အပိုင်း(၈၈)
Vol. 9 Ch. 88
"ကျေးဇူးမသိတတ်တဲ့သား" ဟူသော စကားလုံးသည် ပြင်းထန်စွာကျဆင်းသွားခဲ့သည်။ ယာဉ်မောင်းသည် သူမောင်းနှင်နေသောကားမှာ အနည်းငယ်တုန်ခါနေသလို ခံစားရပြီး ယာဉ်ဘေးကင်းရေးပြဿနာရှိမရှိကိုစိုးရိမ်နေမိသည်။
နောက်ခန်းမှာရယ်ချင်စိတ်ကို အတင်းထိန်းနေရပြီး မရယ်ထွက်မိအောင် အကျပ်အတည်းဖြစ်နေကြမည်ဟု မည်သူကတွေးနိုင်မည်နည်း။
[သူဟာ သူ အချစ်ရေးပဲအာရုံစိုက်နေတော့ တခြားသူတွေကိုလည်း သူ့လိုပဲထင်နေတာလား ? လက်ထပ်ခွင့်တောင်းတာကို ကြင်နာမှုကိုကျေးဇူးဆပ်တယ်လို့တွေးနေတာပဲ။ ဖေးမင်ရွမ် အိပ်မက်မက်ခဲ့အရာလို့ထင်နေတာ အဲ့တာကြောင့် သူ အငြင်းခံရတော့ စိတ်ဆိုးသွားတာကိုး]
ချင်မိသားစု- ... Pfft pfft pfft ထိန်းထားရမယ်၊ ဒီကျေး ဇူးမသိတတ်တဲ့သားက တော်တော်လေးပုန်ကန်တတ်တာပဲ။
[ပြဿနာမှာ သူ မတုံ့ပြန်လာတဲ့အထိ ပြဿနာကို သူနားမလည်သေးတာပဲ၊ ဖေးမင်ရွမ် နှိမ့်ချပြီးသူ့ကိုသိပ်ချစ် နေတယ် ၊ သူ့အသက်မွေးဝမ်းကြောင်းကို အရမ်းဂရုစိုက် နေတာကြောင့် တစ်သက်လုံးအတူနေခွင့်ရတဲ့ အခွင့်အ ရေးကိုရင်မဆိုင်ရဲဘူးလို့ သူထင်နေတာပဲ။]
ချင်မိသားစု- နှိမ့်ချတယ် ? ဖူးးး-ဟဟားးးး
[ပိုရယ်စရာကောင်းတာက သူ တကယ်လက်ထပ်ချင်နေတာ။ ရှုမုန့် ဆီမှာ ဆက်လှည့်စားမခံရသင့်တော့ဘူးလို့ ခံစားရပြီး သူ့ကိုခြွင်းချက်မရှိချစ်တဲ့ ဖေးမင်ရွမ်ကိုဘဲ ရွေးချယ်သင့်တယ်လို့တွေးနေတာ။ အဲ့တာကြောင့် Propose မလုပ်ရသေးတာတောင် သူ့စိတ်ထဲ ဖေးမင်ရွမ်ကို သူ့ချစ်သူလို့ယူဆထားပြီးသား]
[ခဏလေး... ဖေးမင်ရွမ်ကကော သူ သူတို့ရဲ့ထူးဆန်းတဲ့ ကစားပွဲထဲ ပါသွားပြီဆိုတာ သိကောသိရဲ့လား။]
ချင်မိသားစု- ရပ်လိုက်၊ ရပ်လိုက်တော့၊ ငါတို့ မရယ်ပဲ မနေနိုင်တော့ဘူး။
လူတိုင်းရယ်ထွက်မိမည်ကို ကြောက်လန့်နေကြသဖြင့် ချင်ကျောက်၏အရင်စကားဝိုင်းအား ဆက်ရန်အမြန်ပြောခဲ့ပြီး သူတို့စုံတွဲ၏ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သံသယတွေကိုဖော်ပြခဲ့ကြသည်။
