အပိုင်း(၈၂)
Vol. 9 Ch. 82
ကျီဖေး- [ချင်မိသားစုရဲ့ မြင့်မြတ်တဲ့ အမျိုးကောင်းသမီးတွေက ဘယ်တုန်းက ဒီလို အတင်းအဖျင်းကြိုက်တဲ့သူတွေ ဖြစ်လာတာလဲ ?]
record ယူနေသည့် အတင်းအဖျင်းဝါသနာရှင်ချင်မိသားစုသည် ကျီဖေးအား အကူအညီမဲ့စွာ တစ်ချက်ကြည့်လိုက်ပြီး သူ၏သြဇာလွှမ်းမိုးမှုအား အသိအမှတ်ပြုလိုက်သည်။
ထို့အပြင် ယခုဆို ၎င်းတို့အားလုံးတွင် ၎င်းတို့၏ အသိုင်းအ ဝိုင်းအတွင်းမှ သူငယ်ချင်းအုပ်စုလေးများရှိကြပြီး အတင်းအ ဖျင်းများအား အဆက်မပြတ်မျှဝေကြသည်။
ချင်ကျောက်နှင့် ကျီဖေးတို့သည် variety showတွင် ဤကဲ့သို့ လှုပ်လှုပ်ရွရွဖြစ်စေခဲ့သောကြောင့် အထက်တန်းစားအသိုင်း အဝိုင်းများပင်လျှင် ဒရာမာထဲမပါဝင်ပဲမနေနိုင်ကျပေ။
အဆုံးတွင် ကျေးဇူးတင်ဖို့ကောင်းစွာ ချင်ရန်သည် တစ်စုံတစ် ဦးထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် လုံခြုံရေးအားအမြန်စေလွှတ်လိုက်သည်။
ရှန်းဝမ်ယွဲ့ နှင့် ဝမ်ကျားနီတို့သည် ကမ္ဘာမကျေရန်သူများကဲ့သို့ အချင်းချင်း သွေးထွက်သံယိုဖြစ်စေခဲ့သည်။ အပြင်သို့ ထွက်သွားပြီး သည့်နောက်တွင်ပင် ဆက်လက်၍တစ်ယောက်ကိုတစ်ယောက် ဆိုးရွားသောစကားလုံးများဖြင့် ကျိန်ဆဲနေကြသေးသည်။
မကြာသေးမီကပင် ၎င်းတို့သည် တစ်တိုင်းပြည်လုံး၏ ပရိသတ်ရှေ့တွင် ချစ်ခင်ပြနေကြသူများဖြစ်သည်ဟု မည်သူကတွေးကြည့်နိုင်မည်နည်း။
ဝမ်ကျားနီ နှင်ထုတ်ခံရပြီးနောက် အေးဂျင့်သည် ရှန်းဝမ်ယွဲ့ အားအကျိုးအကြောင်းရှင်းပြရန် ကြိုးစားခဲ့သော်လည်း ဒေါသထွက်နေသည့် ရှန်းဝမ်ယွဲ့ ထံမှ မျက်နှာသို့လက်သီးဖြင့် လှမ်းထိုးလိုက်ရာ သွားများကျွတ်ထွက်သွားခဲ့သည်။
"မင်းလည်း သစ္စာဖောက်ပဲ၊ ငါ့ကို အမှားတွေလုပ်မိအောင် တွန်းပို့တာ မင်း အပြစ်ပဲ။ မင်းက ငါ့ရဲ့အယုံကြည်ရဆုံး တွဲဖက်လေ၊ မင်း ငါ့ကို ဘာလို့ သစ္စာဖောက်တာလဲ။"
အေးဂျင့်လည်း ဒေါသထွက်နေပြီဖြစ်သည်။ မူလက ရှန်းဝမ်ယွဲ့ သည် အင်တာနက်တစ်ခွင်လုံးတွင် လူမုန်းများနေသော် လည်း အဆုံးသတ်မျဉ်းအားမဖြတ်ကျော်ရသေးသဖြင့် တစ်ကျော့ပြန် ပြန်လည်စတင်ရန်အခွင့်အရေးရှိနိုင်ဆဲဖြစ်ပြီး အင်တာနက်အသုံးပြုသူများထံ တိုတောင်းသောအမှတ်တရများရှိနေနိုင်သေးသည်ဟု သူထင်ခဲ့သည်။
လူများစွာကိုစော်ကားပြီး ရှန်းဝမ်ယွဲ့ နှင့် အလွန်နီးကပ်စွာ ဆက်ဆံခြင်း သည် သူ့ဂုဏ်သိက္ခာကိုလည်းညှိုးနွမ်းစေခဲ့သည်။ ယခုမူ သူ့ အသက်မွေးဝမ်းကြောင်းတစ်ခုလုံးသည် ရှန်းဝမ်ယွဲ့ ၏ပြန်လည်ရှင်သန်လာမှုအပေါ်တွင် မူတည်နေသည်။
ယခုမူ ရှန်းဝမ်ယွဲ့ အားမစွန့်လွှတ်ခဲ့သည့် တစ်ဦးတည်းသော သူ အနေဖြင့် ရိုက်နှက်ခြင်းကိုခံနေရသည်။ သူ ဘယ်လိုမှ ဒေါသမထွက်ဘဲမနေနိုင်ပေ။
