← Chapters

အပိုင်း(၇၇)

Vol. 8 Ch. 77

အပိုင်း(၇၇)

Vol. 8 Ch. 77

"My Acting, Cut!" ၏ပထမဆုံးအပိုင်း။ ၎င်း၏ တိုက် ရိုက်ကြည့်ရှုသူအရေအတွက် ပေါက်ကွဲလာသည်ကိုတွေ့လိုက်ရသည်။ ကျီဖေးနှင့် ချင်ကျောက်တို့သည် ၎င်းတို့ ၏ဖျော်ဖြေရေးအဖွဲ့အား ဦညွှတ်ရန်ဦးဆောင်လိုက်သောအခါ ပရိသတ်များ၏သောင်းသောင်းဖြဖြလက် ခုပ်သံများထွက်ပေါ်လာပြီး ပါးပါးချင်နှင့် မားမားချင် တို့သည် စိတ်လှုပ်ရှားစွာလက်ပြနှုတ်ဆက်လာကြသည်။

ပွဲကြည့်ပရိတ်သတ်၏ အပြုအမူအပေါ်အခြေခံ၍ အွန်လိုင်းတုံ့ပြန်မှုကိုစိတ်ကူးကြည့်ရန်မခဲယဉ်းပေ။

လက်ရှိတိုက်ရိုက်ထုတ်လွှင့်နေသည့် အကြောင်းအရာတွင် MC သည် စောင့်ဆိုင်းဧရိယာရှိ အခြားဧည့်သည်များကိုတွေ့ဆုံမေးမြန်းကာ အဖွဲ့နှစ်ဖွဲ့၏ဖျော်ဖြေပွဲများနှင့်ပတ်သက်၍ ၎င်းတို့၏ထင်မြင်ယူဆချက်များကို တောင်းဆိုကာပြသခဲ့သည်။

လူအများစုသည် သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သက်၍ ပြောင်မြောက်သော မှတ်ချက်များပေးခဲ့ကြပြီးစောင့် ဆိုင်းဧရိယာမှထွက်ခွာရန် အဆောတလျင်ဆင်ခြေများပေးလာခဲ့ကြသည်။ ၎င်းတို့သည် စိတ်လှုပ်ရှားစရာအမှု ထဲမပါဝင်နိုင်တော့ဘူးဆိုပါက သူတို့အားလုံးရေချိုးခန်းသုံးဖို့ ရုတ်တရတ်တွန်းအားရှိခဲ့မည်ထင်သည်။

"သောက်ကျိုးနဲ့! အရည်ရွှမ်းတဲ့အတင်းအဖျင်းသိရဖို့အတွက် သူတို့စင်နောက်ကိုသွားမှဖြစ်မယ်!"

"အဲ့မှာ ဘာလဲ၊ ငါက VVVVIP လေ မမြင်ဘူးလား ? ငါ ဒုံးပျံလက်ဆောင်ပို့ပေးလိုက်မယ် မြန်မြန်လေး ငါတို့ကို စင်နောက်ခေါ်သွားပေး!"

"ရုပ်ရှင်ဧကရာဇ်အဖွဲ့အရင် စင်ပေါ်ကနေနောက်ရောက်သွားပြီး အခုထိပ်တန်း Idol အဖွဲ့လည်း‌နောက် ရောက်သွားပြီ။ သူတို့ဆုံလိုက်တာနဲ့ စင်ပေါ်မှာထက်ဘယ် လောက်တောင် စည်းကားနေမလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး"

"ကျမကိုလည်း Join ခွင့်ပြုပါ၊ ကျမကိုလည်း Join ခွင့်ပြုပါ၊ စိတ်လှုပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါရစေ!"