"ဒါပေမယ့် ဖေးကျဲ ယုံသွားရင် သူ လှည့်စားခံရမှာမဟုတ်ဘူးလား ?" ချင်ရုန် စိုးရိမ်နေကာ"ပြီးတော့၊ ဒါ သူ နှစ်ပေါင်းများစွာသိလာတဲ့ သူဆီက ဖွင့်ဟဝန်ခံမှုလေ"
"သူက အရမ်းကျွမ်းကျင်တယ်၊ ပြဿနာကို သူ မြင်နိုင်ပါတယ်" ဟု ချင်ရန်ကပြောသည်။
[တကယ်တော့ မသေချာဘူး။ ငါတို့ရဲ့ ဖေးကျဲက နတ်ဘုရားမျက်စိမှမရှိတာ၊ မဟုတ်ရင် သူ ဟိုတုန်းကတည်း က ဒီအရူးကိုသတိဝင်လာအောင်ရိုက်နှက်ပြီးလောက်ပြီ]
[စွင်းမိုက ရက်ရက်စက်စက်သစ္စာဖောက်ခံရ စွန့်ပစ်ခံရတာအပြင် အရမ်းနာကျင်ခဲ့ရတာခံကိုမြင်ခဲ့ရပြီး ရှုမုန့် ကို အကြိမ်ကြိမ်လက်စားချေဖို့ကြိုးစားတယ် ငါးနှစ်ကြာ တဲ့အထိအောင် ရှုမုန့်နဲ့ လုံးဝမဆက်သွယ်ဘဲ အမုန်းစကားတွေပဲ အဆက်မပြတ်ပြောနေခဲ့တယ် - အချစ်မျက်ကန်းတစ်ယောက်အတွက်၊ ဖေးကျဲစိတ်ထင် မက်ဆိုးချစ်ပ် Type လို့ သူတွေးနေတာဖြစ်နိုင်တယ်။]
[သူမနဲ့ စွင်းမိုကြား လေးနက်သောခံစားချက်ရှိတဲ့အ တွက် စွင်းမိုရဲ့ဝန်ခံမှုက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ့စိတ်ထဲလည်း မရေမရာဖြစ်နေမှာပဲ။]
ဒါကိုကြားတော့ အားလုံးဖေးမင်ရွမ်အတွက် ချက်ချင်းဆိုသလိုစိုးရိမ်လာကြသည်။ ဒီလိမ္မာပါးနပ်တဲ့ မိန်းက လေးက သူ့နှလုံးသားခဏလောက်ပျော့ပြောင်းသွားချိန် လှည့်စားခံလိုက်ရရင် ဘယ်လိုလုပ်မလဲ...
[ဒါပေမယ့်! မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူ လုံးဝ ဂရုမစိုက်ဘူး။ ဖေးကျဲက စွင်းမိုကိုပြဿနာမဖြစ်ဘဲ နာခံမှုရှိရှိနဲ့အလုပ်လုပ်စေချင်တာ]
[ဒီတော့ သူ တကယ်ချစ်တာဆိုရင် သူ စိတ်သက်သာရာရသွားလိမ့်မယ်။ စွင်းမိုက သူ ထိန်းချုပ်နိုင်တဲ့အကွာအဝေးတစ်ခုထဲမှာရှိနေတာပဲ ရှုမုန့် အပေါ်ခံစားချက်မကုန်မခမ်းနိုင်ဖြစ်နေတာထက်ပိုကောင်းတယ်။ အဲ့ဒါက သူတို့ရဲ့အနာဂတ်ကို ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ ကိုင် တွယ်ဖို့အတွက် PR ပိုင်းစီမံခန့်ခွဲရမယ့်ဘေးဒုက္ခကနေ သူ့ကို ကယ်တင်လိုက်နိုင်တာပဲ]
