← Chapters

ရှောင်းချောင်း၏ဖိတ်ခေါ်မှု

Vol. 9 Ch. 135

ရှောင်းချောင်း၏ဖိတ်ခေါ်မှု

Vol. 9 Ch. 135

ရက်တစ်ရက်က အလွန်လျင်မြန်စွာပင် ကုန်ဆုံးခဲ့သည်။ နောက်တစ်နေ့မနက်စောစောတွင် ရွှီဖန်း နိုးထလာပြီး မနက်စာကို ဖြစ်သလို စားပြီးနောက် ချန်ဟိုင်းသို့ မောင်းလာခဲ့သည်။

နာရီအနည်းငယ်ကြာပြီး ချန်ဟိုင်းမြို့သို့ ရောက်

သည့်အခါ ရှောင်းချောင်ကို သူဖုန်းခေါ်လိုက်သည်။

"ဟေး ရှောင်းချောင် ငါ ချန်ဟိုင်း ရောက်နေပြီ၊ မင်း ဘယ်မှာလဲ"

"ငါအခု အနောက်ဘက်ဆိပ်ခံတံတားမှာ ရောက်နေတာ၊ ဒီကိုပဲ လာခဲ့ဖို့ ဒုက္ခပေးရတော့မှာပဲ"

ရှောင်းချောင်က ပြောပြီးသည်နှင့် ဖုန်းချသွားသည်။ ရွှီဖန်းသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ ဒီရှောင်းချောင်က ငါနဲ့ ဘာတွေ လာကစားနေတာလဲ။ 

ပင်လယ်ဘေးမှ မြို့ကြီးအဖြစ် ချန်ဟိုင်းမြို့တော်တွင် သင်္ဘောကျင်းများစွာ ရှိပေသည်။ အနောက်ဘက်

ဆိပ်ခံတံတားသည် ရှေးအကျဆုံး ဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်ပြီး ချန်ဟိုင်းမြို့တော်ရှိ လူတိုင်း ၎င်း၏တည်ရှိမှုကို သိကြလေသည်။

ဤနေရာတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရသော ရွှီဖန်းသည်လည်း ချွင်းချက်မဟုတ်ပေ။ ရှောင်းချောင်၏ တည်နေရာကို သိပြီးနောက် အနောက်

ဘက်ဆိပ်ခံတံတားသို့ မောင်းသွားလိုက်သည်။

မကြာခင်မှာတင် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ ရွှီဖန်းသည် ကားကို ရပ်၍ သင်္ဘောကျင်းဆီ လမ်းလျှောက်သွားခဲ့သည်။

အချိန်ကြာလာသည်နှင့် အနောက်ဘက်ဆိပ်ခံတံတားတွင် ဆိုက်ကပ်သည့် ကုန်သင်္ဘောကြီးများ နည်းပါးလာပြီး ချန်ဟိုင်း၏ ရှုခင်းသာယာသော နေရာတစ်ခုဖြစ်လာသည်။ ရံဖန်ရံခါတွင် တချို့သော ချမ်းသာသည့် ပုဂ္ဂိုလ်များက ကိုယ်ပိုင်ရွက်လှေများကို စီးလျက် ပင်လယ်ဘက်ကို ခရီးထွက်ကြလေသည်။ 

ရွှေရောင်သန်းနေသည် နေရောင်ခြည်သည် နက်ပြာရောင် ပင်လယ်ကြီး၏အပေါ်၌ ထွန်းလင်းတောက်ပလျက်ရှိပြီး ပင်လယ်ကြီး၏ မျက်နှာပြင်

ထက်၌လည်း လင်းယုန်ငှက် နှစ်ကောင် သုံးကောက်ခန့်က ပျံသန်းနေသည်ကို မြင်တွေ့နိုင်ပေသည်။

ရွှီဖန်းသည် ရှေ့ကို မျှော်ကြည့်မိရာ အနက်ရောင်

ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က သင်္ဘောကျင်းရှေ့မှ ပင်လယ်ကြီးကို ငေးကြည့်နေသည်အား တွေ့လိုက်ရသည်။

အမျိုးသမီး၏ပုံရိပ်အား စွဲမက်ဖွယ်စကားလုံးများဖြင့် ဖော်ကြူးနိုင်ပေသည်။ သူမ၏ စကပ်က လေထဲတွင် တဖျတ်ဖျတ်လွင့်နေလျက်ရှိပြီး သူမခေါင်းထက်မှ ရွှေရောင်သန်းနေသော နေရောင်ခြည်ကလည်း ချန်ဟိုင်းမြို့တော်ရှိ ဆွဲဆောင်မှုရှိသော ပုံရိပ်ကို ဖြည့်တင်းပေးနေ၏။

