ဂျင်ဆင်း
Vol. 9 Ch. 131
"ဒါဆို ညီလေးရွှီဖန်း အပ်စိုက်ကုထုံးလုပ်ဖို့ ဘာတွေလိုအပ်လဲ၊ မင်းအတွက် ပြင်ဆင်ပေးဖို့ လူတစ်
ယောက်ကို အခုပဲ လုပ်ခိုင်းလိုက်မယ်"
ရှုယောင်ယန်၏အဖေကလည်း ဆရာဝန်ဖြစ်တာကြောင့် မေးခွန်းတချို့ကို မေးလာလေသည်။ အဘိုးရွှီကို ကုသရန်အတွက် တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာကို သုံးရန်မှာ ဆေးဖက်ဝင်အပင်များလိုအပ်ပေသည်။
"အမှန်ပဲ၊ အဘိုးရှုကို ကယ်တင်ချင်ရင် ဆေးဖက်ဝင်အပင်တစ်ပင် လိုအပ်တယ်"
"ဘာဆေးပင်လဲ အခုပဲ သွားဝယ်ခိုင်းလိုက်ပါ့မယ်"
ထိုအချိန် ဘေးမှာရပ်နေသည့် ရှုယောင်ယန်က ဝင်ပြောလာသည်။ သူက ဆေးပညာအကြောင်း ဘာမှမသိတာကြောင့် တခြား ဘာမှမကူညီနိုင်ပေ။ ရွှီဖန်းလိုအပ်တာကို ကူညီပေးရန်သာ တတ်နိုင်ပေသည်။
ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။
"အစ်ကိုကြီး ဒီဆေးပင်က ရှာရတာမလွယ်ဘူးနော်"
"ဆရာရွှီ ကျေးဇူးပြုပြီး စိတ်ထဲရှိတဲ့အတိုင်းပြောပါ၊ ဘယ်လိုဆေးပင်ပဲဖြစ်ဖြစ် မင်းအတွက် ကျွန်တော် ယူလာပေးမယ်"
ရှုယောင်ယန်သည် ဘာမှတွေးမနေဘဲ ရင်ဘတ်ကို ပုတ်၍ အာမခံလာသည်။ ချန်ဟိုင်းမြို့ရှိ သူ့နောက်ခံအင်အားအရ ရွှီဖန်းပြောသည့် ဆေးပင်ကို ရရန် မခက်ခဲနိုင်ဟု သူခံစားရသည်။
သို့သော် ရွှီဖန်းမှ ထိုဆေးဖက်ဝင်အပင်အကြောင်း ပြောလာသည့်အခါ ယုံကြည်ချက်အပြည့်ရှိနေသော ရှုယောင်ယန်၏မျက်နှာမှာ ချက်ချင်းပင် ခါးသက်သွားတော့သည်။
ရွှီဖန်း ပြောလာသည်မှာ...
"ဆေးဖက်ဝင်တစ်မျိုးပဲလိုအပ်တယ်၊ အဲ့တာက နှစ်တစ်ရာနီးပါး သက်တမ်းရှိတဲ့ ဂျင်ဆင်းပဲ၊ ဘယ်လိုလဲ"
"နှစ်တစ်ရာနီးပါး"
ရှုယောင်ယန်မှာ မနေနိုင်အောင် စိတ်ရှုပ်ထွေးမိတော့သည်။ ဒါက အရမ်းကို မများလွန်းဘူးလား။ နှစ်၂၀၊ ၃၀သက်တမ်း ဂျင်ဆင်းများကို ရရှိရန်က ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နှစ်၁၀၀သက်တမ်းရှိသော ဂျင်ဆင်းများသည် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ ရှိလျင်ပင် အများစုက တခြားသူများ သုံးစွဲ၍ကုန်နေလောက်ပြီဖြစ်သည်။
"ဟမ်"
ရှုယောင်ယန်၏အဖေက အလွန်ဖြတ်လတ်ပေသည်။ သူ့မျက်ခုံးများက ပင့်သွားလျက် ရှုချိုးယာကို ကြည့်လာသည်။
အစောက သူမမှာရှိတယ်ဆိုပြီး ရှုချိုးယာ ပြောခဲ့တယ်မလား။
