မင်းက ကိုယ့်ချစ်သူလေ
Vol. 9 Ch. 133
ရွှီဖန်း မနေနိုင်ဘဲ သက်ပြင်းအသာချမိသည်။ အခုလို ဆေးဝါးပစ္စည်းမျိုးအား ထပ်ပြီး ရှာတွေ့နိုင်မလားဆိုတာကို မသိပေ။
လက်ရှိအချိန်တွင် ပန်းကန်ထဲ၌ ဂျင်ဆင်းများစွာ ကျန်ရှိနေသေးသည်။ ယင်ချီများကို ဖိနှိပ်ထားရန်
အတွက် လိုအပ်နေသေးလားဆိုတာကို ရှုချိုးယာမသိသော်ငြား ရွှီဖန်းက ရပ်တန့်ရန် မပြောလာတာကြောင့် သူမလည်း လိမ်လိမ်မာမာ ဆက်ကျွေးနေခဲ့သည်။
ရွှီဖန်းအတွက်က ဆက်စားရန် မလိုအပ်တော့ချေ။ သို့သော်ငြား ဤဆေးဝါးက ကောင်းမွန်သောကြောင့် မစားလျှင် ဖြုန်းတီးရာကျပေသည်။ ဒါကြောင့် သူ့ခွန်အားတိုးပွားစေရန်အတွက် သူစားနေခြင်းကို မရပ်မိပေ။
ပြောရလျှင် ရှုချိုးယာ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများက ရွှီဖန်းဆီ ရောက်လာသည်နှင့် သူ့ပါးစပ်ကို ချက်ချင်း ဖွင့်လိုက်လေသည်။ ထိုကဲ့သို့သော ခံစားချက်က အလွန်ကောင်းမွန်တာကိုတော့ ရွှီဖန်း ဝန်ခံပေသည်။
ယခင်က သူ သတိမမူမိခဲ့သော်ငြား ရှုချိုးယာ၏ လက်ချောင်းလေးများထံမှ အမွှေးရနံ့တစ်ခု ထွက်လာတတ်သည်ကို အခု သတိထားမိလေသည်။ ကြည့်ရတာ သူမ၏ ကိုယ်သင်းရနံ့ဖြစ်နိုင်သည်။ မွှန်ထူနေတာလည်းမဟုတ်၊ ဖျော့တော့လွန်းတာလည်း မဟုတ်ဘဲ လူတွေကို သက်သောင့်သက်သာရှိစေသည့် အနံ့မျိုးပင်။
သူ ရှူရှိုက်နေရင်း မတိုင်ခင်က ရယ်ဖွယ်ရာ မြင်ကွင်းကို ပြန်မတွေးဘဲ မနေနိုင်တော့ချေ။ တစ်ကယ်တော့ အဲ့ဒီတုန်းက စုပ်နေခဲ့ရသည့် ခံစားချက်က တော်တော်လေး ကောင်းပေသည်။
ရွှီဖန်း မနေနိုင်ဘဲ ရှုချိုးယာ၏ ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်းတို့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်
မိသည်။ သူမကို နမ်းလျှင် ပိုပြီး သက်သောင့်သက်သာ ရှိနေမလားဆိုတာကို သိချင်မိသည်။
သူတို့ နမ်းနေကြမည့် မြင်ကွင်းအား ရွှီဖန်းသည် နတ်ဆိုးဆန်ဆန် တွေးနေခဲ့သည်။ ထိုအချိန် ရှုချိုးယာသည် သူခိုးကြည့်နေတာကို ခံစားမိသည့်အလား လှည့်ကြည့်လိုက်တာကို ရွှီဖန်း မြင်လိုက်ရသည်။ သူ ချက်ချင်းပင် ခေါင်းလှည့်လိုက်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။
