ရှောင်းချောင်နှင့် ရှောင်းပုချီ
Vol. 9 Ch. 134
ရှုချိုးယာကို မြစ်အောက်ပိုင်းရွာသို့ ပြန်ပို့ပေးပြီးနောက်မှာ ကောင်းကင်ကြီးလည်း နက်မှောင်နေလေပြီ။
ရှုချိုးယာကို ဆေးခန်းလိုက်ပို့ပေးပြီးနောက် ရွှီဖန်းလည်း အိမ်ပြန်လာခဲ့သည်။ ခဏအနားယူပြီးနောက်မှ ပြည်နယ်မြို့တော်ဆီမှ ရှယန်ယွိ၏ ဖုန်း ဝင်လာလေသည်။
လွန်ခဲ့သည့်ညက ရှောင်းပုချီသည် ရှမိသားစုဘက်မှ စစ်တပ်ကို ကုသဆေးတွေ မပို့နိုင်ခင် သူ့ကို ဖြေရှင်းရန်အတွက် လူတွေ စေလွှတ်ခဲ့သည်။
ရှယန်ယွိ ဖုန်းဆက်တာက ဒီအကြောင်းမေးရန် ဖြစ်လိမ့်မည်ဟု သူခန့်မှန်းမိသည်။
"ရွှီဖန်း ရှောင်းပုချီ ရှင့်ကို တစ်ခုခုလုပ်သေးလား"
ရွှီဖန်း ပြုံးလိုက်ကာ
"ဟုတ်တယ်...ရှောင်းပုချီက ကျွန်တော့်ဆီကို လူတွေ စေလွှတ်ခဲ့တယ်၊ ဒါပေမယ့် သူတို့ အစီအစဥ်ပျက်သွားပါတယ်၊ ဥက္ကဌရှ ကျွန်တော့်စကားကို သေချာနားထောင်ပါ၊ စိတ်မသက်သာသွားဘဲ သတင်းတွေ ဆက်ဖြန့်နေပါ"
"အခုလေးတင်ပဲ ကုသဆေးတီထွင်မှု နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့၊ နောက်ဆုံးသတ်မှတ်ရက်မတိုင်ခင် စစ်တပ်ကို ပေးနိုင်မှာ သေချာတယ်ဆိုပြီးတော့"
ရွှီဖန်း၏အစီအစဥ်က ရိုးရှင်းပေသည်။ သူ့ကိုယ်သူ တည်ကြက်အဖြစ် ပြောင်းကာ ရှောင်းပုချီ၏အာရုံကို သူ့ဆီလွှဲထားဖို့ရန်ဖြစ်သည်။ ဒါမှသာ ရှယန်ယွိက ကုသဆေးရသွားပြီဆိုတာကို သူတို့ဘက်မှ သတိမထားမိမှာပင်။
ကျားကို တောင်ပေါ်မှ ဆွဲဆောင်သည့် နည်းလမ်းမျိုးဖြင့် ရှောင်းပုချီကို အလွယ်တကူ အနိုင်ယူနိုင်
လိမ့်မည်။
"ရွှီဖန်း ဒီအစီအစဥ်က မဆိုးပေမယ့် ရှောင်းပုချီကို ရှင် ရင်ဆိုင်နိုင်မှာ သေချာရဲ့လား"
ရှယန်ယွိသည် ရွှီဖန်း၏ အစီအစဥ်ကို သဘောတူသော်ငြား ရှောင်းပုချီ၏လက်ထဲတွင် ရွှီဖန်း ဆုံးရှုံးသွားရမည်ကို စိုးရိမ်မိသည်။
ရွှီဖန်း ပြုံးလိုက်ကာ
"စိတ်မပူပါနဲ့၊ ရှောင်းပုချီက ကျွန်တော်နဲ့ လာပတ်သက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး"
ရှယန်ယွိလည်း နောက်ဆုံးမှာ သဘောတူလိုက်သည်။
"ကောင်းပြီ ရွှီဖန်း ရှင် ပြောတဲ့အတိုင်း လုပ်လိုက်မယ်၊ အချိန်ရောက်လာရင် ဂရုစိုက်ပြီးသတိထားပါ"
ရွှီဖန်းသည် အလွန်လျင်မြန်စွာ ဖုန်းကို ချလိုက်ပြီးကာမှ တစ်ခုကို သတိရသွားသည်။
နောက်ဆုံးတစ်ကြိမ်တုန်းက ရှယန်ယွိအား မြွေအဆိပ်ကို ပြရန် စီစဥ်ထားခဲ့သော်လည်း ကုသဆေးပြဿနာကြောင့် နှောင့်နှေးခဲ့ရသည်။ ဒီကိစ္စတွေပြီးလျှင် သူ့အဆိပ်ပုလင်းကို ပြရမည်ဟု တွေးလိုက်သည်။
ဒါက ရတနာတစ်ခုပဲဆိုတာ သိထားရပေမည်။
ထိုအချိန် ခရိုင်ထဲရှိ မြွေစိမ်းဂိုဏ်း၌....