"မင်းကို သစ္စာဖောက်တယ် ဟုတ်လား ? စကားကိုတည့်တည့်ပြောစမ်း၊ မင်းရဲ့ အနာဂတ်အတွက်ပဲ ငါ အမြဲစဉ်းစားနေခဲ့တာ။ အရင်တုန်းက မင်း အတွက် ရွမ်ကျားကအကျိုးပြုခဲ့တဲ့အခါတုန်းက ရွမ်ကျားကို ငါ ထောက်ခံခဲ့တယ်။ အခု ဝမ်ကျားနီက မင်းအတွက်အကျိုးပြုတော့ ဝမ်ကျားနီကို ငါထောက်ခံတယ်။ မင်း ရွမ်ကျားကိုကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုတာ ဘယ်သူက သိမှာလဲ၊"
ရှန်းဝမ်ယွဲ့ ဒေါသတကြီး စိုက်ကြည့်နေသည်။ သူ့မိဘများက နှုတ်ဆိတ်နေသော်လည်း နောက်ဆုံးတွင် မပြောဘဲမနေနိုင်တော့ချေ။
"ဟိုတုန်းကတော့ မင်းက ဝမ်ယွဲ့ ကို မိသားစုလိုသဘောထားပြီး ရိုးရိုးသားသားဆက်ဆံတာကြောင့် ငါတို့ မင်းကို စိတ်အားထက်သန်ပြီး ရိုးသားတဲ့သူလို့မြင်ခဲ့တာ၊ အဲဒါကြောင့်ပဲ မင်းကို ဝမ်ယွဲ့ ရဲ့ ကိုယ်စားလှယ်အဖြစ်ထားခဲ့တယ်။ ဒါပေမယ့် မင်းဘယ်လို တွေးနေလဲဆိုတာ ပေါ်လာပြီပေါ့၊ ရွမ်ကျားက အပြင် လူသပ်သပ်ပဲမဟုတ်ဘူး သူက ငါ့သားရဲ့ ဇနီး၊ ဝမ်ယွဲ့ အမှားလုပ်ရင် မင်းက သူ့ကိုအကြံပေးရမှာ အားပေးအားမြှောက်လုပ်ခိုင်းတာမဟုတ်ဘူး!"
"ကျွန်တော် သူ့ကို မိသားစုလို အရမ်းသဘောထားခဲ့တယ်။ သူ ရွမ်ကျားရဲ့ ခင်ပွန်းဆိုတဲ့ တာဝန်နဲ့ ချည်နှောင်ခံထားရတဲ့အတွက် ဝမ်ကျားနီအပေါ် သူ့ခံစားချက်တွေကို အမြဲတမ်း ဖိနှိပ်ထားခဲ့ရတယ်ဆိုတာ ကျွန်တော် သိတယ်၊ အဲ့ဒါကြောင့်ပဲ ကျွန်တော် ခြေလှမ်းစခဲ့တာ။ အချစ်က အရင်ဆုံးဖြစ်မလာဘူး အရင်ဆုံးဖြစ်လာတာက စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အမှားအမှန်တွေပဲ " ဟု အေးဂျင့်က တရားမျှတစွာတုံ့ပြန်ခဲ့သည်။
"ဒါပေမယ့် ငါ ရွမ်ကျားကို ချစ်တယ်၊"
"ဒါက မင်းအခု ကျရှုံးသွားလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာလေ"ဟု အေးဂျင့်က လေသံမာမာဖြင့်အော်သည်။
ရှန်းဝမ်ယွဲ့ သည် ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်ဘက်သို့ ပြုတ်ကျသွားပုံ ပေါ်ပြီး ငိုကြွေးနေသည်။
အေးဂျင့်က "ငါတို့အစီအစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင် မင်းနဲ့ ဝမ်ကျားနီ ပွင့်ပွင့်လင်းလင်းချစ်နိုင်ခဲ့ရုံတင်မကဘူး မင်းရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က နောက်ထပ်တိုးတက်လာမှာ။ အဲ့ဒါကြောင့် ငါ ဘာမှမမှားခဲ့ဘူး။ ရွမ်ကျားအတွက်ကတော့ အချစ်မရှိတော့ရင် သူ့ကို စွန့်လွှတ်လိုက်တာလည်း။ မမှားပါဘူး။"
ရှန်းမိဘများက ဤနောင်တမရသည့်လူအား "မင်းကို အလုပ် ထုတ်လိုက် ပြီ!" ဟု ပြောပြီးနောက် ရှန်းဝမ်ယွဲ့ အား ဆွဲထုတ်သွားကြသည်။
"သူ့ကိုယ်သူ မှားနေပြီလို့ မတွေးမိဘူးလား" အတင်းအဖျင်းအဖွဲ့ သည် မဆွေးနွေးဘဲမနေနိုင်တော့ပေ။
ကျီဖေး အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။
[စိတ်မကောင်းစရာပဲ၊ သူ ခုနကပြောတဲ့ အချစ်မရှိတော့ရင် စွန့်လွှတ်လိုက်ဆိုတာက မှားတော့မမှားဘူး။ သူ့မိန်းမက သူ့လက်ထောက်နဲ့ လျှို့ဝှက်ပြီးဖောက်ပြန်နေတာရော သူသိရဲ့ လား?]