"ကောင်းပြီ ဆက်ကျွေးစရာမလိုတော့ဘူး၊ အပ်တွေကို ဖယ်လိုက်တော့မယ်"
အချိန်တန်လေပြီ။ အဘိုးရှုကို ရွှီဖန်းကြည့်လိုက်ရာ အဘိုးရှုသည် ရန်မူနေသည့် ယင်ချီများအား တွန်းကန်ပြီးလေပြီ။ သူ့ခန္ဓာကိုယ်ထဲ၌လည်း ယန်ချီများ အစားထိုးလာလေသည်။ ဒီဖြစ်ရပ်ပြီးလျှင် သူ့ခန္ဓာကိုယ်က မနာကျင်တော့ရုံတင်မကဘဲ ပိုပြီး သန်မာလာလိမ့်မည်။
အပ်များကို ပြန်ထုတ်ရသည်က မလွယ်ကူသော်ငြား ထိုးစိုက်ရသည့်အချိန်ကထက်တော့ များစွာ လွယ်ကူပေသည်။ ရွှီဖန်းသည် အပ်၁၃ချောင်းကို ပြန်ထုတ်၍ အစိမ်းရောင်သစ်နတ်အပ်ဘူးထဲသို့ ပြန်ထည့်ခဲ့သည်။
ထို့နောက် သေတ္တာကို ပိတ်ကာ အဘိုးရှုခန္ဓာကိုယ်ပေါ်ရှိ နောက်ထပ် အမှတ်နှစ်ခုကို ထပ်ဖိလိုက်သည်။ ပြီးမှသာ လက်ခုပ်တီးလျက် အပျင်းကြောဆွဲဆန့်လိုက်တော့သည်။
"ကောင်းပြီ ယင်သုံးယင်ပြိုကွဲခြင်းရောဂါ ပျောက်ကင်းသွားပြီ၊ နောက်ဆက်တွဲဆိုးကျိုးလည်း မရှိဘူး"
ရွှီဖန်း၏စကားကိုကြားသော် ရှုချိုးယာတစ်ယောက် အလွန်ပင် ပျော်ရွှင်သွားကာ ခွဲစိတ်ကုတင်ပေါ်မှ အဘိုးရှုကို ကြည့်လိုက်သည်။ အဘိုးရှု၏ အသားအရည်က ပိုကြည့်ကောင်းလာသော်လည်း သတိလစ်နေဆဲပင်။
"ရွှီဖန်း ဒါဆို အဘိုးက ဘယ်အချိန်လောက် နိုးလာလောက်လဲ"
ရွှီဖန်းက တစ်ချက်ကြည့်၍
"အဘိုးရှုခန္ဓာကိုယ်ထဲက ဂျင်ဆင်းတွေကို အကုန်စုပ်ယူပြီးတဲ့အထိ စောင့်ရမယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ သူပြန်ကောင်းနေပါပြီ၊ ဒီရက်ပိုင်းတစ်ယောက်ယောက်က သူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးဖို့ပဲ လိုတယ်"
ရှုချိုးယာ ခေါင်းညိတ်လိုက်သည်။ ဆေးဘက်ဆိုင်ရာပညာ၌ ရွှီဖန်း၏ အရည်အချင်းကို သူမ သံသယမဝင်ချေ။ ရွှီဖန် ပြောသမျှက အမှန်ပင်။
"ဒါဆို အရင်ဆုံး ထွက်သွားကြရအောင် ဒေါက်တာလီ၊ အဘိုးရှုကို ကျန်တာဂရုစိုက်ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ယခုဆိုလျှင် အဘိုးရှုက လုံးဝကုသပြီးသွားပြီဖြစ်တာကြောင့် သူနာပြုတစ်ယောက်က လာ၍ ပြုစုစောင့်ရှောက်ပေးရန်သာ လိုအပ်ပေသည်။ ရွှီဖန်းသည် သူတို့ကို ဦးဆောင်ကာ ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့ကြသည်။
