မျက်နှာဖုံးအုပ်ထားသောလူ
Vol. 9 Ch. 124
တစ်ဖက်တွင် ရှုချိုးယာသည် အမျိုးမျိုးသော အရာများဖြင့် ချည်နှောင်ထားခံရပြီး သူမ၏ပါးစပ်ထဲသို့လည်း အဝတ်တစ်ထည်ဖြင့် ပိတ်ဆို့ထားခံရကာ 'ဝူး ဝူး'ဖြင့် အော်ဟစ်နေသည်။
ရွှီဖန်း၏အမူအရာက ချက်ချင်း မှောင်ကျသွားသည်။ ခေါင်းဆောင်လုပ်သူ၏စကားအရ သူ ဒီနေရာသို့ ရည်ရွယ်ချက်ရှိရှိ သွေးဆောင်ခံလိုက်ရသည့်ပုံပင်။
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကြလား"
ဘာကြောင့်မှန်း မသိသော်ငြား မျက်နှာဖုံးနှင့် ထိုလူ၏အသံကို ရင်းနှီးသလို ခံစားရသည်။
ခေါင်းဆောင်က အေးစက်စွာ အော်လာသည်။
"ဟမ့်! ဒါတွေ မင်း သိစရာမလိုဘူး၊ မင်းကို တစ်ယောက်ယောက်က တွေ့ချင်နေတယ်ဆိုတာပဲ သိဖို့ လိုတယ်"
"တစ်ယောက်ယောက်က ငါနဲ့တွေ့ချင်နေတာလား"
ရွှီဖန်းသည် အရင်ရက်တွေက ဘယ်သူ့ကိုမှန်း ရန်မစခဲ့ဖူးကြောင်း တွေးကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ရုတ်တရက် ရွှီဖန်းတစ်ယောက် တစ်စုံတစ်ခုကို သတိရသွားတော့သည်။ ရှယန်ယွိအတွက် ကုသဆေးလုပ်ရာ၌ ကူညီပေးစဥ်က ရှောင်းပုချီ၏ ချိန်ကိုက်ဗုံး သူ့ဆီလွင့်လာစေရန် ကုသဆေးဖော်ရာ၌ အဓိက တာဝန်ရှိသူမှာ သူဖြစ်ကြောင်းကို ရှယန်ယွိအား သတင်းဖွစေခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က အလွန်ငြိမ်သက်နေခဲ့တာကြောင့် ရှောင်းပုချီက သူနှင့်ပတ်သက်ရန် စွန့်
လွှတ်လိုက်ပြီဟု ထင်ခဲ့သော်ငြား အပြောင်းအလဲတစ်ခုကို ကြံစည်နေမည်ဟု မထင်ထားခဲ့ပေ။
သူ့ရှေ့ရှိ အရပ်ရှည်ရှည် လူခုနစ်ယောက် ရှစ်
ယောက်လောက်ကို ကြည့်ကာ ရွှီဖန်း မျက်လုံးလှိမ့်၍ ရယ်မောမိသည်။
ရှောင်းပုချီက သူ့ကို တစ်ကယ် တန်ဖိုးထားပုံရသည်။ သူ့ကို ဂရုစိုက်ရန်အတွက် လူအများကြီး စေလွှတ်ခဲ့သည်။ သို့သော်ငြား ရှောင်းပုချီက သူ့ကို သတ်ချင်တာမဟုတ်ဘဲ တွေ့ချင်တာဟု ဒီလူက ပြောခဲ့သည်။
ဒါက ရွှီဖန်းအား သိလိုစိတ်ဖြစ်စေသည်။ ရှောင်းပုချီက ဘာကြောင့် ဒီလူတွေကို ငါ့သတ်ခွင့်မပေးချင်တာလဲ။
"ကောင်လေး မင်း ဘာတွေစိတ်ကူးယဥ်နေတာလဲ"
ရွှီဖန်း တွေးတောနေသည်ကို မြင်သည့်အခါ အားလုံ၏ မျက်လုံးများက စိတ်မရှည်သည့်အရိပ်အယောင်များ ပေါ်လွင်လာသည်။
ရွှီဖန်း ရှက်ရွံ့စွာ ရယ်မော၍...