အတင်းအဖျင်းအဖွဲ့ : !!!!
[သူအပြင်မှာ အလုပ်များနေတဲ့အချိန် သူ့မိန်းမက အထီးကျန်ပြီး အားကိုးရာမဲ့ပြီး လက်ထောက်ကိုချစ်မိသွားတယ်လေ။ သူအိမ်မှာမရှိတဲ့ အချိန်ဆို အဲ့နှစ်ယောက်က လက်ထပ်ထားတဲ့စုံတွဲတွေလိုပဲ]
[ပိုရယ်စရာကောင်းတာက ဒီအဖြစ်အပျက်ကြောင့် အခု သူ့မိန်းမက သူ့ ပိုက်ဆံတွေအားလုံးကိုယူပြီး လက်ထောက်နဲ့ ခိုးပြေးဖို့စီစဉ်နေတယ်။ အစကတော့ ဒီတစ်နေ့လုံး အလုပ်ရှုပ်နေပေမယ့် အခုတော့ အလုပ်ထုတ်ခံလိုက်ရပြီး အိမ်ပဲပြန်နိုင်တော့တယ်။ သူတို့နဲ့တောင် ပက်ပင်းသွားတိုးမလား မသိဘူး။]
[ဒါပေမယ့် သူက အချစ်စစ်ရဲ့ လွှမ်းမိုးမှုကိုထောက်ခံခဲ့တယ်ဆိုတော့ ၊ သူ့ ဇနီးရဲ့လုပ်ရပ်ကိုလည်း နားလည်ပေးသင့်ပါတယ်။ နောက်ဆုံးကျတော့ အချစ်က အရင်ဖြစ်မလာဘူး၊ အရင်ဖြစ်လာတာက စည်းမျဉ်း စည်းကမ်းနဲ့ အမှားအမှန်တွေပဲလေ၊ ဟားဟားဟား]
အတင်းအဖျင်းအဖွဲ့: Pff pff pff~ နေပါဦး နင်က တောင်ပေါ်ကမျှစ်တွေ အားလုံးကိုတောင် ယူပြီးသွားပြီလား ??
ထိုကဲ့သို့ ဖျော်ဖြေမှုမြင်ကွင်းအားကြည့်ရှုပြီးနောက် ဈေးဝယ်ထွက်ရင်း ပြဿနာအသေးလေး မကြုံလာရခင်အထိ လူတိုင်း ၏စိတ်အခြေအနေမှာတက်ကြွနေခဲ့သည်။
ကျီဖေးသည် ကျော်ကြားလာသဖြင့် သူ၏ ပရော်ဖက်ရှင်နယ်မဆန်သောရုပ်ဖျက်ထားမှုအား လူအများကလျင်လျင်မြန်မြန်ပင် သတိထားမိသွားကြသည်။
သူ့အား လူအများကြီးမှ ဝန်းရံထားပြီး လက်မှတ်နှင့် ဓာတ်ပုံများတောင်းသည်မှာ ကျီဖေးအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သူသည် စတိုးဆိုင်တစ်ခုထဲဝင်ကာအမြန်ပုန်းနေနိုင်ခဲ့သည်။
ပရော်ဖက်ရှင်နယ်ပြဿနာများအတွက်၊ ပရော်ရှင်နယ်ဆန်မှုကို ထားခဲ့ လိုက်ပါ။ သူ ကောင်းဟောင်အား အကူအညီတောင်းရန် ဖုန်းခေါ်လိုက် သည်။
နားထောင်ပြီးနောက် ကောင်းဟောင်မှ "မင်းအရင်ကလည်း အနုပညာရှင်ပဲ မဟုတ်ဘူးလား ?"