ထိုအမျိုးသမီးက သူ့ကို အချိန်ကြာမြင့်စွာ စောင့်နေခဲ့ရသည့် ရှောင်းချောင်ဆိုတာ သိသာလှသည်။ ရွှီဖန်းသည် တစ်ချက်ဝေ့ကြည့်ရင်း သူမ တစ်ယောက်တည်း လာတာလားဆိုတာကို အတည်ပြုကြည့်ခဲ့သည်။

ထို့နောက် ရယ်မောလျက် သူမဆီလျှောက်သွားလိုက်သည်။ ရှောင်းချောင်၏ နံဘေးကို လှမ်းကြည့်လိုက်တော့ သူမက ပင်လယ်ကို လေးလေးနက်နက် စိုက်ကြည့်နေတုန်းပင်။ ခဏကြာမှသာ သူမ၏အကြည့်များကို ပြန်ဆုတ်၍ ရွှီဖန်းဆီ အခြေချလေသည်။

"ရောက်ပြီလား"

ရွှီဖန်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ရောက်ပြီ၊ ရှောင်းချောင် မင်း ငါနဲ့ ဘာကိစ္စရှိလို့လဲဆိုတာ အခု ပြောပြသင့်ပြီမဟုတ်လား"

"အလျင်မလိုနဲ့လေ၊ ငါ့နောက်လိုက်ခဲ့ပါ"

ရှောင်းချောင်က ဆိပ်ကမ်းအနားမှာ ရပ်ထားသည့် ရွက်လှေဆီသို့ မသွားခင်မှာ ရွှီဖန်းအား ပရော်ပရည်အကြည့်ဖြင့် ကြည့်ခဲ့လေသည်။

ရွှီဖန်းမှာ သူမ၏အနောက်ကိုကြည့်၍ ခေတ္တတုံ့ဆိုင်းသွားရသည်။

"ဘာလဲ ရွှီဖန်း မင်းလိုလူမျိုးက ငါသတ်မှာကို ကြောက်လို့လား"

ထိုအချိန် ရှောင်းချောင်က လှည့်ကြည့်လာပြီး တမင်တကာဆွသော လေသံဖြင့် မေးလာသည်။

ရွှီဖန်းက နှုတ်ခမ်းကို တွန့်လျက် သူမအနောက်ကို လိုက်သွားခဲ့သည်။

ဒီရွက်လှေကို ရှောင်းချောင် ဝယ်ထားတာ ဖြစ်

နိုင်သည်။ သူတို့ ရွက်လှေအပေါ်သို့ တက်ပြီးသည်နှင့် လှေက ခမ်းလှမ်းလှမ်းကို ဦးတည်ရွေ့လျားတော့သည်။ 

ရွှီဖန်းသည် ရှောင်းချောင်နှင့်အတူ ကုန်းပတ်ကို လိုက်သွားရင်း မေးမိသည်။

"ရှောင်းချောင် မင်းဘာတွေလုပ်နေတာလဲ"

"ငါအခု မင်းရဲ့ပင်လယ်ဓားပြသင်္ဘောအပေါ်

ရောက်နေပြီဆိုမှတော့ ဒီသင်္ဘောက ဘယ်ကို ဦးတည်နေလဲဆိုတာကို ပြောပြသင့်ပြီမဟုတ်လား"

ထိုအချိန်တွင် ရှောင်းချောင်က သူမ၏မျက်နှာကို ပွတ်သပ်၍ ထူးထူးခြားခြား ပြုံးနေသည်။

"ရွှီဖန်း စိတ်မပူပါနဲ့၊ မင်း စိတ်တွေပူနေရင် ပူပူနွေးနွေးတို့ဟူးကို စားရမှာ မဟုတ်ဘူးနော်"

ထိုအခါ ရွှီဖန်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်းလျက် ရှောင်းချောင်၏ ပျော့ပျောင်းနူးညံ့သော လက်ကို ကိုင်လိုက်သည်။

"ရှောင်းချောင် ငါက တို့ဟူးနွေးနွေးစားရတာ စိတ်မရှည်လို့ အအေးစာကို စားရတာလည်း အဆင်ပြေပါတယ်"

