← Chapters

အပိုင်း(၉၃)

Vol. 10 Ch. 93

အပိုင်း(၉၃)

Vol. 10 Ch. 93

၎င်းတို့နှစ်ယောက်သည် ဖေးမင်ရွမ်၏ပြတ်သားသော စကားများကြောင့် ထိတ်လန့်သွားသည်။ ရှုမုန့်သည် သူမ ၏ကြာပန်းဖြူ မျက်နှာဖုံးကိုပင် ခေတ္တမေ့လျော့သွားကာ မျက်နှာပျက်ယွင်း‌သွားသည်။ သို့သော် သူမ လျှင်မြန်စွာ ထိန်းလိုက်ပြီး "ရှင် အရင်ထဲက ကျွန်မကို မကြိုက်မှန်း သိပါတယ် ၊ ဒါပေမယ့် အခုလို..."

"ဖေးမင်ရွမ် မင်းဘယ်လိုတွေပြောနေတာလဲ! အခုလိုမျိုး မင်းက ငါသိတဲ့သူနဲ့ မတူတော့ဘူး" စွင်းမို ထိတ်လန့်နေသည်။

"ရှင် မျက်စိကန်းနေလို့ဖြစ်နိုင်တယ်"

ဖေးမင်ရွမ်သည် ရယ်မောလိုက်ပြီး ရှုမုန့်ကိုလက်ညှိုး ညွှန်ပြကာ စွင်းမိုအား အတိတ်ကအဖြစ်အပျက်များဆီ စကားဦးသမ်းလိုက်သည်။

"နင် မေ့နေပြီလား ? နင် အဲ့တုန်းက ရုပ်ရှင်လောကမှာ နေ့ချင်းညချင်း နာမည်ကြီးနိုင်တဲ့ အခွင့်အရေးတစ်ခုကိုရခဲ့တယ်၊ ငါက နင် အဲဒီဇာတ်ကားမှာ အမျိုးသားဇာတ် ဆောင်ဖြစ်နိုင်ချေရှိတယ်ဆိုတာကိုသိလို့ နင့်ရဲ့မန်နေဂျာဖြစ်ခွင့်ရခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးကျတော့ နင် ဘာလုပ်ခဲ့လဲ? အဲ့ ငတုံးမကြောင့် နင့်ရဲ့ အကောင်းဆုံးအခွင့် အရေးကို လက်လွတ်ဆုံးရှုံးခဲ့ပြီး နင့်ရဲ့ကျော်ကြားမှုလမ်း ကြောင်းကို တစ်နှစ်ပတ်လုံးပိုခက်ခဲအောင် နင့်လက်နဲ့ နင်ကိုယ်တိုင်လုပ်ခဲ့တာ"

ထိုစကားကို ကြားလိုက်ရသောအခါ စွင်းမို၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။

ရှုမုန့်၏မျက်နှာလည်း ပျက်ယွင်းသွားပြန်သည်။

ခပ်လှမ်းလှမ်းရှိ ကျီဖေးသည် စနစ်အားဖွင့်ကြည့်လိုက်သည်။

[သြော် ဒီလိုကို… အဲဒီတုန်းက သရုပ်ဆောင်အသစ်တွေကိုပဲ ရွေးပြီးရိုက်တဲ့ နာမည်ကျော် ဇာတ်ကားတစ်ကားရှိခဲ့တယ်၊ အဓိကဇာတ်ကောင်ငယ်ရွယ်နုပျိုပြီး ချောမောတဲ့ မျက်နှာရှိရမဲ့အပြင် သဘာဝကျတဲ့ သရုပ်ဆောင်မှုစွမ်းရည်နဲ့ သတ်မှတ်ထားတဲ့လိုအပ်ချက်တွေ စွင်းမိုနဲ့ အရမ်းကိုက်ညီလို့ နောက်ဆုံးအဆင့်ကိုအောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့တယ်၊ အဲ့တုန်းက သူ သရုပ်ဆောင်တာ အကောင်းဆုံးပဲ]

[ဒါပေမယ့် နောက်ဆုံး လူရွေးပွဲမတိုင်ခင်လေးမှာပဲ သူ ထွက်သွားခဲ့လို့ ရွှေရောင်အခွင့်အရေးကိုဆုံးရှုံးခဲ့ရတယ်၊ သူ့အစား သရုပ်ဆောင်ရွေးပွဲအောင်သွားတဲ့ လူသစ်လေးကတော့ အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆုရခဲ့ပြီး အနုပညာလောကထဲ လျင်လျင်မြန်မြန်ပဲကျော်ကြားလာခဲ့တာပေါ့]