ကျီဖေးသည် ယခင်က အမည်မသိ မော်ဒယ်တစ်ဦးဖြစ်ခဲ့ပြီး မိတ်ကပ်မလိမ်းထားလျှင် လူအများက သူ့အားမမှတ်မိနိုင်ပေ။ ယခုမူ ထိုနည်း လမ်းအားအသုံးပြုမရတော့ချေ။
" ငါ ရှောင်းထောင်ကို မင်းအတွက် လာကြိုခိုင်းလိုက်မယ်။ စကားမစပ် မင်းကို ပြောစရာတစ်ခုရှိတယ် "
ကောင်းဟောင်သည် ချင်ကျောက်ကိုပြောဖူးသည်များအား ကျီဖေးထံသို့ အတိုချုံးပြောပြရန် အခွင့်အရေးယူလိုက်သည်။
"ထိပ်တန်းမင်းသားအဖွဲ့ ပြိုင်ပွဲကနေ နှုတ်ထွက်သွားတဲ့အတွက် အဖွဲ့ ငါးဖွဲ့ ကနေ လေးဖွဲ့ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲစနစ်ကပါ ပြောင်းသွားပြီ။ မင်းရဲ့နောက်ပြိုင်ပွဲက အရင်ကကင်းလွတ်ခွင့်ရထားတဲ့ ယောက်ျားလေးနတ်ဘုရားနှစ်ယောက်အဖွဲ့ နဲ့ တိုက်ရိုက် PK ဖြစ်လိမ့်မယ်။"
"လက်ရှိရည်းစားနဲ့ ရည်းစားဟောင်းလား ?" ကျီဖေး၏လေသံသည် ချက်ချင်း မြင့်တက်သွားသည်။
အတင်းအဖျင်းနားထောင်နေသည့် မိန်းကလေးသုံးယောက်သည်လည်း ချက်ချင်းပင်နားစွင့်လိုက်ကြသည်။
အဆုံးတွင်၊ ရွံရှာဖွယ်ကောင်းသည့် ထိပ်တန်းမင်းသားအဖွဲ့ နှင့် ဤ စပ်ဆုပ်ဖွယ်ကောင်းသည့် အတုအယောင် ချိုမြိန်မှုတို့ကို နှိုင်းယှဉ်ကြည့်လျှင် ဤပေါင်းစပ်မှုမျိုးသည် စင်မြင့်တစ်ခုတည်းပေါ်တွင် အတူတကွလုပ်ဆောင်နေကြသည်ကို လူတိုင်းစောင့်မျှော်ကြည့်ရှုရန်မှာ အမှန်ပင်အဆင်မပြေလှချေ။
ကျင့်ကြံရေးလောကဒရာမာများ၏ အမျိုးသားနတ်ဘုရား စွင်းမိုသည် သူ၏အေးစက်မှု၊ လွှမ်းမိုးနိုင်မှုနှင့် အမူအရာကင်းမဲ့သည့်မျက်နှာတို့ ကြောင့် သူပုံမှန် သရုပ်ဆောင်လေ့ရှိသော အခန်းကဏ္ဍများနှင့်ကိုက်ညီနေသည်။ သူ Singleတစ်ယောက် ဖြစ်သည်ဟု အမြဲတမ်း အခိုင်အမာပြောလေ့ရှိပြီး၊ သူ့၏ အသက်မွေးဝမ်းကြောင်းအတွက် အာရုံစိုက်ကာ စတူဒီယိုတွင်အဆက်မပြတ် ရိုက်ကူးရေးလုပ်နေသည့် သူမျိုးဖြစ်သည်၊ ပုံမှန်အားဖြင့် CP ပင် မရှိချေ။
ကျောင်းတွင်းဒရာမာများ၏ အမျိုးသားနတ်ဘုရားယန်ဟောင်သည် ကောလဟာလများ ပိုများပြီး အရင်းအနှီး၊ နောက်ခံအချို့ဖြင့် သဘာဝအတိုင်း ပေါင်းသင်းဆက်ဆံရေးကောင်းကာ စိတ်အားထက်သန်မှုနှင့် တက်ကြွမှုရှိသူဖြစ်သည်။ လက်ရှိချစ်သူနှင့် ဆက်ဆံရေးအား တရားဝင်မကြေညာခဲ့ဖူးသော် လည်း မကြာခဏဆိုသလိုပင် ချစ်ခင်ကြင်နာမှုများပြသခဲ့သည်။ အချို့ပရိသတ်များက ၎င်းအားကောင်းမွန်စွာလက်ခံခဲ့ကြပြီး အချို့ကတော့ မမြင်ချင်ယောင်ဆောင်ဖို့သာ ရွေးချယ်ခဲ့ကြသည်။
