အပိုင်း(၉၅)
Vol. 10 Ch. 95
ရှုမုန့်သည် စွင်းမိုအား မြန်မြန်ဆန်ဆန်မရွေးချယ်ချင်ခဲ့ပေ။ မူလက ယန်ဟုန်မှ လက်မလွှတ်သရွေ့ သူသည် သူတို့ကြား ဆက်လက်ကိုင်တွယ်နိုင်သေးသည်။
ယခုမူ ယန်ဟုန်သည် အလွန်သဘောထားကြီးစွာပြုမူနေသောကြောင့် စွ င်းမိုထံသို့ တိုးလာပါက သူ့အနေဖြင့် အမှန်တကယ် ခက်ခဲသည့်အနေအထားတွင် ရှိနေပေလိမ့်မည်။
ထို့ကြောင့် သူသည် အကြောင်းအရာကိုရှောင်ရှားကာ ချဉ်းကပ်မှုကို နောက်ဆုတ်လိုက်ရုံသာတတ်နိုင်သည်။
“ယန်ဟုန်၊ မပြောပါနဲ့တော့၊ နင် ပြောရင်၊ ငါ … "
ရှုမုန့်၏ မျက်ရည်များ ကျဆင်းလာပြီး မချိတင်ကဲနှင့် ရုန်းကန်နေသည့် အသွင်အပြင်ကိုပေါ်လွင်စေသည်။
ယန်ဟုန်: "ရှုမုန့် ၊ စိတ်မကောင်းမဖြစ်ပါနဲ့၊ အနာဂတ်မှာ မင်း ကိုယ့်ကိုလိုအပ်တဲ့အချိန်တိုင်း ကိုယ် မင်းအနားကို အချိန်မရွေးရောက်အောင်လာခဲ့မယ်။"
"ပေါက်ကရ မပြောနဲ့။"
“ကိုယ် အမှန်တိုင်းပြောနေတာပါ၊ မင်း မိုကောနဲ့အတူရှိနေရင်တောင် ကိုယ် မင်းအနားမှာအမြဲရှိနေမှာ"
ယန်ဟုန်၏စကားများသည် အလွန်ကြာပစ်သလိုဖြစ်နေ သည်။
ဤသည်က ယန်ဟုန်အား သူ့လက်များဖြင့်ဆုပ်ကိုင်ထားနိုင်သည်ဟု ရှုံမုန့်အားထင်စေခဲ့ပြီး မကျေနပ်ခြင်း စိတ်ထိခိုက်ခြင်းတို့မရှိသည့် သစ္စာရှိသောချစ်သူဟု သူ့အား မှတ်ယူသွားသည်။
ရှုမုန့်သည် သူ့ထံ ဤသို့သောအရည်အချင်းမျိုးရှိမှန်းမသိခဲ့ပေ။
[ဒီအသံက ဘာလို့အရမ်းထူးဆန်းနေတာလဲ ? ရှုမုန့် နဲ့ စွင်းမိုတို့ ပြန်ပေါင်းစည်းသွားတဲ့နောက်မှာတောင်မှ ယန်ဟုန်က ရှုမုန့်ရဲ့အရန်လူအဖြစ်နဲ့ ဆက်နေဖို့စဉ်စားတုန်းပဲလား... အိုး!]
သီးသန့်ခန်းထဲ ချင်ကျောက်သည် ဖေးမင်ရွမ်နှင့် စွင်းမိုတို့အား တစ်လှည့်စီကြည့်နေပြီး စစ်အေးတိုက်ပွဲထဲသို့ ကျရောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် တစ်ဖက်မှအတင်းအဖျင်းများကိုလည်း ဆက်၍ခိုးနား ထောင်နေသည်။
စိတ်ဝင်တစားဖြစ်လာသည်နှင့်အမျှ ကျီဖေးသည် ညစ် ပတ်သည့်အရာ တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ စိတ်ထဲမှ အထပ်ထပ်အခါခါ တံတွေးထွေးနေသည့်အသံကိုကြား လိုက်ရသည်။
[အရူးယန်၊ နင်က အထင်ကြီးစရာပဲ၊ နင်တကယ် သူတို့ကိုပေါင်းစည်းဖို့လုပ်ပေးခဲ့ပြီး ရှုမုန့်ရဲ့လျှို့ဝှက်ချစ်သူ ဖြစ်လာတယ်။ နင် ရှုမုန့်ကို အကျိုးကျေးဇူးတွေယူလာပေးသရွေ့ သူ နင့်ကိုလက်လွှတ်မှာမဟုတ်ဘူးဆိုတာ နင်သိတယ်။ နင် ဒီလိုပုံစံမျိုးနဲ့ နင်ရဲ့ idol ကိုအကန့်အသတ် မရှိရင်းနှီးချင်နေတာလား ?]