ရှုယောင်ယန်အဖေ၏ တုံ့ပြန်မှုကို မြင်သည့်အခါ ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။
"ချိုးယာအပေါ်မှာ ခင်ဗျားတို့ ဘာအာဃာတတွေရှိလဲတော့ ကျွန်တော်မသိဘူး"
"ဒါပေမယ့် ဒီနေ့ အဘိုးရှုကို ကယ်တင်နိုင်ဖို့ဆိုရင် သူမကူညီမှာ သေချာတယ်ဆိုတာကိုတော့ ခင်ဗျားတို့ သိထားရင် ပိုကောင်းလိမ့်မယ်"
ဤလူများက ရှုချိုးယာအပေါ်မှ မလိုမုန်းထားနေကြသည်ဆိုတာ သိသာလှသည်။ အကြောင်းအရင်းကို မသိသော်လည်း ရွှီဖန်း မပျော်ပေ။
အဘိုးရှု၏အသက်ကို ကယ်တင်ရန်အတွက် ဤအမျိုးသမီးဟာ သူမအသက်ကိုပင် မငဲ့ဘဲ ကြိုးစားခဲ့ရသည်။
"ရွှီဖန်း"
ရွှီဖန်းက သူမအတွက် ပြောပေးနေသည်ကို ကြားရသည့်အခါ ရှုချိုးယာ၏ရင်ထဲ၌ နွေးထွေးမှုများ တစ်ဟုန်တစ်သီကြီး ခံစားလိုက်ရသည်။ သို့သော် သူမနှင့် သူမမိသားစုကြားမှ ပဋိပက္ခများကို သူမသိသေးချေ။
"ကောင်းပြီ နှောင့်နှေးနေတာတွေရပ်ပြီး ကုသမှုကို စလိုက်ကြရအောင်"
ရွှီဖန်းမှ ဒေါက်တာလီကို ကြည့်၍
"ဒေါက်တာလီမှာ ငွေအပ်တွေရှိလား"
ရွှီဖန်းသည် ယခုလုပ်ရမည့် အပ်စိုက်ကုထုံးကို သိသော်လည်း သူ့ထံ ငွေအပ်များမပါလာပေ။ တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာကို အသုံးပြုရန်
အတွက် ဒေါက်တာလီဆီမှာ ငွေအပ်များ ချေးသုံးရပေမည်။
"ညီလေး ငါ့မှာ တစ်စုံရှိပါတယ်"
ထိုအချိန် ရှုယောင်ယန်၏အဖေက ငွေအပ်တစ်ဘူးကို ထုတ်ယူလာသည်။ ရွှီဖန်းသည် ထိုဘူးကို ယူကြည့်၍ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ငွေအပ်ဘူးထဲတွင် စုစုပေါင်း အပ်ငယ် ၁၈ချောင်းရှိပေသည်။ အပ်များသည် အစိမ်းရောင် ရှိကာ သူ့ခေါင်းထက်ရှိ ခွဲစိတ်ခန်းမီးလုံးအောက်၌ တောက်ပစွာရှိနေသည်။ ရွှီဖန်း သူ့လက်ကို ဆန့်ထုတ်၍ ထိကြည့်
လိုက်သည်။ ဤအပ်ငယ်များက အေးချမ်းငြိမ်သက်သော ခံစားချက်ကို ပေးစွမ်းလေသည်။
"ဟားဟား အစိမ်းရောင်သစ်နတ်အပ်ငယ်တွေက ကောင်းတဲ့အရာတွေပဲ၊ ကြည့်လိုက်ရုံနဲ့တင် နှစ်၅၀၀အထက် သက်တမ်းရှိတဲ့ တိမ်တက်သစ်သားကနေ ပြုလုပ်ထားတာ ဖြစ်ရမယ်"
တရုတ်ဆေးပညာ၌ အစိမ်းရောင်သစ်နတ်အပ်
ငယ်များသည် တစ်ကယ်ကို ရတနာများဖြစ်သည်။ လူ၏ခန္ဓာကိုယ်ထဲသို့ ထိုအပ်များထည့်သွင်းလိုက်ခြင်းဖြင့် လူနာ၏ခြောက်သွေ့ပြီး ပုံမှန်မဟုတ်သော ချီများကို တည်ငြိမ်စေသည့်အပြင် ဆရာဝန်၏ စွမ်းအင်သုံးရမှုကိုလည်း လျော့ကျစေသည်။