[သူ ထွက်သွားရတဲ့အကြောင်းရင်းက ရှုမုန့် ဖုန်းခေါ်လို့ပဲ၊ သူမက အိမ်မှာမီးလောင်ပြီး ပိတ်မိနေလို့ ငိုယိုအကူအညီတောင်းနေတာ၊ စွင်းမိုကလည်း သူ့အချစ်လေးကိုကယ် တင်ဖို့ မဆိုင်းမတွထွက်သွားတယ်]

[ပုံမှန်ဆိုရင် ဖေးမင်ရွမ်က ဒါက အပြစ်တင်လို့ရမှာမဟုတ်ဘူး၊ သူတို့ရဲ့ ကံဆိုးခြင်းကိုပဲ တိတ်တိတ်လေး ၀မ်းနည်းနေလိမ့်မယ်၊ သူက စွင်းမို သွားကယ်တာကိုလုံး၀အပြစ်မတင်ခဲ့ဘူး၊ ဒါပေမယ့် ဖေးမင်ရွမ်က အဖြစ် အပျက်အသေးစိတ်ကိုသိလိုက်ရတော့ ဒေါသထွက်သွားတာပဲ]

[Fuck !.. ဒီလိုလူတွေ တကယ်ရှိသေးတာလား!?]

ကျီဖေး ပုန်းနေသောအခန်းနှင့် ချင်ကျောက်တို့ သီးသန့်အခန်းသည်မဝေးသောကြောင့် ကျီဖေး၏အတွေးများကို ပြတ်သားစွာကြားနိုင်သဖြင့် ချင်ကျောက်တစ်ယောက် ထိုင်မရ ထမရဖြစ်နေတော့သည်။

ချင်ကျောက်: ဆက်ပြောလေ! ဘာဖြစ်ခဲ့တာလဲ ?

[ ရှုမုန့်က သူ့အိမ်မီးလောင်တုန်းက မီးသတ်ဌာနကို ခေါ်ရမဲ့အစား စွင်းမို ဖုန်းမကိုင်မချင်း အဆက်မပြတ်ခေါ်နေခဲ့တာ]

ချင်ကျောက်: ဒါ ဘယ်လိုတောင် ထူးထူးဆန်းဆန်းကိစ္စကြီးတုန်း ?

[သူက သူရဲကောင်းဆီကအကယ်ခံလိုက်ရတဲ့ ကြာပန်းဖြူမင်းသမီးတစ်ယောက်လို သရုပ်ဆောင်ချင်နေတာဖြစ်ရမယ်။]

[တကယ်တော့ ရှုမုန့်သာ မီးသတ်ဌာနကို ချက်ချင်းအကူ အညီတောင်းခဲ့မယ်ဆိုရင် စွင်းမိုပြန်ရောက်တာနဲ့မီးသတ် သမားတွေက အခြေအနေကို လုံးလုံးလျားလျားဖြေရှင်းပြီးသားဖြစ်လိမ့်မယ်၊ ဒါဆို အပေါ်ထပ်ကိုလည်း မီးစွဲစရာအကြောင်းမရှိဘူး]

[အပေါ်ထပ်မှာနေတဲ့စုံတွဲက အသက်တော်တော်ကြီးပြီဆိုတော့ သတိရှိတယ်၊ ဒါကြောင့် သူတို့က မီးကိုတွေ့တာနဲ့ မီးသတ်သမားတွေဆီ အကူအညီတောင်းခဲ့တာပဲ၊ ဒါကြောင့် စွင်းမိုရောက်တဲ့အချိန် မီးသတ်ကားတွေလည်း ပြိုင်တူရောက်လာတယ်]

[အဘိုးကြီးက ကြောက်လန့်နေတဲ့ သူ့ဇနီး လက်ကို ကိုင်ပြီး အောက်ဆင်းလာတော့ အောက်ထပ်က ကောင်မ လေးက သတိလည်းမလစ်နေသလို အခြားအန္တရာယ်တွေလည်း မရှိဘူးဆိုတာမြင်လိုက်တယ်၊ သူမ တံခါးက ပိတ်မိနေလို့ အပြင်ထွက်မရရုံပဲ၊ သူမ အခုတော့မီးသတ် သမားတွေဆီက ဆူပူတာကို ခံနေရတယ်၊ သူမသာ သူတို့ကိုချက်ချင်းဆက်သွယ်ရင် ဧည့်ခန်းတောင် မီးလောင်မှာ မဟုတ်ဘူး။]