[အခုအချိန်မှာ သူတို့အတွက်အရေးကြီးတဲ့ကာလပဲ။ စွင်းမိုဖျော်ဖြေပွဲအတွက် ကောင်းကောင်းပြင်ဆင်တာကိုပဲ သူလိုချင်တာ၊ သူ့အမြင်မှာတော့ ချစ်တာဖြစ်ဖြစ်၊ မချစ်တာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတာဖြစ်ဖြစ်၊ မပြုတာဖြစ်ဖြစ် အားလုံးခေတ္တဆိုင်းငံ့ထားဖို့လိုတယ်။ အားလုံးပြီးသွားမှ သူနဲ့သေချာရှင်းဖို့၊ ဒီကြားထဲ သူမထိခိုက်စေဖို့နဲ သူမအတွက်ပြဿနာမဖြစ်စေဖို့ပဲလိုတယ်။]
ဒါကိုကြားတော့ ချင်ရှန့်ရုတ်တရက်ပြောလိုက်သည်။
"ဖေးမင်ရွမ်က အရမ်းပရော်ဖက်ရှင်နယ်ကျသလို ရည် မှန်းချက်လည်း အရမ်းကြီးတယ်၊ ဒါကြောင့်ဆက်ဆံရေး ပြဿနာတွေကို သူမ ဂရုမစိုက်ဘူး။ ခုအချိန်က တကယ်အစိုးရိမ်ရဆုံးအခိုက်အတန့်လေ။"
"အသက်မွေးဝမ်းကြောင်း အပြောင်းအလဲကြောင့်လား ?" ချင်ကျောက် မေးလာသည်။
ချင်ရှန့်က ချင်ကျောက်အား မျက်လုံးပြူးကာ "မင်း လုပ်ငန်းသတင်းတွေ လုံးဝမကြည့်ဘူးလား ? ဖေးမင်ရွမ်က စွင်းမိုနဲ့အတူ ကုမ္ပဏီကိုဆန့်ကျင့်ပြီးလောင်းကြေးထပ်ထားတာ၊ သူက စွင်းမိုနဲ့အတူလွတ်လပ်ချင်တာ၊ အဲ့ဒါကြောင့် အခုချိန်မှာ သူ ရှုံးလို့မရဘူး။"
လူတိုင်း ရုတ်တရက်ဆိုသလို နားလည်သွားကြသည်။ ဖေးမင်ရွမ်က စွင်းမို လက်ထပ်ဖို့အကြောင်းပြောတဲ့အ ချိန်မှာ သူ ဘာမှမပြောဘဲငြိမ်နေခြင်းသည် အရေးကြီးသောအခိုက်အတန့်တွင် ပြဿနာလုပ်ဘာမည်ဆိုးသဖြင့်
အချိန်ဆဲ့သည့်ဗျူဟာများ အသုံးပြုနေပုံရသည်။
လူတိုင်း ချက်ခြင်းစိတ်သက်သာရာရသွားပေမယ့် တစ်ချိန်တည်းမှာ ရယ်ချင်နေရပြန်သည်။
ယုတ္တိရှိရှိပြောရရင် စွင်းမိုက ဖေးမင်ရွမ် ဘာလုပ်နေလဲ ဆိုတာ သူ သိသင့်တယ်။ သူ့အနာဂတ်အတွက် လုပ်နေတာရှင်းနေတာပဲ၊ သူကတော့ အခု သူ့စိတ်ထဲအချစ်ကလွဲလို့ဘာမှမရှိဘူး။
"ဖေးကျဲ... အားလုံးကောင်းပါတယ်၊ ဒါပေမယ့် သူ့အမြင်အာရုံကတော့.."
ကျီဖေးက မထိန်းနိုင်ဘဲ ပြောလိုက်သည်။
ချင်ကျောက်က "တကယ်လို့ ပရော်ဖက်ရှင်နယ်ရှုထောင့်ကနေကြည့်မယ်ဆိုရင် စွင်းမိုကတကယ့်ပျိုးပင်ကောင်းပဲ။ ဖေးမင်ရွမ် သူ့ကိုစွန့်စားဖို့ တကယ်လည်းအားကိုးနိုင်ပါတယ်။ ဒါပေမယ့်..."