ရှုမိသားစုက စိမ်းပြာရောင်အိတ်ထဲတွင် မှတ်တမ်းတင်ထားသော ရတနာကို ရရှိထားလိမ့်မည်ဟု ရွှီဖန်း မထင်ထားခဲ့ပေ။
"ဟဲဟဲ ရွှီဖန်း...မင်းက ဒီပစ္စည်းရဲ့သမိုင်းကို သိတဲ့ပုံပဲ၊ မင်းကြိုက်တယ်ဆိုရင် ဒီအစိမ်းရောင်သစ်နတ်အပ်ဘူးကို လက်ဆောင်ပေးလိုက်မယ်"
ထိုစကားကြောင့် ရွှီဖန်း အံ့အားသင့်သွားရသည်။ သူက ရှုယောင်ယန်အဖေကို ချီးကျူးခဲ့ရုံသာဖြစ်ပြီး ထိုလူက သူ့ကို ပေးချင်နေ၏။ ဒါက အလွန်ရက်ရောလွန်းလှသည်။
ရွှီဖန်း ပြုံး၍ ခေါင်းခါလိုက်သည်။
"ခင်ဗျား အရက်ရက်ရောလွန်းနေပါပြီ၊ ဒီအစိမ်းရောင်သစ်နတ်အပ်ဘူးက ခင်ဗျားတို့မိသားစုရဲ့ ရတနာပဲလေ၊ ကျွန်တော်က ဘယ်လိုသတ္တိနဲ့ ယူနိုင်ရမှာလဲ၊ စကားပြောတာတွေရပ်ပြီး အပ်စိုက်ကုထုံးကို စလိုက်ရအောင်၊ ချိုးယာ နောက်ပြီးရင် မင်းလည်း ကူညီရလိမ့်မယ်"
ရှုချိုးယာ ခေါင်းညိတ်လိုက်သည်။ ဒါကလည်း သူမလိုချင်သည့်အတိုင်း အတိအကျပင်။ လက်ထောက်လုပ်ရခြင်းက သူမအတွက် အဘက်ဘက်မှ သင်ယူနိုင်မည့် အခွင့်အရေးဖြစ်သည်။
"ကောင်းပြီ အားလုံးသွားလို့ရပြီ"
အပ်စိုက်ကုထုံး စတော့မှာဖြစ်၍ ရွှီဖန်းသည် ရှုမိသားစု သုံးယောက်ကိုလည်း နှင်ထုတ်လိုက်သည်။ သူ့ကို ကူညီရန်အတွက် လူအများကြီးမလိုပေ။ လူအများကြီးက ခွဲစိတ်ခန်းထဲ နေနေမှသာ သူ့အပ်စိုက်ကုထုံးကို ထိခိုက်စေနိုင်သည်။
"ဒေါက်တာလီ ဒီဂျင်ဆင်းကို နှစ်ပိုင်း ဖြတ်လိုက်ပါ၊ ကျွန်တော်က ကျွေးလို့ရပြီဆိုတာနဲ့ အဘိုးရှုရဲ့ ပါးစပ်ထဲထည့်ပြီး ကျွေးလိုက်ပါ"
"ပြီးရင် ချိုးယာကတော့ ကျွန်တော့်ကို ကျွေးဖို့ တာဝန်ရှိသွားပြီ၊ နားလည်လား"
ရှုချိုးယာမှာ ရယ်ချင်သွားသော်လည်း နောက်လုပ်ရမည့် သူမ၏တာဝန်ကို တွေးမိကာ ရှက်သွားတော့သည်။
"ဆရာရွှီ ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ်"
သူစပြီးကုသတော့မည့်အချိန် ဒေါက်တာလီ စကားစလာသည်။ ရွှီဖန်းမျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဒေါက်တာလီ တစ်ခုခု ဖြစ်လို့လား"
ဒေါက်တာလီက သူ့လက်ထဲမှ ဂျင်ဆင်းကို ညွှန်ပြ၍ မေးလာသည်။
"ဆရာရွှီ ဒီဟာ သူ့ကို ကျွေးရမှာ သေချာရဲ့လား၊ သူ့ကို ဘာမှမဖြစ်သွားစေနိုင်ပါဘူးနော်"
