အပိုင်း(၈၉)
Vol. 9 Ch. 89
စွင်းမိုရောက်သွားချိန် ရှုမုန့် တစ်ယောက်ကိုတွေ့ လိုက်ရသည်။ ရှုမုန့်မှ သူ့အားမြင်သည်နှင့်တပြိုင်နက် သူနှင့်အတူတူတစ်နေရာတည်းမရှိချင်သကဲ့သို့ ထွက်သွားဖို့ အလျင်အမြန်ကြိုးစားခဲ့သည်။ စွင်းမို ရှုမုန့်၏ လက် မောင်းအားလှမ်းကိုင်လိုက်ပြီး "မင်း ဘာလို့ထွက်ပြေးနေ တာလဲ ? မင်းဒီကို အစမ်းလေ့ကျင့်ဖို့ရောက်နေတာမဟုတ်ဘူးလား?”
"ငါ…ငါ….ငါတို့ အခု ဒီမှာ နှစ်ယောက်တည်းအတူရှိဖို့ မသင့်တော်ဘူးထင်တယ်။ ငါ့မှာရည်းစားရှိတယ်၊ နင့်မှာလည်း သတို့သမီးလောင်းရှိတယ်မဟုတ်ဖူးလား ?”
ရှုမုန့် ရုန်းထွက်ရန် ကြိုးစားခဲ့ပေမယ့် မျက်လုံးများနီရဲနေခဲ့သည်။
သူ၏ဝမ်းနည်းမှုကိုထိန်းထားရန် ရုန်းကန်နေရပုံပေါ် သည်။
စွင်းမိုသည် အသက်ရှူမဝသကဲ့သို့ခံစားလိုက်ရသည်။
"မင်းပြောတာ မှန်တယ်၊ ငါ့မှာ သတို့သမီးလောင်းရှိတယ်၊ ငါ သူ့ကို အရမ်းချစ်တယ်။ သူက ငါနဲ့ နှစ်အတော်ကြာလက်တွဲခဲ့ပြီး သစ္စာရှိတဲ့အမျိုးသမီးတစ်ယောက်ပဲ။ ဒီ show ပြီးသွားရင် ငါတို့ လက်ထပ်တော့မှာမို့လို့ အရမ်းသွေးနားထင်ရောက်မနေနဲ့။ ငါတို့ နှစ်ယောက်တည်း အတူတူရှိနေတာနဲ့ တစ်ခုခုဖြစ်လိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား ?"
ဆန်းမို တင်းကျပ်စွာပြောလိုက်သည်။
ရှုမုန့် တုန်လှုပ်သွားပြီးနောက် ငြိမ်သွားသည်။
"ဒီဖျော်ဖြေမှုမှာ မင်းကို ကူညီရမယ်ဆိုတာက ငါက စင်ပေါ်မှာ အမျိုးသားဇာတ်ဆောင်မို့ မင်းတို့အားလုံးက ငါ့သရုပ်ဆောင်မှုကိုထောက်ပံ့ပေးရမှာ။ ငါ အလုပ်ကိုအ နှောင့်အယှက် မဖြစ်စေချင်ဘူး၊ ဒါမှမဟုတ် မင်း သည်းမခံနိုင်တာက ဟိုးအရင်တုန်းက မင်း ငါ့ကို ပစ်ထားခဲ့ပြီး အခုကျတော့ ငါနဲ့ အတူ အလုပ်တွဲလုပ်နေရလို့လား ?"