လူတိုင်း- ဒါပေမယ့် သူ ဒီလောက်မျှော်လင့်ချက်မဲ့ပြီး အချစ်ဇာတ်လမ်းတွေနဲ့ ရှုပ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ ??
ကျီဖေး: [တောင်ကိုအားကိုးရင် တောင်ပြိုတယ်၊ အချစ်ရူးကိုအားကိုးလို့ကတော့ သုံးစက္ကန့်တောင်ကြာမှာမဟုတ်ဘူး။]
အဆုံးမှာ ၎င်းတို့သည် နောက် PK အတွက် ပြိုင်ဘက်များဖြစ်သဖြင့် ကျီဖေးသည်အချက်အလက်စုဆောင်းဖို့လိုအပ်သည်ဟုတွေးမိသည်။ သူမ ဒရာမာကြည့်ချင်တာကြောင့် မဟုတ်တာသေချာသည်။
နောက်ရက်အနည်းငယ်ကြာသော်...
[ဖူး-ဟဟားးး စွင်းမိုက ဖေးကျဲနဲ့ Date လုပ်ဖို့ ဖေးကျဲကို မေးလိုက်တာ ဖေးကျဲက သူ့ကို Performance နည်းပြနဲ့ တွေ့ဖို့ခေါ်သွားတယ်...]
[စွင်းမိုက ယန်ဟုန်နဲ့ ရှုမုန့် အတူတူထွက်သွားတာကိုမြင်လိုက်ရလို့ အဲ့ဒီညမှာပဲ ဖေးကျဲရဲ့အိမ်ကိုတည့်တည့်သွားခဲ့ပြီး အဲဒီမှာပဲနေဖို့စီစဉ်ခဲ့တယ်။ သူတို့ ကော်ဖီအခွက် ပေါင်းများစွာသောက်ပြီး နှစ်ယောက်သားဇာတ်ညွှန်းတွေတစ်ညလုံးလေ့လာခဲ့ကြတယ်]
[ဒါတွေအားလုံးပြီးတော့ စွင်းမိုက ဖေးမင်ရွမ် သူ့ကိုယုံကြည်မှုမရှိဘူး၊ သူ့အချစ်မစစ်မှာကို စိုးရိမ်တဲ့အတွက် သူ့ကို ချစ်ဖို့ကြောက်နေတယ်လို့ စွင်းမိုကထင်သွားသေးတယ်။]
[နောက်တနေ့မနက်မှာ စွင်းမိုက သူ့မျက်လုံးအောက်မှာ အမဲကွင်းတွေနဲ့ ကုမ္ပဏီကိုသွားခဲ့တယ်၊ တစ်ညလုံးအနား မယူဘဲ ဘယ်မှာဆော့နေခဲ့လဲဆိုပြီး တစ်ယောက်ယောက်ကအရွှန်းဖောက်မေးလာတော့ စွင်းမိုက သူဘယ်မှမသွားဘူး၊ မင်ရွမ်ရဲ့အိမ်မှာရှိနေတာဆိုပြီးပြောလိုက်တယ်။ ပထမအချက် ယန်ဟုန်နှင့် ရှုမုန့်တို့ အတူတူအပြင်ထွက်လို့၊ ဒုတိယအချက် ဖေးမင်ရွမ် သူ့ကိုယုံကြည်လာအောင် လို့၊ ဒါပေမယ့် ဘယ်ဟာအမှန်လဲ၊ ဘယ်ဟာက အမှားလဲ၊ အတင်းအဖျင်းစနစ်ကတောင် အဖြေတိတိကျကျမပေးနိုင်ဘူး။ အမှန်ပဲ၊ လူ့နှလုံးသားက နားလည်ရခက်တယ်]
[ဒါပေမယ့်၊ သူ့ အပြုအမူတွေကြောင့် သူတို့နှစ်ဦးကြားရက ရှင်းလင်းတဲ့ဆက်ဆံရေးက ချက်ချင်းညစ်ညမ်းသွားတယ်၊ ခေါင်းဆောင်လုပ်တဲ့သူက ဖေးကျဲကိုချက်ချင်း ခေါ်တွေ့လာရော၊ ဒီရက်ပိုင်း ဖေးကျဲက အဲ့ကလေးကို ရိုက်ချင်တဲ့ဆန္ဒတွေ အထွတ်အထိပ်ရောက်နေပြီလို့ထင်တာပဲ]