ပြည်နယ်မြို့တော်မှ ဖုန်းခေါ်ဆိုမှုကို လက်ခံထားစဥ် ရှောင်းချောင်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
လက်ရှိတွင် ရှဘက်မှ ကုသဆေး ပေးရတော့မည့် အချိန်ကို နီးကပ်လာနေပြီဖြစ်သည်။ ရှဘက်က ဆေးဝါးစမ်းသပ်နေတာကို ရပ်တန့်ရန်အတွက် ရွှီဖန်းကို ဖမ်းဆီးရန် လိုအပ်ပေသည်။
သို့သော် အားလုံသည် အဖွဲ့လိုက် သွားခဲ့တာတောင်မှ ရွှီဖန်းက အကုန်လုံးကို ချနိုင်ခဲ့သည်။ အားလုံနှင့် ဒဏ်ရာရနေသော အမျိုးသားများကို ကြည့်၍ ရှောင်းချောင်သည် သူမပါးကို ထောက်ကာ မေးလိုက်သည်။
"ရွှီဖန်းက တစ်ကယ်ကို သန်မာနေတာလား"
"မင်းတို့မှာ လူအများကြီးရှိရဲ့သားနဲ့ သူ့လို လယ်သမားကိုတောင် အနိုင်မယူနိုင်ခဲ့ဘူး"
ဒါကိုကြားသည့်အခါ အားလုံသည် ရှက်ရွံ့စိတ်ကို မထိန်းနိုင်ဘဲ ခေါင်းကိုငုံ့၍ ပြန်ဖြေလာသည်။
"မစ္စ အဲ့ဒီကောင်လေးက လယ်သမားဆိုတာလောက်နဲ့ မရိုးရှင်းလောက်ဘူးထင်တယ်၊ ပညာရှင်
တစ်ယောက်ယောက်ရဲ့ လမ်းညွှန်မှုကို ရထားတဲ့ပုံပဲ၊ သူက အရမ်းသန်မာတယ်"
"ဟုတ်လား"
အားလုံက ရွှီဖန်းအပေါ်၌ လုံးဝကို သေချာနေသည်။ ရှောင်းချောင်က...
"သူက ကျွမ်းကျင်သူဆိုမှတော့ အတင်းပြန်ပေးဆွဲလို့မရမှာဘဲ စိုးရိမ်မိတယ်၊ ငါတို့ ဘာလုပ်သင့်လဲ"
"မစ္စ ကျွန်တော့်ကို အခွင့်အရေးနောက်တစ်ကြိမ်
လောက် ပေးလို့ရမလား၊ ဒီတစ်ခါတော့ မစ္စအတွက် အဲ့ဒီကောင်လေးကို ခေါ်လာနိုင်မှာ သေချာတယ်"
ရှောင်းချောင်၏ လက်အောက်မှာ အလုပ်လုပ်လာရင်း အားလုံသည် တစ်ခါမှ မရှုံးနိမ့်ဖူးပေ။ အခုတစ်ခါမှာ လူအများကြီးခေါ်သွားခဲ့ရဲ့နှင့် ရှုံးနိမ့်ခဲ့တာက ရှက်စရာပင်။
သူ ရှောင်းချောင်ကို လေးလေးနက်နက်ကြည့်၍ သူမက ပြန်ကြိုးစားခွင့်ပေးမည်ဟု မျှော်လင့်နေသည်။ ယခုတစ်ကြိမ်တွင် ပြိုင်ဘက်ကို မလျှော့တွက်ဘဲ ကြိုးစားပါက ရွှီဖန်းသည် သူ့ပြိုင်ဘက်ဖြစ်တော့မည်မဟုတ်ချေ။
သို့သော် ရှောင်းချောင်က ခေါင်းခါရမ်းလာသည်။ အားလုံမှာ ခဏတော့ အံ့သြသွားရကာ...