ရှုမုန့်မှ ရုတ်တရက် စွင်းမိုအားကြည့်လိုက်ပြီး ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာသည်။
စွင်းမို၏အကြည့်များသည် မဲမှောင်ကျသွားသော်လည်း ရှုမုန်ငိုနေသည်အား မမြင်သကဲ့သို့ ပြုမူခဲ့သည်။
"ထားလိုက်တော့ သေသေချာချာ လေ့ကျင့်ရအောင်"
စွင်းမိုသည် ရှုမုန့်အား သူနှင့်ဆက်နေရန်အတင်းအကျပ်ခိုင်းစေခဲ့ပြီး အစမ်းလေ့ကျင့်မှုကိုစတင်ခိုင်းခဲ့သည်။
ကျီဖေးသည် အတင်းအဖျင်းများအား လှန်လှောရင်း ဒရာမာကိုနှစ်သက်နေသည်။
[ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်လဲ၊ ဒီလှုပ် ရှားမှုက အရမ်းဆွဲဆောင်မှုရှိလွန်းတယ်။ စွင်းမို၊ ဒါကို ရည် ရွယ်ချက်ရှိရှိလုပ်တာမဟုတ် ဘူးလို့ နင်ပြောရဲလား ? ဇာတ်ကွက်တွေအများကြီးထဲကမှ နမ်းရမဲ့တစ်ခုတည်းကိုပဲရွေးပြီး ရီဟာဇယ်လုပ်ဖို့လိုလို့လား ? ပြီးတော့ အဲ့တာကလည်း ရှုမုန့်ဘက်ကနေဝန်ခံပြီး နမ်းရတဲ့ဇာတ် ကွက်ကြီး။ စွင်းမိုက ရှုမုန့် ကိုအရှက်ရအောင်လုပ်တယ်လို့ထင်ရပေမယ့် တကယ်တော့ ကိုယ့်ကိုယ်ကိုလှည့်စားနေပြီး အကျိုးအမြတ်ရှာဖို့ဆင်ခြေတွေထုတ်နေတာပဲ။]
ချင်ကျောက်နှင့် ချင်ရုန်: ဟားဟား၊ တကယ့် ရည်ရွယ် ချက်ကထင်ထားသလို မဟုတ်ဘူးပဲ။
[ငါလောင်းရဲတယ်၊ ရှုမုန့်ရဲ့အင်တင်တင်တုံ့ဆိုင်းနေတဲ့အမူအရာတွေက နင့်ကို ဆွပေးသလိုဖြစ်နေလို့ နောက် ပိုင်းကျရင် နင် သူ့ကိုအတင်းပွေ့ ဖက်ပြီးနမ်းတော့မှာမဟုတ်လား ? သူ မြူးမြူးကြွကြွနဲ့လျှောက်လာတဲ့ပုံကိုက နင့်ကို ဦးနှောက်ဖွံ့ ဖြိုးမှုမရှိတဲ့ တိရစ္ဆာန်တစ်ကောင်လို heat ဝင်သွားစေမှာ မဟုတ်ဖူးလား ?]
ချင်ကျောက်နှင့် ချင်ရုန်- အရှက်မရှိ၊ အောက်တန်းကျပြီး မျက်နှာပြောင်တိုက်လိုက်တာ။
[ မချစ်ပေမဲ့ မုန်းတယ်လို့ပြောနေရင်းနဲ့ ပွေ့ ဖက်နမ်းရှုံ့နေကြတာကြီးက အမျိုးသားဇာတ်ဆောင်ရဲ့ခေါင်းထဲ ချီးတွေရှိနေသလိုမျိုး အတိအကျကို toxic ဆန်တဲ့အချစ်ဒရာမာတွေလိုပဲ။ နင့်ရဲ့အမုန်းက ပရောပရည်လုပ်ပြီး ပြဿနာကိုမီးခွက်ထွန်းရှာနေသလိုပဲ တကယ့်ထူးခြားတာပဲ။ ဒီနှစ်ယောက် ဘယ်လိုအဆုံးသတ်မလဲမသိပေမယ့် ယန်ဟုန်နဲ့ ဖေးမင်ရွမ်ကိုတော့ သနားလိုက်တာ။]
ချင်ကျောက်နှင့် ချင်ရုန်က သဘောတူပြီးခေါင်းညိတ်ပြ သည်- အမှန်ပဲ၊ တစ်ယောက်က ဦးထုပ်စိမ်းဆောင်းခံနေရပြီး နောက်တစ်ယောက်က ဇာတ်ကွက်တွေပိုထည့်ဖို့ ဖိအားပေးခံနေရတယ်။ သူတို့က သူတို့ကိုယ် သူတို့ဇာတ်လိုက်စုံတွဲတွေလို့ထင်နေကြပြီး အခြားသူတွေက သူတို့ရဲ့ အချစ်ရေးလမ်းကြောင်းပေါ်က အမြောက်စာဇာတ် ကောင်သပ်သပ်ပဲလား ?
အထဲတွင် ဖေးမင်ရွမ် ဒေါသထွက်သဖြင့်တုန်ယင်နေပြီး အထူးသဖြင့် စွင်းမို၏အကြောင်းပြချက်ကိုကြားလိုက်ရခြင်းကြောင့်ပင်။ သူသည် ဒေါသကြောင့်ရယ်မောလုမ တတ်ဖြစ်နေသည်။
တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအတွက် ဤကဲ့သို့ စင်တင်ဖျော်ဖြေမှုမျိုးသည် ဟန်ဆောင်ရုံမျှသာလိုအပ်သည်။ ဘယ်သူက ဒီလိုမျိုးပြင်းပြင်းထန်ထန်အစမ်းလေ့ ကျင့်နေလို့လဲ ?
