ့ယမ်းကာ ဆူလိုက်သည်။
"ကောင်းပြီ၊ မင်းက လူကောင်းတစ်ယောက်ပါ၊ အခု ဘယ်လိုတောင်ငိုနေတာလည်း ပြန်ကြည့်ဦး"
ရွှီဖန်း၏ စကားအသွားအလာအရ သူ သဘောတူသွားပြီဟု သတ်မှတ်နိုင်ပေသည်။ လူအုပ်ကြီးကလည်း ထိုအခါကျမှသာ မနေနိုင်တော့ဘဲ သက်ပြင်းချမိလေသည်။ ရှုယောင်ယန်လည်း ပြုံး၍ ပြောလာသည်။
"ရွှီဖန်း ကျေးဇူးတင်ပါတယ်"
ရွှီဖန်းသည် ထိုလူများကို လျစ်လျူရှု၍ အဘိုးရှုဆီ လျှောက်သွားလိုက်သည်။ မတိုင်ခင်က အဘိုးရှုနှင့် မတွေ့ဖူးတာကြောင့် စမ်းသပ်ရင်တောင် သူ့ရောဂါကို သေချာမသိနိုင်ပေ။
လက်ရှိအချိန် အဘိုးရှု၏ရောဂါလက္ခဏာအကြောင်း အသေးစိတ်သိသူက ဒေါက်တာလီပင်။
"ဒေါက်တာလီ လူနာရဲ့ လက်ရှိအခြေအနေကို ပြောပြပေးလို့ရမလား"
*********************