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်၊ ငါ တခြားကိစ္စတစ်ခုကို အတွေးဝင်သွားလို့ပါ"
ရွှီဖန်း၏ လက်ရှိအမူအရာက ခြိမ်းခြောက်ခံနေရသည့် လူနှင့်မတူပေ။ အားလုံ အံကြိတ်ကာ ....
"ကောင်လေး ရှုပ်ရှုပ်ယှက်ယှက်လှည့်စားနေတာတွေ ရပ်လိုက်!"
ရွှီဖန်း ပြုံးလိုက်ကာ...
"ငါ လှည့်စားနေတာ မဟုတ်ပါဘူး၊ မင်းတို့က လူအများကြီးကို ငါ ဘယ်လိုလုပ် လှည့်စားလို့ရမှာလဲ ဒါပေမယ့်"
"ဒါပေမယ့် ဘာဖြစ်လဲ"
ရွှီဖန်းသည် ကြိုးချည်ခံထားရသည့် ရှုချိုးယာကို လက်ညှိုးထိုးလိုက်ကာ...
"မင်းတို့ ငါ့ကို ဖမ်းချင်နေတာမလား၊ ငါ သူမအစား အဖမ်းခံမယ်၊ သူမက အပြစ်မရှိတာကြောင့် လွှတ်ပေးလို့ရမလား"
"ဟမ့်! မင်းသတိပေးစရာမလိုဘူး၊ ငါ မင်းကို ဖမ်းမိရင် သူမကို အလိုလို လွှတ်ပေးမှာပဲ"
ဒီအမျိုးသမီးကို သူသတ်လိုက်ပါက ဒီကောင့်ကို ရူးစေရုံကလွဲ မရှိနိုင်တာ အားလုံသိသည်။ အဲ့ဒီအချိန်ကျ သူ့အကြောင်းကို လူတွေရှာတွေ့ပြီး မစ္စဆီကိုသာ ဒုက္ခတွေ သယ်ဆောင်လာလိမ့်မည်။
ဒီအမျိုးသမီးကို ရွှီဖန်းမတိုင်ခင် ဖမ်းထားရသည့် မကြောင်းအရင်းမှာ ရွှီဖန်းကို အားထုတ်စရာမလိုဘဲ ဖမ်းမိရန်ဖြစ်သည်။
အခုကြည့်ရပုံအရတော့ သူတို့၏အကြံက မဆိုးပေ။
"သွား သူ့ကို သွားချည်လိုက်"
ရွှီဖန်းက နောက်ပြန်လှည့်ရန် အစီအစဥ်မရှိတာကြောင့် အားလုံလည်း သူ့လူတွေကိုအချက်ပြကာ သူ့ကို သွားချည်ခိုင်းလိုက်သည်။
"ဝူး! ဝူး!"
မျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်က ကြိုးကိုကိုင်၍ ရွှီဖန်းဆီ လျှောက်သွားနေသည့် မြင်သည့်အခါ ရှုချိုးယာသည် သူမကိုထားပြီး အမြန်ထွက်ပြေးရန် ပြောချင်နေသကဲ့သို့ အော်ဟစ်နေလေသည်။
ရွှီဖန်း၏ရင်ထဲ နွေးထွေးသွားသလို ခံစားရသည်။ ဒီမိန်းကလေးက သူ့ကြောင့် သူမ အဖမ်းခံထားရတာတောင်မှ သူ့လုံခြုံရေးကို စိတ်ပူပေးနေသည်။
ထိုအချိန် အားလုံ၏ လူက ရောက်ရှိလာသည်။ ရွှီဖန်းသည် သူ့ကိုချည်နှောင်စေရန်အတွက် လက်ကို ဆန့်ထုတ်ပေးခဲ့သည်။
"အိုး! တော်တော်တက်ကြွနေတာပဲ"
ထိုလူက ရွှီဖန်းကို အထင်သေးသလို ကြည့်ကာ စတင်ချည်နှောင်တော့သည်။ မကြာခင်မှာတင် ရွှီဖန်း၏လက်တစ်ခုလုံး တင်းတင်းကြပ်ကြပ်ချည်နှောင် ထားခံလိုက်ရသည်။
ထို့နောက် ရွှီဖန်းသည် ခေါင်းဆောင်လုပ်သူအားချည်နှောင်ထားသည့်လက်ကို မြှောက်ပြ၍...