"အစမ်းလေ့ကျင့်တယ် ? စွင်းမို၊ ငါတို့ ဘယ်ရောက်နေလဲ ဆိုတာကိုရော သိရဲ့လား ?"
ဖေးမင်ရွမ်၏တောက်ပသော မျက်လုံးများသည် စွင်းမို အားစိုက်ကြည့်နေသည်။
[ လူအသွားအလာများပြီး အတင်းအဖျင်းတွေနဲ့ပြည့်နေတဲ့ public area မှာလေ၊ ဒါပေမယ့် စိတ်ကမြောင်းထဲရောက်နေတဲ့ လူတစ်ယောက်အတွက်တော့ နေရာမရွေး အချိန်မရွေးအဆင်ပြေတယ်။ ဘယ်လောက်တောင် ဒုက္ခဖြစ်စေနိုင်လဲဆိုတာကို စဉ်းစားနိုင်ဖို့အတွက် သူ့မှာ ဦး နှောက်စွမ်းဆောင်ရည်အပိုပါမလာဘူးရယ်။]
သေချာသလောက်ပင် စွင်းမိုမှစိတ်မရှည်ဟန်ပြပြီး
“ငါ ထပ်ပြောမယ်၊ ဒါ အစမ်းလေ့ကျင့်မှုတစ်ခုပဲ”
“ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေက ဒီလိုရှင်းပြတာကိုလက်ခံမှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကသာ ဖြစ်ပျက်ခဲ့တာတွေကို တမင်တကာရိုက်ပြီးဖြန့်ခဲ့မယ်ဆိုရင်၊ 'စွင်းမိုက အခြားတစ်ယောက်ရဲ့ချစ်သူကောင်မ လေးအား ရိုက်ကူးရေးအတွက်ဟူသော အကြောင်းပြချက်ဖြင့် အခွင့်ကောင်းယူခဲ့' ဆိုတဲ့ သတင်းခေါင်းစီးနဲ့ Hot Search ရောက်သွားလိမ့်မယ်။"
စွင်းမိုသည် စောင်းမြောင်းခံရမှုကြောင့် ချက်ခြင်းဆိုသလိုအရှက်ရကာဒေါသဖြစ်သွားပြီး “တော်လောက်ပြီ၊ မပြီးသေးဘူးလား ? ကြွက်စုတ်တစ်ကောင်လို မနာလိုဖြစ်မနေနဲ့”
ဖေးမင်ရွမ် သူ့စကားများကြောင့် ထိတ်လန့်သွားသည်။
အပြင်မှ ကြည့်ရှုသူများ : !!!
[ဟားဟား၊ သူ ဘာတွေတွေးနေတာလဲ ? ဒါက ဆီလျော်တဲ့ ယူဆချက်ဖြစ်ပေမယ့် ဖေးကျဲက မနာလိုဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိပြောနေတယ်လို့ သူ ထင်နေတာလား။ ဖေးကျဲ အခုသွေးတက်နေလောက်ပြီထင်တယ် ပြီး တော့ သူ အသရေဖျက်ခံရလို့ ရှက်နေလောက်တယ်။]
ဖေးမင်ရွမ်သည် တုန်လှုပ်ချောက်ချားမှုမှ အာရုံများကို ပြန်လည်စုစည်းနိုင်သွားပြီး “ငါက မနာလိုဖြစ်တယ် ? ကြွက်စုတ်တစ်ကောင်လိုမျိုး ? စွင်းမို၊ နင် ထပ်ပြောရဲလား ? "
[အိုး ဟို၊ ဖေးကျဲ ဒေါသမထိန်းနိုင်တော့ဘူး။]
စွင်းမို အံ့သြသွားသည်။ အခြားသူများရှေ့တွင် ဖေးမင် ရွမ် သူ့အားမလေးမစားဆက်ဆံခြင်းမှာ ပထမဆုံးအ ကြိမ်ဖြစ်သည်။ မူလက အနည်းငယ်အပြစ်ရှိသလို ခံစားရသော်လည်း ယခုမူ သူ ရဲတင်းလာသည်။
“ငါ ရှင်းပြပြီးပြီ၊ ဘာပြဿနာမှ ရှာမနေနဲ့။*
သူ့စိတ်ထဲတွင် သူ ရှုမုန့်အားနမ်းလိုက်သည့်အတွက် ဖေးမင်ရွမ် ဒေါသတကြီးဖြစ်နေသည်ဟုထင်နေသည်။အဆုံး တွင်၊ သူသည် ဖေးမင်ရွမ်အား ကတိများပေးထားပြီးဖြစ်ကာ သူ့အားစိတ်ဆိုးရန် အခွင့်အရေးပေးထားလိုက်သည်။
သို့ပေမယ့် ဖေးမင်ရွမ်မှ တာဝန်ယူထားသလိုမျိုး ပြုမူနေသည်အား စွင်းမို မကြိုက်သည့်အတွက် ပြောပြီးသည်နှင့် ခပ်သွက်သွက်ထွက်သွားခဲ့သည်။
"အဲ့ဒီမှာ ရပ်လိုက်စမ်း၊ စွင်းမို” ဟု ဖေးမင်ရွမ် ဒေါသတကြီးအော်လိုက်သည်။ ပြဿနာလုပ်ခဲ့ပြီးမှ ထွက်သွားတော့မလို့လား ?