[သေစမ်း! ဖေးကျဲ တကယ်ကြီးသည်းခံလိုက်တယ်။ ဖေးကျဲက အရမ်းတည်ငြိမ်တာပဲ။]
ဒီလိုနဲ့ အစမ်းလေ့ကျင့်သည့် နေ့ရောက်လာခဲ့သည်။
ပုံမှန်အားဖြင့်၊ တိုက်ရိုက်ထုတ်လွှင့်ခြင်းမပြုမီ၊ ပရိုဂရမ်အဖွဲ့သည် အစမ်းလေ့ကျင့်မှုများပြုလုပ်ရာတွင် အကူ အညီပေးရန်နှင့် ထိုအချိန် လိုအပ်သောစင်မြင့်အကျိုးသက်ရောက်မှုများအကြောင်းဆက်သွယ်ရန် liveနှင့် လိုအပ်မည့် Stage Effect တွေပံ့ပိုးပေးမည်ဖြစ်သည်။
၎င်းတို့သည် အစမ်းလေ့ကျင့်မှုလုပ်ငန်းစဉ်အားရိုက်ကူးရန်အတွက် ရိုးရှင်းသော ရိုက်ကူးမှုအချို့ကိုလည်းစီစဉ်ပေးမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှု အကူးအပြောင်းများအတွင်း BTS အဖြစ် ထုတ်လွှင့်သွားမည်ဖြစ်သည်။ သို့သော် ဤအရာအားလုံးကြိုပြောထားမည်ဖြစ်သောကြောင့် လူတိုင်းမှ ကိုယ်သုံးမည့် Slide တစ်ခုအားပြသကြရမည်ဖြစ်သည်။
အစမ်းလေ့ကျင့်မှုတွင် ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အုပ်စုတွင်းပဋိပက္ခများပြသခြင်း သို့ တိတ်တိတ်ဆိတ်ဆိတ် ပူးပေါင်းဆောင်ရွက်မှုကိုပြသခြင်းဖြစ်စေ၊ အားလုံး ပရိသတ်များကိုဆွဲဆောင်လိုသည့်ပုံပေါ် မူတည်သည်။
ကောင်းဟောင်၏ဖိအားအောက်တွင် ကျီဖေးသည် နာခံမှုရှိရှိအစမ်းလေ့ကျင့်နေပြီး အတင်းအဖျင်းပြောခြင်းအား ဂရုပင်မစိုက်နိုင်ပေ။
ခဏအကြာ လက်ထောက်အဖြစ်ပါလာသော ချင်ရုန်က စိတ်လှုပ်ရှားစွာပြေးလာပြီး "ဘေးနားမှာ ရန်ပွဲရှိတယ်"
ကျီဖေးသည် သူမ၏တစ်ဝက်တစ်ပျက်သရုပ်ဆောင်နေသည့် အခြေအနေမှချက်ချင်းထကာ "ကောင်းကော၊ ကျမ အနားယူဖို့လိုတယ်"
ကောင်းဟောင် ငြင်းတော့မည့်အချိန် ကျီဖေးတင်မကဘဲ ချင်ကျောက်လည်း ရုန်းရင်းဆန်ခတ်ရှိရာဆီသို့ အိတ် ကပ်ထဲလက်နှစ်ဖက်ထည့်ကာ လမ်းလျှောက်သွားသည်ကိုတွေ့လိုက်ရသည်။
ကောင်းဟောင် သူ့ခေါင်းကိုလက်ဖြင့်နှိပ်လိုက်ရင်း သူ့အဖွဲ့က သူပုန်တွေကြီးပါပဲလားဟုမတွေးဘဲမနေနိုင်ချေ။
ကောင်းပြီ၊ သူလည်း သွားကြည့်လိုက်တာပေါ့။