ချင်ကျောက်သည် အစွဲအလမ်းကြီးသောပရိသတ်အချို့ ၏ရူးသွပ်သောအပြုအမူကို မြင်တွေ့ လိုက်ရသကဲ့သို့ တိတ်တဆိတ်ပျို့တက်လာရသည်။
ထို့နောက် ခေါင်းငုံ့ပြီးဖုန်းပွတ်နေသော စွင်းမိုအားစာနာ စိတ်ဖြင့် ကြည့်လိုက်မိသည်။ သူသည် တုံးအပြီး သစ္စာမရှိသော်လည်း ဤကဲ့သို့အရာမျိုးနှင့်တော့ မထိုက်တန်သင့်ပေ၊ ဟုတ်တယ်မလား ?
သိပ်မကြာခင်မှာပင် ကျန်သုံးယောက်သည် တယောက်ပြီးတယောက် ပြန်လာပြီး အဆင်မပြေသည့် ညစာစားပွဲကြီးသည် ပြီးဆုံးသွားတော့သည်။
စွင်းမိုနှင့် ရှုမုန့် တို့သည် သက်ဆိုင်ရာကားများထဲသို့ မဝင်မီ အဝင်ဝတွင် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာငေးကြည့်နေပြီးနောက် ၎င်းတို့ ထွက်ခွာသွားသော အခါတွင် ကားတစ်စီးမှချင်ကျောက်နှင့် ကျီဖေးတို့ အား လာကြိုသည်။
တံခါးဖွင့်လိုက်သောအခါ အထဲတွင် သူတို့အားသီးသန့် လာကြိုသည့် ချင်ရှန့်ကိုတွေ့လိုက်ရသည်။
ကျီဖေး ကားပေါ်တက်ပြီးနောက် ချင်ရှန့်က "ဒီနေ့ကော ဘာဖြစ်ရပြန်ပြီလဲ?"
ကျီဖေး၏မျှဝေလိုသောဆန္ဒကို လွန်စွာနှိုးဆော်သည့် ခေါင်းစဉ်ကို ထုတ်ဖော်လိုက်သည်။ ချင်ရှန့်အား စကားတစ်ခွန်းမှ မပြောမီ ချက်ချင်းပင် သူ့မျက်လုံးများသည် တလက်လက်တောက်ပလာသည်။
ချင်ရှန့်အပြုံးများ မှိန်သွားသော်လည်း သူသည် ရံဖန် ရံခါတုံ့ပြန်မှုအနေဖြင့် ခေါင်းညိတ်ကာ မျက်မှောင်ကြုတ်ကာဂရုတစိုက်နားထောင်နေသည်။
ကျီဖေး၏တစ်ခုတည်းသောမကျေနပ်ချက်မှာ သူ၏ အတင်းအဖျင်း system မှတဆင့် ရရှိခဲ့သည့် ပိုမိုပေါက် ကွဲစေသော အချက်အလက်များအား မမျှဝေနိုင်ခြင်းပင်ဖြစ်သည်။
ကောင်းဟောင် နှုတ်ခမ်းများတွန့်သွားကာ ဘေးမှနေ၍ "ဗိုက်နာတယ်ဆိုပြီး အဝေးကြီးဝေးထွက်သွားတာ ၊ အ တင်းအဖျင်းသွားခိုးနားထောင်ဖို့ ပုန်းနေတာတဲ့လား။"
ပြီးတော့ အတင်းအဖျင်းများက အရမ်းပေါက်ကွဲသွားကာ၊ အတင်းအဖျင်းများထဲမှ တကယ့်ကို အရည်ရွှမ်းသည့် အတင်းအဖျင်း များဖြစ်သည်။ သူ့လိုမျိုး အတွေ့ အကြုံရင့်သန်သည့် ဖျော်ဖြေရေး လုပ်ငန်းမန်နေဂျာတစ်ဦးအနေဖြင့်ပင်လျှင် မအံ့ဩပဲမနေနိုင်ခဲ့ပေ။
ကျီဖေးပြုံးလိုက်သည်။
ကောင်းဟောင်က သက်ပြင်းချလိုက်ပြီး "ဒါဆို ဖေးမင် ရွမ်ကို ရအောင် ယူဖို့ ငါတကယ်ကြိုးစားနိုင်မှာပဲ”
"ဟမ် ? ကောင်းကော ရှင်က ဖေးကျဲကို ကြိုက်နေတာလား ? ရှင် သူ့ကို လိုက်ချင်တာလား?” ကျီဖေး ထိတ်လန့်စွာမေးလိုက်သည်။