သိထားရမည်မှာ နှစ်၆၀သက်တမ်းရှိသည့် ဂျင်ဆင်းကို တောင့်တင်းသန်မာသော လူတစ်ယောက်က စားရက်တောင်မှ နှာခေါင်းသွေး လျှံကျစေပေသည်။ အဘိုးရှုသာ ဤတစ်ဝက်လုံးကို စားလိုက်ပါက ချက်ချင်းသေသွားနိုင်သည်။
အဘိုးရှု၏ လက်ရှိခန္ဓာကိုယ်က သန်မာသောလူငယ်လေးတစ်ယောက်နှင့် မယှဥ်သာပေ။ ဤဂျင်
ဆင်းစားဖို့ဆို မဖြစ်နိုင်ပေ။ နှစ်၁၀၀နီးပါးသက်တမ်းရှိရှိသည့် ဂျင်ဆင်းတစ်ဝက်ကိုစားပါက အဆင်ပြေမှာ သေချာရဲ့လားဆိုတာကို ဒေါက်တာလီ မသိတော့ပေ။
ဒေါက်တာလီက သူ့နာလည်မှုများကို ပြောပြနေစဥ် ရှုချိုးယာကလည်း ခေါင်းညိတ်နေသည်။ သူမ အဘိုးကို အသာထားဦး၊ ရွှီဖန်းလို လူငယ်လေးက ဤဂျင်ဆင်းတစ်ဝက်ကို စားရင်တောင်မှ အဆင်ပြေနိုင်မည်ဆိုတာ မသေချာပေ။
ရွှီဖန်းလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။
"သာမာန်လူနာသာဆိုရင်တော့ တစ်ဝက်မပြောနဲ့၊ အမြစ်တစ်ပိုင်းလောက်စားရင်တောက်မှ ချက်ချင်း သေသွားနိုင်တယ်၊ ဒါပေမယ့် အဘိုးရှုက မတူဘူး၊ ယင်သုံးယင်ပြိုကွဲခြင်းရဲ့ လက္ခဏာတွေကြောင့် သူ့ခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအားတွေ အရမ်းများနေတယ်၊ တစ်ဝက်စားလိုက်ရင် သူ့ခန္ဓာကိုယ်ထဲက ယင်ဓာတ်တွေကို စွန့်ထုတ်နိုင်မှာဖြစ်လို့ ပြဿနာမရှိဘူး"
"ဒါ့အပြင် တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာကို သုံးရင် အဘိုးရှု ခန္ဓာကိုယ်ထဲက ရန်မူနေတဲ့ ယင်
စွမ်းအင်တွေကို တွန်းထုတ်နိုင်တာဟုတ်ပေမယ့် ယန်
စွမ်းအင်တွေလည်း တွန်းထုတ်ခံရလိမ့်မယ်၊ ယန်
စွမ်းအင်တွေ အကုန်လုံး ပျောက်သွားမယ်ဆိုရင် အဘိုးရှုရဲ့ရောဂါက ဘယ်လိုအကျိုးဆက်တွေ ဖြစ်
နိုင်လာမလဲဆိုတာ မသိနိုင်ဘူး၊ ဂျင်ဆင်းက အဘိုးရှုရဲ့အသက်ကို ရှည်စေတယ်"
ရွှီဖန်း၏ ရှင်းပြမှုအောက်မှာ သူတို့နှစ်ယောက်စလုံးခေါင်းညိတ်လိုက်ကြသည်။ ရွှီဖန်းပြောသည့်စကားများက အဓိပ္ပာယ်ရှိပေသည်။ သို့သော် ဖြစ်စဥ်ကို သုတို့နားလည်သွားကြသော်ငြား နောက်ထပ်မေးခွန်းတစ်ခုက သူတို့စိတ်ထဲပေါ်လာလေသည်။
"အိုး ဆရာရွှီရေ အဘိုးရှုက သူ့အသက်ဆွဲဆန့်ထားဖို့ စားရတာဆိုရင် ဆရာကရော...ဘာအတွက် စားရတာလဲ"
ဒေါက်တာလီက မထိန်းနိုင်တော့ဘဲ အရင်စမေးလာသည်။ ရှုချိုးယာကလည်း သိလိုစိတ်ဖြင့် ကြည့်လာသည်။ သူမကလည်း ထိုမေးခွန်းကို အရမ်းသိချင်
နေသည်မှာ သိသာလှသည်။
***********************