အစမ်းလေ့ကျင့်ခန်း၏နံရံတွင် ရှည်လျားသောပြတင်း ပေါက်များပါရှိပြီး၊ မူလက ရိုက်ကူးရေးထောင့်များကို အဆင်ပြေချောမွေ့စေရန် ဒီဇိုင်းထုတ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့၏အတင်းအဖျင်းကဏ္ဍအတွက် ပြီးပြည့်စုံ နေသည်။
တူညီသောအဖြူရောင်အစမ်းလေ့ကျင့်ခန်းထဲ စုံတွဲနှစ်တွဲသည် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်နေခဲ့ကြသည်။
စွင်းမိုနဲ့ ရှုမုန့် သည် တစ်ဖက်မှာရပ်နေပြီး စွင်းမိုသည် မှုန်ကုပ်နေသည့်မျက်နှာနှင့် ရှုမုန့်သည် နီရဲသည့်မျက်လုံးများဖြင့် အံသြစွာကြည့်နေသည်။
နှစ်ယောက်သားကိုဒေါသတကြီးစိုက်ကြည့်ရင်း ဖေးမင်ရွမ်၏မျက်နှာမှာဖြူရော်သွားသည်။ ယန်ဟုန်သည် သူမဘေးရပ်နေသော်လည်း သူ့မျက်နှာကိုပိတ်ဆို့ထားသဖြင့် သူ့အမူအရာကိုမမြင်နိုင်ခဲ့ပေ။
ယခင်အချက်အလက်များအရ စွင်းမိုနှင့် ရှုမုန့်တို့သည် အစမ်းလေ့ကျင့်နေသင့်ပြီး ဖေးမင်ရွမ်နှင့် ယန်ဟုန်တို့ သည် ၎င်းတို့၏ကိုယ်ပိုင်ကိစ္စများကြောင့် နှောင့်နှေးနေကာ ယခုမှရောက်ရှိလာခြင်းဖြစ်နိုင်သည်။
တစ်ခုခုတွေ့လိုက်တာလား ?
ဤကိစ္စနှင့်ပတ်သက်၍ အားလုံးစိတ်ရှုပ်ထွေးနေကြစဉ် ကျီဖေး၏အတွင်းစိတ်မှအသံများကိုကြားလိုက်ရသည်။
[Holy Shit! လေ့ကျင့်နေရင်း သူတို့ရုန်းရင်းဆန်ခတ်ဖြစ်ပြီးပျောက်သွားလို့ ကျန်နှစ်ယောက်ကလမ်းလျှောက်ပြီး လိုက်ရှာရင်း သူတို့နမ်းနေကြာကို မျက်ဝါးထင်ထင်မြင်သွားတာ၊ ဒီတစ်ခါတော့ လိမ်လို့မရတော့ဘူး၊ စကားလုံးတစ်လုံးတည်းနဲ့ပြောရမယ်ဆိုရင်၊ အသေအချာပဲ!]
ဒါကိုကြားပြီးနောက် ချင်ကျောက်နှင့် ချင်ရုန်တို့ရုတ်တ ရက် အသက်ရှုကြပ်သွားကြသည်။ ဘယ်လိုလုပ် ဒီလောက်ထိ သတ္တိရှိရတာလဲ ?
မကြားနိုင်သော ကောင်းဟောင်သာလျှင် အံဝင်ဂွင်ကျမဖြစ်သကဲ့သို့ရှုပ်ထွေးသွားသည်။ သူ့ဘေးနားက အသက်ရှုရပ်မတတ်ဖြစ်နေသော လူသုံးဦးအားဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ဘာဖြစ်သွားကြတာလဲ ?? သူ့မှာတော့ ဒီအခြေအနေကိုနားလည်ဖို့ရာ အမြှီး (သို့) ခေါင်းအားချန် လှပ်ခံထားရသကဲ့သို့ ထူးဆန်းသည့်ခံစားချက်တစ်ခုသာရှိနေသည်။