ရှုချိုးယာ ပျောက်ဆုံးနေတယ်
Vol. 9 Ch. 123
နောက်ရက်ပိုင်းများအတွင်း မြစ်အောက်ပိုင်းရွာ၏ နေ့ရက်များသည် အတော်လေး တိတ်ဆိတ်နေခဲ့သည်။ ချိုးဆုအာသည် ကြက်ခြံ၏ တာဝန်အသေးအဖွဲ့တွေကအစ အားလုံးကို စောင့်ကြပ်နေခဲ့သည်။ ရွှီဖန်းကို ဒုက္ခရောက်စေသည့်အချက်မှာ မြစ်အောက်ပိုင်းရွာမှရွာသားများသည် ဆေးပင်များစုဆောင်းနေရသောကြောင့် သူ့မျက်လုံးများကို အရှင်ထားထားရသည်။
ဤအချက်က ရွှီဖန်းကို အချိန်ဖြုန်းဖို့ မတွေးနိုင်လောက်အောင် ဖိအားများစေခဲ့သည်။ ထာဝရရှင်သန်ခြင်းမြက်များစိုက်ပျိုးရန်အတွက်လည်း ကောင်းကင်ဘုံမြေသြဇာကို နတ်ဘုရားများထံမှ ရယူရန် အခွင့်အရေးကို ရှာဖွေရဦးမည်။ ကြက်ခြံ၏ ပထမအသုတ်ကို တင်ပို့တော့မည်ဖြစ်တာကြောင့် အခုကတည်းက လုပ်ဖော်ကိုင်ဖက် ပါတနာတစ်ယောက် ရှာထားရဦးမည်။
ဒါ့အပြင် ဆေးပင်စုဆောင်းသူများကို ပေးချေရန်အတွက် သူ့ကို ကူညီရန် တစ်စုံတစ်ယောက်ကို ရှာဖွေရပေမည်။ မြစ်အောက်ပိုင်းရွာ၌ ဆေးပညာအကြောင်း သိသည့်လူ များစွာ မရှိသောကြောင့် သူတို့လက်ထဲမှ ဆေးပင်တွေအကြောင်းကို မသိရှိနိုင်ပေ။ သူ ဘယ်လောက်ပဲတွေးနေပါစေ သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သူက တစ်ယောက်သာ ရှိသည်။
ရှုချိုးယာ
မြစ်အောက်ပိုင်းရွာရှိ ဤနှစ်လိုဖွယ်ကောင်းသော ဆရာဝန်မလေးနှင့် သူ့ကြားမှ ဆက်ဆံရေးအား ဖော်ပြစရာပင် မလိုချေ။ ရွှီဖန်း ဒါကို စဥ်းစားမိကာ သူမကို ဆေးပင်တွေအတွက် အကူအညီတောင်းဖို့ရန် ထွက်လာခဲ့သည်။
လက်ရှိအချိန်က မှောင်နေပြီဖြစ်ရာ ရွှီဖန်းကလည်း ဒီကိစ္စပြီးမြောက်ရန် အလျင်လိုနေ၏။ သူ ချက်ချင်း အပြင်ထွက်ကာ ရှုချိုးယာ၏ဆေးခန်းရှိရာသို့ ထွက်လာခဲ့သည်။ ခဏကြာ ပြေးလွှားပြီးနောက် ဆေးခန်းအရှေ့သို့ ရောက်လာလေသည်။
ရွှီဖန်းကို စိတ်ရှုပ်ထွေးစေသည်က ဆေးခန်းသည် လုံးဝအမှောင်ချထားခဲ့သည်။ သူ တံခါးခေါက်
လိုက်သော်လည်း တုံ့ပြန်မှုလုံးဝမရှိပေ။
"ထူးဆန်းတယ်၊ ဘယ်ရောက်သွားတာလဲ"
ည၈နာရီထိုးနေပြီဖြစ်တာကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီအချိန်ကြီး သူမ ဘယ်ကိုသွားလဲ သူမသိပေ။
"ဟယ်လို ရှုချိုးယာလား"
ရွှီဖန်းသည် ရှုချိုးယာအတွက် စိုးရိမ်မိတာကြောင့် တိုက်ရိုက်ဖုန်းခေါ်လိုက်မိသည်။ အချိန်အတော်ကြာမှ တစ်ဖက်လူက ဖုန်းကိုင်လာသည်။