MC သည် အင်တာဗျူးအား ဆက်လက်ထိန်းရန် ခက်ခက်ခဲခဲမှတ်ချက်များဖတ်နေခဲ့သည်။ သူလည်း သွား Join ချင်ပေမယ့် ဒီတော်တော်ဆိုးတဲ့အလုပ်က သူ့ကို အတင်းအဖျင်းတွေဆီသွားဖို့ တားဆီးနေတယ်။

ဧည့်သည်များအားလုံး သွားပြီဖြစ်သော်လည်း၊ သူသည် ဤပြိုင်ပွဲအတွက် ဖိတ်ကြားခံထားရသော ပရော်ဖက်ရှင်နယ် သရုပ်ဆောင်နည်းပြများထံသို့လှည့်ကာ အစီအစဉ်ကိုဆက်လက်လုပ်ဆောင်ခဲ့ရသည်။ သို့သော် နည်းပြများပင် Weibo Update အတွက် ၎င်းတို့၏ဖုန်းကိုအမြဲစစ် ဆေးနေကြရသည်။

ထိပ်တန်း Hot Search ခေါင်းစဉ်ဆယ်ခုအား ဤဖြစ်ရပ်ကလုံးဝနီးပါးနေရာယူထားသည်။ အချိန်နှင့်တစ်ပြေးညီ ပေါက်ကွဲထွက်တတ်သော သတင်းအသစ်များအနေဖြင့် အဆက်မပြတ် ပြန်လည်ဆန်းသစ်နေကာ ဆွေးနွေးမှုအပြီးတွင် လှိုင်းထအောင်လှုံ့ဆော်နိုင်ခဲ့ပြီး ဒိုမီနိုအကျိုးသက်ရောက်မှုတစ်ခုလိုပင်။

ဒီ Show အပြီးမှာတော့ လုံးဝဦးနှောက်မရှိတဲ့ အသေခံ Fan တွေအပြင် တခြားသူတွေလည်း ဘာတွေဖြစ်နေလဲ ဆိုတာသိသွားကြပြီဖြစ်သည်။

အမှန်တော့ ‘အချစ်စစ်’ လို့ခေါ်တဲ့ မျက်နှာစာကိုဖယ် ထုတ်ပြီး ခဏလောက်ယုတ္တိရှိရှိ တွေးကြည့်မယ်ဆိုရင် ကျန်တာတွေက ဖောက်ပြန်သူနဲ့ သူ့မယားငယ်တို့ပေါင်းပြီး တရားဝင်ဇနီးကိုဗြောင်ကျကျလိမ်လည်နေတဲ့ မယား ငယ်ဇာတ်လမ်းထက်မပိုပေ။

တစ်ချိန်က လူတိုင်းသည် ထိုစုံတွဲအား Ship ရသည်ကို စွဲလန်းခဲ့ကြပြီး ယခုအခါ အင်တာနက်တစ်ခွင်လုံး ထို အိမ် ထောင်ရေးဖောက်ပြန်သူများကိုဖမ်းကာ လူယုတ်မာနှင့် မယားငယ်အား ဖမ်းဆီးဖို့ရာတတ်တတ်ကြွကြွပါဝင်လာကြသည်။

စင်နောက်ကွယ်ရှိ ရှန်းဝမ်ယွဲ့သည် သူ့စိတ်ဝိညာဉ်အား ဆုံးရှုံးသွားပုံရပြီး၊ သူ့အေးဂျင့်သည် အသည်းအသန်ရုန်းကန်နေရဆဲဖြစ်သည်။ လူအများ၏ထင်မြင်ယူဆ ချက်ကိုကယ်တင်ရန် နည်းလမ်းများရှာဖွေရန်ကြိုးစားနေချိန်တွင် သူ့ စိတ်ဝိညာဉ်ကိုဆုံးရှုံးသွားပုံရသည်။

အတိအကျဆိုရသော် ခိုင်လုံသောအထောက်အထား အနည်းငယ်သာရှိသေးသည်။ အများစုမှာ မကြာသေးမီ Show မှ ခံစားချက်များသာ။