"မစ္စ ဒါဆို.."
ရှောင်းချောင်၏နှုတ်ခမ်းထက် နှစ်လိုဖွယ် အပြုံးလေးက ပေါ်လာသည်။
"ရွှီဖန်းကို မင်းတို့သွားတွေ့စရာမလိုတော့ဘူး၊ ဒီတစ်ခါ ငါကိုယ်တိုင်သွားမယ်"
"ဒါပေမယ့်"
အားလုံက အံ့သြနေသည်။ ခေါင်းဆောင်က မည်
သည့်သိုင်းအတတ်ကိုမှ မတတ်မြောက်ထားပေ။ ရွှီဖန်းနှင့် ကိုယ်တိုင်ကိုယ်ကျ သွားတွေ့သည်က ကိုယ့်ကိုယ်ကိုယ်သွားသတ်သေနေသည့်အလားပင်။
ရှောင်းချောင်က သူမမျက်လုံးများကို ကျဥ်းမြောင်း၍ ပြောလာသည်။
"အားလုံ ငါဆိုတဲ့ မိန်းကလေးက ကြက်တစ်ကောင်ကို ချည်နှောင်ဖို့တောင် ခွန်အားမရှိဘူးလို့ မင်းတွေးနေတာမဟုတ်လား၊ ရွှီဖန်းကို ဒုက္ခသွားရှာဖို့ ငါ့ကိုယ်ငါ လွန်လွန်ကဲကဲတွေမှတ်ယူနေတယ်လို့ တွေးနေတာလား"
"အားလုံ မဝံ့ရဲပါဘူး!"
ရှောင်းချောင်က ပြုံး၍ ပြောလာသည်။
"အားလုံ လူတစ်ယောက်အတွက် အကောင်းဆုံးလက်နက်က ကိုယ်ခံပညာမဟုတ်ဘဲ သူတို့ရဲ့ ဦးနှောက်ပဲ"
"ရွှီဖန်းရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ထားသ၍ ငါဘာမှမလုပ်ဘဲ ဒီဂိမ်းကို အနိုင်ရနိုင်တယ်"
"ကောင်းပြီ မင်းတို့ ထွက်သွားလို့ရပြီ"
"ဟုတ်ကဲ့!!"
ရှောင်းချောင်၏အမိန့်ကိုရပြီးနောက် အားလုံနှင့်အဖွဲ့သည် အခန်းထဲမှ ထွက်သွားကြသည်။ ထိုအချိန် ရှောင်းချောင်ကတော့ ဝိုင်နီတစ်ခွက်ကို ကိုင်ကာ အတွေးထဲ နစ်မြောနေလေသည်။ ခဏကြာတော့ သူမ၏မျက်နှာအပေါ်၌ ယုံကြည်မှုအပြည့်ရှိသည့် အပြုံးတစ်ခု ပေါ်လာလေသည်။ ထို့နောက် စားပွဲပေါ်မှာ ဖုန်းကို ကောက်ယူ၍ နံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်။
ရှယန်ယွိထံမှ ဖုန်းကျသွားစဥ် ရွှီဖန်းသည် အမည်မသိဖုန်းကောတစ်ခုကို လက်ခံရရှိလေသည်။ လက်ခံပြောသင့်၊ မပြောသင့်ကို ရွှီဖန်း တွန့်ဆုတ်နေမိသည်။ ဖုန်းကတော့ မြည်နေတုန်းပင်။ ရွှီဖန်း သက်ပြင်းအသာချကာ ကိုင်လိုက်သည်။
"ရွှီဖန်းလား"
"မင်းက.."