"အခု ဘယ်မှာလဲ"
ဖုန်း၏တစ်ဖက်မှ ပိုးကောင်များ၏အော်သံ၊ မြက်နင်းသံများထွက်ပေါ်လာသည်။ ရွှီဖန်းမှာ ဒီမိန်းကလေးတစ်ယောက် ဘယ်ကိုရောက်နေမှန်း သိချင်သွားသည်။
"ဟီးဟီး ရွှီဖန်း ရှင် ကျွန်မကို စိတ်ပူနေတာလား"
"ကျွန်မ အခု တာ့ပင်းတောင်မှ ဂျင်ဆင်းရှာနေတာ"
"ဘာလို မှောင်မှောင်မဲမဲအချိန်ကျမှ ရှာနေတာလဲ"
ရွှီဖန်း အံ့သြနေရသည်။
လတ်တလောမှာ ရွာသားများက ပိုက်ဆံရှာရန်အတွက် ဆေးပင်စုဆောင်းရန်အလို့ငှာ တာ့ပင်းတောင်ကို လာခဲ့ကြသည်။
သို့သော် ရှုချိုးယာက ဘာကြောင့် သူတို့နှင့် ပတ်သက်နေလဲ သူမသိချေ။ ဒါ့အပြင် ညရောက်နေပြီဖြစ်ရာ တောင်ပေါ်ကို တက်ရဲသေး၏။
"ဟင်း...ပြောရရင် ဇာတ်လမ်းက အရှည်ကြီးပဲ"
ရှုချိုးယာက တစ်ခုခုဖြစ်ခဲ့သကဲ့သို့ သက်ပြင်းချလာသည်။
"ကောင်းပြီ၊ ကျွန်မ ရှင်နဲ့ဆက်မပြောတော့ဘူး၊ ဖုန်းချလိုက်တော့မယ်"
ရွှီဖန်း ပြန်ဖြေတာကို မစောင့်ဘဲ ရှုချိုးယာက ဖုန်းကို တိုက်ရိုက်ချသွားသည်။
ဖုန်းကိုင်ထားသော ရွှီဖန်းမှာ ဆူငေါက်မတတ်ပင်။
သူမက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး နေ့ဘက်မှာ တောင်ပေါ်တက်ရင်တောင်မှ အန္တရာယ်များပေသည်။ ဒီလိုညဘက်ကြီးမှာ သတ္တဝါတစ်ကောင်ကောင်နဲ့တွေ့ရင် ဘယ်လိုလုပ်မလို့လဲ။
မြွေကြီးက တောင်ပေါ်တက်လာသည့် ရွာသားများကို ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ရွာသားတိုင်းကို စောင့်ရှောက်နိုင်မည်ဟု မဆိုလိုပေ။
"မဟုတ်သေးပါဘူး"
ရွှီဖန်းသည် ထိုအမျိုးသမီး တစ်ခုခုဖြစ်မှာစိုးရိမ်မိတာကြောင့် အံကိုကြိတ်ကာ တာ့ပင်းတောင်ကို ပြေးသွားလိုက်သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်စုသည် မနီးမဝေးနေရာမှာ အမှောင်ထဲ ရပ်နေကြသည်။
ခေါင်းဆောင်ဖြစ်သူက ညကြည့်မှန်ပြောင်းဖြင့် တာ့ပင်းတောင်ကို ပြေးနေသော ရွှီဖန်းကို ကြည့်နေသည်။
ရွှီဖန်းပြေးသွားသည့် လမ်းတစ်လျှောက်ကြည့်ရင်း သူ့အကြည့်က တာ့ပင်းတောင်ပေါ်ကျရောက်သွားသည့်အခါ သူ့ပါးစပ်ထောင့်မှာ အေးစက်စက်အပြုံးပေါ်လာသည်။
ဤလူမှာ ရှောင်းချောင်၏ ယုံကြည်ရသော လက်ထောက်ဖြစ်သူ အားလုံမှ လွဲ၍ တခြားလူ မဟုတ်ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှောင်းချောင်းသည် ရွှီဖန်းနှင့် ခွေးကို ခေါ်လာခဲ့ရန် အမိန့်ပေးခဲ့သည်။