အခုအချိန်မှာ အေးဂျင့်သည် အချက်နှစ်ခုကိုသေချာမှတ်ထားနိုင်ပါက မရှုံးသေးဟုထင်မြင်နေဆဲသာ။ ရှန်းဝမ်ယွဲ့ထံ ရွမ်ကျားအတွက်တကယ်ခံစားချက်မရှိ‌ပေ။ ရွမ်ကျားသည် အမြဲတမ်း သူ့အားစွဲလန်းနေကာ နေမကောင်းမဖြစ်ပေ၊ အရာအားလုံးသည် ရှန်းဝမ်ယွဲ့အား ကလဲ့စားချေဖို့ အပုပ်ချသည့်လှုံ့ဆော်မှုတစ်ခုပင်။

ယခုကျီဖေးနှင့် ချင်ကျောက် လုပ်ခဲ့သည့်အရာသည် အမှန်ဖြစ်ကြောင်း အေးဂျင့်မယုံခဲ့ပေ။ ၎င်းသည် ၎င်းတို့အားအပုတ်ချရန် ဒီဇိုင်းထုတ်ထားသည့်ညှိနှိုင်းပေါင်းစပ် မှုတစ်ခုဖြစ်သည်ဟုသာ သူခံစားရသည်။

ဖျော်ဖြေရေးနယ်ပယ်ထဲ တစ်ယောက်ယောက်က တစ် ယောက်ယောက်ကို နှိမ့်ချချင်ပါက အဖြစ်အများဆုံး နည်းဗျူဟာသည် သတင်းအမှန်နှင့်အမှားကို ရောနှောပြီးထုတ်ပြန်ဖို့ပင်။ ရွမ်ကျားလည်း ထိုလမ်းစဉ်အတိုင်းလုပ်ဆောင်နေသည်ဟု သူထင်ခဲ့သည်။

"ရွမ်ကျားက တကယ်ရက်စက်တာပဲ၊ သူ မင်းကိုလုံးလုံးချေမှုန်းဖို့ကြိုးစားနေတာ!"

အေးဂျင့်သည် ထိန်းမနိုင်သိမ်းမရအခြေအနေကို မြင်လိုက်ရသဖြင့် ဒေါသတကြီးဖြစ်ကာ ဘာမှဂရုမစိုက်ဘဲ ရှန်းဝမ်ယွဲ့အား "မင်း သူ့ကို အမြန်ဆက်သွယ်ဖို့လိုတယ်" ဟု ပြောလိုက်သည်။

ဝမ်ကျားနီသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ဖုန်းကိုကြည့် လိုက်သည်။ လက်ရှိအခြေအနေသည် သူမမျှော်လင့်ထားသည့် အခြေအနေထက်ကျော်လွန်နေပြီး သူမ ရှန်းဝမ်ယွဲ့အား အကူအညီတောင်းရန်လှည့်ကာ "စီနီယာ..."

သို့သော် ရှန်းဝမ်ယွဲ့သည် သူ့ပတ်ဝန်းကျင်ရှိအသံများကို မကြားနိုင်တော့ဘဲ သူ့စိတ်ထဲ ကျီဖေး၏ဒေါသထွက်နေသော စကားလုံးများဖြင့်သာပြည့်နှက်နေသည်။ သူတကယ်ပဲ ရွမ်ကျားကိုမှားခဲ့တာလား ?

သူ ခဏတာအာရုံလွဲနေပြီး တခြားသူတစ်‌ယောက်ကို နည်းနည်းလေး ဂရုစိုက်ခဲ့မိရုံလေ၊ ဘယ်လိုဖြစ်သွားရတာလဲ ?