[အဘိုးအိုကလည်း ဒေါသထွက်လွန်းလို့ သူမရဲ့ ဘိုးဘေး ရှစ်ဆက်အထိကျိန်ဆဲနေတဲ့အပြင် စိတ်ရောဂါရှိမရှိတောင် စမ်းသပ်ကြည့်ဖို့ပြောသေးတယ်]

[အဲ့အချိန် ရှုမုန့်က စွင်းမို ရင်ခွင်ထဲ၀င်ပြီး ငိုကြီးချက်မနဲ့ သူ ဘယ်လောက်ကြောက်သွားကြောင်း၊ အဲ့အချိန် သူ့ ခေါင်းထဲမှာ စွင်းမိုကလွဲပြီး ဘာမှ မစဉ်းစားနိုင်ခဲ့ဘူးလို့ပြောတယ်]

ချင်ကျောက်လည်း သူကြားလိုက်ရသည့် အတွေးများကြောင့် အံ့အားသင့်သွားပြီး "ရူးနေတာလား ?"

စားပွဲတစ်ခုလုံးတိတ်ဆိတ်သွားကာ ချင်ကျောက်အား ကြည့်လာသည်။ ချင်ကျောက်သည် သူ့ဖုန်းသူကြောင် တောင်တောင်နှင့် လက်ညှိုးထိုးပြပြီး "ငါ... ငါ မက်ဆေ့ချ်ဖတ်နေတာ"

ထို့နောက် သူသည် ယန်ဟုန်အား ထူးဆန်းစွာကြည့်မိလိုက်သည်။ ၎င်းသည် ထိုသို့ဉာဏ်ရည်ဉာဏ်သွေးကင်းမဲ့သော အမျိုးသမီးတစ်ဦးအား အဘယ့်ကြောင့် စိတ်ဝင် စားနေရသနည်း? ရုပ်ချောတဲ့ သရုပ်ဆောင်မှန်သမျှကို စုဆောင်းတာများလား?

ထိုအချိန်တွင် ကျီဖေးသည် ဆက်လက်တွေးတောလျက်နေသည်။

[အဲ့မှာ ဖေးကျဲရောက်လာပြီး အမှန်တရားကိုကြားလိုက်ရတော့ သူ ဒေါသထွက်လွန်းလို့ ရှုမုန့်ကို ပါးနှစ်ချက်လောက် ပိတ်ရိုက်ခဲ့တယ်]

[ရိုက်ပစ်လိုက်စမ်းပါ! ဖေးကျဲ မရိုက်ပဲဘယ်နေနိုင်ပါ့မလဲ! ဒါ... ငါတောင် ဒေါသတွေအုံကြွလာပြီ!]

"နင့်လိုလူကိုသဘောမကျတာ သာမာန်ပဲ မဟုတ်ဘူးလား?"

ဖေးမင်ရွမ် ရွံရှာစွာပြောလိုက်သည်။

"တခါတလေ ငါတွေးမိတာ နင် ဒီကိစ္စ‌တွေကို ရည်ရွယ် ချက်ရှိရှိလုပ်နေတာလို့ သံသယ၀င်မိတယ်"

ရှုမုန့်၏မျက်လုံးများသည် ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားပြီး သူမ ခေါင်းကိုပြင်းပြင်းထန်ထန် ခါယမ်းလိုက်ကာ ပိုလို့တောင်ငိုကြွေးလာသည်။

[ဟမ် ? နေပါဦး... ဒီမီးလောင်မှုမှာနောက်ထပ်လှည့်ကွက် ရှိသေးတာလား]

[ကြည့်ရအောင်... ဒီဖေ!... ဖေးကျဲပြောတာမှန်တယ် သူ တကယ် တုံးအနေတာမဟုတ်ဘူးပဲ၊ ဒါ တမင်ရည်ရွယ် ပြီးလုပ်ခဲ့တာ၊ သူ့မှာ ပေးစရာအကြွေးတင်နေလို့ စွင်းမို အချစ်ရူးရူးနေတာကို အခွင့်ကောင်းယူပြီး သူ့ သရုပ် ဆောင် ရွေးချယ်ခွင့်ရမဲ့ အခွင့်အရေးကိုရောင်းစားပစ် လိုက်တာပဲ၊ သူအကြွေးပေးရမဲ့သူက အခု သူ့ရဲ့ကောင်လေးဖြစ်လာခဲ့တယ်၊ ဒီကိစ္စကြောင့်သူတို့တွေ့ခဲ့ကြတာပဲ]