လက်ရှိအချိန်၌ ရွှီဖန်းက တောထဲမှာ ပြေးလွှားနေသည်။ သူ့ကို သတ်လိုက်လျှင် ဘယ်သူကမှ ခြေရာခံနိုင်မည် မဟုတ်ပေ။
သို့သော်ငြား မစ္စက သူ့ကို ခေါ်လာရန် အမိန့်ပေးထားခဲ့သည်။ အားလုံသည် မျက်မှောင်ကြုတ်ရင်း တီးတိုးရေရွတ်လိုက်သည်။
"သူ့ကို သတ်လိုက်တာက ပိုကောင်းတာကို ဘာလို့ အသက်ရှင်စေချင်နေတာလဲ"
အားလုံး ခေါင်းခါလိုက်သည်။ မစ္စရဲ့ ညွှန်ကြားချက်ကို သူ အာမခံရဲပေ။
"မင်းတို့မှာ အကြံရှိကြလား၊ ငါ ဒီတစ်ခေါက် သူ့ကို အရှင်ဖမ်းချင်တယ်"
"ခေါင်းဆောင် ဘာလို့ အရှင်ဖမ်းမှာလဲ၊ သတ်လိုက်ရင် ဘာမှ မခက်ခဲဘူး"
"ပေါက်ကရတွေရပ်! ငါက အရှင်ဖမ်းရမယ်ဆို အရှင်ပေါ့! မင်းတို့ အကြံပေးချင်ကြလား"
လူတိုင်းက ခေါင်းညိတ်လျက် သူတို့ခေါင်းကို လှည့်ပတ်ကြတော့သည်။ မကြာလိုက်ပေ၊ လူတစ်ယောက်က လက်ခုပ်တီးကာ ပြောလာသည်။
"ရှိတယ်"
"ခေါင်းဆောင် ကျုပ်မှာ စိတ်ကူးရှိတယ်၊ ဒီအစီအစဥ်နဲ့သာဆိုရင် အားထုတ်စရာမလိုဘဲ သူ့ကို အရှင်ဖမ်းနိုင်လိမ့်မယ်"
အားလုံလည်း စိတ်ဝင်တစားကြည့်ကာ မေးလိုက်သည်။
"အိုး! ဘာလဲ ပြောကြည့်"
ထိုလူက ရယ်မောကာ ပြောလာသည်။
"ခေါင်းဆောင် ကောင်မလေးတစ်ယောက်လည်း အဲ့ဒီတောင်ကို သွားတာ မဟုတ်လား၊ ကြည့်ရတာ အဲ့ဒီကောင်လေးနဲ့ ဆက်ဆံရေးတချို့ရှိပုံပဲ"
"ဟဲဟဲ အချိန်ရောက်လာရင် အဲ့ဒီမိန်းကလေးနဲ့ သူ့ကို ခြိမ်းခြောက်လိုက်မယ်၊ သူ နာနာခံခံ မနေရဲပါ့တော့မလား"
သူ့လက်အောက်ငယ်သား၏အကြံကို ကြားသည့်အခါ အားလုံ၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သူ နှာမှုတ်လျက်...
"ဒီအကြံက တော်တော်လေးစက်ဆုပ်ဖို့ကောင်းပေမယ့် ငါသဘောကျတယ်"
ရွှီဖန်း ဆေးခန်းသို့ မရောက်လာစဥ်ကတည်းက အားလုံနှင့်အဖွဲ့သည် ရှုချိုးယာက တောင်ပေါ်တက်သွားသည်ကို တွေ့ခဲ့ရသည်။
ရွှီဖန်းက ထိုအမျိုးသမီးနှင့် ပတ်သက်နေတာ သေချာသည်။ အကယ်၍ တောင်ပေါ်မှာသာ ထိုအမျိုးသမီးကို ဖမ်းပြီး ရွှီဖန်းကို ခြိမ်းခြောက်နိုင်ခဲ့ပါက သူတို့ခိုင်းသမျှကို သူ လုပ်ပေးရလိမ့်မည်။
"ဘာကိုစောင့်နေကြတာလဲ၊ သွား! အဲ့ဒီကောင်မလေးကို ရွှီဖန်းရှာမတွေ့ခင် သွားရှာလာခဲ့"
"ဟုတ်ကဲ့!!"