ခွဲစိတ်ခန်းတံခါးက နောက်တစ်ကြိမ်ထပ်ပွင့်လာတာကြောင့် အပြင်မှာ စောင့်နေသည့် လူအုပ်ကြီးကလည်း လှမ်းကြည့်လာသည်။ ရှုမိသားစုဝင်သုံးယောက်သည် မထိန်းနိုင်တော့ဘဲ ရွှီဖန်း အရှေ့ကို ပြေးလာကြသည်။
"ရွှီ ရွှီဖန်း...အ...အဖေ ဘယ်လိုနေလဲ"
"ဟားဟား ခင်ဗျားအဖေက လုံးဝပြန်ကောင်းသွားပါပြီ၊ နောက်ရက်တွေမှာ ခင်ဗျားတို့ သူ့ကို ကောင်းကောင်းဂရုစိုက်ပေးဖို့ပဲ သတိရကြပါ"
"အာ...တစ်ကယ် တစ်ကယ်ပဲလား"
ရှုယောင်ယန်၏အဖေသည် ထိုအကြောင်းကို ကြားသည်နှင့် အလွန်ပျော်ရွှင်သွားတော့သည်။ ခွဲစိတ်ခန်းအပြင်ဘက်မှာ အချိန်အတော်ကြာ စိတ်ပူပန်ခဲ့ရပြီးနောက် သတင်းကောင်းတစ်ခုကို ကြားရလေပြီ။
"ဒီတစ်ခါ ရွှီဖန်းကို ကျေးဇူးတင်ရမှာပဲ ယောင်ယန် မင်း သူ့ကို ကျေးဇူးတင်ရမယ်"
ရှုယောင်ယန်၏ အဖေက သူ့သားကို သတိပေးလာသည်။ ရှုယောင်ယန်သည် ငိုချင်စိတ်ပေါက်သွားသော်ငြား သူ့အဖေ၏စကားကို ချက်ချင်းမလိုက်နာဘဲ မနေဝံ့ချေ။ သူက ရွှီဖန်းကို ကျေးဇူးတင်လာလေသည်။
"ညီလေးရွှီဖန်း မင်းအတွက် ငါလုပ်ပေးစရာ တစ်ခုခုရှိရင် ပြောဖို့ မတုံ့ဆိုင်းပါနဲ့၊ မင်းကို ကူညီဖို့ ငါ အစွမ်းကုန်ကြိုးစားပါ့မယ်"
ဒီတစ်ကြိမ်မှာ ရွှီဖန်းက ရှုမိသားစုကို များစွာ ကူညီပေးခဲ့သည်။ ရှုယောင်ယန်၏ အဖေတောင်မှ ရွှီဖန်း၏ကျေးဇူးကို ဘယ်လိုပြန်ဆပ်သင့်လဲ မစဥ်းစားနိုင်တော့ချေ။ အချိန်အတော်ကြာစဥ်းစားပြီးနောက် ရွှီဖန်းကိုသာ မေးရန် ဆုံးဖြတ်ခဲ့သည်။ ပိုက်ဆံပဲဖြစ်ဖြစ် တခြားအရာတွေပဲဖြစ်ဖြစ် တစ်ခုခုပြန်လုပ်ပေးရရင်ကို ကျေနပ်ပေသည်။
ရွှီဖန်းက ခေါင်းခါ၍...
"ဒီလိုလုပ်စရာမလိုပါဘူး၊ ခင်ဗျားတို့နဲ့ ကျွန်တော်နဲ့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် အကြွေးမတင်ထားပါဘူး၊ ကျွန်တော်က ချိုးယာရဲ့ ချစ်သူလေ၊ ဒါကြောင့် သူမအဘိုးကို ကယ်တာက ကျွန်တော့်တာဝန်တစ်ခုပါပဲ"
"ဒါ"
ရွှီဖန်း၏စကားကိုကြားသော် ရှုယောင်ယန်၏အဖေသည် အနည်းငယ် ရှက်ရွံ့သွားတော့သည်။ မည်သို့ပင်ဆိုစေကာမူ ဒီတစ်ကြိမ်မှာ ရွှီဖန်းအပေါ် ကျေးဇူးကြွေးတင်သွားလေပြီ။ သူ ရှုချိုးယာကို ကြည့်၍ ပြုံးလိုက်ကာ...