ရွှီဖန်း၏မျက်လုံးများက လူရမ်းကားတို့အတိုင်း ရှိနေကာ သူမကို စနောက်နေတာမှန်း ညွှန်ပြနေလေသည်။ ရှောင်းချောင်၏မျက်လုံးများက ဒေါသအရိပ်အယောင်များဖြင့် တောက်လောင်လာတော့သည်။

ရှောင်းချောင်သည် အေးစက်စွာနှာမှုတ်၍ ရွှီဖန်းလက်ထဲမှ သူမ၏လက်ကို ဆွဲထုတ်လိုက်သည်။

"ရွှီဖန်း ကျေးဇူးပြုပြီး လေးစားမှုကိုပြသပါ"

ရွှီဖန်းမှာ မျက်လုံးမလှိမ့်ဘဲ မနေနိုင်တော့ချေ။ ဒီမိန်းမကတော့...

မင်းက ငါ့ကို အရင်လာစတာ မဟုတ်လား။

ထိုအချိန် ပင်လယ်ပြာကြီးပေါ်၌ ကျွန်းတစ်ကျွန်းက ရုပ်လုံးပေါ်လာလေသည်။ ရွှီဖန်း မျက်မှောင်ကြုတ်၍ ရှောင်းချောင်ကို လှည့်ကြည့်လိုက်သည်။

သူမကလည်း ကျွန်းကိုကြည့်နေလေသည်။ ဒီကျွန်းဆီသို့ သူမ သူ့ကို ခေါ်လာခဲ့တာ ဖြစ်လိမ့်မည်။ မကြာခင်တွင် ရွက်လှေက ကျွန်း၏ ကမ်းစပ်တွင် ရပ်သွားခဲ့သည်။

"ငါနဲ့ တူတူလိုက်ခဲ့၊ မင်းရဲ့ဖုန်းကို လှေပေါ်မှာထားခဲ့ပါ၊ ငါမင်းကို ပြောမယ့်စကားတွေကို တခြားလူသိလို့မရဘူး"

ရှောင်းချောင်က သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ ရွှီဖန်းကတော့ မျက်လုံးလှိမ့်လိုက်မိသည်။ ဒီမိန်းမက အများကြီးတွေးလွန်းသည်။ လှေပေါ်မှာ ဖုန်းကို ထားခဲ့ပြီးသည့်နောက် ရွှီဖန်းသည် သူမအနောက်ကိုလိုက်၍ ကျွန်းဆီ လျှောက်လာခဲ့သည်။ 

ရှောင်းချောင်က သူ့အနားမှာ ရှိနေသော်လည်း သူမ လှည့်ကွက်တွေကို မကြောက်တာကြောင့် လိုက်သွားခဲ့ခြင်းပင်။

"ရွှီဖန်း ဒီကျွန်းက ဘာအတွက်လို့ထင်လဲ၊ ဒီမှာ လုပ်ဖို့ အကျိုးအရှိဆုံးအရာက ဘာဖြစ်မလဲ"

ရှောင်းချောင်သည် သူ့အား ကျွန်းအနက်ပိုင်းထိ ခေါ်သွားပြီးနောက် ရုတ်တရက်မေးလာသည်။ ရွှီဖန်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဒီကျွန်းက ဘာမှ ဖွံ့ဖြိုးထားတာ မရှိတာကြောင့် ရာနှုန်းပြည့်

သဘာဝကျွန်းဖြစ်ပေသည်။

ခရီးသွားလုပ်ငန်းလုပ်ဆောင်ရန်အတွက်ဖြစ်စေ၊ အိမ်ခြံမြေလုပ်ငန်းလုပ်ဆောင်ရန်ဖြစ်စေ တိုးတက်လာနိုင်သော နေရာဖြစ်သည်။ ဒီကျွန်းကို ရှောင်းချောင်က မျက်စိကျနေသည်မှာ ပုံမှန်ပင်။

သို့သော်...

ရွှီဖန်း ပြုံးလိုက်မိသည်။ ဒီမေးခွန်းက သူမ သူ့ကို မေးဖို့ တစ်ကယ်လိုအပ်လို့လား။ 

ဝူး

ထိုအချိန် သူ့အနောက်မှ အသံထွက်လာတာကြောင့် ရွှီဖန်း လှည့်ကြည့်မိရာ သူတို့ကို ခေါ်လာသည့် ရွက်လှေက ထွက်သွားပြီဆိုတာကို တွေ့လိုက်ရသည်။

"ရှောင်းချောင် မင်း!"