ကောင်းဟောင် တံတွေးသီးသွားပြီး “နင်ဘာတွေ ပေါက် ကရပြောနေ တာလဲ? ငါ သူ့ကို ခေါ်ဖို့ ကြိုးစားနေတယ်ဆိုတာက မန်နေဂျာတစ်ယောက်အနေနဲ့ ငါတို့ရဲ့ စတူဒီယိုကိုလာပြီးတော့ နင့်ကို အနာဂါတ်မှာ ထိန်းကျောင်းပေးစေချင်လို့။"
ထိုအချိန်မှပင် ကျီဖေးသည် ဖေးမင်ရွမ်ကိုစဉ်းစားခဲ့သည်အား သဘောပေါက်လာသည်။
ကျီဖေးခဏလောက်စဉ်းစားပြီး ရုတ်တရက် ပြုံးလိုက်သည်။
[ဖေးကျဲက အရင်က စွင်းမိုကိုကောင်းကောင်းမွန်မွန်ပြု စုစောင့်ရှောက် နိုင်ခဲ့ပြီး ကလေးထိန်းတစ်ယောက်လိုမျိုး သူ့အတွက်အပိုဖြစ်စေတဲ့ အရာမှန်သမျှကို ရှင်းထုတ်ပစ်ခဲ့တယ်။ ဒီတော့ သူသာ ငါ့မန်နေဂျာ ဖြစ်လာခဲ့ရင် ငါက အသုံးမကျတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။]
ချင်ရှန့်နှင့် ချင်ကျောက် … သူတို့ သူ့ကို မခိုးယူရသေးပေမယ့်၊ ထိုကဲ့သို့ စိတ်အားထက်သန်သည့် ဖေးမင်ရွမ်က ဒီလိုအနုပညာရှင်တစ်ယောက်အား စီမံခန့်ခွဲခိုင်းရမည်ကို စဉ်းစားလိုက်ရုံနှင့် အပြစ်ရှိသလိုခံစားလိုက်ရသည်။
တစ်ဖက်တွင် ကောင်းဟောင်သည် ဖြစ်နိုင်ချေများအား စတင်စဉ်းစားနေပြီဖြစ်သည်။ ဒီကိစ္စမှာ လုံးဝပြောစရာမရှိသည့် လူနှစ်ယောက်ရှိနေပြီဖြစ်၍ ကောင်းဟောင်က သူတို့အား တိုက်ရိုက်မေးလိုက်သည်။
ချင်ကျောက်က မကန့်ကွက်ပေမယ့် ချင်ရှန့်ကတော့ ခဏလောက်ခေါင်းငုံ့ထားလိုက်သည်။
“မစ္စတာချင်၊ အဆင်မပြေတာတစ်ခုခု ရှိလို့လား ?” ကောင်းဟောင်က မေးလိုက်သည်။
“ဖေးမင်ရွမ်က သူ့ရဲ့ ခံစားချက်တွေကို မစွန့်လွှတ်နိုင်ဘဲ စွင်းမိုနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆန္ဒမရှိမှာကို စိုးရိမ်နေတာလား ?"
ကျီဖေး “ဒါ မဖြစ်နိုင်ဘူး။"
ချင်ရှန့်က ခေါင်းညိတ်ပြီး "ဖေးမင်ရွမ်က ထက်မြက်ပြီး ရည်မှန်းချက်ကြီးတယ်။ သူ စွင်းမိုအတွက် အစွမ်းကုန် လုပ်ပေးပြီးသွားပြီ။ စွင်းမိုရဲ့အနာဂတ်မှာ မြင်သာထင်သာရှိလာမဲ့ ပြဿနာတွေကြောင့် သူ ဒီတွင်းထဲမှာဆက်နေနေမှာ မဟုတ်ဘူး။ သူက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုတတ်နိုင်သမျှအမြန်ဆုံးရပ်စဲသွားမှာ သေချာပေမယ့် သူ့အနေနဲ့ အထိအခိုက်မရှိပဲ ထွက်လာနိုင်မှာတော့ မဟုတ်ဘူး။”
ချင်ကျောက် " ဖျော်ဖြေရေး သဘောတူညီချက် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ သူ့ကိုအရယူနိုင်ခဲ့ရင် ဆုံးရှုံးမှုတွေကို အရင်တာဝန်ယူပေးထားနိုင်မှာပါ။"
ချင်ရှန့်က ခေါင်းခါလိုက်ပြီး “ငွေက ပြဿနာမဟုတ်ဘူး”
အခု ကျီဖေး သိချင်လာပြီး “ဒါဆို ဘာကပြဿနာလဲ?"