အံ့သြဖွယ်ကောင်းသည်မှာ သူ့အား စိတ်တည်ငြိမ်စေရန် နှစ်သိမ့်ပေးသူမှာ ယန်ဟုန်ဖြစ်သည်။
"ဖေးကျဲ စိတ်ဆိုးမနေပါနဲ့။ ဒါ တကယ်ဇာတ်ညွှန်းထဲမှာပါတဲ့ဟာပဲ၊ သူတို့နှစ်ယောက်စလုံး ကာရိုက်တာထဲ နစ် မျောသွားလို့ပါ၊ အဲ့တာကြောင့် ...
ကြည့်ရှုသူများသည် ယခုအခါ ယန်ဟုန်အားကွဲပြားစွာ ကြည့်လာကြသည်။ ယနေ့ ခေတ်သစ်ကမ္ဘာကြီးပေါ်မှာ ဘယ်လိုဟာမျိုးတွေ ခေတ်စားနေတာလဲ ? တကယ်ကြီး သူ့ရည်းစားကိုအခွင့်ကောင်းယူတဲ့ ယောက်ျားတစ်ယောက်အတွက် ကာပြောပေးတယ်။
စွင်းမိုသည်ပင် ယန်ဟုန်အားကြည့်ရင်း အနည်းငယ် စိတ်ရှုပ်သွားသည်။
ယန်ဟုန်က စွင်းမိုအားရက်ရက်ရောရော ပြုံးပြီး “စိတ်မပူပါနဲ့ မိုကော ကျွန်တော် အထင်မလွဲပါဘူး"
ထိုအချိန်တွင်၊ တစ်ချိန်လုံး သနားစရာကောင်းစွာပြုမူနေသည့် ရှုမုန့် သည်ပင် သူ့အမူအရာအားထိန်းထားရန်မေ့သွားခဲ့သည်။
ဖေးမင်ရွမ်သည် ယန်ဟုန်အား မယုံနိုင်စွာကြည့်ပြီး သူ ကြည့်နေရင်း ရုတ်တရက် တစ်ခုခုကိုသတိရသွားသည်။
“ခဏလေး၊ ဇာတ်ညွှန်း ? နင့် ဇာတ်ညွှန်းမှာ ရိုမန်တစ်ဆန်တဲ့ ဘာဇာတ်ကွက်မှမရှိဘူး။“
[ဖေးကျဲကတော့ မျှော်လင့်ထားသလိုပဲ၊ ဒေါသထွက်နေတာတောင် မူမမှန်တာကို သတိထားမိနေတုန်းပဲ။]
ဒီတစ်ခေါက် သူတို့ PK ၏ ခေါင်းစဉ်ကယုံကြည်မှုဖြစ် သည်။
ဖေးမင်ရွမ်သည် ငြိမ်းချမ်းစွာ ဖွံ့ ဖြိုးတိုးတက်မှုကို မျှော် လင့်သောကြောင့် အဖွဲ့ နှစ်ဖွဲ့ စလုံးတွင် မတူညီသောဇာတ်ကွက်များရှိစေရန်အတွက် ကောင်းဟောင်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခဲ့သည်။ သူသည် ယခင်ကနာမည်ကြီးအဖွဲ့ ကဲ့သို့ ကဏ္ဍပေါင်းစုံတွင် လှောင် ပြောင်ခံရခြင်းနှင့် နှိပ်စက်ခံရခြင်း၏အရှက်ရမှုတို့အား သူ့အဖွဲ့ အပေါ် မကြုံစေချင်ပေ။
ထို့အပြင် ဖေးမင်ရွမ်သည် စွင်းမို၏အကျိုးအတွက်များစွာစဉ်းစားပေးခဲ့သည်။ ၎င်း၏အနာဂတ်အသက်မွေးဝမ်းကြောင်း အသွင်ကူးပြောင်းရေးလမ်းကြောင်းနှင့် ချိတ် ဆက်နိုင်ရန်အတွက် သူသည် တိုင်းပြည်၏ယုံကြည်မှု များရရှိထားသော သူရဲကောင်းတစ်ဦးအဖြစ် ပုံဖော်ထားသည့် မျိုးချစ်စိတ်ရှိသော ခေါင်းစဉ်မျိုးကိုရွေးချယ်ခဲ့သည်။ ယန်ဟုန်မှ ရန်ဘက်အဖြစ်သရုပ်ဆောင်ပြီး ရှုမုန့် သည် ဆက်စပ်မှုရှိသည့်သားကောင်ဖြစ်သည်။ သူတို့သုံးယောက်ကြားတွင် မည်သည့်အချစ် ဇာတ်ဝင်ခန်းမှမရှိချေ။
ဖေးမင်ရွမ်သည် ရှင်းရှင်းလင်းလင်း တွေးမရနိုင်အောင် ဒေါသထွက်နေခဲ့သော်လည်း ယခု သူ သဘောပေါက်လာသည် - ဒီအနမ်းခန်းက ဘယ်ကရောက်လာတာလဲ ?