ပရိတ်သတ်များသည် ၎င်းအား အမျိုးသားနတ်ဘုရားနှစ်ပါး၏ပေါင်းစပ်မှုဟုသာတွေး၍ ၎င်းတို့၏ကိုယ်ပိုင် Idol များအား အားပေးနေကြသည်။ သူတို့ ဘယ်လိုတွေးမိနိုင်ပါ့မလဲ- နင်တို့ရဲ့ယောင်းမက တကယ်တော့ ငါတို့ရဲ့ယောင်းမဟောင်းပါ။
ကျီဖေးသည် သူတို့ နောက်ဆုံးတစ်ခေါက်က ရိုက်ကူးခဲ့သည့် ပရိုမိုးရှင်း ဗီဒီယိုအားမှတ်မိနေသေးသည်။ သူ့အာရုံစိုက်မှု သည် ထိပ်တန်းမင်းသားအဖွဲ့ ပေါ်တွင်သာ အများဆုံးရှိနေခဲ့သော်လည်း ထိုသူတို့နှစ်ယောက်ကြားမှ သိမ်မွေ့ တဲ့လေထုအခြေအနေကိုလည်း သတိထားမိခဲ့သည်။
စွင်းမိုသည် ယန်ဟုန်အားလုံးလုံးကို လျစ်လျူရှုထားသော် လည်း ယန်ဟုန်ကတော့ ပြုံးပြီး တက်တက်ကြွကြွဖြင့် ရင်းနှီးနိုင်ဖို့ ကြိုးစားနေခဲ့သည်။
အဖွဲ့ လိုက်ဓာတ်ပုံရိုက်သည့်အချိန်တွင် နီးကပ်နေသည့်ဓာတ်ပုံရရန်အတွက် ယန်ဟုန်သည် ငြိမ်ငြိမ်လေးရပ်နေသည့် စွင်းမိုအား ရုတ်တရက်လက်ဆွဲပြီး လည်ပင်းကိုသိုင်းဖက်လိုက်သည်။
တစ်ယောက်က အေးစက်ပြီး၊ တစ်ယောက်ကနွေးထွေးသည့် ရေခဲနှင့်မီးတို့၏ပေါင်းစပ်မှု။ ပရိုမိုးရှင်းဗီဒီယို ထွက်လာသော အခါတွင် ထိုဓာတ်ပုံက သူတို့ကို ship ရန် fujoshi အချို့အား ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့ ကိုယ်ပိုင် fandom ကိုပင်ဖန်တီးနိုင်ခဲ့သည်။
သို့သော် စွင်းမို၏တစ်ဖက်လူအပေါ်ခံစားချက်ကတော့ ထိုသူ့အားရွံမုန်းနေသည်မှာ ထင်ရှားသည်။ ဓာတ်ပုံရိုက်ပြီးသည်နှင့် တပြိုင်နက် သူက ယန်ဟုန်၏ လက်မောင်းအားပြတ်ပြတ်သားသား ခါချလိုက်ကာ ယဉ်ကျေးမှုလုံးဝမရှိချေ။
နောက်ဆုံးတွင် တစ်ဖက်မှအေးဂျင့်ကအပြုံးဖြင့် တောင်းပန်ရန်ထွက်လာခဲ့သည်။
သို့သော် ယန်ဟုန်သည် တစ်ဖက်သား၏ရိုင်းပြမှုအား လုံးဝပင် စိတ်မဝင်စားဘဲ တမင်တကာ ကျီဆယ်သောခံစားချက်ဖြင့် အနည်းငယ်ပျော်ရွှင်နေပုံရသည်။
ဖျော်ဖြေပွဲရိုက်ကူးပြီးနောက်ပိုင်းတွင် ယန်ဟုန်က မကြာခဏ ထွက်ခွာ ခွင့်တောင်းသည့်အတွက် သူတို့နှစ်ယောက်အား အတူတူတွဲလျက် သိပ်မတွေ့ရတော့ချေ။
သို့ပေမယ့် PK ဖြစ်၍ ခမ်းနားသည့်မြင်ကွင်းဖြစ်မှာသေချာသည်။
"အဟမ်း၊ ဒီတော့ သူတို့ရဲ့ အတွင်းရေးပဋိပက္ခတွေကို လိုက် လျောညီထွေဖြစ်အောင်လုပ်ရတာနဲ့တင် လုံလုံလောက်လောက်ခက်နေပြီ၊ ပုံမှန်ဆို ငါတို့နဲ့ ဘာပဋိပက္ခမှ ဖြစ်မှာ မဟုတ်ဘူး။ စွင်းမိုရဲ့အေးဂျင့် ဖေးမင်ရွမ်က ငါနဲ့ အရမ်းရင်းနှီးတယ်၊ သူက ငါနဲ့တွေ့ ယုံပဲ၊ ငါတို့ရဲ့ ဖျော်ဖြေမှုအသီးအသီးကို