[Wow! ဝှက်ထားတဲ့ဖရဲသီးကြီးက နည်းတာကြီးမဟုတ်ဘူး! ဖေးမင်ရွမ်တောင် ဒီအကြောင်းကိုသိပုံမရဘူး စွင်းမိုဆိုရင် ပိုတောင်ဆိုးသေး ?]

ချင်ကျောက်ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်မိ သည်။ ထိုမထင်မှတ်ထားသော ဖရဲသီးကြီးသည် သူ့ကိုပင်လျှော့ရစေသည်။

သူသည် အကြောင်းအနည်းငယ်ကို စုံစမ်းရန် လေသံကို လျှော့ချလျက် "ကောင်းကော XXရဲ့ နောက်ခံက ဘယ်သူလဲဆိုတာ မင်း သိလား ?"

ကောင်းကောသည် ချင်ကျောက် ဘာကြောင့် မေးသည်ကိုနားမလည်သော်လည်း ဖြေလိုက်ဆဲပင်။

"Gao Group လေ"

"ဒါဆို ရှုမုန့်ရဲ့ သူဌေးဟောင်းကရော ဘယ်သူလဲ"

"ဒုတိယသခင်လေးလင်းလေ... ဘာဖြစ်လို့လဲ"

ချင်ကျောက်သည် ထိုမိသားစုနှစ်စုကြား ဆက်စပ်မှုရှိမရှိကိုစုံစမ်းရန် သူဒုတိယအစ်ကိုထံ ချက်ချင်းစာပို့လိုက်သည်။

ချင်ရှန့်သည် မက်ဆေ့ကို တိတ်ဆိတ်စွာကြည့်နေသည်။ အခု သူတို့တွေ ညစာစားပွဲမှာ ရှိနေတာမဟုတ်ဘူးလား?

မဟုတ်မှလွဲရော ကျီဖေး အတင်းအဖျင်းတွေကို ထပ်ကြည့်နေတာ ဖြစ်နိုင်တယ်မလား ?

သူသည် ပြန်ဖြေကြားလိုက်သည်- တကယ် အဆက်အ သွယ်မရှိဘူး၊ သူတို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အတူတွဲခဲ့တာရှိပေမဲ့ နောက်ပိုင်းမှာ ပဋိပက္ခအမျိုးမျိုးဖြစ်ပြီးကွဲသွားခဲ့တာပဲ။

ထို့ကြောင့် ဖေးမင်ရွမ်နှင့် စွင်းမိုတို့သည် ယခုအချိန်တွင် အရည်အချင်းရှိလျှင်ပင် ထိုအချိန်ကသံသယဖြစ်ဖွယ် အခြေအနေကို စုံစမ်းဖော်ထုတ်နိုင်မည်မဟုတ်ချေ။

ချင်ကျောက်သည် စွင်းမိုကိုတိတ်တဆိတ်သနားနေပြီး ၎င်း ဘယ်လောက်တောင်လှည့်စားခံရသည်ကို တွေးနေမိသည်။

"ဒီလောက်ဆို လုံလောက်ပြီ၊ မီးက ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်သလို သူလည်း အရမ်းကြောက်နေခဲ့လို့ပဲ"

စွင်းမို မတားပဲမနေနိုင်ချေ။ သူ ယောက်ျားတစ်ယောက်အနေဖြင့် အမျိုးသမီးဖြစ်သူ တစ်ခုခုမှားခဲ့လျှင်ပင် အပြစ်မတင်ရက်ချေ။ ထိုအချိန်တွင် ရှုမုန့်သည် သူ့အ ပေါ် အလွန်အမင်း မှီခိုနေခဲ့သဖြင့် သူ့ အပြစ်မဟုတ်ပေ။

“ပြဿနာဟောင်းတွေကို တူးဆွဖို့မလိုဘူး”

[Pfft၊ သူ တကယ့်ကို သနားဖို့တောင်မတန်ဘူး၊ အမှန်တရားကိုမသိပဲနဲ့ ပြဿနာဟောင်းတွေကို တူးဆွဖို့ မလိုဘူးလို့ ပြောနေသေးတယ်]