သူမအသံကိုကြားတော့ ရွှီဖန်း မျက်မှောင်မကြုတ်ဘဲ မနေလိုက်နိုင်ချေ။ သူမနှင့် တစ်ခါသာ တွေ့ဖူးသော်ငြား သူမအသံကို မရင်းနှီးဘဲ မနေပါချေ။
"ရှောင်းချောင်မလား"
ရွှီဖန်း မနေနိုင်ဘဲ ရယ်မိတော့သည်။ ယခင်ကလည်း ဒီမိန်းမသည် သူ့ကြက်ခြံကို လာပြီး လှည့်စားရဲခဲ့သည်။ ထိုအချိန်က သူမကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။ အခုအချိန် သူမဘက်မှ ဖုန်းခေါ်လာမည်ဟု မထင်ထားခဲ့ပေ။
"အလှလေးရှောင်း မတွေ့တာကြာပြီပဲ၊ ငါ့ကို လွမ်းနေတာလား"
ရှောင်းချောင်က သူမ၏မျက်လုံးများကို ကျဥ်းမြောင်း၍...
"ရွှီဖန်း ငါကိုယ်တိုင် မင်းကို လာရှာရမယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား"
"ဘာ"
ထိုစကားကိုကြားသော် ရွှီဖန်း မျက်ခုံးပင့်လိုက်
မိသည်။ အရင်က အထက်ပါစကားများကို တာ့ပင်တောင်ပေါ်၌ ထိုလူအုပ်စုကို သူပြောခဲ့ဖူးသည်။
ဒါပေမယ့် သူတို့က ရှောင်းပုချီရဲ့လူတွေမလား။
ရှောင်းပုချီ...ရှောင်းချောင်
ဖြစ်နိုင်တာက...
သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးအကြောင်း သူတွေးနေတုန်း ရှောင်းချောင်၏ အသံကို သူကြားလိုက်ရသည်။
"ငါ မင်းနဲ့တွေ့ချင်တယ်၊ မနက်ဖြန် ချန်ဟိုင်းကို မင်းအားလား"
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရှောင်းချောင်ကသာ သူ့ကို တွေ့ချင်နေသည်ဆိုလျှင် သူမမှာ အကြံအစည်တစ်ခုရှိတာကြောင့်ပင်။
သူမ အခု ဘယ်လိုလှည့်စားမှုတွေ ချထားမလဲဆိုတာ ငါမသိဘူး။
ရှောင်းချောင်က သူ၏စိုးရိမ်နေမှုကို သိသည့်အလား ဖုန်းတစ်ဖက်မှ ခေါင်းလောင်းကဲ့သို့ရယ်သံလေး ထွက်လာသည်။
"ရွှီဖန်း မကြောက်ပါနဲ့၊ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းပဲ၊ ငါ့နောက်မှာ ဘယ်သူမှ ပါလာမှာ မဟုတ်ဘူး"
"မင်းလို ယောကျ်ားလေးက ငါ့လို မိန်းကလေးကို ကြောက်နေတာများလားနော်"
".............."
ရှောင်းချောင်ကတော့ ရှောင်းချောင်ပင်။ ဒီလိုပြောလိုက်သည့်အခါ ကမ္ဘာပေါ်ရှိ ဘယ်ယောကျ်ားမဆို သူမကို ငြင်းပယ်ဖို့ရာ ရှက်ရွံ့ကြလိမ့်မည်။
"ရတယ်၊ ဒါဆို မနက်ဖြန် တွေ့မယ်"
ရွှီဖန်း ဖုန်းချလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
ရှောင်းချောင်နှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးထားသော်လည်း သူမက လိမ်ညာလိမ့်မည်မဟုတ်မှန်း သေချာပေသည်။ မနက်ဖြန် တွေ့ကြသည့်အခါ သူမ ဘယ်နောက်လိုက်ကိုမှ ခေါ်လာမည် မဟုတ်ပေ။
အားနည်းတဲ့မိန်းကလေးက ငါနဲ့ ဘယ်လိုရင်ဆိုင်မလို့လဲ။ ရွှီဖန်း ခေါင်းခါရမ်းမိသည်။ သူ နားမလည်နိုင်သော်လည်း တွေးရန် အလွန်ပျင်းရိနေမိသည်။
ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျလျှင် အဖြေကို သိရလိမ့်မည်။ နဂါးရေကန်ပဲဖြစ်စေ၊ ကျားဂူပဲဖြစ်စေ သူ့ဘက်ကတော့ စမ်းကြည့်ရမှာပင်။
******************