အေးအေးဆေးဆေးနဲ့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်၊ အဲ့ဒါကြောင့် ဒီတစ်ခါ မင်းတို့က မင်းတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အလေးထားပြီး မင်းတို့ရဲ့ ပရော်ဖက်ရှင်နယ်စွမ်းရည်တွေကို ပြသဖို့အာရုံစိုက်လိုက်။ အရေးကြီးဆုံးက အပြုအမူပဲ၊ ဖျော်ဖြေရေးလောကမှာ ငါတို့ရဲ့ပုံရိပ်ကိုမြင့်တက်အောင်ကြိုးစားဖို့အတွက် ပိုများတဲ့လူတွေ ပါဝင်လာအောင်လှည့်စားဖို့လိုတယ်။"
ကျီဖေးသည် ယခု ထပ်တလဲလဲပြောဆိုနေချိန်တွင် ဂရုတစိုက်နားမထောင်ချေ၊ အဘယ့်ကြောင့်ဆိုသော် စွင်းမိုနှင့် ယန်ဟုန်တို့အား အတင်းအဖျင်း System ဖြင့် စကင်န်ဖတ်ပြီးသော ကြောင့်ဖြစ်သည်။
ရလဒ်အနေဖြင့်၊ ထိပ်တန်းသတင်းအချက်အလက်များသည် အတင်းအဖျင်းကြီးတစ်ခုအား တိုက်ရိုက်ဖော်ပြခဲ့သည်။
[အိုးးခိုင်မော့!]
အတင်းအဖျင်းနားထောင်နေသော မိန်းကလေးသုံးယောက်သည် လန့်ဖျပ်သွားကာ လက်များတုန်သွားပြီး ကျီဖေးအား မကြည့်ဝံ့ဘဲ တစ်ယောက်ကိုတစ်ယောက်သာစိုက်ကြည့်နေကြသည်။
လည်မျိုတက်နင်းခံထားရသည့် ငန်းဖြူကြီးတစ်ကောင်ကဲ့သို့ နှလုံးသားထဲမှ ကမ္ဘာမြေနှစ်ခြမ်းကွဲလောက်အောင် အော်ငိုလိုက်သည့် ကျီဖေး၏အသံအားကြားလိုက်ရသည်။
အတင်းအဖျင်းအဖွဲ့: ဘာဖြစ်သွားတာလဲ ? ဘာဖြစ်တာလဲ၊ ဘာ သတင်းကြီးလဲ ?
[ယန်ဟုန်က သူ့ကောင်မလေး ရှုမုန့်ကိုနောက်လာမည့် PK အတွက် အမျိုးသမီးဧည့်သည်အဖြစ်လာစေချင်နေတယ်။]
အတင်းအဖျင်းအဖွဲ့: တဆိတ်လောက် ????
[သုံးပွင်ဆိုင်အချစ်ဒရာမာကို ကိုယ်တိုင်ဖန်တီးနေတာလား? အဟမ်း၊ အဲ့တာ သိပ်မပြင်းထန်ဘူးလား... အိုး... ဟုတ်ပြီ၊ ရှုမုန့်က သဘောမတူဘူး။ အဓိပ္ပါယ်ရှိသားပဲ~]
အတင်းအဖျင်းအဖွဲ့: သနားစရာကောင်းလိုက်တာ။
[အိုမိုမို၊ ဒီ ယန်ဟုန်မှာ ထူးဆန်းတဲ့ စရိုက်ရှိတာလား? သူက စွင်းမိုနဲ့ တွေ့ ဖို့စီစဉ်ပြီး ရှုမုန့်ကို ရှိုးထဲပါအောင်ဆွဲဆောင်ဖို့အတွက် စွင်းမိုကိုတောင်းဆိုခဲ့သေးတယ်။]
အတင်းအဖျင်းအုပ်စု- ဒီယန်ဟုန် နေမကောင်းနေတာဖြစ်နေတာလား ? ဒါပေမယ့် စွင်းမိုကတော့ သဘောမတူပါဘူး။ အစောပိုင်းက ကောင်းဟောင် ပြောပြခဲ့တဲ့ အတွင်းရေးအချက်အလက်တွေအရ အဲဒီတုန်းက စွင်းမိုက အဲ့တာကို ကြီးအောင်မလုပ်နိုင်လို့ ရှုမုန့်ရဲ့ စွန့်ပစ်ခြင်းကို မထင်မှတ်ဘဲ ခံခဲ့ရတယ်။ ယုတ္တိရှိရှိပဲ၊ သူတို့က တူညီတဲ့စင်မြင့်ပေါ်မှာ ပေါ်လာဖို့ အတွက် ပြတ်ပြတ်သားသားငြင်းဆိုလိုက်သင့်ပြီတယ် အတိတ်ကို ပြန်မသွားသင့် ဘူး။
[ စွင်းမိုက မတုံ့ပြန်ခဲ့ဘူး...]