အားလုံအမိန့်ပေးပြီးနောက် လူတချို့က ခေါင်းညိတ်ကာ ညအမှောင်ကို အခွင့်ကောင်းယူ၍ တာ့ပင်းတောင်ဆီသို့ ဦးတည်သွားကြသည်။
ထို့အတူ ရွှီဖန်းသည်လည်း တောင်ပေါ်ရောက်နေလေပြီ။
အခုလိုအချိန်၌ တောင်ပေါ်တက်ရသည်မှာ ခက်ခဲလှသည်။ တောင်ပေါ်မှ လူများကို ရှာဖွေရာ၌ ပိုမိုလွယ်ကူစေရန် ရွှီဖန်းသည် ပစ္စည်းတချို့ ယူရန်အတွက် အဆောင်ကို အရင်သွားခဲ့သည်။
ထို့နောက် လိုက်ရှာနေရင်း ရွှီဖန်းမှာ ခေါင်းကိုက်သလို ခံစားရသည်။ ဒီတောထဲ၌ ရှုချိုးယာကို ရှာရန် သူ့မှာ သဲလွန်စမရှိပေ။ သူမရှာရမည်မှာ မရိုးရှင်းပေ။
သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဥ်မှာ ရွှီဖန်းသည် နွယ်ပင်တွေပေါ်မှာ လှဲချလိုက်သည်။ ထိုအချိန် နွယ်ပင်အနီးအနား၌ အဝတ်စတစ်ခုရှိနေသည်။ ရွှီဖန်း၏ မျက်လုံးက တောက်ပသွားကာ ထိုအနား ပြေး၍ ကောက်ယူလိုက်သည်။ အနံ့ခံကြည့်မိရာ ရှုချိုးယာ၏ အနံ့ပင်။
ရှုချိုးယာသည် ရေမွှေးနှစ်သက်သူတစ်ဦးဖြစ်ပြီး ရွှီဖန်းသည် နာမည်ကိုတော့ မသိချေ။ သို့သော်ငြား သူမကိုယ်ပေါ်မှ အမွှေးနံ့ကိုတော့ သူသိသေး၏။ ဒီအဝတ်စက သေချာပေါက် သူမဟာပင်။
သူ နောက်ဆုံးတော့ သက်သေရလေပြီ။ ရွှီဖန်းသည် ခေါင်းကို လှည့်ရင်း မနေနိုင်ဘဲ စိတ်ပူမိသည်။ ဒီအမျိုးသမီးက ဒီနားတဝိုက်မှာပဲ ရှိရမည်။
ရွှီဖန်းမှာ ဖြုန်းရန် အချိန်မရှိပေ။ လမ်းတစ်လျှောက် တွေ့သည့် သက်သေများအနောက် လိုက်ကာ တောနက်ထဲသို့ ဝင်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူလိုက်ရှာတာ မြန်ခဲ့သည်။ ဤနေရာတစ်လျှောက် ရှာနေသ၍ သူမကို တွေ့နိုင်ပေသည်။ လမ်းတစ်လျှောက် သဲလွန်စများကို လိုက်ရှာရင်း ရွှီဖန်းသည် သူ့အရှေ့မှ ထူထပ်သော သစ်ရွက်များကိုဖယ်ရှားလိုက်ရာ သူမြင်ကွင်းလည်း ကျယ်ဝန်းလာသည်။
"ဟဲဟဲ သားလေးရေ မင်းအချိန်တွေအများကြီး ဖြုန်းပြီး ငါ့ကို ရှာတွေ့ခဲ့ပြီပဲ"
ထိုအချိန် လူတစ်ယောက်၏ရယ်မောသံကြောင့် သူရှေ့ကို လှမ်းကြည့်လိုက်ရာ မျက်နှာကို ဖုံးအုပ်ထားသည့် လူတချို့သည် ခုန်အုပ်တော့မည့် ကျားများကဲ့သို့ သူ့ကို ဝိုင်းကြည့်နေကြလေသည်။
********************