ချင်ရှန့် မော့ကြည့်လိုက်ရာ သူ၏နက်မှောင်တောက်ပနေသောမျက်လုံးများတွင် အရာအားလုံးအား ဖြတ်ကျော်ပြီးမြင်နေရသည်။
"ယန်ဟုန်က သူတို့ ပြန်ပေါင်းစည်းဖို့ ကူညီပေးမယ်လို့ ကတိပေးခဲ့ပြီး အင်တာနက်တစ်ခုလုံးက သူတို့ကို ဝေဖန်မှာမဟုတ်ဘူးလို့ အာမခံပေးခဲ့တယ်လို့ မင်းပြောတယ်နော်။ နည်းလမ်းက ဘယ်လိုဖြစ်မယ်လို့ မင်း ထင်လဲ?"
သုံးယောက်သား မျက်တောင်တဖျတ်ဖျတ် ခတ်ပြီး မသိမသာကြည့်နေကြသည်။
"ပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ အဖြစ်အပျက်တစ်ခုအတွက်၊ ဆိုးရွားတဲ့ခံစားချက်အားလုံးကို ခံနိုင်ရည်ရှိဖို့ဆိုရင် ဓားစာခံတစ်ယောက်တော့ရှိရမယ်။ အဲ့တာက သူ့ ရည်းစားခိုးယူခံလိုက်ရတဲ့ ယန်ဟုန်မဟုတ်ဘူး။ တခြားသူရဲ့ ချစ်သူရည်းစားကို ခိုးယူခဲ့တဲ့ စွင်းမိုလည်းမဟုတ်ဘူး။ ယောကျာ်းနှစ်ယောက် ကြား ရှုပ်ထွေးအောင်လုပ်ခဲ့တဲ့ ရှုမုန့်လည်းမဟုတ်ဘူး။ ဒီတော့ အတိတ်ကဖြစ်ရပ်အချို့ကို ထောက်ခံခဲ့တာတောင်မှ ဘယ်သူဖြစ်နိုင်မလဲ ?"
ချင်ရှန့် ပြောပြီးသွားသည့်အခါ ကားထဲ အချိန်အတော်ကြာတိတ်ဆိတ်သွားသည်။
ကျီဖေးက “မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ စွင်းမိုက လူ ကောင်းတစ်ယောက် မဟုတ်ရင်တောင်မှ ကျေးဇူးကန်းမှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား ? သူနဲ့ မပူးပေါင်းရင်..."
"ဟမ် ? ရှုမုန့်ဆီကတောင် ကျေးဇူးတင် မခံရသေးဘူး။" ချင်ကျောက် မျက်မှောင်ကြုတ်လိုက်သည်။
ချင်ရှန့် “ဒါပေါ့၊ ဒါက ဖြစ်နိုင်ချေတစ်ခုပါပဲ။ ငါတို့ သူ့ကို လက်မှတ်ထိုးစေချင်ရင် ဒီအချက်ကိုပါ ထည့်စဉ်းစားရမယ်။"
ကောင်းဟောင် ချောင်းဆိုးပြီး “ငါတို့ ဖေးမင်ရွမ်ကို အရယူမဲ့ကိစ္စကို နောက်ရွှေ့ထားရလိမ့်မယ်ထင်တယ်။"
မန်နေဂျာတစ်ဦး၏ရှုထောင့်မှကြည့်လျှင် ကောင်းဟောင်သည် အရှုပ်ထုပ်များနှင့် ပြည့်နေသည့် မန်နေဂျာအားမခေါ်ချင်ပေ။ ချင်ရှန့်ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း တကယ်ဖြစ်လာခဲ့လျှင် ဖေးမင်ရွမ်သည် ဖျော်ဖြေရေးနယ်ပယ်မှထွက်သွားရနိုင်သည်။
သို့သော် ကောင်းဟောင်မသိခဲ့သည်မှာ သူ့ စီမံခန့်ခွဲမှုအောက်မှအနုပညာရှင်သည် ပျော့ညံ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကိုပင်။
ကျီဖေးက သူ့ဖုန်းအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး “စိတ်မပူပါနဲ့၊ အဲဒါတွေ တကယ်ဖြစ်လာရင် ငါ့မှာ သူတို့ကို ကိုင်တွယ်ဖို့နည်းလမ်းရှိပါတယ်"
ချင်ကျောက်ကလည်း “ဇာတ်ညွှန်းအကြောင်းပြောရင်ရော… ငါ ရုတ်တရက် ပြောင်းချင်လာလို့”
ကျီဖေးအံ့အားသင့်သွားပြီး " နေဦး၊ နင်ဘာကိုဆိုလိုတာလဲ ? ငါ စာသားတွေ အကုန်လုံးကို ကျက်ပြီးသွားပြီလေ"
ချင်ကျောက်က မျက်ခုံးပင့်ကာပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ လက်တန်းပြောလိုက်ပေါ့။ မင်း အဲ့တာကိုဖျော်ဖြေရတာ ပျော်မှာပါ။"
ကျီဖေး: တကယ်လား ?