"ကောင်းပါပြီ"
ယခုဆိုလျှင် သူ့မိဘတွေတောင်မှ မနိုင်တော့ပေ။ ဘေးပတ်ဝန်းကျင်မှ လူများကလည်း ရွှီဖန်းကို မြင့်
မြင့်တွေးနေကြလေသည်။ စောစောလေးတင်ကမှ အပြင်မှာ မိဘတွေဆီကနေ အဆူခံထိထားသည့် ရှုယောင်ယန်သည် မနာလိုမှုကို ခံစားလိုက်ရသည်။
ဒီကောင် ဘာလို့ ဒီလိုတွေ လုပ်နိုင်ရတာလဲ။ အခု ပထမဆုံးအကြိမ်ပဲ တွေ့ဖူးသေးတာတောင် အားလုံးက သူ့ကို ကြည့်နေကြပြီ။ ဒီလိုတွေ ဖြစ်အောင် သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေတာလဲ"
"နံစော်နေတဲ့ကောင်စုတ်လေး! ရွှီဖန်းကိုအတုယူပြီး အနာဂါတ်မှာ တခြားလူတွေဆီကနေ သင်ယူရမယ်...နားလည်လား၊ မင်း သူငယ်ချင်းတွေနဲ့ လိုက်လျှောက်ကစားနေတာ ထပ်တွေ့ရင် ခြေထောက်ကို ရိုက်ချိုးပစ်မယ်"
ထိုအချိန် ရှုယောင်ယန်၏အဖေက ဆော်သြလာသည်။ ရွှီဖန်းကတော့ ရှုယောင်ယန်၏ စံပြပုဂ္ဂိုလ်အဖြစ် ရာထူးတိုးသွားရလေသည်။ ရှုယောင်ယန်ကတော့ ဒေါသထွက်နေသည်။
ငါက သူ့ဆီကနေ ဘယ်လို သင်ယူရမှာလဲ!
ခဏတာ ကျိန်ဆဲပြီးနောက် ရှုယောင်ယန်သည် ရွှီဖန်းအား 'ငါတို့ မပြီးသေးဘူး'ဆိုသည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
"ရွှီဖန်း သွားကြရအောင်"
အဘိုးရှု၏ ရောဂါကလည်း ပျောက်ကင်းသွားပြီဖြစ်ရာ အပြင်ဘက်တွင် စုဝေးနေကြသည့် လူများ၏ အမူအရာများသည်လည်း တည်ငြိမ် အေးချမ်းသွားခဲ့သည်။
ရှုချိုးယာက ထွက်သွားရန်ပြင်နေတာကြောင့် သူ အံ့သြသွားရသည်။ သူမ အဘိုး နိုးလာမှာကို မစောင့်တော့ဘူးလား။
ဘေးပတ်လည်မှ လူများကို ခေါင်းညိတ်နှုတ်ဆက်
လျက် ရှုချိုးယာ၏ အနောက်ကနေ လိုက်ထွက်လာခဲ့သည်။ ဆေးရုံအပြင်ဘက်ကို ရောက်သည့်အခါ ရွှီဖန်းက အရှက်မရှိစွာပင် သူမလက်ကို ကိုင်ထားသေးတာကြောင့် ရှုချိုးယာ၏မျက်နှာက အနည်းငယ် နီမြန်းနေ၏။
ရွှီဖန်းသည် အရှက်မရှိစွာ ပြုံးရယ်ရင်းဖြင့်...
"ချိုးယာ ခုနကပဲ ကိုယ်တိုင် ပြောနေတာမဟုတ်လား၊ မင်းက ကိုယ့်ချစ်သူဆို"
"ကိုယ့်ချစ်သူလက်ကို ကိုင်တာ သဘာဝမကျဘူးလား"
"ကျစ်! ကျ-ကျွန်မက ရှင့်ကို အသုံးချလိုက်ရုံပါပဲနော်"
ရှုချိုးယာက ရွှီဖန်းကို မျက်စောင်းထိုးလာသည်။
"ကောင်လေး အရှက်မလိုချင်တော့ဘူးလား၊ မျက်နှာ မလိုချင်တော့ဘူးလား"
"ဟားဟား မသိဘူးလေ"
"ချိုးယာ ကိုယ်တို့ ရွာပြန်ရောက်ရင် ခံစားချက်တွေကို တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ရမယ်ထင်တယ်နော်"
"ဟမ့်! မေ့လိုက်တော့! လူယုတ်မာ!"
ရှုချိုးယာ၏ စွဲမက်ဖွယ်ကောင်းသော အကြည့်ကို မြင်လိုက်ရတော့ ရွှီဖန်း ပြုံးကာဖြင့် သူမနောက်ကို လိုက်သွားခဲ့သည်။
*********************