"ဒါဆို သူ နင့်ကိုထားခဲ့တာလည်း တန်တယ်ပေါ့၊ နင် အဲ့မြက်တွေကို ဘယ်လောက်စားဖို့ စဉ်းစားနေတာလဲ ? ဘယ်လောက်တောင် ဈေးပေါလိုက်လဲ"

ဖေးမင်ရွမ်သည် အနာဟောင်းအားပြန်ဆွကာ စွင်းမို အသိပြန်၀င်ရန်ကြိုးစားဆဲပင်။

စွင်းမို၏မျက်နှာပျက်ယွင်းသွားသည်။ သူ့ကို သစ္စာ ဖောက်ခဲ့တဲ့ ဒီအမျိုးသမီးကို မစွန့်လွှတ်နိုင်ဘူးဆိုတာ သူ ဘယ်လိုလုပ်ဝန်ခံနိုင်မှာလဲ။ သူက မျှော်လင့်ချက်မရှိတဲ့ အရူးတစ်ယောက်လို ဖြစ်နေတယ်မလား ?

သို့သော် သူမကိုပြန်မြင်လိုက်ရချိန် သူ ဂရုမစိုက်ပဲမနေနိုင်ချေ။

ရှုမုန့်ကို သူ ချစ်လည်းချစ်သလို မုန်းလည်းမုန်းသည်။ ထိုနည်းတူစွာ ဖေးမင်ရွမ်အပေါ် သူ ခံစားချက်ရှိသည်။ သူ ဖေးမင်ရွမ်ကို လက်ထပ်ချင်သည်။ သို့သော် သူ ရှုမုန့်နားမှမခွာနိုင်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ စိတ်လည်းပျက်မိသလိုရွံရှာမိသော်ငြား သူ မပြတ်သားနိုင်သေးချေ။

စွင်းမို၏မျက်နှာသည် နာကျင်မှုများရောယှက်နေပြီး

"ငါမမေ့သေးပါဘူး ၊ စိတ်မပူပါနဲ့၊ သူ ငါ့ဆီကိုယူလာခဲ့တဲ့ အရှက်တရားတွေကို ငါ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ ကောင်းပြီ မင်ရွမ် စိတ်တိုမနေနဲ့တော့၊ အိမ်ပြန်ကြရ အောင်၊ ငါ... ငါ သူနဲ့ အဆက်အသွယ်မလုပ်တော့ဘူးလို့ ကတိပေးတယ်"

စွင်းမိုသည် တိကျသောရွေးချယ်မှုတစ်ခု ပြုလုပ်ထားသော်လည်း သူပြန်လှည့်ကြည့်သောအခါ ရှုမုန့်၏ဖြူဖျော့နေသော မျက်နှာလေးကိုမြင်လိုက်ရသောအခါတွင် သူ၏နှလုံးသားသည် ရုတ်တရက်ပြင်းထန်စွာ နာကျင်လာသည်။ သူမ လဲကျတော့မတက်ဖြစ်နေချိန်တွင် သူ ပွေ့ဖက်ထိန်းပေးချင်သော်လည်း သူမ၏ရှောင်ဖယ်ခြင်းကို ခံလိုက်ရသည်။

ရှုမုန့်၏မျက်လုံးများသည် အဆုံးမဲ့ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအချိန်တွင်ပင် အဝေးမှ အသံတစ်ခုထွက်ပေါ်လာပြီး သီးသန့်ခန်းထဲတွင် ပုန်းနေသော ကျီဖေးကိုပင်ထိတ်လန့်သွားစေခဲ့သည်။ သူ တံခါးကိုအမြန်ပိတ်လိုက်သော် လည်း ရှုမုန့်ကိုထိန်းပေးရန် ပြေးလာသည့် မိန်းမငယ်လေးကို တစ်ချက်လှမ်းကြည့်မိလိုက်သေးသည်။

"စွင်းမို! ရှင်! အကြင်နာကင်းမဲ့တဲ့ လူယုတ်မာကောင်! ကျွန်မတို့ မုန့်မုန့်ကို ဘယ်လိုလုပ်ရက်တာလဲ! ရှင် ရူးနေတာပဲ!" မိန်းမငယ်လေးသည် ပေါက်ကွဲလုထွက်မတက် ဒေါသတကြီးကျိန်ဆဲနေလေသည်။

All Chapters