ထိုအချိန်မှာ ကျီဖေးနှင့် ချင်ကျောက်တို့ဝင်လာခဲ့သည်။ တီးတိုးသံများဖြင့်ပြည့်နှက်နေသည့် စင်နောက်ဧရိယာသည် တစ်ခဏမျှတိတ်ဆိတ်သွားပြီး လူတိုင်း၏အ ကြည့်မျက်အား ‌၎င်းတို့ဆီလှည့်သွားကြသည်။

ချင်ရုန်နှင့် ရှောင်းထောင်တို့သည် နှစ်ယောက်သားပျော်ရွှင်စွာနှုတ်ဆက်ရန် ထွက်လာကြပြီး ကောင်းဟောင် သည် သူ့ဒေါသအားဖုံးကွယ်ထားကာ အပြုံးဖြင့်ချဉ်း ကပ်လာသည်။ သို့သော် ပါးပါးချင်နှင့် မားမားချင်တို့နောက်မှ လိုက်လာသည်ကိုမြင်လိုက်ရသောအခါတွင် သူ့ ဒေါသအားအမြန်ပြန်ရုတ်လိုက်ပြီး ပြုံးရုံသာပြုံးနိုင်ခဲ့သည်။

ချင်ကျောက်နှင့် ကျီဖေးတို့အား အနည်းငယ် သင်ကြားပြသနိုင်သော်လည်း၊ ယခင်မျိုးဆက် Qin Corporation ၏ခေါင်းဆောင်နှင့် ရင်ဆိုင်ရသောအခါတွင် ကောင်းဟောင်သည် သတိထားရမည့်အချိန်ကိုသိရှိခဲ့သည်။

အကြီးအကဲနှစ်ဦးသည် ဒရာမာအားကိုယ်တိုင်ကိုယ်ကျ သက်သေခံရန် ယလာခဲ့သည်။

ဤအခိုက်အတန့်တွင် လူအားလုံး၏မျက်လုံးများသည် အုပ်စုနှစ်စုကြားကူးလူးနေကြသည်။

နောက်တစ်စက္ကန့်တွင်၊ ရှန်းဝမ်ယွဲ့၏အေးဂျင့်သည် ကျီဖေးနှင့်ချင်ကျောက်တို့ထံ ဒေါသတကြီးပြေးလာခဲ့သည်။ လူတိုင်း၏မျက်လုံးများသည် ချက်ချင်းလင်းလက်သွားပြီး ထိုင်ခုံများ သို့မဟုတ် မတ်တပ်ရပ်နေသည့် အနေအ ထားမှ လျင်မြန်စွာဝင်ထိုင်လိုက်ကာ အသက်ရှုမဝဖြစ်နေကြပြီး ဒရာမာကြီးထွက်ပေါ်လာမည့်အချိန်ကိုစောင့်မျှော် နေခဲ့ကြသည်။

အေးဂျင့်ရဲ့ဖုန်းသည် ဆက်တိုက်ဆိုသလိုမြည်နေပြီး ခက်ခဲသည့်အခြေအနေကိုညွှန်ပြနေသည်။

“မင်းတို့ဇာတ်လမ်းက ငါတို့နဲ့ဘာမှမဆိုင်ဘူးလို့ မင်းတိုါဘက်က အခုကြေငြာချက်ထုတ်ရင် ငါတို့ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်နိုင်တယ်” ဟုပြောလိုက်သည်။

[Pfft၊ သူ ဘာတွေလာ ပြောနေတာလဲ ?!]

ကောင်းဟောင်ဆီသို့လှမ်းကြည့်ရင်း ချင်ကျောက်၏ ပါးစပ်သည်လည်းလှုပ်ယမ်းသွားသည်။

ဒီလိုအခြေအနေမျိုးမှာ ကျီဖေးနှင့် ချင်ကျောက်ထံသွားဖို့မလိုအပ်ပေ။ ကောင်းဟောင် ရှေ့ကိုလှမ်းလာပြီး

"ဘာတွေပြောနေတာလဲ စီနီယာ၊ ဒါ ဇာတ်ညွှန်းတစ်ခုပဲ၊ သရုပ်ဆောင်ကလည်း သာမာန်သရုပ်ဆောင်တွေချည်းပဲ၊ ဘယ်လိုဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆန်နေရတာလဲ"