"ဟေး အဆင်ပြေပြီလား၊ ငါ့ကိုဖမ်းထားပြီးပြီဆိုတော့ သူမကို လွှတ်ပေးသင့်ပြီမလား"
"ကောင်လေး မင်အရမ်းစကားများတယ် မထင်ဘူးလား"
အားလုံက ရွှီဖန်းကို စိုက်ကြည့်နေသည်။ သူလုပ်ရမည့်အရာများကို ရွှီဖန်းက လာသင်ပေးစရာမလိုပေ။ ဒီမိန်းမကို ဒီအတိုင်းလွှတ်လိုက်ပါက လူတွေကို အကြောင်းကြားလိုက်မည်မှာ အသေအချာပင်။
"ဒီအမျိုးသမီးကို သတိလစ်အောင်လုပ်ပြီး လုံခြုံတဲ့နေရာမှာ ထားခဲ့လိုက်"
အားလုံသည် လူဆိုးတစ်ယောက်မဟုတ်ပေ။ ရှုချိုးယာဆီမှ သတင်းမြန်မြန်ဆန်ဆန်မပြန့်စေရန်အတွက် ခဏသတိလစ်အောင်သာ လုပ်ခဲ့သည်။
ရွှီဖန်းကို သူ ဖမ်းထားပြီးလေပြီ။ ဒီအမျိုးသမီး မနက်နိုးလာပြီးရဲတွေကိုခေါ်ကာ တောင်ပေါ်တက်လာ
ရင်တောင်မှ သူ ရွှီဖန်းကို မစ္စဆီသို့ ပို့ဆောင်ပြီးသားဖြစ်နေလိမ့်မည်။
"ဟုတ်ကဲ့ ခေါင်းဆောင်"
အားလုံ အမိန့်ပေးသည်နှင့် လူနှစ်ယောက်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှုချိုးယာ၏ ခေါင်းအနောက်ကို လက်ဖြင့် ခုတ်ရိုက်လိုက်သည်။
ရှုချိုးယာသည် မျက်လုံးမှိတ်ကျကာ နေရာမှာတင် မေ့လဲသွားခဲ့သည်။
ဤလူအုပ်စုက လူသားဆန်နေဆဲဖြစ်ကာ ရှုချိုးယာကို မထိခိုက်စေကြောင်း မြင်မှ ရွှီဖန်းတစ်ယောက် သက်ပြင်းချမိသည်။ ရှုချိုးယာကို သစ်ပင်တစ်ပင်
အောက်မှာ ချလိုက်ပြီးနောက် အားလုံသည် သူ့လက်အောက်ငယ်သားတွေကို ပြန်ခေါ်ကာ ရွှီဖန်းကို တွန်းလိုက်သည်။
"မင်းအဖေရှေ့မှာ ကောင်းကောင်းပြုမူ၊ မဟုတ်ရင် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်ပါနဲ့"
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သော်ငြား ရယ်မော၍ ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါသေချာလေး ပြုမူမယ်လို့ ကတိပေးတယ်"
အကယ်၍ အခုအချိန် ရွှီဖန်း လှုပ်ရှားမိပါက ပြောင်းလဲမှုတချို့ ရှိလာနိုင်သည်။ ရှုချိုးယာ၏နေရာနှင့် ဝေးကွာသည့် နေရာသို့ ရောက်သည်အထိ သူ စိတ်ရှည်စွာ စောင့်ရလိမ့်မည်။
ဒါကြောင့် ထို့လူများအနောက်သို့ သူလိုက်သွားခဲ့သည်။ သိပ်မကြာခင်မှာတင် ဒီလူများ၏ စောင့်
ကြည့်မှုအောက်၌ ရွှီဖန်းသည် အဝေးကြီးကို ရောက်ရှိလာလေပြီ။ သူ နောက်ပြန်လှည့်ကြည့်မိကာ ဒီလောက်အကွာအဝေးဆို သူမ ဘေးကင်းနိုင်ပြီဟု သူတွေးမိသည်။
ဒါကြောင့် ရွှီဖန်းတစ်ယောက် လမ်းလျှောက်နေခြင်းကို ရပ်လိုက်သည်။
"ကောင်လေး မင်းကိုရပ်ဖို့ ဘယ်သူပြောလဲ၊ သေချင်နေလား"
ရွှီဖန်းက နာခံမှုမရှိတာကြောင့် အားလုံ၏ လက်အောက်ငယ်သားတစ်ယောက်က ဒေါသတကြီး ကျိန်ဆဲလာသည်။
ရွှီဖန်းက လုံးဝဂရုမစိုက်ဘဲ ရယ်မောနေသည်။ သူ ခြေလှမ်းကို နောက်ပြန်ဆုတ်လိုက်ကာ ...