ထိပ်တန်းအဖွဲ့ သည် ဇာတ်ညွှန်းအားလျှို့ဝှက်ဇာတ်ညွှန်းအဖြစ်ပြောင်းလဲလိုက်သောကြောင့် ရှိုး၏ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
နောက်ဆုံးတစ်ခေါက်က လျှို့ဝှက်ဇာတ်ညွှန်းသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး ထို့နောက်အကောင်းဆုံးသရုပ် ဆောင်အဖွဲ့သည်လည်း အဆုံးသတ်သွားခဲ့သည်။
ဤအမျိုးသားနတ်ဘုရားနှစ်ပါးအသင်းသည် ထိပ်တန်းအသင်းနှင့် ပဋိပက္ခမဖြစ်သင့်ဘူးဟု ထင်သည့်အတွက်ကြောင့် သူတို့စိုးရိမ်နေသည့် အရာမှာဖြစ်မလာသင့်ဘူးမဟုတ်ပါလား ?
ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် အချင်းချင်း အားပေးလက်ဆွဲနှုတ်ဆက်ကာ တတိယအကြိမ်မြောက် တိုက် ရိုက်ထုတ်လွှင့်မှုကို ကြိုဆိုလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမစတင်ခင် အားလုံးစင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကြသည်။
ကျီဖေးသည် နောက်ဆုံးတွင်ပြင်းထန်သော အစမ်းလေ့ ကျင့်မှုမှ လွတ်မြောက်ခဲ့ပြီး ယခုဒရာမာအားငြိမ်းချမ်းစွာ ဖော်ထုတ်နိုင်တော့မည်ဖြစ်သည်။
ပုံမှန်အားဖြင့်၊ ဖေးမင်ရွမ်သည် သူ၏ အနုပညာရှင်အတွက် လျှို့ဝှက်ဇာတ်ညွှန်းအကြောင်းကို မေးမြန်းရန် စောစီးစွာ ရောက်လာလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဖေးမင်ရွမ်သည် မန်နေဂျာတစ်ယောက်အနေနှင့် ကိုင်တွယ်သင့်သည့်အရာများအား ပုံမှန်အတိုင်းကိုင် တွယ်လုပ်ဆောင်နေပြီး အပိုအားထုတ်မှုများကို မလုပ်ခဲ့ချေ။
[ဖေးကျဲက အလုပ်ထွက်တော့မဲ့ ဝန်ထမ်းတစ်ယောက်နဲ့ တူနေတယ်၊ ရတဲ့ လစာထက်ကျော်လွန်နေတဲ့ ဘယ်လိုအားထုတ်မှုမျိုးကိုမှ လုပ်ဖို့ဆန္ဒမရှိတော့ဘူး။ ဒါပေမယ့် သူက အပြင်ပန်းသာ အေးစက်နေပေမဲ့ အတွင်းစိတ်ထဲမှာတော့ နွေးနွေးထွေးထွေးရှိပြီး စွင်းမိုရဲ့ပရိသတ်တွေအတွက် တွေးပေးနေတုန်းပဲ။]
ထို့နောက် ဖေးမင်ရွမ်နှင့် စွင်းမိုအကြား အငြင်းအခုံဖြစ်နေသည်ကိုကြားလိုက်ရသည်။
သူတို့နှစ်ယောက်ကြားမှလေထုသည် မကြာသေးမီကမှ တင်းမာနေခဲ့ပြီး ယခုမူ သူတို့၏ပတ်ဝန်းကျင်မှအလုပ် များနေသည့် ဝန်ထမ်းများသည်ပင်လျှင် တိတ်တဆိတ် ခိုးနားထောင်ရန်နားစွင့်ထားကြသည်။