"မင်းတို့ ဒီကိစ္စကို အဝေးကြီးသွားလို့မရဘူးလေ!" အေးဂျင့်သည် သူ့ဒေါသကိုနှိမ့်ချလိုက်သည်။

ကောင်းဟောင် ပြုံးပြီး "ကျွန်တော်တို့က ရှိုးထုတ်လုပ်သူတွေရဲ့တောင်းဆိုချက်အရ ပုံမှန်အတိုင်းပဲဖျော်ဖြေခဲ့ကြတာပါ"

နောက်ဆုံး အေးဂျင့်က "မင်းတို့အားလုံး နေမကောင်းဖြစ်‌ နေတာများလား ဒါမှမဟုတ် တစ်ခုခုပဲ?! ငါတို့ကို ခုလိုဖြစ်အောင်လုပ်ဖို့အတွက် ရွမ်ကျား မင်းတို့ကို ဘယ် လောက်ပေးခဲ့လဲ။"

ချင်ကျောက် အေးဂျင့်အား အထင်အမြင်သေးစွာကြည့်ကာ "မင်းတို့ကို စွပ်စွဲတယ်ပေါ့ ? ဘာ စွပ်စွဲလို့လဲ၊ မင်းတို့ကသာ တခြားသူတွေကိုလိုက်စွပ်စွဲနေတာ မဟုတ်ဘူးလား။"

အေးဂျင့်သည် ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်မှ သူ့လည်ချောင်းအား ဆုပ်ကိုင်လိုက်သလိုပင်။

ကြည့်ရှုသူများသည် မရယ်မိအောင်ကြိုးစားရင်း ပေါင်များကိုတင်းတင်းဆွဲလိမ်ထားလိုက်ရသည်။

"မင်းတို့ ဒီလိုမျိုးနဲ့ အနိုင်ရပြီလို့ထင်လား ?" အေးဂျင့်က ပြင်းထန်စွာပြောလာသည်။

"မင်းတို့မှာ ဘာသက်သေမှမရှိဘူး! မမေ့နဲ့၊ ရွမ်ကျားက ရှန်းဝမ်ယွဲ့ရဲ့ဇနီး၊ စုံတွဲတွေ ရန်ဖြစ်တယ်ဆိုပေမယ့် ပြေလည်သွားကြတာကြီးပဲ။ ဝမ်ယွဲ့နဲ့ပတ်သက်ပြီး သူ ဘာမှသက်သေမပြသေးဘူး၊ ရွမ်ကျားက ဝမ်ယွဲ့ သူ့ကို တောင်းပန်ချင်တာပဲလိုချင်တာ။ မင်းတို့ကို သူ့အတွက် အသုံးချခံပဲ၊ ဝမ်ယွဲ့ သူ့ကိုပြန်လက်ခံလိုက်ရင် မင်းတို့က အထားခံခဲ့ရမှာ၊ ပရိတ်သတ်တွေက မင်းတို့ ဝမ်ယွဲ့ကိုဆွဲချတယ်လို့ထင်ကြလိမ့်မယ်၊ ကိုယ့်ရဲ့အုတ်ဂူ ကိုယ်မတူးစေနဲ့၊ ငါတို့က မင်းတို့ကိုပြန်ပြင်ဆင်လို့ရအောင် အခွင့်အရေးပေးနေတာ။"

[ဘာတွေ လာရှုပ်နေတာလဲ ? ရွမ်ကျားကို ထိန်းချုပ်နိုင်မယ်လို့ မယုံကြည်နိုင်ဘဲနဲ့များ ဖုန်းတောငါခေါ်လို့မရတော့ဘူး။ ဒါကိုများ သူက ငါတို့ကိုလှည့်စားချင်နေသေးတယ်၊ ငါတို့ သံသယဖြစ်ပြီး နောက်ပြန်ဆုတ်သွားရင် သူတို့ လှုပ်ဖို့အခွင့်ရသွားမှာ‌လေ၊ ဒါပေမယ့်... ဟီးဟီး၊ စ တောင်စပြီးနေမှပဲ]

ချင်မိသားစု သေချာနားထောင်လိုက်ကြသည်- ဘာဖြစ်သွားတာလဲ ?