အတင်းအဖျင်းအဖွဲ့: သိသာပါတယ်လေ...
[ဒါပေမယ့် သူက Starlight Club ကို မောင်းသွားတယ်။ အဲ့ဒါကယန်ဟုန်တွေ့ ဖို့ ပြောထားတဲ့နေရာ။ ဒါကို နှုတ်နဲ့မပြောပဲ အလုပ်နဲ့ သက်သေပြတယ်လို့ ယူဆလို့ရလား။ သူလည်း ရှုမုန့်ကို ဧည့်သည်အဖြစ် လာစေချင်တာလား???!!!]
အတင်းအဖျင်းအဖွဲ့: ဒါပေမဲ့ ဘာလို့လဲ???!!!
ကျီဖေးလည်း စိတ်ရှုပ်သွားသည်မှာထင်ရှားသည်။
[နင်တို့သုံးယောက်က ဘယ်လို အချစ်အမုန်းဆက်ဆံရေးမျိုးကို ပေါ်လာအောင် ကြိုးစားနေတာလဲ ?! အရေးကြီးဆုံးက ဘယ်သူက ဘယ်သူနဲ့တွဲမှာလဲ?!]
အတင်းအဖျင်းအုပ်စု- ဒီပေါင်းစပ်မှုအခြေအနေ အားလုံးကို သုံးသပ်ပြီးသွားတော့ ဘာလို့ သူတို့အားလုံး သွေးထွက်သံယိုဖြစ်ပြီး အဆုံးသတ်သွားလိမ့်မယ်လို့ ခံစားနေရတာလဲ?
[အိုးမိုင်ဂေါ့!!!]
အတင်းအဖျင်းအဖွဲ့: အခုကရော ဘာဖြစ်ပြန်ပြီလဲ။
[ဖေးမင်ရွမ်က စွင်းမို ပျောက်နေတာသိသွားပြီး သူ့ကို နေရာတိုင်းမှာလိုက်ရှာနေတယ်။ သူတို့ အနုပညာရှင်တွေရဲ့ ဂုဏ် သိက္ခာကို အရမ်းကာကွယ်ပေးရတဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ သူ ဒီလိုအခြေအနေမျိုးလုံးဝဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။ သူတို့ကိုရှာတွေ့ သွားရင် တားမှာသေချာတယ်။ သူ တွေ့ သွားမဲ့အချိန်ကို စောင့်မျှော်နေပါတယ်...]
[အားးး၊ ငါအရမ်းသိချင်နေပြီ! အတင်းအဖျင်း System ကတစ်ဆင့် သိနိုင်ပေမဲ့ ဒရာမာကို ကိုယ်တိုင်ကိုယ်ကျသွားကြည့်ချင်တယ်။ Starlight Club... ငါ သွားသင့်လား... ]
အတင်းအဖျင်းအဖွဲ့ : နင် သွားသင့်တယ်...
"ဟေး ဟေး ငါပြောတာကြားလား ?" ကောင်းဟောင် အခြားတစ်ဖက်မှ လှမ်းအော်သည်။
"အင်းအင်း၊ ကြားတယ်။ လုပ်စရာရှိသေးလို့ နောက်မှ ပြန်ခေါ်လိုက်မယ်” ကျီဖေးကပြောပြီး အပြုံးချိုချိုလေးဖြင့် သုံးယောက်ဘက်သို့လှည့်ကာ
"နောက်မှ ကျွန်မ...."
သူတို့ နောက်တွင်ကျန်ခဲ့တော့မည်ကိုမြင်သဖြင့် မားမားချင်က "ငါတို့ ကစားဖို့ ဘာလို့တစ်နေရာရာကိုမသွားရမှာလဲ ?"
ချင်ရန်က ချက်ချင်းဆိုသလို "ငါတို့ အပြင်ထွက်ပြီဆိုမှတော့ဘာလို့ တစ်ညလုံးနေပြီး ပါတီပွဲကြီးမကျင်းပရမှာလဲ?"