"အခန်းတွေ ထပ်ထည့်လိုက်တာလား ?” ဟု ချင်ကျောက်မှတိုးတိုးလေး မေးလိုက်သည်။
"ဒီလိုဇာတ်ဝင်ခန်းမျိုး ထပ်ထည့်လိုက်တယ်လား ?” ဟု ချင်ရုန် ထိတ်လန့် စွာမေးလိုက်သည်။
"ဖြစ်နိုင်တာက ဒါ အကုန်လုံးတောင်မဟုတ်သေးဘူး၊ ဆင်ခြေသပ်သပ်ပဲ” ဟု ကောင်းဟောင်က မထီမဲ့မြင်ပြုကာပြောလိုက်သည်။
ကျီဖေး သူ၏လျှာအားနှစ်ကြိမ်ခန့် ဖိလိုက်သည်။
[ဒါက အပိုဇာတ်ဝင်ခန်းထည့်ထားတာမဟုတ်ဘူး၊ ဇာတ် ညွှန်းတစ်ခုလုံးကို ပြောင်းလိုက်တာ]
ချင်ကျောက်နှင့် ချင်ရုန်တို့ထိတ်လန့်သွားကြသည်။ ဇာတ်ညွှန်းပြောင်းခြင်းသည် ကြီးကြီးမားမားပြဿနာ မဟုတ်သော်လည်း မန်နေဂျာမှ ၎င်းအားအဘယ်ကြောင့် မသိရသနည်း ?
ထိုအခိုက်တွင်၊ အတွင်းမှ ဖေးမင်ရွမ်သည်လည်း သူတို့ မူရင်း ဇာတ်ညွှန်းအား လုံးဝသရုပ်မဆောင်ခဲ့ကြောင်း နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။
အဝေးကပင်လျှင် ဖေးမင်ရွမ်သည် မီးတောင်ကဲ့သို့ ပေါက်ကွဲတော့မည်ကို ခံစားနိုင်သည်။
"နင် ဇာတ်ညွှန်းနဲ့ပတ်သတ်ပြီး နောက်ဆုံးပြောချင်တာရှိလိမ့်မယ်။ နင် ဒါကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာလား ?"
ဖေးမင်ရွမ် အံကြိတ်ထားသော သွားများဖြင့် စွင်းမိုအား မေးလိုက်သည်။
စွင်းမိုသည် အပြစ်ရှိသည်ဟု ခံစားရခြင်း၏ အဓိပ္ပါယ်ကို နောက်ဆုံးတော့နားလည်သွားခဲ့သည်။ ဖေးမင်ရွမ်၏ အကြည့်အားရှောင်ရင်း "ဒီ တစ်ခုက ပိုကောင်းမယ်လို့ ငါထင်တယ်”
ဖေးမင်ရွမ် ရယ်လိုက်ပြီး "နင့်အတွက် ငါသေချာရွေးပေးထားတဲ့ ဇာတ်ညွှန်းကို ငါ့နောက်ကွယ်မှာချောင်ထိုးပြီး ကျော်ကြားတဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့ အစားထိုးလိုက်တယ်ပေါ့။ ဒီတော့ နင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုပြောင်းလဲဖို့ မစဉ်းတော့ဘူးလား ?“