သို့သော် တခြားသူတွေ ဒီစကားကိုကြားတဲ့အချိန်စိတ် ရှုပ်ထွေးသလို ခံစားလိုက်ရသည်။

ချင်ကျောက်နဲ့ ကျီဖေးကသာ ရွမ်ကျားကိုတကယ်ကူညီခဲ့တယ်ဆိုရင် ရွမ်ကျားက ပိုထိခိုက်စေနိုင်တဲ့အချက်အ လက်တွေကို မပေးသင့်ဘူးလား ?

ဒါ တကယ်ပဲ 'အတွင်းရေး အငြင်းပွားမှု' များလား ? အဲ့တာ တော်တော်လေး ရွံဖို့ကောင်းတာပဲ။

ရှန်းဝမ်ယွဲ့ပင်လျှင် ယုံကြည်မှုအချို့တွေ့ရှိသွားသလို ရုတ်တရက်တောက်ပလာသည်။ သူ့ပါးပြင်များပင် နီ မြန်းလာရသည်။

သူ့ကို ချစ်တယ်၊ နာကြည်းတယ်၊ ဒါပေမယ့် နောက်ဆုံး သည်းမခံနိုင်ဘဲလွှတ်ချလိုက်ပြီး သူ့အချစ်ကိုပြန်ရယူချင်ရုံလို့ထွက်ပေါက်တစ်ခုချန်ထားခဲ့တယ်။ ရွမ်ကျား လုံးဝတောင့်ခံထားတာကြောင့် ကြမ်းတမ်းလွန်းတယ်လို့ သူထင်ခဲ့မိတယ်... သူ သိပါတယ်၊ ရွမ်ကျားက ဝုန်းဒိုင်း ကျဲရုံသက်သက်ဆိုတာ...

သူ နည်းနည်းလွန်သွားပြီ၊ နောက်မှ ရွမ်ကျားနဲ့စကားကောင်းကောင်းပြောရမယ်။

တုံး‌တဲ့နေရာမှာဉာဏ်ကောင်းတယ်ပဲဆိုရမလား ? အမှန်တရားကိုရင်ဆိုင်ဖို့ ဆန္ဒမရှိသည်ဖြစ်စေ ရှန်းဝမ်ယွဲ့သည် သူ့ကိုယ်သူနှစ်သိမ့်ရန် တစ်နည်းတစ်ဖုံရှာတွေ့ခဲ့သည်။ သူ မတ်တပ်ရပ်ပြီး ချင်ကျောက်နှင့် ကျီဖေးအားကြည့်ကာ အလေးအနက်ပြောလာသည်။

"ရွမ်ကျားနဲ့ ငါ နှစ်ကိုယ်ကြားရှင်းမယ်။ သူ ကူပြီးရှင်းပေးလိမ့်မယ်။ ကျေးဇူးပြုပြီး ငါတို့ကြားထဲ ပြဿနာတွေ ထပ်မထည့်ပါနဲ့တော့"

ကျီဖေးသည် ရှန်းဝမ်ယွဲ့၏ယုံကြည်ချက်ရှိသောအမူအ ရာကိုကြည့်ကာ ရယ်ချင်လာသည်။

[သူ့ကို အများကြီး နာကျင်အောင်လုပ်ပြီးတာတောင် သူ့အကူအညီကိုမျှော်လင့်ဖို့ အတွေးရှိနေတုန်းပဲ။ နောင်တစ်ချိန်ကျရင်လည်း ခုလိုယုံကြည်မှုရှိရှိနဲ့ နေနိုင်မယ်လို့ မျှော်လင့်တယ်နော်]

All Chapters