ချင်ရုန်လည်း စိတ်လှုပ်ရှားနေပြီး သူ့မျက်နှာလေးနီမြန်းလာကာ "ငါတို့ ချင်မိသားစုက အမျိုးသမီးတွေအကုန်အတူတူရှိ နေသင့်တယ် ဘယ်သူမှမကျန်ခဲ့သင့်ဘူး!"
ကျီဖေး :……
"အဆင့်မြင့်ကလပ်တစ်ခုက တော်တော်လေးကောင်းတယ်လို့ ကြားဖူးတယ်၊ ရှောင်းထောင်ကိုတော့ နောက်မှ အဲ့ကိုလာဖို့ပြောလိုက်မယ်..."
အဆိုပြုချက်ကို တညီတညွတ်တည်းအတည်ပြုခဲ့ကြသည်။
ဟိုးအဝေးရှိစတူဒီယိုတွင် ကောင်းဟောင် ရုတ်တရက် မက်ဆေ့ခ်ျတစ်ခုလက်ခံရရှိခဲ့သည်။ သူ့မျက်နှာအမူအရာ ချက် ချင်းပြောင်းလဲသွားသည်။
"ကျီဖေးက မင်းတို့ရဲ့ချင်မိသားစုက အမျိုးသမီးတွေကို Starlight Club ကို ခေါ်သွားတာလား ?"
ဆိုဖာပေါ်တွင်ထိုင်နေသော ချင်ကျောက်လန့်သွားပြီး "ဘယ်နေရာ ?"
ကောင်းဟောင် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် "အဲ့ဒါက ဖျော်ဖြေရေးလောကက လူတွေကြားထဲရေပန်းစားတဲ့ သီးသန့် ၊ အဆင့်မြင့်ကလပ်တစ်ခုလေ။ မင်း ပြဿနာဖြစ်မှာစိုးလို့ ငါ အဲဒီကဝန်ထမ်းတွေနဲ့ ဆက်သွယ်ခဲ့တာ။ ငါ့အနုပညာရှင်တွေကိုတွေ့ ရင် သူတို့က ငါ့ကိုအကြောင်းကြားတယ်၊ ဒါပေမယ့် မင်းက အမြဲတမ်းအနေအထိုင်ပိရိတယ်လေ အဲ့ဒီလိုနေရာမျိုး ဘယ်တော့မှ မသွားဘူး။"
ချင်ကျောက် မျက်ခုံးပင့်လိုက်ပြီး "ဒါ ပြဿနာမဟုတ်ဘူးမလား ? မား၊ ကျဲနဲ့ မေ့မေ့တို့က ဒီနေ့ ကျီဖေးနဲ့ အတူတူရှိနေကြတာမဟုတ်ဘူးလား။ သူတို့ ကာရာအိုကေဆိုပြီး ပျော်ဖို့သွားတာပဲ နေမှာပေါ့။"
ကောင်းဟောင်၏ အမူအရာကတစ်မျိုးကြီးဖြစ်သွားသည်။
"ငါ့အထင် အဲ့တာကအဆင်ပြေလောက်ပါတယ်၊ သူတို့က ယောက်ျားလေးရော မိန်းကလေးကိုပါ အဖော်အဖြစ် သီချင်း ဆိုဖို့ ကမ်းလှမ်းခဲ့ကြပေမယ့်..."
ချင်ကျောက် : ?
"ယောက်ျားလေးအဖော်လား ?"
"မင်း သိပါတယ်၊ အသားဖြူဖြူ ၊ နှုတ်ခမ်းရဲရဲ ၊ six pack တွေ Abs တွေ..."
ချင်ကျောက် မျက်ခုံးလှုပ်သွားသည်။
ထိုအချိန်မှာပင် ကောင်းဟောင်၏ဖုန်းမှအသံမြည်လာသည်။ သူ ငုံ့ကြည့်ရင်း နှုတ်ခမ်းအားတွန့်ကာ "အိုး... မင်းရဲ့မိသားစုဝင်တွေက အဓိကနေရာလေးပဲအုပ်ထားတဲ့ ခပ်ချောချော ယောက်ျားလေးဆယ်ယောက်ကို ခေါ်ထားတဲ့ပုံပဲ"
ချင်ကျောက်မျက်နှာ မည်းမှောင်သွားသည်။
ချင်မိသားစု အမျိုးသားများအဖွဲ့ Group chat -
ချင်ကျောက်: အရေးပေါ်သတိပေးချက်၊ အရေးပေါ်သတိပေး ချက်၊ @ဒုတိယအစ်ကို၊ မင်းရဲ့အစည်းအဝေးကို ရပ်လိုက်၊ @အဖေ၊ ငါးမျှားနေတာကို ရပ်လိုက်တော့၊ @တူလေး၊ မင်းက... မင်းရဲ့အိမ်စာတွေကို ဆက်လုပ်နေ!
Let's go go go!