ရွှီဖန်းသည် ရှောင်းချောင်ကို ဒေါသတကြီး စိုက်

ကြည့်လိုက်မိသည်။ ရှောင်းချောင်ကတော့ သူ့ကို ပြုံးပြုံးလေး ပြန်ကြည့်နေသည်။

"ရွှီဖန်း စိတ်မပူပါနဲ့"

"လာမယ့်ရက်အနည်းငယ်အတွင်း မင်း ဒီကျွန်းမှာပဲ နေရလိမ့်မယ်"

"ဒီလိုပေါ့"

ရွှီဖန်း မရယ်ဘဲ မနေနိုင်တော့ချေ။ ထင်ထားခဲ့သည့်အတိုင်းပင်။ ရှောင်းချောင်သည် သူမလုပ်ဆောင်သော ကိစ္စများအတွက် ရည်ရွယ်ချက်များရှိပေသည်။ 

ဖုန်းကို လှေပေါ်မှာ ထားခဲ့ခိုင်းတာ မဆန်းတော့ပေ။

ရွှီဖန်းက ကုသဆေး၏သုတေသနကို ဆက်မလုပ်

နိုင်တော့ဘဲ ရှယန်ယွိကို သူတို့ အနိုင်ယူပစ်ရန်အတွက် သူ့ကို ကျွန်းပေါ်မှာ ထောင်ချထားခြင်းပင်။

ရွှီဖန်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်း၍ ပြောလိုက်သည်။

"ရှောင်းချောင် ငါရေမကူးနိုင်ဘူး ထင်နေလား"

"ဟားဟား ရွှီဖန်း မင်းက ဟာသပြောတတ်တာပဲ"

ရှောင်းချောင်က သူမ၏ပုခုံးများ လှုပ်ခါသည်အထိ ရယ်မောလာသည်။ 

"ဒီကျွန်းက ချန်ဟိုင်းနဲ့ ကီလိုမီတာ ဒါဇင်လောက် ဝေးတယ်၊ မင်းက ရေကူးသွားမယ်ဟုတ်လား၊ မင်းကိုယ်မင်း ငါးလို့ ထင်မှတ်နေတာလား"

"နောက်ပြီး ငါက မင်း ဒီနေရာကနေ ထွက်သွားတာကို လွယ်လွယ်ကူကူ ခွင့်ပြုလိုက်မယ်လို့ ထင်နေတာလား"

ခရက်!

ထိုအချိန် ရှောင်းချောင်သည် သူမအိတ်ထဲမှ လက်ထိပ်ကို ထုတ်၍ ရွှီဖန်း အာရုံမစိုက်နိုင်မှာပဲ ရွှီဖန်းကို လက်ထိပ်ခတ်၍ တစ်ဖက်ကို သူမ၏လက်မှာ ခတ်လိုက်သည်။

"မင်း"

ရှောင်းချောင်က ရွှီဖန်းကို ကျေနပ်အားရစွာ ကြည့်လာသည်။

"မင်း ရေကူးချင်ရင်တောင်မှ တစ်ယောက်တည်း ကူးသွားလို့မရတော့ဘူး၊ ဘယ်လိုလဲ ရေကူးချင်သေးလား"

"ရွှီဖန်း ငါအနိုင်မရမချင်း မင်း ဒီမှာ နာနာခံခံနဲ့ နေရမှာပဲ၊ ငါ ဒီသော့ထဲ ပင်လယ်ထဲ ပစ်ချလိုက်မှာ"

ရှောင်းချောင်သည် အရာအားလုံးက သူမ၏တွက်ချက်မှုအောက်၌ ရှိနေသကဲ့သို့ လက်သီးကို တင်းတင်းဆုပ်ထားလေသည်။ 

ရွှီဖန်းမှာတော့ ရယ်ရခက်ငိုရခက်စွာ ခေါင်းခါရမ်းမိသည်။ သူမ လုပ်ခဲ့သည့် အားထုတ်မှုများအားလုံးက အသုံးမဝင်ဘူးဆိုတာကို ဒီမိန်းမက မသိပေ။

ဘာကြောင့်လဲဆိုတော့ သူမက ရှုံးနှင့်နေပြီးသားပင်။ ရွှီဖန်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်း၍ ပြောလိုက်သည်။

"မိန်းကလေးရှောင်းချောင် မင်းရဲ့တွက်ချက်မှုက အထူးကောင်းမွန်ပါပေတယ်"

********************

All Chapters