"ငါ မင်းတို့ကို ပြောစရာရှိလို့ ဒီမှာရပ်လိုက်တာ"
အားလုံ၏လူများသည် ရွှီဖန်း တစ်ခုခုမှားနေပြီဟု ခံစားရတာကြောင့် ဇဝေဇဝါဖြစ်လာကြသည်။
ရွှီဖန်းသည် ချုပ်နှောင်ခံထားရသည့် သူ့လက်ကို မြှောက်ပြ၍....
"မင်းတို့ရဲ့ကြိုးက ထင်ထားသလောက် မခိုင်ဘူးပဲ"
ရှုချိုးယာ၏အသက် ဘေးကင်းစေရန်အတွက် သူ့ကို ကြိုးမချည်ခင်တုန်းက ရွှီဖန်း၏လက်ထဲ၌ ကောင်းကင်ဘုံစွမ်းအားအဆောင်ရှိနေခဲ့သည်။
ဖောင်း!
ရုတ်တရက် ရွှီဖန်း၏ လက်နှစ်ဖက်မှ ကြွက်သားများ ဖောင်းကားလာကာ ဟိန်းဟောက်သံတစ်ခုနှင့်အတူ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူ့လက်ကို ဖမ်းချုပ်ထားသည့် ကြိုးကို သူ့လက်ဖြင့် ဖမ်းယူခဲ့သည်။
"ဒါက"
အားလုံ၏အဖွဲ့မှာ မြေကြီးအပေါ်တွင် ပြန့်ကျဲနေသည့် ကြိုးစများကိုကြည့်ရင်း တုန်လှုပ်သွားတော့သည်။ သူတို့ မှုန်ကုပ်ကုပ်ဖြင့် ထိုကြိုးစများကို ကြည့်နေခဲ့သည်။
ဒါကြီးက ကြောက်စရာကောင်းလွန်းတာ မဟုတ်ဘူးလား။
ကြိုး၏တင်းကြပ်မှုကြောင့် သွေးစွန်းနေသည့် ရွှီဖန်း၏ လက်များကိုသာ မမြင်နေရလျှင် အားလုံ၏အဖွဲ့မှာ အရည်အသွေးညံ့သောကြိုးများကို ဝယ်ယူမိသည်ဟုပင် အထင်မှားလောက်သည်။
ရွှီဖန်းသည် ဆဲဆိုလိုက်ရင်း နာကျင်နေသည့် သူ့လက်တွေကို ပွတ်သပ်နေသည်။
"ဒါ အရမ်းနာတာပဲ"
ဤဖမ်းဆီးမှုအောက်၌ လွတ်မြောက်ရန်အတွက် သူ ကောင်းကင်ဘုံစွမ်းအားအဆောင်ကို သုံးခဲ့သော်လည်း သူ့ကျွမ်းကျင်မှုက လိုအပ်သေးတာကြောင့် မိမိကိုယ်ကိုယ် နာကျင်စေလိမ့်မည်မှာတော့ အမှန်ပင်။
ရွှီဖန်းသည် သူ့လက်ကောက်ဝတ်၏လှုပ်ရှားမှုက ခါတိုင်းနှင့်မတူဘူးဟု ခံစားမိကာ သူ့အရှေ့မှ မျက်နှာဖုံးနှင့်လူများကို ကြည့်လိုက်သည်။
ရွှီဖန်းရယ်မောကာ ဖြူဖွေးသော သူ့သွားများကို ထုတ်ပြလိုက်သည်။
"ကောင်းပြီ ကြိုးပြတ်သွားပြီဆိုတော့ မင်းတို့ အလှည့်ရောက်ပြီ"
*******************